လမ်းပေါ်လှည်းမမောင်းရ (အတိုဆုံး တစ်ကြောင်းဝတ္ထု)

htet wayMarch 30, 20121min15016

လှည်းသမားလယ်သမား။           ။ ဒို့တွေ မြစ်ဆိပ်ကိုဆင်းဖို့ လှည်းလမ်းရှိမှဖြစ်မယ်၊ လာကြဟေ့ ့ လမ်းဖို့ကြရအောင်..ပေါက်ကြဖို့ကြ………….။

စုပေါင်း၍ လမ်းဖို့ပြင်ဆင်ပြီးသောအခါ …….လမ်းပေါ်လှည်းမမောင်းရ ပုံ ….ရွာလူကြီး။

………………………………………………………………………………………………………………………………………………………………………………………………..

တခါက မဂ္ဂဇင်းတစ်ချို့တွင် တစ်ကြောင်းဝတ္ထုများခောတ်စားခဲ့ဖူးပါသည်။ကျွန်တော်သည် မဖြစ်ညစ်ကျယ်အတွေးဖြင့်  မိမိခံစားချက်ကို ဝတ္ထုတိုများရေးခဲ့ဖူးပါသည်။

ယခုတစ်ကြောင်းဝတ္ထုလေးကိုတွေးစရာအဖြစ်တင်ဆက်လိုက်ပါသည်။

ထက်ဝေး

16 comments

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 30, 2012 at 12:20 pm

    အလိုလေး ဆရာထက်ရယ်
    မြန်မာနိုင်ငံက ဖြစ်ရပ်မှန်တွေကိုအဲလောက်ကြီးပြောပါနဲ့ဗျာ
    သစ်ပင်တွေစိုက်ကျစိုက်ကျ စိုုက်ပြီးကြီးလာလို့ခုတ်ရောင်းတဲ့ထဲကျ စိုက်တဲ့သူမပါဘူး
    မြို့ပြသန့်ရှင်းသာယာလှပရေး ဆိုပြီးသစ်ပင်ခြုံနွယ်များကိုရှင်းကျလင်းကျ ရှင်းလင်းပြီးလို့မြေရောင်းစားတဲ့
    အခါကျရင်ခွဲတမ်းက လုပ်အားပေးပြည်သူတွေအတွက်ဆိုပြီးအမောပြေ ပင်မှည့်တစ်ဘူးတောင်မလာဘူး
    ဘုရားမြေသန့်ရှင်းရေးဆိုပြီးဘုရားတစ်ဝိုက်ကမြေတွေလုပ်အားပေးခေါ်ရှင်းလင်းကြ ရှင်းပြီးတဲ့မြေပေါ်မှာ
    ဆိုင်ခန်းဆောက်ပြီးရောင်းလို့ရတဲ့ငွေ ဘုရားမှာဇရပ်တစ်ဆောင်လောက်ဘန်းပြဆောက်ပြီး ကျန်ငွေတွေ
    ဂေါပကများအိတ်ကပ်ထဲရောက် မြို့အုပ်ချုပ်ရေးမှူးအိပ်ကပ်ထဲရောက်လိုရောက် နဲ့ ဆရာထက်ကမှန်တာတွေ
    ဇွပ်ပြောနေတာလား။

  • minnannawar

    March 30, 2012 at 12:57 pm

    ကမ္ဘာ့သစ်ပင်များနေ့ ဆိုပြီး သစ်ပင်တွေစိုက်ကြ ပြီးတော့ ကမ္ဘာ့ဓါတ်ကြိုးများနေ့ ဆိုပြီး သစ်ပင်တွေခုတ်ကြ။
    မြန်မာ့ ရွှေဖြူ၊ မြန်မာ့ ငြုပ်ကောင်း၊ မြန်မာ့ မက္ကဒေးမီးယား၊ မြန်မာ့ကြက်ဆူ….
    အခုတော့လည်း တစိမ်းတွေလိုပါပဲလား၊
    တိုင်းပြည်ရဲ့ ငွေတွေ….. မည်သူ့တွင် တာဝန်ရှိသနည်း…….

  • gabar

    March 30, 2012 at 1:26 pm

    ကောင်းလိုက်တဲ့ အတွေးနဲ့အရေး

  • Mon Kit

    March 30, 2012 at 2:37 pm

    အဲဒါပေါ့… အိုးသယ် က အိုးကောင်းမသုံးရ ဆိုတာလေ……..

  • manawphyulay

    March 30, 2012 at 2:55 pm

    ခုက ပြောင်းပြန်ဖြစ်နေပြီ ဆရာထက်ရဲ့… ကားလမ်းတွေက လမ်းမကောင်းတော့ လှည်းသမားတွေက ပြန်ရေးတာ ခံရမယ့်အလှည့်လေ… လှည်းလမ်းပေါ် ကားမမောင်းရဆိုတဲ့ ဆိုင်းဘုတ်တောင် ချိတ်ထားကြပြီထင်ပါရဲ့….

  • alinsett

    March 30, 2012 at 7:57 pm

    သိပ် ကောင်းပါတယ် ။ ကိုထက်ရေ…

    အဲဒီလို ထိမိတဲ ့အတွေးနဲ ့ အရေးကို မြင်ရင် အားကျ အတုယူ ချင်မိပါတယ် ။

    ကျေးဇူးပါပဲ။

  • htet way

    March 30, 2012 at 9:24 pm

    အားပေးတာကျေးဇူးပါဗျာ။
    တခါတရံမှာ ကိုထီးသီချင်းလေးလို မသိတဲ့ လူကို ဘယ်လိုလုပ်ပြီးသိအောင်ပြောမှာလဲ
    ဆိုသလို ……လမ်းခင်းပြီး လှည်းသမားလှည်းမမောင်းရတာတွေရှိပါတယ်။
    အလင်းရောင်ပေးချင်လွန်းလို့ ကိုယ်တိုင်အရေပျော်ခံပေမယ့် အလင်းမဖြစ်ပဲ
    အမှောင်တိုက်ထဲ အရဲစွန့်ရတာတွေ……။
    ကိုယ်တိုင်ခင်းတဲ့ ခုံလေးမှာကိုယ်ထိုင်ခွင့်မရတာတွေ….ရှိတတ်ပါတယ်။
    အတိုဆုံးဝတ္ထုလေးပါ။

  • ဦးဦးပါလေရာ

    March 30, 2012 at 11:49 pm

    ရွာလူကြီးဆိုတာ ဗိုလ်ကျတဲ့အလုပ်ပဲရှိတာ ဆရာထက်ရဲ့..။ 😀

    အင်း… ဒီဝတ္ထုလေးထဲကအတိုင်းကို အပြင်မှာ တကယ်ရှိပါတယ်။

  • shwe kyi

    March 31, 2012 at 12:06 am

    အတိုဆုံးဆိုပေမယ့် တကယ်တာသွားတဲ့ အတိုဆုံးဝတ္ထုလေးပါ။
    အရှည်ကြီးတွေးအောင် လုပ်နိုင်ပါတယ်။ ရွှေကြည်အားကျမိပါရဲ့။

  • surmi

    March 31, 2012 at 12:11 am

    ရွာသူကြီး ၊၊ ။ ဟေ. လှည်းသမားတွေ ဒီလမ်းက ကားမောင်းဖို.ကွ နားမလည်ဘူးလား ။
    လှည်းဆိုတာ ကန်ဇင်းရိုးကိုဖြတ်မောင်းရတာ
    လမ်းကောင်းဆိုရင်မင်းတို.ကကြိုက်မှကြိုက် ဟင်း ….အပြင်းကိုကြီးတယ် …..။

  • MaMa

    March 31, 2012 at 8:53 am

    ကိုယ်ပြောချင်တာကို တစ်ကြောင်းတည်းနဲ့ ထိရောက်အောင် ရေးနိုင်ပြောနိုင်ဖို့ဆိုတာ အတော်ခက်ခဲပါတယ်။

  • ကြောင်ကြီး

    March 31, 2012 at 9:11 am

    လှည်းလမ်းမှာ
    အကဲစမ်းကာ
    ဘဲကြမ်းတာ
    စွဲလန်းစရာမို့
    ရဲဖမ်းချင်ဖမ်း
    မီးကတော့နမ်းမှာပဲ..။

  • char too lan

    March 31, 2012 at 10:51 am

    လမ်းပေါ်တက်ရင်
    လှည်း ဆို ထင်း
    နွား ဆို ဟင်း
    ကြောင်ဆိုရင်ရော……. ???

  • ba gyi

    March 31, 2012 at 12:01 pm

    အင်း လောကမှာ စွန့်စားတယ် ဆိုတဲ့ စကားချည်းပဲမှမဟုတ်တော့ပဲလေ၊
    ခေတ်ကိုဂ မစွန့်ပဲစားတဲ့ခေတ်ရောက်နေသမို့လား။
    သားသ္မီးနဲ့မိဘ
    ကြံ့ဖွတ်နဲ့ပြည်သူ
    ဘယ်သူတွေယူလို့ဘယ်သူတွေပေးနေရသလည်းပေါ့။
    ခုလည်းကိုယ်ကျိုးစွန့်သူဟာ ကိုယ်ကျိုးစွန့်သူပါပဲ
    အများအကျိုးလုပ်သူဆိုမှတော့ ကိုယ်ဘက်ကပဲအမြဲပေးရလေတာပါပဲ။
    အများအကျိုးဆောင်- ကိုယ့်အကျိုးအောင်ဆိုတဲ့ စကား လက်တွေ့ဖြစ်လာကြလျှင်ကောင်းလေစွ၊
    ပေးသူလည်းရ၊ယူသူလှ ဝဝလင်လင်ရှိကြပါစေသော်( ဝ် )။
    အနှီ ဝထ္ထုတိုကလေး မှသည် အဲလောက် ထိ တွေးမိစေပါသဗျား။

  • kai

    March 31, 2012 at 12:20 pm

    လှည်းပေါ်တွင် ကိုဘေးနွားတင်၍ မစီးရ
    ပုံ။ အိရှိဟရှိ

  • htet way

    March 31, 2012 at 8:18 pm

    အာဏာပြတယ်ဆိုတာ..ဘယ်သူမှမကြိုက်ပါဘူး။
    မမြဲတရားကိုနားလည်ရင် အာဏာရူးလည်း သတိဝင်စိတ်ပြင်နိုင်မှာပါ။
    ပြည်သူ့တရားရှင်ဇာတ်ကားထဲက စကားလေးကို အမှတ်ရမိပါတယ်။
    “ လူဟာမွေးစဉ်ကတည်းက စိတ်ဖြူစင်ပါတယ် ကြာတော့ ပတ်ဝန်းကျင်က အရောင်ဆိုးတာပါတဲ့”
    နတ်ကတော်တော်နတ်ကတော်ကပိုယိမ်းတဲ့ အခါမှာ..ဒီလိုပဲ ဖြစ်တတ်ကြပါတယ်။
    ဖေါ်လံဖားတွေ နေရာဝင်ယူချင်တဲ့သူတွေကြောင့် တကယ်တန်ဖိုးရှိတဲ့ လူတွေပျက်ဆီးသွားရသလို
    တကယ်အရာရောက်တဲ့ လူတွေရဲ့ ရင်ထဲမှာ အနာတရဖြစ်စေခဲ့ပါတယ်။
    တွေးခေါ်ပေးကြတဲ့ ဖတ်ရှု့ပေးကြတဲ့ ပညာရှိများကို လေးစားပါကြောင်း။

Leave a Reply