မြန်မာပြည်ဆရာဝန်တွေ တော်တော်စိတ်ပျက်ဖို့ကောင်းပါတယ်။ ဒီနေ့ ကြားရတာနဲ့ ဒီနေ့ပဲတင်လိုက်တာပါ။ အဖြစ်အပျက်ကတော့ ဒီလိုပါ…..

ကျွန်တော်အမေသူငယ်ချင်းက သူအိမ်မှာ အတက်ပေါက်ပါတယ်။ ဒါနဲ့ မဟာမြိုင်က ဆရာဝန်မကြီး (အမည်မဖော်ပြလို) တစ်ယောက်နဲ့ တွေ့ပြီး ဗဟိုအမျိုးသမီးဆေးရုံကြီးမှာအတက်ကို ခွဲပါတယ်။ ပြီးတော့ အိမ်ပြန်လာပြီး နေတယ်ပေါ့ဗျာ။ သူ မိန်းမကိုယ်ထဲ က ထွက်တာတွေက အပုပ်နံ့ကြီးတွေထွက်တယ်တဲ့။ ခုနက ဆရာဝန်မကြီးကို ပြတော့ “Cell တွေအသစ်ပြန်တည်ဆောက်လို့ပါ ၊ ဖြစ်တတ်ပါတယ်တဲ့” ဒီလိုနဲ့ နေလို့ထိုင်လို့မကောင်းတော့ အရပ်လက်သည်ခေါ်ပြီး အနှိပ်ခံရင်းနဲ့ ဒီလိုဒီလိုလုပ်ထားတဲ့ ကြည့်ပေးပါဦးဆိုပြီး သူက စမ်းကြည့်တော့ အထဲထဲမှာ တစ်ခုခု ရှိနေတယ်ဆိုပြီး ပြင်ပေးလိုက်တယ်တဲ့ အဲဒါနဲ့ အတော်ကြာတော့ သေးပေါက်ချင်သလိုလိုဖြစ်လာပြီး ထွက်လာတာက ဘာကြီးမှန်းမသိတဲ့ အလိပ်လိုက်ကြီးထွက်လာတယ်တဲ့ သူ့ယောင်္ကျားခေါ် မဟာမြိုင်ပြေးရတော့တာပေါ့ ပြေးတော့ ဆရာမကြီးက အရပ်ဝတ်နဲ့ အပြေးအလွှားရောက်လာပြီး ပြန်လုပ်ပေးလိုက်ပါတယ်တဲ့။ ဘာလဲမေးတော့ မဖြေဘူးတဲ့။ တစ်ကယ်တော့ အဲဒါ ခွဲစိတ်တုန်းက ကျန်ခဲ့တဲ့ အရာကြီးပါတဲ့။ သေသေချာချာသိရရင် ထပ်တင်ပါဦးမယ်။

About Burma

သားပု has written 46 post in this Website..