ပုသိမ်မြို့ကို ဦးသိန်းစိန် ၂၄ ရက်နေ့ကလာတော့ ကြိုဆိုတဲ့ဆိုင်းဘုတ်တွေကို အချက်အခြာကျသောနေရာတွေမှာ အခု ၃၀ နီးပါးလောက် ဓါတ်ပုံကြီးနဲ့အတူ ကပ်ထားကြပါတယ် ဒီဟာကလဲကိစ္စမရှိသေးဘူး

ဦးသိန်းစိန် ပြန်သွားတော့ ၂၆ ရက်နေ့မှာ စည်ပင်က ပြန်ဖြုတ်တာပေါ့  အဲဒီမှာ လေယာဉ်ကွင်း ကနေ ဖြုတ်လာလိုက်တာ ကမ်းနားလမ်း လဲရောက်ရော ပြန်တပ် ပြန်တပ် ဆိုလို့ ဖြုတ်ပြီးသား ၁၅ ခုလောက် အစကနေပြန်တပ်ရပါတယ်

သူ့ဆိုင်းဘုတ်က ဦးသိန်းစိန်လာလို့ ပုသိမ်က ကြိုဆိုကြောင်းရေးထားတာ အခုဦးသိန်းစိန်က ပြန်သွားပြီ ဒီနေ့ ၃၀ ရက်နေ့ထိ မဖြုတ်သေးဘူး

နောက်တော့မှ သိရတာ ဦးသိန်းစိန် ဓါတ်ပုံ အကြီးကြီးကို ဖြုတ်ချနေတော့ သမတ္တကြီးဦးသိန်းစိန်ကို ဖြူတ်ချလိုက်ပြီလို့ ဆိုတဲ့သဘောဆောင်သွားလို့ပါ…တဲ့…အဲဒါနဲ့ ဖြူတ်ချပြီးသားတွေကိုပါပြန်တင်ရတော့တာပါဘဲ…

အတွေးတွေကတော့ ရှယ်ပဲ…..ဘယ်နေ့တော့ ဦးသိန်းစိန်ကိုဖြုတ်ချကြမလဲ စောင့်ကြည့်ဦးမှ……

About ငပွကြီး

ngapwa gyi has written 6 post in this Website..