မနက်စောစော လမ်းလျှောက်တဲ့ အခါ

ဆူးMarch 30, 20121min21227

ရွှေထား မနက်မနက်ဆို လမ်းလျှောက်ဖြစ်တယ် … အိမ်နဲ့မနီးမဝေးတဲ့ အင်းလျားကန်ဘောင်မှာပေါ့ …. မနက်ဝေလီဝေလင်း ၅ နာရီ ၁၅ လောက်ဆို ထွက်လျှောက်တယ် ..
ဘယ်သူမှမပါပါဘူး … တစ်ယောက်တည်း လျှောက်တာပါ …
အိမ်ကနေ ကန်ဘောင်ကို အလွန်ဆုံးမိနစ် ၂ဝ လောက်လျှောက်ရတတ်ပါတယ် … ဆိုတော့ ကန်ဘောင်ကိုရောက်ရင် ၅ နာရီ ၃၅ မိနစ်ပေါ့..
အဲ့လိုအချိန်ဆို သူလို ကိုယ်လို လမ်းလျှောက်တဲ့လူတွေ တော်တော်ရောက်နေပါပြီ ….
မိုးမလင်းခင် လမ်းလျှောက်တဲ့လူတွေလည်း ရှိသလို လမ်းမလျှောက်ပဲ ချိန်းတွေ့နေတဲ့ အတွဲလေးတွေလည်းရှိတတ်ပါရဲ့ ….
ထားပါတော့ … အရင်တွေက စိတ်အနှောက်အယှက် မဖြစ်ခဲ့ဖူးဘူး …

ဒီနေ့ကျတော့ ငထားလည်း စောနိုးနေတာနဲ့ ၄ နာရီ ၄၅ မိနစ်နဲ့ ထွက်လျှောက်ဖြစ်တယ် … ထုံးစံအတိုင်း ဘယ်သူမှမပါပါဘူး …
ကန်ဘောင်ကိုရောက်တော့ မနက် ၅ နာရီထိုးကွက်တိ … ရောက်ရောက်ချင်း လန့်သွားတယ် ….
မှောင်လည်းမှောင်နေသေးတယ် … အရင်နေ့တွေလိုလည်း လမ်းလျှောက်သူတွေ မတွေ့မိသေးဘူး …
ဒါပေမဲ့လည်း ရှိမှာပါ .. လမ်းလျှောက်သူတွေ မရှားပါဘူးဆိုပြီး လျှောက်လိုက်တယ် ….
အဲ့လိုတွေးမိပြီး ၁ဝ လှမ်းလောက်နေတော့ ………………..

ဘုရား ဘုရား ….. ဒီအချိန်တောင် ဒီနေရာမှာ ဒီလိုတွေ ရှိသလားဆိုပြီး အံ့ဩခြင်း ကြီးစွာဖြစ်ရတယ် ….. လန့်လည်းလန့်သွားတယ် …
ငထားမြင်လိုက်တာက လုံးဝ လုံးဝကို အမြင်မသင့်တော်တဲ့ အရှက်တရားမရှိတဲ့ မြင်ကွင်းတွေပါ …
ကန်ဘောင်လျှောက်လမ်းနဲ့ ရေစပ်ကြားမှာ မော်တာထားတဲ့ အိမ်လေးလိုမျိုးလေး ရှိတယ် … အဲ့ပေါ်မှာ ကောင်မလေး ၁ နဲ့ ကောင်လေး ၂ ယောက် ..
ငထားဆက်ပြောရင် မကောင်းတော့လို့ ဒီလောက်နဲ့ သဘောပေါက်ကြမယ်လို့ ထင်ပါတယ် …
တကယ်ပါ … အဝတ်အစားမချွတ်ရုံ တမယ်ပါ …. ဒီမြင်ကွင်းကို လမ်းမီးခပ်ပျပျနဲ့ မကြည့်ပဲ မြင်လိုက်မိတယ် …
စိတ်ထဲမှာတော့ တော်တော်ကို အရှက်တရားမရှိကြတာပဲ လို့တွေးရင်း အဲ့နားကနေ အမြန်လျှောက်လာလိုက်တယ် …

အဲ … မကြာပါဘူး … ရှေ့နားလောက် ရောက်ပြန်တော့လည်း ချိန်းတွေ့ရင်း လုံးထွေးနေတဲ့ အတွဲ …
တစ်ခါ ကန်ဘောင်လျှောက်လမ်းပေါ်မှာ ကန်ဘောင်လျှောက်လမ်းပေါ်မှာပဲ ငထားနဲ့မျက်နှာချင်းဆိုင် လျှောက်လာတဲ့ ကောင်မလေး ၂ ယောက်ကို နောက်က ကောင်လေး ၂ ယောက်က အတင်းလိုက်ပြီးစကားပြောတာလား ဘာလား ..
အဲ… ကောင်မလေးတွေကလည်း ရိုးပုံတော့ မပေါ်ဘူး … မနက်လမ်းလျှောက်တဲ့ပုံမဟုတ်ဘူး ….
ဟ .. ဘာတွေတုန်းးးးးးး ကျက်သရေယုတ်လိုက်တာ အရမ်းပဲ …
စိတ်ထဲမှာလည်း ငါတော့ အချိန် နာရီဝက်လောက် စောလိုက်မိတဲ့ အမှားပဲဆိုပြီး အထပ်ထပ်ပြောနေမိတယ် ….
ဆက်ပြီးတစ်ခါ ထပ်တွေ့တာက အရက်သောက်ထားတယ်ထင်ရတဲ့ လူတွေ … လူ ၄ ယောက် .. သူတို့ဘေးနားမှာ ဘူးခွံတွေ ပုလင်းခွံတွေနဲ့ … စကားတွေ အော်ပြောနေကြတယ် …
ခုထိလည်း လမ်းလျှောက်တဲ့လူတွေ တွေ့ကိုမတွေ့သေးဘူး …. ငါရော …

ငါရော အန္တရာယ်ကင်းရဲ့လား …. ဘယ်သူမှလည်း မပါဘူး … တစ်ယောက်တည်း …
ပြန်လှည့်ပြန်ရမလား … ဆက်ပဲလျှောက်ရမလား …
ဘုရား ဘုရား
ငထားတော့ ကြောက်လန့်သွားမိတာ အရမ်းပဲ …. အရင်နေ့တွေထက် နာရီဝက်လောက်စောသွားမိတဲ့ ပြသနာက မသေးဘူး …
လမ်းလျှောက်တဲ့လူတွေ မြန်မြန်လာကြပါစေဆိုပြီး ဆုတောင်းနေမိတယ်…
ငါ့ပုံစံကလည်း ဘာမှဖြစ်နေတာမှမဟုတ်တာ … အန်တီအရွယ်မိန်းမကြီး တစ်ယောက် လမ်းလျှောက်တယ်လို့ မြင်ကြမှာပါ ဆိုပြီး ကိုယ့်ကိုယ်ကို အားပေးမိတယ် …
ပြီးတော့ ဝတ်ထားတာက တီရှပ်ရယ် အားကစားဘောင်းဘီရယ် အားကစားဖိနပ်ရယ် .. ဒါပဲ ..
ငါဘာမှဖြစ်မှာမဟုတ်ဘူး … သတိထားရင် ရပြီ … ခဏနေရင် လူတွေ လာကြမှာပဲ … ဆိုပြီး အကြိမ်ကြိမ်ရေရွတ်နေမိတယ် …
တော်သေးတာပေါ့ ….
ကန်ဘောင်တစ်ဝက်ချိုး မြကျွန်းသာရောက်ခါနီးမှာ လမ်းလျှောက်လာတဲ့ လူတွေ… လေ့ကျင့်ခန်းလုပ်နေတဲ့ လူတွေတွေ့တော့မှ သက်ပြင်းချမိတယ် ….

အော်….. စောစောအိပ်လို့ စောစောထလို့ စောစောလမ်းလျှောက်ကြပါစို့ဆိုတာလည်း နာရီဝက်လောက်တောင် ပိုစောလို့ မကောင်းပါလား ….

မှတ်ချက်။ ။ ဆူး ညီမ ငယ်တယောက် ရဲ့ ကိုယ်တွေ့ များ ဖြစ်ပါတယ်။
မနက်စောစော အရမ်းစောတဲ့ အချိန် တစ်ယောက်တည်း လမ်းလျှောက်ရင်း တွေ့ကြုံရတဲ့ အဖြစ်အပျက် ဖြစ်ရပ်မှန်လေးပါ။ သတိထားဖို့ စေတနာ ရှေ့ထား တင်ပေးလိုက်ပါတယ်။

27 comments

  • ဆူး

    March 30, 2012 at 8:58 am

    စာရေးသူ မူရင်း အတိုင်း တင်ပေးထားတာပါ။ မူပိုင်တောင်းပြီး တင်ထားတာ ဖြစ်တဲ့ အတွက် ကော်ပီ မဟုတ်ပါဘူး။ ဟဲဟဲ 😀

    • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

      March 30, 2012 at 12:43 pm

      မူပိုင်ရှင်က ဝိကလီးအီလဲဗင်းကလား ဗွိုက်ဝီးကလီးကလား ပြည်မြန်မာကလား တီဆူးရဲ့
      ကျွန်တော်ဂျာနယ်တစ်စောင်မှာဖတ်ဖူးတယ် ရေးတာကယောက်ျားဗျ။ အမည်တော့မေ့ပြီ

      • ဆူး

        March 30, 2012 at 12:50 pm

        မောင်လေး ဖတ်ဖူးတဲ့ ဂျာနယ်က စာရေးသူ ကျားလား မလား တော့ အမ မသိဘူး။
        မောင်လေး ဖတ်ဖူးတာ အမ ဖတ်ဖူးတာ မှ မဟုတ်တာ။

        သေချာတာကတော့ အမ အခု တင်ပေးတာက အမ ရဲ့ ညီမငယ်တယောက်ရေးထားတာပါ။
        စာထဲမှာလည်း ငထား ငထား လို့ ထည့်ရေးထားတယ်။
        သူနာမည် ရွှေထား။
        အလှူစာရင်း ဖိုရမ်မှာ အလှူငွေ ထည့်ထားတာ သူ့နာမည်လည်း ရှိတယ်။
        ဒီက သူငယ်ချင်းတွေကို သူ့ရဲ့ အတွေ့အကြုံလေးနဲ့ တွေ့ခဲ့တာလေးတွေ သိသင့်မယ် ထင်လို့ တင်ပေးလိုက်တာ ရှမ်းသားလေးရေ။

  • FattyCat

    March 30, 2012 at 9:00 am

    အပျိုကြီးနော်….မနက်စောစော ကန်ဘောင်ကိုတက်ပြီး အတွဲချောင်းရတယ်လို့….ဟီး

    • ဆူး

      March 30, 2012 at 9:21 am

      ဆူး မဟုတ်ပါဘူး ဆိုမှ.. စွပ်စွပ် စွဲစွဲတော်.. မနက်စောစော အိပ်ယာ မနိုးသေးဘူး။

      • E.T

        March 30, 2012 at 9:44 am

        ယုံပါတယ် 😛

  • Shwe Tike Soe

    March 30, 2012 at 9:14 am

    ကောင်မလေး ၁ ယောက်နဲ. ကောင်လေး ၂ ယောက် ဘာလုပ်နေကြတာလဲဟင်.. သေသေချာချာလဲ ရှင်းမပြဘူး…
    သူတို.လေ့ကျင့်ခန်းလုပ်နေတာနေမှာပါ ခိခိခိ
    ဒါဆို သများတို.လဲ မနက်စောစောလမ်းလျှောက်ထွက်တာ ဆင်ခြင်မှပဲနော်…

    • သူရဇော်

      March 30, 2012 at 12:23 pm

      ကောင်မလေးတစ်ယောက်နဲ့ ကောင်လေးနှစ်ယောက် ဘာရုပ်နေတာရဲဟင်…… တားတားက ခေးဆိုတော့ ကွက်ကွက်ကွင်းကွင်းမြင်ဘူးရယ်……….. မဆူးက အဲချိန် အိပ်ယာတောင် အနိုးသေးဝူးတဲ့……………. မဆူး တော်သေပီ….. ဒါဗြဲ

      • ဆူး

        March 30, 2012 at 12:46 pm

        ပြောလိုက် စမ်းပါအေ.. သိချင်ရင် ကိုထူးဆန်း နဲ့ လိုက်သွားလို့..

        • ဆူး

          March 30, 2012 at 12:52 pm

          သိချင်စိတ်တွေ များပြီး မနက်စောစော သွားကြည့်တာ ချောင်းတဲ့ လူတွေ အချင်းချင်း ကြည့်လိုက်တော့ ကိုယ့်ရွာက လူတွေ ချည်းပဲ ဖြစ်နေအုန်းမယ်။ ရုပ်ဖျက်သွားအုန်းနော်။

  • htoosan

    March 30, 2012 at 9:19 am

    ၄း၃ဝ နာရီသွားလျှောက်မယ်.. 😀

    • ဆူး

      March 30, 2012 at 9:27 am

      စိတ်သိပ်မပါရှာဘူး။ ဟုတ်မဟုတ် သတင်းသွားလိုက်မလို့လား။ မာမီ ဖရဲ ဆီကို ခေါ်သွားပါလား.. သူက အလှစစ်တွေ ရှာရိုက်တတ်တယ်။

      • MaMa

        March 30, 2012 at 5:28 pm

        စိတ်ပါလို့ မဟုတ်ပါဘူး။
        CJ ကထူးဆန်းက ဝတ္တရားအရ သတင်းယူဖို့ပါတဲ့ 😆

    • Moe Z

      March 30, 2012 at 11:21 am

      ကင်မရာယူသွားဖို့မမေ့နဲ့နော် ကိုထူးဆန်း

  • yaungchikha

    March 30, 2012 at 10:08 am

    ရန်ကုန်ရောက်ရင် ငါးနာရီမခွဲခင် အင်လျားကိုလမ်းလျှောက်လို့မဖြစ်ဘူးဆိုတာ မှတ်ထားလိုက်ပြီနော်၊ ကျေးဇူးပါ..

  • manawphyulay

    March 30, 2012 at 10:24 am

    ရှောင်ဖို့ ပြောပြပေးတဲ့ဆူးကို ကျေးဇူးတင်ပါတယ်။ ဒီအချိန်တော့ အိပ်မက်ထဲမှာတောင် လမ်းမလျှောက်ဖြစ်ဘူး။ အိပ်ရေးပျက်မှာစိုးလို့လေ… 😛

    • ဆူး

      March 30, 2012 at 12:43 pm

      ဆူး လိုပဲပေါ့.. အိပ်ကောင်းတုန်း ရှိသေးတယ်။

  • blackchaw

    March 30, 2012 at 11:29 am

    အော် ဖတ်ရင်းနဲ့မှ ကမ္ဘာအေးဘုရားလမ်း ဆီဒိုးနားဟော်တယ်နားက
    အင်းလျားဖြစ်နေပါတယ်။
    အဲဒီအင်းလျားတော့ ကျွန်တော်က မရင်းနှီးဘူးဗျာ။
    ပြည်လမ်းအင်းလျားကတော့ မကြာခဏရောက်ဖြစ်တယ်။
    မနက်ပိုင်းဆိုလည်း အဖွဲ့လိုက်လေ့ကျင့်ခန်းလုပ်တဲ့ အဖွဲ့တွေနဲ့ စည်စည်ကားကားပဲ။
    ဘာကိုမှ ကြောက်စရာမရှိဘူးဗျ။
    ဟိုတလောက ကျွန်တော် အင်းလျားရဲ့ ညနေခင်းလေးတစ်ခုကို ဓါတ်ပုံရိုက်တင်ပေးဘူးတယ်။
    တကယ်သာယာတယ်ဆိုတာလေး ပြချင်လို့ပါ။
    မိသားစုတွေကလည်း မိသားစုတွေနဲ့။
    သူငယ်ချင်းတွေကလည်း သူငယ်ချင်းတွေနဲ့။
    ချစ်သူစုံတွဲတွေကလည်း ကိုယ့်ချစ်သူနဲ့ကိုယ် အသီးသီးကြည်နူးလို့။
    ချစ်သူတွေကတော့ ရှေ့တည့်တည့်က ဓါတ်ပုံသွားရိုက်လည်း ရှက်နေမယ်မထင်နဲ့ဗျို့။
    မျက်နှာလေးတွေ လုံအောင်ဖွက်ပြီး လုပ်စရာရှိတာဆက်လုပ်နေကြတာပဲဗျ။
    တကယ်ပြောတာ။
    အခုခေတ်ကလည်း ကင်မရာတွေပေါတဲ့ခေတ်ဆိုတော့ တော်တော်များများလက်ထဲမှာ
    ကင်မရာကိုယ်စီနဲ့ဆိုတော့ သိတ်တော့ မထူးဆန်းဘူးဆိုတဲ့သဘောပေါ့ဗျာ။
    မျက်နှာမပေါ်ရင်ပြီးရော ရိုက်ချင်ရိုက်ပေါ့ဗျာ။
    အင်း ဒေါ်ဆူးသူငယ်ချင်းကို ပြည်လမ်းအင်းလျားဘက်
    တစ်ညနေခင်းလောက် အလည်လာကြည့်ဖို့ အကြံပေးလိုက်ပါတယ်။
    အော် ဘာရယ်မဟုတ်ပါဘူးဗျာ။
    ရောက်ဖူးတော့ ဆီဒိုးနားဘက်ကအင်းလျားရဲ့ နံနက်ခင်းစုံတွဲတွေနဲ့
    ပြည်လမ်းဘက်က အင်းလျားရဲ့ ညနေခင်းစုံတွဲတွေ
    ဘယ်သူက ပိုချစ်တတ်သလဲဆိုတာလေး သိရအောင်ပါ။
    အာဟိ။
    😀

    • ဆူး

      March 30, 2012 at 11:56 am

      ဆူး ပြန်ပြောပြလိုက်ပါ့မယ်နော်။

  • နွယ်ပင်

    March 30, 2012 at 12:33 pm

    ဒါတောင် သူက နာရီဝက်လောက်ပဲစောသွားမိလို့
    တစ်နာရီလောက်သာ စောသွားမိရင်တော့ ………………

    • ဆူး

      March 30, 2012 at 12:45 pm

      သတိထားမိအောင်လို့ သူငယ်ချင်း ရဲ့ အတွေ့အကြုံကို တင်ပေးတာပါ။
      ဘာပဲ ဖြစ်ဖြစ် တိုက်တိုက် ဆိုင်ဆိုင် မနက် စောစော သွားစရာ ရှိလို့ အဲဒီနား ဖြတ်သွားရမယ် ဆိုရင် အဖော်လေး ခေါ်သွားပေါ့။ 😀

  • Thit Sar Lin

    March 30, 2012 at 3:03 pm

    အောင်မငီး….ပါရဦးမှာပေါ့လေ…….ဒါလေးလည်းကိုယ်တွေ့လေးပါဗျာ……
    ကျွန်တော်လည်း…ညနေစောင်းနေဝင်ပြီးစအချိန်လေးပေါ့ဗျာ ကျွန်တော့်ချစ်ချစ်နဲ့အင်းလျားကန်ဘောင်(တံတားဖြူဘက်)လမ်းလျှောက်ပြီးတော့မြက်ခင်းပေါ် ခဏထိုင်မယ်ပေါ့((ခုံတွေကတော့ပြည့်နေလို့ပါ))….ထိုင်ပြီးတဲ့အချိန်မှာနဲနဲပါးပါးဘေးဘီကို ကြည့်မိတာပေါ့လေ. ဒီအချိန်မှာ.ကျောက်တုံးကြီးအောက်ကအတွဲကတော့
    ့ တော်တော်လေးသရုပ်ပျက်လောက်အောင် ဖြစ်လာပါတော့တယ်လေဗျာ.ကောင်လေးကအောက်မှာပက်လက်ကြီးအိပ်ပြီးတော့ကောင်မလေးကအပေါ်မှာထမိန်ကြီးမပြီးတော့ဗျာ…….မြင်ရတဲ့လူတောင်မှ.တော်တော်အ မြင်ဆိုးလာတာပေါ့ဗျာ………
    ဘယ်လောက်ပဲချစ်ချစ်လေဗျာ….လူမြင်ကွင်းကြီးမှ…ကြည့်လုပ်ကြပါဦး…တော်တော်ရှက်ဖို့ကောင်းတယ် ဗျာ..ဒါမြန်မာနိုင်ငံလေဗျာ….ကိုယ့်ဟာကိုချစ်ရည်လူးချင်ကျရင်လဲ…အခုတော့လူမြင်ကွင်းကြီးမှာမှဗျာ..
    ကျုပ်တောင်တွေ့တွေ့ချင်းလန့်သွားတယ်ဗျ……မဖြစ်သင့်ဘူး.ဘူး..ဘူး

    • Mလုလင်

      March 30, 2012 at 3:15 pm

      သက်သေနဲ့ မှ ယုံမယ် ကိုယ့်ဆရာရေ …

      • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

        March 30, 2012 at 3:35 pm

        ဟုတ်၏ဟုတ်၏ မကျေနပ်ကပို့စ်တစ်ခုတင်သက်သေပြပါလေ ဓါတ်ပုံနှင့်တကွ
        မြင်တာပင်တစ်ဝက်ယုံလောက်ရှိ၏

    • water-melon

      March 30, 2012 at 5:13 pm

      အော် ဟုတ်လား
      အယ် အထူးအဆန်းကြီးနော်
      အယ် ထူးဆန်းလိုုက်တာ
      ဟာ မိုက်တယ်ကွာ
      ယောင်နေတာလားကွာ ဟဟ ရယ်ရတယ်ခွေးပေါကြီး

    • water-melon

      March 30, 2012 at 5:15 pm

      ဆေးလေးဘာလေး လှုပ်သောက်
      Thit Sar Lin ရေ

  • ကြည့်တော့လဲ တွေ့သပေါ့ကွယ်။
    အမြင်မတော်ရင်မျက်နှာလွှဲလိုက်။
    လေးပေါက်ရိုက်မယ်ဆိုရင်ဒီလိုပုံတွေအများကြီး။
    ဒါပေမယ့် အဲဒါမျိုးတွေကို အရေးလုပ်ပြီး ကြည့်မနေတော့ဘူး။
    ရိုက်လဲ လုံးဝမရိုက်ဘူး။
    စိတ်လေတယ်။
    ကိုယ်လျှောက်ရမယ့်လမ်းကိုယ်တည့်တည့်လျှောက်တာအကောင်းဆုံးဘဲ။

Leave a Reply