မနှစ်က သင်္ကြန် ရွာပြန်တုန်းက

ခုဆို သင်္ကြန်ကျဖို့ သိပ်မလိုတော့ပါဘူး။ ဒီသင်္ကြန်မှာလည်း ရွာပြန်ဦးမယ်။ တစ်နှစ်ဆိုတဲ့ အတိုင်းအတာအတွင်းမှာ ချစ်ရတဲ့ အဖေ၊ အမေ၊ ညီလေး၊ ညီမလေးတွေနဲ့ ခွဲခွာပြီး နေခဲ့ရတော့ လွမ်းတာပေါ့ဗျာ။ မနှစ် သင်္ကြန် ရုံးပိတ်ရက်တုန်းကလည်း ရွာဆီကို ပြန်ခဲ့ပါတယ်။ အဲဒီတုန်းက ကင်မလာလေး တစ်လုံး ပါသွားတာဆိုတော့ မရိုက်တတ်၊ ရိုက်တတ်နဲ့ ဟိုရိုက်ဒီရိုက် လျောက်ရိုက်ခဲ့တယ်။ အဲဒီ ပုံလေးတွေကို ဒီနေရာမှာ ပြန်လည် ဝေမျှချင်ပါတယ် ခင်ဗျာ။

၁။ ဒါကတော့ ရွာအပြန်လမ်းမှာ ရိုက်ခဲ့တာဖြစ်ပြီး အဝေးကကြည့်ရင် အကယ်ဒမီရွှေစင်ရုပ်နဲ့ ခပ်ဆင်ဆင် တူတယ်လို့ ခံစားမိတဲ့ ပုံလေးပါ။

 

၂။ ထန်းပင်ထန်းတော လွမ်းမောစရာပဲ ရန်ကုန်သူရယ် … ရန်ကုန်သူရယ် …

 

၃။ ထန်းတန်းလေးကြားက လမ်းလေး

 

၄။ ဒါကတော့ ရေမတင်တော့တဲ့ ရေကန်

 

၅။ ကန်ဘောင်ပေါ်က လူသွားလမ်းလေး (အဝေး)

 

၆။ ကန်ဘောင်ပေါ်က လူသွားလမ်းလေး (အနီး)

 

၇။ ဒါကတော့ ရွာရဲ့ သောက်ရေကန်

 

၈။ ဒါကတော့ ရေမတင်တဲ့ ရေကန်နဲ့ ရေရှိတဲ့ကန်ကို ဆက်သွယ်ထားတဲ့ မြောင်းကလေး

 

၉။ ဒါကတော့ ရင့်မှည့်တော့မယ့် တယ်သီးတွေ

 

၁၀။ ကျောက်ရေတွင်းလေး (သိပ်မသုံးတော့ပါဘူး)

 

၁၁။ ကျောက်ရေတွင်း ဆင်းတဲ့ ကျောက်လှေကား

 

၁၂။ ဒါကတော့ ရွာရဲ့ ဆည် (ရွာနဲ့ ၂ မိုင်ခန့်ဝေး)

 

၁၃။ ဆည်ကရေတွေကို ရွာအတွင်း ပေးပို့တဲ့ရေစက်

 

၁၄။ ဒါကတော့ နည်းနည်းလေး ဝေးပြီး မြင်ရတာ

 

၁၅။ ဒါတွေကတော့ ရေစက်က မောင်းပို့လိုက်တဲ့ ရေတွေကို ထည့်တဲ့ ကျောက်တိုင်ကီကြီးတွေ

 

၁၆။ ကျောက်တိုင်ထိပ်က အလှူရှင် ကျောက်စာ

 

၁၇။ ဒါကတော့ ရွာဦး ဘုန်းကြီးကျောင်းမှာ တည်ထားတဲ့ စေတီလေးတစ်ဆူ

“ရွှေကို မလို၊ ရေကိုသာ လိုသည်” ဆိုတဲ့ မြန်မာပြည် အလယ်ပိုင်း ပူပြင်းတဲ့ အရပ်ဒေသက ရွာလေးတစ်ရွာဖြစ်တဲ့ ကျနော်တို့ ရွာလေးမှာလည်း နွေရာသီဆို ရေက သိပ်ပြီး ဒုက္ခရောက်ပါတယ်။ ရွာတစ်ရွာလုံးရဲ့ အားကိုးအားထားပြုရာ ရေကန်ကြီး နှစ်ကန် ရှိပေမယ့်၊ ဒီရေကန်တွေဟာလည်း ပူပြင်းလွန်းတဲ့ နွေရာသီမှာဆို ခမ်းခြောက်တတ်ပါတယ်။ အဲလို အခါမျိုးမှာ ရွာနီးချုပ်စပ်က ရေလက်ကျန်ရှိတဲ့ ရေကန်တွေဆီကို ရေသွားယူရပါတယ်။ ရွာနီးချုပ်စပ်ဆိုပေသိ တစ်ရွာနဲ့ တစ်ရွာကလည်း သုံးလေးငါးမိုင်လောက် ဝေးတာကလား။

ကျနော်ငယ်ငယ်ကဆို ရေခမ်းသွားတဲ့ ရေကန်ထဲမှာ တွင်းတွေ ထပ်တူးပြီး ရေထွက်လာတာကို ထိုင်စောင့်ပြီး ရေယူရတဲ့ထိ ရှားပါးခဲ့ပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်များအတွင်းကတော့ ကျနော်တို့ရွာမှာ ဆည်ကြီးတစ်ဆည် ဆောက်ခဲ့ပါတယ်။ အဲဒီဆည်ကြီး ပြီးစီးသွားတဲ့ နောက်ပိုင်းမှာတော့ ရေအတွက် အများကြီး ဒုက္ခ မရောက်တော့ပါဘူး။ ဆည်ကြီးရဲ့ ကျေးဇူးက ကျနော်တို့ ရွာသာမက ရွာနီးချုပ်စပ်က ရွာတွေအတွက်ပါ အကျိုးပြုပါတယ်။ လယ်ယာတွေထဲ ရေမပေးလွှတ်နိုင်ပေမယ့် ရွာရဲ့ သုံးရေအတွက်တော့ အားကိုးအားထား ပြုလောက်တယ်လို့ ဆိုနိုင်ပါတယ်။

အဲဒီဆည်ဟာ ရွာရဲ့ အရှေ့ဘက် နှစ်မိုင်ဝန်းကျင်ခန့် အကွာမှာ တည်ရှိတာပါ။ ရေစည်လှည်း ရှိတဲ့လူတွေကတော့ နွားကို အသုံးပြုပြီး ဆည်ရေကို သွားတိုက် (ရေယူ) ကြပေမယ့်၊ ရေစည်လှည်း မရှိသူတွေမှာတော့ ရေပုံးကို ခေါင်းနဲ့ရွက်၊ ပုခုံးနဲ့ ထမ်းပြီး သွားယူ ကြရတာပါ။ ပူပြင်းတဲ့ နေရှိန်အောက်မှာ အသွားအပြန် လေးမိုင်ခရီးကို လျောက်လှမ်းပြီးမှ ရေနှစ်ပုံလောက်သာ ရတဲ့ အဖြစ်ပါ။

ဒါကြောင့် ရွာထဲကလူတွေရော နွားတွေပါ သက်သာရာ ရစေဖို့အတွက် တစ်နည်းအားဖြင့် ရေ ပြဿနာ ပြေလည်စေဖို့အတွက် ရွာထဲမှာပဲ သုံးရေကို ရယူနိုင်အောင်ဆိုပြီး ဆည်ကရေကို ရေစက်နဲ့ မောင်းတင်ကာ ရွာထဲအရောက် ပို့ဖို့ အမေရိကန်နိုင်ငံ၊ ဝါရှင်တန်ဒီစီ၊ ဓမ္မဝိဟာရ ကျောင်းတိုက်မှာ သီတင်းသုံး နေထိုင်တဲ့ ရွာရဲ့ ကျေးဇူးရှင် ဆရာတော် ဦးအာသဘာစာရ က အစီအစဉ် ချမှတ်ကာ ဆောင်ရွက်ခဲ့ပါတယ်။ ရေစက်နဲ့ ရွာထဲမှာထားတဲ့ ရေစည်တွေကိုတော့ ပုံထဲမှာ ဖော်ပြခဲ့ပြီးပါပြီ။

ဒီနှစ် ကျနော် ရွာပြန်တဲ့အချိန်မှာတော့ ဂေဇက် ရွာထဲက တောရွာဆိုတဲ့ ဝေါဟာရနဲ့ မရင်းနှီးသူတွေအတွက် ဓာတ်ပုံလက်ချောင်တွေ ရိုက်ကူးမယ်လို့ စိတ်ကူးထားပါတယ်။ နောက်ပီး သရဲမယုံတဲ့ သဂျီးအတွက် သရဲခြောက်တဲ့ သစ်ပင်ကြီးတွေ၊ ဥစ္စာစောင့်ရှိတဲ့ တောင်ပုံတွေ၊ ဖြစ်နိုင်ရင် ညဘက်မှာ သရဲခြောက်တယ်ဆိုတဲ့ အပင်နား ကင်မလာ တစ်ခါတည်း ချိန်ထားခဲ့ပြီး သရဲ ဓာတ်ပုံပါ ရိုက်ယူပြီး ပြလိုက်ချင်သေး။ ကိုယ်တိုင်တော့ သွားပြီး ရိုက်ရဲဘူးရယ်။ အချို့ သရဲတွေက နှစ်ယောက်၊ သုံးယောက်လောက် သွားရင်တောင် ခြောက်လှန့်တတ်တာ။ တစ်ယောက်တည်းချို .. အင်း … သားသား ကြောက်ကြောက် … 😀

ကဲဗျာ … တောသီချင်းလေး တစ်ပုဒ်နဲ့ အဆုံးသတ်လိုက်မယ် … အဆိုတော် အောင်သူရဲ့ သီချင်းလေးပေါ့ …

ဪ .. မောင်တို့ အညာမှာ .. .. .. တမာပင် နန်းတွေနဲ့ .. .. .. ထန်းပင် ထန်းတော .. .. .. လွမ်းမောစရာပဲ .. .. .. ရန်ကုန်သူရယ် .. .. .. ရန်ကုန်သူရယ် .. .. ..
ရန်ကုန် မြို့ကြီးကိုတဲ့ .. .. .. ယောင်လည်လည် ရောက်လာခဲ့တယ် .. .. .. မျက်လုံးလေး ကလယ်ကလယ် .. .. .. မျဉ်းကြား မကူးလို့ ရုတ်တရက်ဖမ်းကာ .. .. .. ဒဏ်ရိုက်ခံရတယ် .. .. ..
ကားမှားစီးလို့ (အမျိုးသမီး သီးသန့်စီးကား) အရှက်တကွဲ မျက်နှာငယ် .. .. .. လှောင်ပြောင်းခံရမယ် .. .. ..
အောက်ပြည် အောက်ရွာဆိုတာ .. .. .. လူညာတွေ ပေါလေသတဲ့ (ဒီရွာထဲက ရန်ကုန်သူားတွေ မပါ) .. .. .. မကြုံဖူးလို့ မယုံဘူး မေရယ် .. .. .. မကြုံဖူးလို့ မယုံဘူး မေရယ် .. .. ..
အဲဒါကြောင့်လည်း .. .. .. ရန်ကုန်သူကို အညာသား ချစ်ခဲ့တယ် .. .. ..
တူးနှယ့် တူးနှယ့် ဗြောင် ….. 😀

ပြီးပါပြီ …….. The End

ခင်မင် လေးစားစွာဖြင့်
အံစာတုံး

29 comments

  • Patriot

    March 30, 2012 at 10:10 am

    လွမ်းစရာ ပါလား ကိုအံရေ။ အားပေးသွားပါတယ်။

    • အံစာတုံး

      March 30, 2012 at 4:28 pm

      ဟုတ်ကဲ့ ..
      ခုလို အားပေးတာ ..
      သန်းနဲ့ ခရုပါလို့ …
      😀

  • Khaing Khaing

    March 30, 2012 at 10:10 am

    ကိုကြီးအံ(လူပျိုစစ်စစ်) ရွာကိုအလည်သွားလိုက်ပါတယ်နော် …. သရဲပုံတွေတွေ့ရင်လည်း တင်ပေးဦးနော် ….

    • အံစာတုံး

      March 30, 2012 at 4:39 pm

      အခိုင်ရေ ..
      လူချိုစစ်စစ် ချိုဒါဂျီး ထည့်ပါနဲ့တော့လားကွယ် .. 😀
      သရဲပုံတွေ့ရင် တင်ပေးမှာပါလို့ …
      အခိုင့်ရဲ့ ကွန်မန့်လေးအတွက် သန်းနဲ့ ခရုပါလို့ …

      • Khaing Khaing

        March 30, 2012 at 5:54 pm

        ကိုကြီးအံ လူပျိုမစစ်တော့ဘူးနဲ့တူတယ် အခိုင်က ကိုကြီးအံကိုလေးစားလို့ ထည့်ပေးတာပါ … မကြိုက်ရင်လည်း မထည့်တော့ပါဘူးချင့် …. (ဝမ်းနည်းသောလေသံဖြင့်ဖတ်ရန်)

        • အံစာတုံး

          March 31, 2012 at 9:11 am

          ဟုတ်ပါဘူးဂျာ …
          အခိုင်က အဲလိုဂျီး နာမည်နောက်မှာ (လူဂျိုစစ်စစ်) လို့ ထည့်ပေးနေတော့
          တော်ကြာ …
          ရွာထဲက အကျိုဂျီးတွေ ရင်ခုန်နေမှာ ချိုးလို့ပါ …
          အဟီး နောက်ထ​ှာ …
          😀

          ခေါ်ချင်သလို ခေါ်ပါ …
          ဘီလို ခေါ်ခေါ် ​ကြိုက်ကြောင်းပါလို့ …

          ခင်တဲ့ … အံစာတုံး

  • manawphyulay

    March 30, 2012 at 10:24 am

    အင်း… အညာသင်္ကြန် တစ်နှစ်ကျဖူးတာ သွားပြီး သတိရမိသလို လွမ်းမိတယ်။ အညာ စကုဘက်မှာ တစ်နှစ်သင်္ကြန်တွင်းသွားလည်တော့ အပြင်တောင် မထွက်ရဲလောက်အောင်ကို ရေလောင်းတာ ရေပုံးကြီးတွေနဲ့ လောင်းတာ ခံရဖူးတယ်။ သူတို့ဆီမှာ ဟန်ဆောင်မှုလည်းမရှိသလို ရေကို အလှပတ်တာလည်း မတွေ့ရဘူး။ အပြင်မထွက်လိုက်နဲ့ ထွက်ရင်တော့ ရေချွဲပြီးသာ မှတ်တော့… ပြန်သွားချင်ပါသေးတယ်…

    • အံစာတုံး

      March 30, 2012 at 4:50 pm

      မနော်ရေ …
      ​ြမြို့လည်း မြို့သင်္ကြန် အလျောက် …
      တော်လည်း တောသင်္ကြန် အလျောက် ..
      သူ့နေရာနဲ့သူ ပျော်စရာတော့ ကောင်းနေတာပါပဲဗျာ …
      သင်္ကြန်တိုင်းမှာ မပျော်နိုင်သူဆိုလို့ ..
      အဖော်မဲ့နေဆဲ ကျနော် တစ်ယောက်လည်းပဲပေါ့ .. လို့ …
      😀 😀

  • mocho

    March 30, 2012 at 11:11 am

    ရွာအဝင် လမ်းလေးတွေ တွေ့တိုင်း လမ်းအဆုံးက ရွာလေးတွေ ကို စိတ်ကူးနဲ့ပုံဖေါ် ကြည့်မိတတ်တယ်။ ငယ်ငယ်တုန်းက တောရွာတွေ မှာနေခဲ့ဖူးတော့ ကျေးလက်တောရွာ မြင်ကွင်းလေးတွေ မြင်တိုင်း ဘာကိုလွမ်းမှန်းမသိဘူး။

    • အံစာတုံး

      March 31, 2012 at 9:13 am

      မင်းရဲ့ သရဲကောင်းဂျီး ဘေးမှာ ချိနေပီပဲ ..
      ဘာများ လွမ်းစရာလိုသေးလို့လဲ ဒေါ်ချိုရယ် …
      နောက်ထ​ှာ … 😀

  • water-melon

    March 30, 2012 at 11:11 am

    တောင်မ သရဲခြောက်တဲ့နေရာ နာ့လိုက်ပို့
    နာစိတ်ဝင်စားတယ်
    ညည်းတို့ရွာက ဘယ်နားလေးလဲအေ့
    ရွာသူတွေချောရင် နာအတွက်တစ်ယောက်လောက်ရှာပေးပါအေ 😀
    ထန်းရည်တော့လှိုင်လှိုင်ပေါမယ်ထင်တယ်
    ဂလု ဂလု

    • ဗိုက်ကလေး

      March 30, 2012 at 11:52 am

      အူးလေး..အူးလေး..
      တယ်သီးဆိုတာ ချားလို ့ရလားဂျ

  • Mon Kit

    March 30, 2012 at 2:04 pm

    အပေါ်ဆုံးက သစ်ပင်လေးကြည့်ပီး အထီးကျန်ဆန်မှု ခံစားလိုက်ရပါတယ်..
    အို တစ်ပင်ထဲ ရင်ထဲက နွယ်ရယ်…………. 😀

    • ဗိုက်ကလေး

      March 30, 2012 at 2:16 pm

      ဪ..
      သီချင်းဆိုတာ ကြည့်ဆိုဗျာ
      တစ်ဂထဲ ရင်ထဲက အာနဲ ့ ဖိုက်တင်ပလေးနေရဦးမယ်

  • pooch

    March 30, 2012 at 6:13 pm

    အခု အညာဒေသတွေမှ မဟုတ်တော့ဘူး မန​​​ ္တလေးမှာလည်း အဝီဇိတွင်းတွေ ခန်းနေပြီ ။ တော်တော်များများ ရေမထွက်တော့ဘူး။ တိုင်းရင်းဆေးကျောင်းက တွင်းတွေလည်း ခန်းကုန်လို့တဲ့ ဟိုနေ့က အဲ့ဒီ တိုင်းရင်းဆေးမှာ ရေသွားလှူတဲ့ အဖွဲ့က ပြောတာ။ ကျမ မအားတာနဲ့ မလိုက်သွားလိုက်ရဘူး။ ရေကြောမြေကြောတွေပဲ ပြောင်းသလား ရာသီကပဲ သိပ်ပူလာလို့လား ငလျင်တွေ လှုပ်သွားခြင်းရဲ့ အကျိုးဆက်ကြောင့်လား မသိဘူး အဲ့ဒီရေမထွက်တော့တဲ့ ပြသာနာ ဒီနှစ်နွေ အတော် ကြားလာရတယ်။

    ကြိုတင်ပြင်ဆင်ဖို့ရာအတွက် အချက်ပေးခေါင်းလောင်းသံတွေကတော့ မြည်နေပြီ။ 🙁

    • အံစာတုံး

      March 31, 2012 at 9:16 am

      ကျောင်းတွေက ပိတ်ထားတာ ကြာသေးပါဘူး …
      ရွာကျောင်းရဲ့ ခေါင်းလောင်းသံက အချက်ပေးနေပီလားဂျ … 😀
      နောက်ထ​ှာနော် … စိတ်ဆိုးကြေး
      ကွန်မန့်လေးအတွက် ကျေးကျေးပါလို့ ..

  • koaung

    March 30, 2012 at 7:04 pm

    ရေနံချောင်းကဖေကံကောင်း ရေ့တယ်သီးကစားလို့ရလားဗျာ

    • Khin Latt

      March 30, 2012 at 7:47 pm

      အဟင့် အဟင့် ရေနံချောင်း က ဖေကံကောင်းလို့ သများရေးနေတုံး ကအောင် ဦးတွားတယ်။ 😀

  • alinsett

    March 30, 2012 at 7:36 pm

    အံစာတုံးရေ..
    ရွာလေးက သာယာ လိုက်တာ။ အလည်တောင် သွားလိုက်ချင်ပါရဲ ့ဗျာ.။

  • Khin Latt

    March 30, 2012 at 7:46 pm

    မောင်တုံး က ရေနံချောင်းက ဖေကံကောင်း ဖြစ်နေပြီး စာရေးဆရာမ ဂျူး နဲ့ အမျိုးကိုး။
    ကောင်းပါလေ့။
    မင်းနှယ်ကွယ် ထန်းပင်တွေ ကို အပေါ်စီး က ရိုက်ခဲ့တာ မဟုတ်ဘူး။
    နောက်တာနော်။ အဲဒီလို ရှုခင်း လေးတွေ ကြည့်တိုင်း ရွာကို လွမ်းတယ်။
    ကျေးဇူးပါဟေ့။
    ရွာပြန်ရောက်ရင် မင်းမိသားစုကိုရော၊ ကွမ်းတာင်ကိုင် မိလုံး တို့ ရော ချက်ကြီးတို့ အဖွဲ့ ကိုပါ အရီးကိုယ်စား နှုတ်ဆက်ပေးပါဦး။ 🙂

    • အံစာတုံး

      March 31, 2012 at 7:20 pm

      အရီးလတ်ရေ …

      ဒီနှစ် ရွာပြန်ရင် ထန်းပင်ပေါ်တက်ပြီး အပေါ်စီးက ရိုက်ခဲ့ပါ့မယ်ဂျာ …
      ကျနော်က နောက်ထှာနော် …
      အညာသား ဆိုပေသိ ထန်းပင်တော့ တက်ရဲဘူး …
      အဲလောက် သတ္တိကောင်းတာ … 😀
      ___________________________________________

      ကိုအောင်ရေ …

      တယ်သီးက စားလို့ ရပါ့ဗျာ …
      မမှည့်သေးခင်ဆို ဖန်ပေမယ့် …
      ပြာပုံထဲထည့်ပြီး တစ်ရက်အောက် အုပ်ထားလိုက်တာနဲ့ ..
      အရသာ စိမ့်နေတဲ့ တယ်သီးတွေကို သုံးဆောင်နိုင်ပြီ ဖြစ်ပါဂျောင်း …….
      ___________________________________________

      ကိုအလင်းဆက်ရေ …

      ကြုံရင် လာခဲ့ပေါ့ဗျာ …
      ကျနော်တို့ ရွာသားတွေက ဧည့်သည်ဆို အမြဲ ကြိုဆိုလျက်ပါလို့ …
      ___________________________________________

      ခင်တဲ့ ….
      ရေနံချောင်းက ဖေကံ မကောင်း
      အံစာတုံး

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 30, 2012 at 7:52 pm

    ဂန်ဒူးမဒေါ်ဦးထုပ် အဲလေယောင်လို့ ဂန်ထရီဥူးဦးထုပ်ခေါ် ဦးအံဇာရေ အညာကိုလွမ်းသလိုအညာသူလေးကို
    လည်းလွမ်းတယ်နော် လျှောက်ပြောတယ်မထင်နဲ့ မြစ်လောင်းမှာကျုပ်ကောင်မလေးထားခဲ့တယ်
    လျှောက်ပြောတာပါ……. အားပေးသွားပါတယ်နော် ဦးအံဇာရေ…… ဦးအံဇာတို့ဒေါ်ဖြဲတို့နဲ့တွေ့ပြီးမှ
    တည်တည်နေတတ်တဲ့ကျွန်တော်လည်း ခုဆိုပြောင်တောင်တောင်ဖြစ်လာပြီဗျ……. ခင်တဲ့ ဦးအံဇာပေးသော
    အမည် ကိုတောင်ကြီး……. ရှမ်းပြည်သား(တောင်ပိုင်း)

    • အံစာတုံး

      March 31, 2012 at 7:31 pm

      အမငီး …
      လုပ်ကြပါဦး အရပ်ကတို့ရယ် ..
      သများကို ‘ဦး’ အံစာတုံး …….. တဲ့ ။

      ဘဘ ဖိုးဖိုး ဦးဦး ကိုတောင်ကြီး ချင့် …..
      သများက ကိုတောင်ကြီးထက် ငယ်ပါလယ်ချင့် (အသက်) …….. 😀
      ဘယ်လို သိဒါလဲတော့ မေးပါနဲ့ချင့် …
      အဲဒါ ဂန်ထရီ ဥူးဦးထုပ် ရဲ့ လျှို့ဝှက် အစွမ်းပါချင့် … 😀
      ………………………………………………………………………………

      ကိုတောင်ကြီးရေ …
      ကျနော်လည်း ရွာထဲ ဝင်စကတော့ ခပ်တည်တည်ပါပဲ ..
      နောက်တော့ ဘယ်လိုဖြစ်သွားလဲ သိပါဘူးဗျာ …
      အပျော်လွန်ပြီး ဖြစ်သွားတာ ထင်ပါရဲ့ ……
      စိန်ပေါက် (ဗိုက်ကလေး)၊ ဖရဲ၊ ကြီးမိုက် တို့ကတော့ ကျနော့်ရဲ့ ဆရာတွေပေါ့ဗျာ … 😀

      ခင်တဲ့ … အံစာတုံး

  • koaung

    March 30, 2012 at 7:58 pm

    ထန်းရည်လေးကဒေါ့ ဟင်းဟင်း ထန်းရည်လေးပါဘဲ (သောက်ချင်တာကိုပြောတာပါဂျာ)

  • padonmar

    March 30, 2012 at 8:04 pm

    ဓာတ်ဆီဓာတ်စံ ပြက်လုံးမှာပါတယ်လေ၊
    မင်းအမေ ရေနံချောင်းမုန့်ပေါင်းသွားဝယ်တယ်တဲ့။:D
    …………………………
    ရေပြဿနာကတော့ သတိကြီးကြီးထားကြဖို့တော်ပါပြီ။
    အောက်ပြည်အောက်ရွာကလူတွေ ရေရှားမယ့် ဒုက္ခကို ကိုယ်နဲ့ အဝေးကြီးထင်ပြီး ပေါပေါသုံးနေကြတယ်။ဖြုန်းနေကြတယ်။
    အစ္စရေးကလူက မြန်မာတွေကို မင်းတို့ကံကောင်းလိုက်တာတဲ့။ရေချိုမြစ်ကြီးတွေ ပေါများလို့တဲ့။
    ပြီးခဲ့တဲ့နှစ်တွေမှာတောင် ပဲခူးတို့ ဒလတို့မှာရေပြတ်လို့ ရေလှူခဲ့ကြရသေးတယ်။
    သဘာဝကို ထိန်းသိမ်းကြဖို့ ကိုယ့်ပတ်ဝန်းကျင်ကို သတိပေးကြပါစို့။

  • windtalker

    March 30, 2012 at 8:08 pm

    အပေါ်ဆုံးက ပုံထဲက အပင်က ၊ ပို ့စ်မော်ဒယ် ပန်းပုရုပ် လို ့ဆိုချင်စမ်းပါဘိ ။
    စကားမစပ်… “ ထန်းပင်ကျရည် ဆီးကိုလှိုင်လှိုင်ဖြိုးစေ ကျောက်ကပ်ဆေးကြော လူတိုင်းနော ”

  • အံစာတုံး

    March 31, 2012 at 7:41 pm

    ကိုအောင်ရေ ..

    သောက်ချင်ဒယ်ဆို သောက်ပစ်လိုက် …
    ရော့ ……… ယူလိုက် (ထန်းရည်)
    😀
    ____________________________

    အန်တီ ပဒုမ္မာရေ …

    ရေ ဒုက္ခကလည်း မသေးလှဘူးဗျာ …
    ကျနော်တို့ မြန်မာပြည်မှာ မြစ်ချောင်းတွေ ပေါလှပေမယ့် ..
    အဲဒီထဲက ရေတွေကို အကျိုးရှိရှိ ဖြန့်ဝေဖို့ လိုတယ်လို့ ထင်ပါတယ် ..
    မြစ်ချောင်းတွေထဲက ရေကို ပိုက်နဲ့ သွယ်တန်းပြီး ရွာတစ်ရွာ ပိုက်တစ်ခုစီ ထားပေးနိုင်ရင် အကောင်းသား … သောက်ရေအတွက် မရတောင် (သုံးရေ) အတွက်ပေါ့ …
    ဒါက စိတ်ကူးယဉ်ကြည့်တာပါ … 😀
    _______________________________

    ကိုပေရေ …

    ” ထန်းရည် တစ်ကျိုက် … ဆော်ကြည်ခိုက် ” … တဲ့ဗျာ ..
    အဲဒါ တွေ့ကရာ စပ်ဆိုလိုက်တဲ့ စာသားပါလို့ …
    အဟီး .. 😀
    ________________________________

    ခုလို လာရောက် မန့်ကြသူအပေါင်းအား ကျေးကျေးပါလို့ ……..
    အားလုံးကို ခင်တဲ့
    အံစာတုံး

Leave a Reply