မောင်ဂီ သို့ ဝတ်လစ်စလစ် ပေးစာ C.I.A (Copyright Issues Again) :D

ムラカミMarch 30, 20121min10121

သည်မယ်မောင်ဂီ …

ပေါက်ကရ တွေ ပြောတာတွေလည်း လျော့…

ဖိုးပွိုင့်ဇီးရိုးတွေ ဘာတွေ လည်းလုပ်မနေနဲ့…

ဟိုတခါကလို ဒီအကြောင်းပြောရင် ရင်ဘတ်ထဲက အောင့်အောင့် လာတယ် လဲ

လုပ်မနေနဲ့ …

ဒေါသလည်း မကြီးနဲ့…. ဟုတ်ပလား..

စိတ်လျော့ မောင်ဂီ စိတ်လျော့ …

အေးအေးဆေးဆေး ကျွန်းပေါ်မှာပဲနေ….

တွေ့တယ်မလား ….နင်ပြန်လာလည်း ….. ငတ် ..သေမှာပဲ …ရော်..

 

ညည်းအေ ..ဘယ့်နှယ့် ….. ကိုယ့်ပြည် ကိုယ့်ရွာ မှာ

လုပ်စားမရမယ့် ပညာများ သွားသင်လာရတယ်လို့ …

အံ့ပါ့….

ကျုပ်တို့ရွာမှာ ညည်းတို့လို အိပ်မက်ရောင်းတဲ့ ကောင်တွေ မလိုဘူးအေ့…

ကျုပ်တို့အရပ် ကျုပ်တို့ ဇာတ်… အဟတ်အဟတ်…

အရဂါး စတာပါဗျာ …

 

 

 

စိတ်ထိခိယက်တယ် ဆိုလည်း မီတတ်နိုင်ဝူး..

 

 

အနှီ အစ်ရှူးအတွက်

သဂျီးမင်းနှင့်တကွ ရွာသူားတွေ အမြင်လေးများ ချီးမြှင့်ကြမယ် ဆိုရင်ဖြင့်….

ပုံကို ဒီက ကူးယူပါတယ်

https://www.facebook.com/photo.php?fbid=203064189807902&set=a.108463129268009.11575.108454242602231&type=1&ref=nf

21 comments

  • blackchaw

    March 30, 2012 at 10:29 am

    ချက်ခြင်းဖတ်ပြီး ချက်ခြင်းရေးတဲ့ ကွန်းမန့် ပါဗျို့။
    ANGRY BIRDS ကို တစ်ဦးတည်းမူပိုင်ဖြစ်သတဲ့လား။
    ဂီဂီ ပြောသလို သူ့အရပ်နဲ့ သူ့ဇာတ်ပဲဗျ။
    အဲဒီကြော်ငြာထည့်တဲ့ လုပ်ငန်းရှင်ရဲ့ အိုင်ကျူကိုပါ မြင်လိုက်ရလို့
    သနားမိပါတယ်။
    အော် တစ်ဦးတည်းမူပိုင် တဲ့လား။
    🙂

  • Khaing Khaing

    March 30, 2012 at 10:35 am

    ဟို …. ANGRY BIRDS အဲဒါသများငှက်ကလေးလေ သများကချစ်လို့ အကျင်္ီတောင်ဝယ်ထားတာ ဘယ်လို ဘယ်လိုသူကပိုင်သွားရသလဲ ….

  • ဆူး

    March 30, 2012 at 10:36 am

    အမလေး.. သူနေရာမှာ သူဆရာ ဆိုသလို ဖြစ်နေပြီ။

    မောင့် မူပိုင် ရှင်.. တန်း တန်း တန် တန်..
    မောင့် မူပိုင် ရှင်.. တဲ.. တဲ တဲ တယ်…

  • သူရဇော်

    March 30, 2012 at 10:37 am

    မိဂီမရေ အဲဒီလုပ်ငန်းရှင်ကို သိရင်ပြောလိုက်ပါအေ…….. အန်းဂရီးဘက်(ထ်)ဆိုပြီး မြန်မာစာလုံးနဲ့ တစ်ဦးတည်းမူပိုင်ဆိုရင်တောင် လက်ခံပေးလို့ဖြစ်နိုင်သေးပါတယ်အေ………..ခုတော့ ANGRY BIRD တဲ့ တစ်ဦးတည်းမူပိုင်တဲ့ အော့ဝေါ့…….အန်ချင်ပါ့အေ……… ခုတောင်ကျုပ်ရေးမိလို့ တရားများစွဲမလားပဲ……မိဂိမ တော်သေပီ….. ဒါဗြဲ…….

    • Khaing Khaing

      March 30, 2012 at 10:41 am

      တူရ ညည်းအန်ချင်နေတာ မိတိုက်နဲ့ဖြစ်မယ် …. မတည့်တာတွေမစားပါနဲ့လို့ပြောထားတာကို ငှက်ကလေးကစိတ်ဆိုးနေတာ မိဂီမကိုဖြစ်မယ် …..

  • mocho

    March 30, 2012 at 10:42 am

    ူသူကိုယ်တိုင် ကော်ပီရိုက်နဲ့ ညိနေတာကို ဘာကြောင့်များလူသိရှင်ကြား လုပ်နေရပါလိမ့်။

  • amatmin

    March 30, 2012 at 10:51 am

    ၂၀၁ဝ ကမ္ဘာ့ဖလားသီချင်းကို မြန်မာပြည်တွင်း မူပိုင်လုပ်တဲ့ အဆိုတော်မမကြီး ကို အားကျယုံတင်မက.
    ပန်းသီးကြီး တရုတ်ပြည်မှာ ခံလိုက်ရတာကို..နမူနာယူပြီး များတောင် ဆော်မလားမသိ.. 🙂
    ကြားဖူးတဲ့စကားလေးတခွန်း..ဘာတဲ့ အကြံပိုင်သော စလေငခွေး ဆိုလား..ဘာမှန်းတော့မသိ 😛

  • ဇွဲမာန်အောင်

    March 30, 2012 at 11:30 am

    မောင့်မူပိုင်ရှင်ကြီးပါလား

  • Wow

    March 30, 2012 at 11:52 am

    လုပ်ငန်းရှင်ကိုပဲ မပြောဂျပါနဲ့ အထက်တန်းရှေ့နေဆိုသူဂျီးကကော ဂျန်နဝါရီနောလိတ် နဲလှချည်လား…

  • ဗိုက်ကလေး

    March 30, 2012 at 11:55 am

    စားမန်ခုတ်ချက်ကလဲ နိုင်းလောက်ရှိတယ်တော့

  • manawphyulay

    March 30, 2012 at 1:09 pm

    ခုတစ်လော သတင်းစာမှာလည်း မူပိုင်ရှင်ကြေငြာစာတွေ များလာတာ သတိထားမိတယ်။ ဒါကြောင့် တစ်ဦးတည်း မူပိုင်လုပ်လိုက်တာကိုး…..

  • minnannawar

    March 30, 2012 at 1:19 pm

    သူများကလေးကို ကိုယ်မွေးတာပါလို့ ဖင်ပိတ်အော်နေသလိုပဲ၊
    ကြော်ညာပေးတဲ့ရှေ့နေ ကလဲအံ့ပါ။
    ဒါဆို ipad ကို ငါတို့ကျောက်သင်ပုံးကိုခိုးချတာဆိုပြီးတရားဆွဲကြရအောင်။

    • ဖားသက်ပြင်း

      March 30, 2012 at 1:33 pm

      မပါဘူး .. သများ မပါဘူး …
      ပန်းသီးကို ဆန့်ကျင်တဲ့အလုပ် သများ မလုပ်ဘူး …
      😀
      အိုဘယ့် …လောင်လစ်ဗ် သည် ပန်းသီး …

  • Shwe Tike Soe

    March 30, 2012 at 2:48 pm

    သူများဆီကလဲ ခိုးသေးတယ် မာရေကျောရေ နဲ. အန်းဂရီး ဘတ်ထ် ကို မူပိုင်ခွင့်ဘယ်တုံးက ယူလိုက်ပါလိမ့်.. အော်ဒုက္ခ
    သခိုးက လူလိုဟစ်ဆိုတာ ဒါမျိုးပေါ့အေ… ချဉ်ထာအေ…

  • ဖားသက်ပြင်း

    March 30, 2012 at 2:55 pm

    ကဲပါ အတည်ပြောပါ့မယ်…

    Rovio Entertainment Ltd. or Rovio is a Finnish video game developer and entertainment company based in Espoo. The company was founded in 2003 as a mobile game development studio named Relude, and in 2005 renamed as Rovio.[2] The company is best known for its video game franchise Angry Birds.

    http://en.wikipedia.org/wiki/Rovio_Entertainment

    ကျနော် တခါရေးဖူးတဲ့ Freebie marketing ပုံစံနဲ့ သွားတဲ့ ကန်ပနီပါ…

    သူလုပ်ပုံက ဂိမ်းကို အလကား ပေးတယ်… (ဂိမ်းကတကယ်လည်းကောင်းပါတယ်)
    ဒီအပေါ်မှာ angrybirds culture ရအောင် တည်ဆောက်ပြီးတော့မှ…
    အရုပ်ထုတ်လုပ်သူတွေ … လူသုံးကုန်ထုတ်လုပ်သူတွေကို ဒီဘရန်း..(culture) အသုံးပြုခွင့်ကို
    licensing ပြန်ချပေးပြီး အကျိုးအမြတ်ယူတဲ့ business model ကို တည်ဆောက်ထားတာပါ..

    Rovio Entertainment ကနေ patent rights နဲ့ တွယ်တော့မှ
    မှတ်ပုံတင်ပေးတဲ့နေရာရော ..ရှေ့နေရော လုပ်ငန်းရှင်ပါ ….
    အကုန် ကားကုန်တော့မှာပဲ……နား..

  • နွယ်ပင်

    March 30, 2012 at 2:58 pm

    ဘာပြောရမှန်းတောင် မသိတော့ဘူး
    ကြော်ငြာတဲ့ လုပ်ငန်းရှင်ရော အထက်တန်းရှေ့နေကြီးရော
    အိုင်ကျူကိုလေးစားမိပါကြောင်း ………….

  • intro

    March 30, 2012 at 3:48 pm

    တစ်ခြားဟာဆို တော်သေးတယ်… ခုဟာက Angry Bird ဆိုတော့ကာ….

  • MaMa

    March 30, 2012 at 5:32 pm

    ဟယ်….. တို့က ခုမှ မူပိုင်ခွင့် တင်မလားလို့ ဦးတဲ့လူက ဦးသွားပြီ 😆

  • Thel Nu Aye

    March 30, 2012 at 6:25 pm

    အိမ်မှာလဲ သားကသူ့ကိုယ်သူ angry bird အနက်ဆိုပြီးပြောပြောနေတာ။ ဘယ်သူဦးပါလိမ့်။ အင်း သူ့ကို သတိတော့ပေးထားအုံးမှ။ ဟိုက သတင်းစာထဲတရားဝင်။

  • နေဝန်းနီ

    March 30, 2012 at 7:06 pm

    အဲဒါ တားတား ဆော့နေကျဂိမ်းလေ….။ ယောက်လေးဂွ ကျစ်တာမဟုတ်လား …

Leave a Reply