ဦးတုတ်ကြီးနှင့်သူ့ဆေးထုတ်…

နွေဦးMarch 30, 20121min1136

ဒီရက်ထဲ ဖတ်မိတဲ့ စာတချို့ ထဲက ကောင်းတာလေး တွေ့လို့ အားလုံးဖတ်ရအောင်..စာမြည်းပေးလိုက်ပါတယ် ။

ရှေးရှေးတုန်းက ဆရာကြီးဇီဝကဆိုတာ ရှိတယ်။သူဟာအလွန်တော်တဲ့ဆရာကြီးပါ။ သူနေတဲ့ရွာထဲမှာ ဦးတုတ်ကြီး ဆိုတဲ့လူကလဲနေသတဲ့ ။ ဦးတုတ်ကြီးမှာ ချောင်းဆိုးသွေးပါ ရောဂါရှိတယ် ။ သူက သူ့ရောဂါကို ဆရာကြီးဇီဝကဆီ သွားပြတယ် ။ ဆရာကြီးကစစ်ဆေးပြီး ဆေးတွေပေးလိုက်တယ် ။ ဦးတုတ်ကြီးဟာ ဆေးရတော့ ဝမ်းသာအားရနဲ့ အိမ်ပြန်လာခဲ့တယ် ။ အိမ်ရောက်တော့ အိမ်သားတွေကို ဆေးတွေ ပြတယ် ။ နောက်ရွာနီးချုပ်စပ်ကလူတွေကိုလည်း ပြတယ်။ နောက်ဆုံး သူကြီးကိုလည်းပြသတဲ့ ။
‘မင်းဆရာကဘယ်သူလဲ’
‘ဆရာကြီး ဇီဝကပါ ‘
‘ဒါတွေဟာ ဘာတွေလဲ’
‘သူပေးလိုက်တဲ့ ဆေးတွေပါ’
‘မင်းရောဂါ ပျောက်ပြီလား’
‘မပျောက်သေးပါ’
‘သက်သာလား’
‘မသက်သာပါ’
‘ဒါဆိုရင် မင်းက သူတော်တယ်လို့ ဘာကြောင့် ပြောနိုင်လဲ’
‘သူကုလိုက်တဲ့ လူနာ တွေ အများကြီး ပျောက်ကုန်တယ်’
‘သူတို့ ဘာလို့ပျောက်တာလဲ’
‘ဆေးသောက်လို့ပါ’
‘ဒါဆိုရင် မင်းက ဆရာကြီးပေးတဲ့ ဆေးတွေ လိုက်ချည်းပြမနေနဲ့ ။သောက်လိုက် လေ’ တဲ့ ။
” မောင်ကံကောင်း စဉ်းစားကြည့် ။ ဆရာတော်တယ်ဆိုပြီး ဆေးတွေကို ဟိုလူ့ပြ ဒီလူ့ပြ အလှကြည့်နေလို့ ရမလား ”
“မရပါဘူး”

“ဒီအတိုင်းပဲ ။ ဗိုလ်ချုပ်အောင်ဆန်း ပုံကို မြင်သာ ထင်သာအောင် ချိတ်ပြီး ထိုင် ကန်တော့ရုံနဲ့တော့ တို့တိုင်းပြည်ကြီး တိုးတက်မှာ မဟုတ်ဘူး ။ သူ့လို စွန့်လွှတ် အနစ်နာခံ ၊ ကျရာ နေရာက ပြည်သူတွေရဲ့ ကောင်းစားရေးတွေ လုပ်မှ တို့နိုင်ငံ တိုးတက်မှာပေါ့”

သမ္မတသစ်သစ် ပိုက်ဆံသစ်သစ်
သမ္မတသစ်သစ် ပိုက်ဆံသစ်သစ်

ဒေါက်တာခင်မောင်ညို ၏ သမ္မတ သစ်သစ် ပိုက်ဆံသစ်သစ် စာအုပ်မှ စာမျကိနှာ ၅ဝ , ၅၁ ပါ စာအချို့အား ကောက်နှုတ်တင်ပြပါသည် ။

6 comments

  • ဆူး

    March 30, 2012 at 11:56 am

    အလွန်ကောင်းတဲ့ ဥပမာလေးပါပဲ။
    သွားရှာလိုက်အုန်းမယ်။

  • ဗိုက်ကလေး

    March 30, 2012 at 12:08 pm

    သဘောကတော့
    လေပွားမနေကြနဲ ့..လက်တွေ ့ထလုပ်ကြ ပေါ့နော်…

  • gabar

    March 30, 2012 at 2:23 pm

    ဝယ်တော့ဖတ်ချင်သေးတယ်ဗျာ
    စာအုပ်ဈေးတွေကမတန်တဆကြီးနေတော့
    တော်တော်စဉ်စားရတယ် တစ်ခါဝယ်ဖို့ကို
    ရွှေဈေးရယ် စာအုပ်ဈေးရယ် အပြိုင်ပဲ။
    ဟိုတလောကလဲစာအုပ်တစ်အုပ်မြည်းကြည့်တာဖတ်လို့ကောင်းတာနဲ့
    ဝယ်မလို့လုပ်တာ ၄ထောင်ဆိုလို့ ဟူးးး။
    အဲလိုဆိုဒ် အဲလိုစာအုပ် အဲလိုစက္ကူမျိုးနဲ့ပဲ တရားစာအုပ်ဆိုရင် ၁၅၀ဝ အလွန်ဆုံးပဲ
    ဘာလို့များအဲ့ စာအုပ်တွေကျမှဈေးကြီးရသလဲလို့။

  • alinsett

    March 30, 2012 at 7:37 pm

    စာအုပ်ကောင်း ပါပဲ.။ မဖတ်ရသေးဘူး အခုလို ဝေမျှေ ပးလို ့…ကျေးဇူးပါပဲ..ဗျာ.။ ဖတ်ဖြစ်အောင် ဖတ်ဦးမယ် ။

  • a latt kaung

    March 30, 2012 at 8:20 pm

    တကယ်ကောင်းတဲ့ စာအုပ်လေးပါ။ စဉ်းစားစရာတွေ အများကြီးပါ။ ပေးရတဲ့ငွေနဲ့ ဖတ်ရတာနဲ့ ရတဲ့ဗဟုသုတနဲ့တွက်ရင် တန်ပါတယ်။ နိုင်ငံခြားစာအုပ်တွေနဲ့စာရင် မြန်မာစာအုပ်ဈေးက မကြီးပါဘူး။
    တရားစာအုပ်တွေကတော့ အလှူရှင်ငွေနဲ့ရိုက်တာရော၊ အရေအတွက် များများရိုက်နိုင်တာရော ကြောင့်ဈေးသက်သာတာပါ။ တရားစာအုပ်၊ ဘုန်းကြီးရေးတဲ့စာအုပ် တစ်သောင်းရောင်းရရင် တခြားစာအုပ်က အုပ်တစ်ထောင်ကုန်အောင် မနဲရောင်းရပါတယ်။

Leave a Reply