စင်ကာပူရောက် မြန်မာမိသားစု ပျော်ပွဲရွှင်ပွဲ

manawphyulayMarch 30, 20121min1137


စင်ကာပူရောက်နေသူများအတွက် သတင်းပေးလိုက်တာပါ။ အားလုံး ပျော်ရွှင်စွာ ဆင်နွှဲနိုင်ကြပါစေ….

7 comments

  • Patriot

    March 30, 2012 at 10:26 am

    1st April ဆိုတော့ April Fool တော့မဟုတ် လောက်ပါဘူးနော်။ သွားမော ကြီးဖြစ်နေမှာ ဆိုလို့

    • manawphyulay

      March 30, 2012 at 10:43 am

      မဟုတ်လောက်ဘူးထင်ပါတယ်။ ဒါက သင်္ကြန်အကြိုလုပ်ကြတာများတယ်။

  • mocho

    March 30, 2012 at 10:53 am

    သွားပြိုင်အုံးမှပဲ၊ အိမ်မှာ မုန့်ဟင်းခါးချက်ရင် တအိမ်လုံးက ကောင်း လိုက်တာ ဆိုပြီး အားပေးကြတယ်။ ကောင်းမှာပေါ့ ကောင်းပြီးသား ခင်ထွေးရီတို့ ဒေါ်ချိုတို့ နန်းသပြေတို့ကို ကိုယ်က တူနာဘူးလေး ဖောက်ထည့်၊ ကြက်ဥလေး ထည့်ပြီး ကိုယ်တိုင်ပဲ ချက်သလိုလို အိုက်တင်ဖမ်းထားတာကိုး။

  • htoosan

    March 30, 2012 at 11:07 am

    အဟိ .. ကထူးဆန်းရဲ့ အလွဲ ဒီခြင်္သေ့ကျွန်း မုန့်ဟင်းခါး ပွဲဆိုလို့ ပြန်သတ်ိရမိလို့ပါ.
    Once upon a time တုန်းက သင်္ကြန်ပွဲ အတွက် ခြင်္သေ့ကျွန်း မြန်မာဘုန်းကြီးကျောင်း မှာ မြန်မာမုန့်မျိုးစုံနဲ့ ဧည့်ခံပါတယ်။ မုန့်ဟင်းခါးလည်း ပါတာပေါ့ ။ အဲ့ဒီမှာ မုန့်ဟင်းခါးထဲ ထည့်တဲ့ ပစ္စည်းတွေလည်း ပြထားပါတယ် ။ ငှက်ပျောအူ အစီမ်းကိုပုဂံ နဲ့ထည့်ပြီး စားပွဲပေါ်တင်ထားပါတယ် ။
    ရွှေကိုင်းမျက်မှန် နဲ့
    စလုံး တရုတ်ကြီး တစ်ယောက်က အဲ့ဒါ စားလို့ ရလားဆိုပြီး ကထူးဆန်းကို မေးပါသည်။ ကထူးဆန်းက လည်း ပြီးလွယ်စီးလွယ် ရက်စ်လို့ ဖြေမိလိုက်ပါတယ်။ ကထူးဆန်းကတော့ မုန့် ဟင်းခါး ဟင်းချိုထဲပါတာကို ရည်ညွှန်းလိုက်ပေမဲ့ တရုတ်ကြီး က ကောက်ပြီး သူ့ ပါးစပ်ထဲ အဲ့ဒီ့ အစိမ်းကြီး ထည့်လိုက်ပါကော.. ပြီး ဝူးဝူးဝါးဝါးထွီ ထွမ် တွေ ဖြစ်ကုန်ပြီး ကထူးဆန်းကို ဒေါသ တကြီး ကြည့်ကာ ကထူးဆန်း တောင်းပန်တာလည်း မရဘဲ ပြန်သွားတာ အမှတ်ပြန်ရမိပါကြောင်း ..

    • manawphyulay

      March 30, 2012 at 12:41 pm

      ဖြစ်ရမယ် ကထူးဆန်းတို့လုပ်လိုက်ရင် အလွဲကြီးပဲ။ ဟိုက စလုံးတရုတ်ကြီးက မဆဲသွားတာတောင် ကံကောင်း ဒီကောင် ငါ့ကို မသိဘူးဆိုပြီး လိမ်ပြောတယ်ဖြစ်နေဦးမယ်… ပျော်စရာတော့ ကောင်းမယ်နော်… ရန်ကုန်မှာ ဗိုလ်ချုပ်ဈေးသင်္ကြန်တို့ ရခိုင်သင်္ကြန်တို့ လုပ်ကြတယ်။ နောက်မှသွားပြီး ဓာတ်ပုံရိုက်တင်ပေးဦးမယ်။

  • tonton fatty

    April 9, 2012 at 12:46 pm

    စင်ကာပူရောက် မြန်မာတွေ ပျော်ရတာပေါ့နော်… ပျော်စရာ အလွန်ကောင်းမယ်ထင်တယ်။ သွားချင်လိုက်တာ။

Leave a Reply