ပြင်းပြင်းထန်ထန် အရေးယူလိုက်ပြီ….

နွေဦးMarch 30, 20121min120748

7Day ဂျာနယ်သတင်းထောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် သရုပ်ဆောင်ထက်ထက်မိုးဦး ပြစ်ဒဏ်ချမှတ်ခံရ
ရန်ကင်းမြို့နယ်တရားရုံးတွင် ၂ နှစ်ကျော်ကြာ တရားစွဲဆို ရင်ဆိုင်နေရသော သရုပ်ဆောင်ထက်ထက်မိုးဦး နှင့် 7 Day ဂျာနယ်မှ သတင်းထောက်အေးသူစံတို့အမှုတွင် ရန်ကင်းမြို့နယ်တရားသူကြီးက မတ်လ ၃ဝ ရက်နေ့ နံနက် ၁ဝ နာရီ မိနစ် ၂ဝ ခန့်တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၃ အရ သရုပ်ဆောင်ထက်ထက်မိုးဦးအား ဒဏ်ငွေ ၁၀၀ဝ ပေးဆောင်စေ၊ မဆောင်ပျက်ကွက်ပါက အလုပ်နှင့်ထောင်ဒဏ် တစ်လ ကျခံစေဟု အမိန့်ချမှတ်ခဲ့သည်။
အမိန့်ချမှတ်ခဲ့ပြီးနောက် သရုပ်ဆောင်ထက်ထက်မိုးဦးသည် ပြုံးရွှင်တက်ကြွစွာဖြင့် ရုံးတော်မှ လျင်မြန်စွာ ထွက်ခွာသွားသည်။

Voice Weekly facebook မှ ကူးယူတင်ပြသည်..။

48 comments

  • char too lan

    March 30, 2012 at 12:34 pm

    ကဲကဲ ထက်ထက်ပီးရင် လေးဖြူဆက်သွားမယ် လာကြဟေ့………… 🙄

  • အာကြီး

    March 30, 2012 at 12:40 pm

    လေးဖြူပီးရင် လျှပ်စစ်မီး ပိတ်ဆို့မှု၊ ရောင်းစားမှု၊ ထိန်ချန်မှု၊ ခိုးမှု ၊ ပြည်သူဝတ္တရား နှောက်ယှက်မှု၊
    အမှုပေါင်းများစွာ ဆီကို ဆက်သွားကြရအောင် လာကြပါကုန်။

    • က်ိုကိုအိုဗာ

      March 30, 2012 at 8:22 pm

      ထက်ထက် ရယ်……
      ငွေတစ်ထောင် ရဲ့ နောက်ကွယ်မှာ…..
      ဂဏန်းခုနှစ်လုံး လောက်သွားပြီ မဟုတ်လား…
      နောက်ကို ပါးရိုက်ချင်ရင်…
      ဂဏန်းခုနှစ်လုံးတန် ချက်လက်မှတ် လေးတော့…
      ဆောင်ထားပေါ့ကွယ်….ဌီးဌီးဌီး….

  • ဆူး

    March 30, 2012 at 12:41 pm

    ဟိဟိ.. ဖတ်လိုက်တာ.. နားထဲမှာ.. ဇတ်ထဲက ဝန်ကြီးတွေ လေသံ လုံးလုံး ဩဩ နဲ့.. နှုတ်ခမ်းမွှေး တကားကားနဲ့.. ပါးစပ်ထဲ ကွမ်းသီးလုံး ငုံပြီး ပြောတဲ့ လေသံမျိုးနဲ့..
    အသပြာ ငွေ ၁၀၀ဝ ကျပ်တိတိ ပေးဆောင်စေ.. ( အနောက်က ဆိုင်းဝိုင်းက ပတ်မကြီး ဒုံးးးးးးးးးး )
    အသပြာ ငွေ ၁၀၀ဝ ကျပ် မပေးဆောင်ပါက… ( ဆိုင်းဝိုင်းက ပတ်မကြီး ဒုံးးးးးးးးးး)
    ရုံးတော်မှ အလုပ် နှင့် ထောင်ဒဏ် ( ဆိုင်းဝိုင်းက ပတ်မကြီး ဒုံးးးးးးးး)
    ကျခံစေ… (တရုတ် နဂါး အဖွဲ့က ပတ်မကြီး ဆက်တိုက် တီးတဲ့ အသံ ဒုံး) ဒုံး) ဒုံး) ဒုံး) ဒုံး) ဒုံး) ဒုံး) ဒုံး) ဒုံး) ဒုံး) ဒုံး) ဒုံး) ဒုံး) ဒုံး)

    အဲလို ဖြစ်နေပြီ။

  • ဗိုက်ကလေး

    March 30, 2012 at 12:42 pm

    တစ်ထောင်တောင်မှလားဗျာ
    ရှော့ပါဦး….လား တရားသူကြီးမင်းရဲ့
    အင်းလေ..
    ဟိုကျောင်းဒကာကြီးပြောသားပဲ
    ဘာတဲ့..
    တရားကို တရားသူကြီးစောင့် …စောင့်..ဟုတ်ပါဘူး..တရားကို နတ်စောင့်ပါတယ်လို ့

  • Wow

    March 30, 2012 at 12:44 pm

    ဟယ် တနားထှာ …
    အတော်အရေးယူတာပြင်းထန်တာပဲ
    😛

  • manawphyulay

    March 30, 2012 at 12:46 pm

    ဒဏ်ငွေ ၁၀၀ဝ ဟုတ်လား… ဘယ်လိုကြီးတုန်း။ အဓိပ္ပာယ်မရှိတာ……

  • weiwei

    March 30, 2012 at 12:47 pm

    ဒီသတင်းကလဲ ရယ်ရတာပဲ …
    အခုတလော ရယ်စရာသတင်းတွေ များများဖတ်နေရတယ် … 😛 😛 😛

  • ဖားသက်ပြင်း

    March 30, 2012 at 1:03 pm

    ပိုက်ဆံ၁ထောင်ရှိသူတိုင်း သူတပါးအား ..ဆံပင်ဆွဲ ပါပိတ်ရိုက်ပိုင်ခွင့်ရှိသည်….
    lol

    • ဆူး

      March 30, 2012 at 1:15 pm

      တထောင်တန် ၁သိန်း အုပ် တအုပ် ကိုင်ပြီးတော့ လက်ညောင်းအောင် ချလို့ ရတယ်ပေါ့။
      အမလေး ကြောက်ချာကြီး သူပြောတဲ့ အတိုင်း တွေးလိုက်မိတာ.. မလွယ်ပါလားနော်။
      သိန်း ၁ထောင် ဆို တော်သေးတယ်။
      တရားသူကြီး ဘယ်လောက် ယူသွားလဲ မသိဘူး။ သိချင်လိုက်တာ။
      အရိုက်လည်း ခံရသေးတယ် အမှုတော့ နိုင်ပါရဲ့.. ကြေးအိုး တပွဲ ခေါက်ဆွဲကြော် တပွဲ စားမလောက်တဲ့ ပိုက်ဆံနဲ့..

      • char too lan

        March 31, 2012 at 10:23 am

        အာ… ဆြာဆူးကလဲ စိတ်ထိန်းပါအုံး ထောင်တန်တစ်အုပ်ဆို ထောင်ဒဏ်က လတစ်ရာ ရှစ်နှစ်ကျော်သွားမယ်နော် …. သီတဂူပရောဂျက်တော့ ပီးအောင်လုပ်သွားအုံး

        • ဆူး

          April 1, 2012 at 11:55 am

          အဲ.. အဲဒါဆို အလှူပြီးမှ ဒီကိစ္စ ဆက်စဉ်းစားမယ်.. လုပ်ချင်တာလေးတွေ.. အလှူကို အကောင်းဆုံး ဖြစ်အောင် လုပ်ပါအုန်းမယ်။

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 30, 2012 at 1:14 pm

    အားလုံးသိအောင်ကျွန်တော်မောင်မောင်ချဉ်ဖတ်ပြောမယ်
    တရားရုံးမှာ မဲမဲတွေဝတ်ကြတဲ့သူသုံးဦးရှိတယ်
    တရားရေးအရာရှိ (တရားသူကြီး)
    ဥပဒေအကြံပေးအရာရှိ (ဥပဒေ/ဆွဲချ)
    အမှုသည်အကျိုးဆောင် (ရှေ့နေများ)ဆိုပြီးရှိတယ် တရားရေးအရာရှိကိုတရားသူကြီးလို့ခေါ်တယ်
    ဥပဒေအကြံပေးအရာရှိကိုဥပဒေလို့ခေါ်တယ် အကျိုးဆောင်ကိုရှေ့နေလို့ခေါ်တယ်
    တရားခွင်မှာ တရားစီရင်ရေးခုံသမာဓိတရားသူကြီးထိုင်တဲ့ခုံကြီးတစ်ခုံရှိတယ်(မြန်မာပြည်အရပ်ရပ်)
    အောက်မှာ ဥပဒေနဲ့ရှေ့နေတွေထိုင်ဖို့ခုံနဲ့စားပွဲအသီးသီးပေးကြတယ် တရားသူကြီးခုံကကျန်ခုံတွေရဲ့အမြင့်
    မှာတည်ကြတယ် တရားသူကြီးကျောဘက်နံရံမှာတော့တရားရေးလိုဂိုတံဆိပ်ရယ် နိုင်ငံတော်အလံရယ်ရှိပါ
    တယ် အဲတော့ ဟိုစကားကြားဖူးကြတယ်မလား ဥပဒေရဲ့အထက်မှာဘယ်သူမှမရှိစေရ ဆိုတာလေ ဘယ်သူ
    များပြောကြားသွားတယ်ရယ်တော့မသိဘူး ခုနကကျွန်တော်ပြောတဲ့အတိုင်းဆိုရင်တော့
    ဥပဒေရဲ့အထက်မှာတရားသူကြီးရှိတယ် တရားရေးလိုဂိုရယ်နိုင်ငံတော်အလံရယ်ရှိတယ် နောက်ပြီး
    ခေါင်မိုးရယ်ရှိပါတယ် (ဥပဒေအကြံပေးအရာရှိရဲ့ပိုစက်ရှင်အပေါ်မှာပြောပါတယ်။)အာပါတ်လွတ်အောင်
    လည်းပြောရသေးတယ်ရွာသားရဲ့
    ခင်တဲ့လေးစားတဲ့………. ရှမ်းပြည်သား(တောင်ပိုင်း)

  • Mical David ko Jar Yit

    March 30, 2012 at 1:23 pm

    အသပြာ တစ်ထောင်အုပ်ကို စွဲကိုင်၍ ဖြောင်းတစ်ချက် တစ်ထောင်စီဖြင့်
    လာဟဲ့ မောင်မင်း ရိုက်ပေလော့
    ရှောင်ကြ ရှားကြလေ.. ဒုံ……

  • Thel Nu Aye

    March 30, 2012 at 2:37 pm

    လာထား။ တထောင်တဲ့ကွ။ ဘယ်သူမှဗိုလ်မထားဘူး။ မကျေနပ်လို့ကတော့ရိုက်ပြီပဲ။ သို့သော် တခုတော့ရှိ ၏။ အဲဒီတထောင်ဖြစ်လာဖို့ နောက်ကွယ်က ဘယ်လောက်များပါလိမ့်။

  • cobra

    March 30, 2012 at 2:48 pm

    များတာပေါ့၁၀၀ဝဆိုတာ။

  • Mလုလင်

    March 30, 2012 at 3:00 pm

    ပါးရိုက် တာ မက နာကျင်စေမှု ဆိုပေမယ့် … ကိုယ် သွားရိုက်မှ ကံဆိုး ပြီး အရိုက်ခံရတဲ့သူက သွားကျိုး သွားမှဖြင့် … ကိုယ်အင်္ဂါ ပျက်စီးစေမှု နဲ့ … ဂျေးထဲအောင်း နေရမှာ စိုးမိတယ် ….

  • နွယ်ပင်

    March 30, 2012 at 3:06 pm

    ဟယ် (1000) ဆိုပါလား နည်းတဲ့ ငွေပမာဏ မဟုတ်ပါလားနော်
    ဒီခေတ်နဲ့ဆို ဒီတစ်ထောင်ဆိုတာ မနည်းဘူးပဲ
    တရားသူကြီးကတော့ ပြစ်ဒဏ်ပေးတဲ့ နေရာမှာ တော်တော်ရက်စက်တာပါပဲလား …. 😀

  • Ma Ei

    March 30, 2012 at 3:18 pm

    ကျပ် 1000 ကတန်ဘိုးမရှိလို့ ထားလိုက်ပါတော့…
    အပြစ်ရှိလို့ ဒဏ်ငွေဆောင်ခဲ့ရဘူးတယ်ဆိုတဲ့
    ဂုဏ်သိက္ခာမဲ့ရတဲ့ အဖြစ်ကိုတော့ လက်ခံသွားရမှာပါ…
    ရှက်တတ်ရင်ပေါ့လေ…

    • ssa

      May 19, 2012 at 1:38 pm

      ဒါပေါ့ဗျာ…

  • mg mg

    March 30, 2012 at 3:28 pm

    “ဥပဒေဘောင်အတွင်း နေထိုင်ခြင်း ဘေးကင်းရန်ကွာလွန်ချမ်းသာ”တဲ့
    အမလေး အားကိုးလောက်ပါပေရဲ့၊
    အဲဒီတရားသူကြီး နှာနု လက်သီးနဲ့ထိုး ရော့ တစ်ထောင်၊
    ငယ်ထိပ်ဖနောင့်နဲ့ပေါက် ရော့တစ်ထောင်၊
    ဘာတွေကျန်သေးလည်း ပြောကြပါဦး၊ တစ်သောင်းဖိုးလောက် လှူချင်လို့။

    • ssa

      May 19, 2012 at 1:40 pm

      ကျန်သေးတယ်
      အာသီးကို ခြေမနဲ့ညှပ်ဆွဲပီး ကိုင်ပေါက်လိုက်

  • htoosan

    March 30, 2012 at 3:30 pm

    ဤသို့ တစ်ထောင် တိတိ ချမှတ်ပေးသော တရားသူကြီးအား ထက်ထက်မိုးဦး အပြင် ကျေးဇူးတင်သူများစွာ ရှိနေပါမည်။

    ၁။ဂျာနယ် သမား များ ။ ဂျာနယ်များရောင်းကောင်းပါဦးမည်။
    ၂။လွှတ်တော် အမတ်များ ။။လွှတ်တော်တွင် တင်ပြစရာရရှိသွားပါပြီ။
    ၃။ လွှတ်တော် ဥက္ကဌကြီး ။။ ခေတ်နှင့် လျော်ညီမှု့ မရှိသော ဥပဒေဆိုကာ အမြန်ပြင်ရမည် ဆိုကာ နံမည်ကောင်းယူစရာ ရသွားပါပြီ။
    ၄။ ဟိုတယ်ဝန်ထမ်းအား ပါးရိုက်သော ဂျပန် ။ နောက် အချက်တစ်ရာလောက် ထပ်ရိုက်ပါရစေ တောင်းဆိုမည်လား မသိ။

    • Mလုလင်

      March 30, 2012 at 3:48 pm

      ကို ထူးဆန်း .. weekly eleven မှာ …. စိမ်း ပေးခဲ့တယ် ဗျို ့ …

      • htoosan

        March 30, 2012 at 4:33 pm

        ကျေးကျေးပါ Mလုလင်..

  • myanmarcitizen

    March 30, 2012 at 4:08 pm

    ၁၀၀ဝ တန်လေးပေးပြီးတော့။ အဲ့အမိန့်ချတဲ့ တရားသူကြီးကို ထပ်ရိုက်ခဲ့ရမှာ။ 🙂

    • htoosan

      March 31, 2012 at 9:30 am

      အဲ့ဒီကျတော့ စံပြဆိုပြီး ထောင်ဒါဏ် တစ်နှစ်ပေါ့ကွယ်… ငှဲ .. ငှဲ .. ငှဲ..

  • water-melon

    March 30, 2012 at 4:45 pm

    တစ်ထောင်နည်းတယ် ၁သိန်းပေးမယ်
    တရားလူကြီးကို ပါးကိုဝိုင်းရိုက်မယ်
    လိုက်မှာလား 😀

    • sugar sugar

      May 19, 2012 at 3:36 pm

      ဒါလည်း မဆိုးပါဘူး
      တရားသဖြင့်ပေါ့ နော

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 30, 2012 at 4:51 pm

    လိုက်ကြရိုက်ကြအမှုဖြစ်ရင်လိုက်ရှင်းပေးမယ့်အကျိုးတော်ဆောင်ကြီးရှိတယ်။

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 30, 2012 at 4:52 pm

    လိုက်ကြရိုက်ကြအမှုဖြစ်ရင်လိုက်ရှင်းပေးမယ့်အကျိုးတော်ဆောင်ကြီးရှိတယ်။ မာမီဖြဲ သူတို့ကိုသများက
    ပို့စ်တင်ပြီးဂုဏ်ပြုထားတယ်နော်……. ရှာကြည့် ……. ရွာနာမည်ဟာသမှာရှိတယ်။

  • ငပွကြီး

    March 30, 2012 at 5:00 pm

    အော်….တရားရေးရာဆိုတာ ဒီလိုမျိုးကိုး ….

  • Onyx

    March 30, 2012 at 5:18 pm

    တစ်သိန်းပေးပြီး လောလောဆယ်တော့ လျှပ်စစ်ပိုလို့ ရောင်းရပါတယ်ပြောတဲ့ ပါစပ်ကို ရိုက်မယ်ဗျို့ လိုက်ကျမလား ကွယ်တို့

    • shwe kyi

      March 31, 2012 at 12:19 am

      ကြာသလားလို့ လိုက်ပြီး လက်ခုပ်တီးအားပေးမယ်။ လက်နာရင်ဆေးလူးပေးမယ်။
      မောရင်ရေတိုက်ဦးမယ်။

    • sugar sugar

      May 19, 2012 at 3:34 pm

      လုပ်လိုက် လေ Onyx
      တို့လည်းလိုက်မယ်ချန်မထားနဲ့

  • alinsett

    March 30, 2012 at 7:32 pm

    1000 တဲ ့များလိုက်တာ..။
    ပါ့းရိုက်ခံရတာ…1000…

    အင်း……

  • windtalker

    March 30, 2012 at 8:32 pm

    ကျုပ်သာ အေးသူစံ အဖြစ်မျိုးကြုံခဲ့ရင် ၊ ပါသမျှ ပိုက်ဆံကုန်တဲ့အထိ ၊ ပါးတစ်ချက်ရိုက် ၂၀၀ဝ ပြန်ပေးပြီး ၊ ရှယ်ဆွဲမှာ သေချာတယ်ဗျို ့။

  • etone

    March 31, 2012 at 11:21 am

    ဟီးဟီး ပါးတစ်ချက် တစ်ထောင်တဲ့လား ….ဘယ်ပြန်ညာပြန် နှစ်ဖက်ရိုက်မယ် သုံးထောင်ပေးမယ် …
    အကြွေမရှိဘူး… . ငါးထောင်တန်ယူထား …ပြန်မအမ်းလည်းရတယ် … ဟဲဟဲ 😆

  • Diamond Key

    March 31, 2012 at 4:18 pm

    ဒီဥပဒေက ၁၈၆၁၊ မေ က ဟာလေ။ ရှေးထုံးလည်း မပယ်နဲ့ လို့ ပြောနေကြလို့ ဆက်သုံးနေတာ 😛 ဥပဒေ ရဲ့ အထက်မှာ ဘယ်သူမှ မရှိစေရ ဆိုလို့ နောင်မလုပ်ရဲအောင် ၁၈၆၁၊ မေ လောက်တုန်းက သတ်မှတ်ခဲ့တဲ့ ရွေတစ်ကျပ်သား ၁၀၀၊ ၂၀ဝ ခေတ်က ငွေတန်ဖိုးနဲ့ တွက်ပြီ ထက်ထက် ကို နာနာ နှက်လိုက်တာ … ဒဏ်ငွေ ၁၀၀ဝ ပေးဆောင်စေလို့ ။ 😆
    ထက်ထက်ခမျာ .. ပန်ပန် ….. ပန်းပန့်ပန့် ပန်…………. လို့ ဆိုပြီး ပန်းပန် သွားလေရဲ့။ ပန်းပန် …………..ပန်းပန် ပန့် …………..ပန်းပန် :mrgreen:

  • “ဘီလူးကြီး”ogre

    March 31, 2012 at 8:20 pm

    ဒီ လို ပါရိုက်တာ ငွေတစ်ထောင် ချမှတ်သည်ဆိုတဲ့
    ပြစ်ဒါဏ်က တစ်ကယ် ရှိနေလို့ပါပဲ
    ဒီလိုမျိုး ငွေတစ်ထောင်တပ်ရိုက်ခြင်းအပေါ် လှောင်ပြောင်ရယ်မော နေခြင်းကြောင့်
    ကျုပ်တို့ရဲ့ မြန်မာပြည်မှာပြဌာန်းထားတဲ့ ပြစ်မှုဆိုင်ရာဥပဒေတွေ ဘယ်လောက်
    ခေတ်နောက်ကျနေပြီလဲဆိုတာကို သတိမမှုမိမှာပဲစိုးရိမ်လှပါတယ်
    လက်ရောက်မှု သာမာန်နာကျင်စေမှု များဟာ အမြင်ဆုံးပြစ်ဒါဏ်ဟာ
    ငွေတစ်ထောင်သာ ပြစ်ဒါဏ်ထိုက်စေ ကြောင်း ဟိုအင်္ဂလိပ်ခေတ်ထဲက ပြဌာန်းထားတာဗျ
    ပြင်ဘို့သင့်လှပြီ ပြင်ရန် အချိန်ကောင်းကိုလဲရောက်နေပါပြီ
    ဒါပေမယ် လတ်တလောတော့ ပါရိုက်ရင်ငွေတစ်ထောင်ပဲ ဆောင်ရမှာဆိုပြီး
    အကောင်ကြီးကြီးသားသမီးများအား ပါးသွားမရိုက်ကြပါနဲ့ အဲဒီပြစ်ဒါဏ်က
    တစ်သက်တကျွန်းပါ ကျသွားနိုင်ပါတယ်
    ဒါတောင်… နောက်ဆက်တွဲပုဒ်ထီးပုဒ်မ ပြစ်ဒါဏ်များမပါသေးပါကြောင်း။။။ 🙂 🙂

  • metallic

    March 31, 2012 at 11:15 pm

    အဲဒီအမိန့်ကိုဖတ်ကြားနေတဲ့ တရားသူကြီးရဲ့ မျက်နှာအမူအရာနဲ့
    သူ့စိတ်ထဲမှာဘယ်လိုများဖြစ်နေမလဲသိချင်လိုက်တာ

  • aye.kk

    April 1, 2012 at 3:19 pm

    အော်လို ့သာရယ်လိုက်ချင်တော့သည်..
    ဝါးလုံးကွဲမကွဲတော့မသိ၊ဝါးလုံးခေါင်းထဲကဥပဒေဖတ်ပြီးဆုံးဖြတ်သွားတာပေါ့နော်။
    တစ်ထောင်တန်ဥပဒေကရီစရာမှတ်သားလောက်ပါသည်။

  • အရင့်ရောင်

    May 19, 2012 at 2:08 pm

    အမိန့် ချဖို့အရေး ပိုက်ဆံပေး
    လေးစားအပ်ပေ
    မြန်မာ့ ဥပဒေ ။
    ဟိဟိ

  • Yin Nyine Nway

    May 20, 2012 at 11:27 am

    အဲမန်းတိရင်…. ဆင်တကောင်လောက်ပေးပြီး ငါးချက်လောက်ရိုက်လိုက်ပါဒယ်အေ

  • killer kira

    June 18, 2012 at 9:18 pm

    Htet Htet yae u should hit more than one time

  • myo gyi

    June 19, 2012 at 12:30 am

    1000/6=166 dollars.
    Not so bad.
    The judge may think like that.

Leave a Reply