ပါးတစ်ခါ ရိုက် ဒဏ်ငွေ တစ်ထောင်…မြန်မာနိုင်ငံ

Charm BoyMarch 30, 20121min23321

7Day ဂျာနယ်သတင်းထောက်ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် သရုပ်ဆောင်ထက်ထက်မိုးဦး ပြစ်ဒဏ်ချမှတ်ခံရ ရန်ကင်းမြို့နယ်တရားရုံးတွင် ၂ နှစ်ကျော်ကြာ တရားစွဲဆို ရင်ဆိုင်နေရသော သရုပ်ဆောင်ထက်ထက်မိုးဦး နှင့် 7 Day ဂျာနယ်မှ သတင်းထောက်အေးသူစံတို့အမှုတွင် ရန်ကင်းမြို့နယ်တရားသူကြီးက မတ်လ ၃ဝ ရက်နေ့ နံနက် ၁ဝ နာရီ မိနစ် ၂ဝ ခန့်တွင် ပြစ်မှုဆိုင်ရာဥပဒေပုဒ်မ ၃၂၃ အရ သရုပ်ဆောင်ထက်ထက်မိုးဦးအား ဒဏ်ငွေ ၁၀၀ဝ ပေးဆောင်စေ၊ မဆောင်ပျက်ကွက်ပါက အလုပ်နှင့်ထောင်ဒဏ် တစ်လ ကျခံစေဟု အမိန့်ချမှတ်ခဲ့သည်။ အမိန့်ချမှတ်ခဲ့ပြီးနောက် သရုပ်ဆောင်ထက်ထက်မိုးဦးသည် ပြုံးရွှင်တက်ကြွစွာဖြင့် ရုံးတော်မှ လျင်မြန်စွာ ထွက်ခွာသွားသည်။
Credit : the voice facebook

21 comments

  • Mical David ko Jar Yit

    March 30, 2012 at 1:07 pm

    နွေဦး အမည်နဲ့ ပြင်းပြင်းထန်ထန် အရေးယူလိုက်ပြီ ဆိုတဲ့သတင်း ဖတ်ကြည့်ပါဦး
    ကိုရင် သတင်းက နောက်ကျနေပြီဟ ။
    တင်ပြီးသား ဖြစ်နေပြီ။

  • kaung kin pyar

    March 30, 2012 at 1:18 pm

    တန်တယ်နော်…။ ဘယ်သူ့ကိုရိုက်ရိုက် ဒီလောက်ဆိုရင်တော့ အိမ်ပြန်ပြီး လက်သွေးထားမှပဲ…..။

  • zawgyi min

    March 30, 2012 at 1:37 pm

    အမေလေးလေး…….
    ပါးတစ်ခါရိုက် 1000 ကျပ်ဆိုတော့…….
    လက်ဖဝါးတွေယားလာတိုင်း သူများပါးကိုပ` သွားရိုက်တော့မယ်။
    အယားပြေပေါ့။

  • avocardo

    March 30, 2012 at 2:11 pm

    ဒါတွေပြောနဲ့လေ။ဒါမြန်မာပြည်ကွယ်ကလေးတို့ရဲ့။တစ်ခါလည်းမဟုတ်နှစ်ခါလည်းမဟုတ်ကြားနေရတဲ့

    သတင်းတွေကိုလိုက်ပြီးစိတ်တိုတာကိုယ်ဘဲနောက်ဆုံးငပွကြီးဖြစ်တယ်။အစိုးရကတော့လှုပ်တောင်မလူပ်ပါ

    လားနော်။

  • Shwe Tike Soe

    March 30, 2012 at 2:28 pm

    လခထုတ်ရင်တော့ ပါးဆယ်ချက်လောက် ရိုက်အုံးမှပဲ………… ခွိခွိခွိ 😀

  • chityimhtoo

    March 30, 2012 at 2:30 pm

    အရင်တုန်းကဆို ၅၀ဝ ။ခုတစ်ထောင်ဖြစ်သွားပြီ

    • kaung kin pyar

      March 30, 2012 at 3:39 pm

      ဂျပန်ခေတ်တုန်းကတော့ အလကားရတယ်ဆို…ခု ဈေးတက်လာပေါ့နော်…။ သူလဲ ကုန်ဈေးနှုန်းလိုပဲ..။ ဒါပေမယ့် ကုန်ဈေးနှုန်းကတော့ သူ့ထက် တော်တော်တက်သွားတယ်နော်…

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 30, 2012 at 2:35 pm

    သူ့ကိုလည်း ပြန်ရိုက်ပြီး နှစ်ထောင်လျှော်ပေးလိုက်ပေါ့
    ကောင်မ
    သူ့ဖာသာ လင်တွေကို ဖေါဖေါသီသီပိုပိုလျှံလျှံပေါပေါကြွယ်ကြွယ်အားရပါးရယူလို့
    လူတွေဝေဖန်တုန်းက ကျုပ်ဖြင့် မစားရအညှော်ခံ 😀 သူ့ဖက်က ကာကွယ်ပြောလိုက်ရတာ
    တော်တော်သောက်ကျင့်ရုပ်တဲ့ကောင်မ
    တော်ဘီ တော်ဘီ
    နောက်ဆိုဒင်းဇာတ်ကားတွေ မကြည့်တော့ဘူး

    • windtalker

      March 30, 2012 at 8:45 pm

      ဘယ်သူ ့ဇာတ်ကားတွေ ဆက်ကြည့်မယ် လို ့စီစဉ်ထားပါသလဲ ဟင် ။
      ကိုအောင်ပု ကြည့်ရင် ဇာတ်ကားကောင်း သရုပ်ဆောင်တွေ လန်းမှာ သေချာတာမို ့သိချင်စမ်းပါဘိ ။

  • kaung kin pyar

    March 30, 2012 at 3:43 pm

    နလိမ်ကျော်လေးဆောင်ထားလေ ကိုမိုက်ကယ်ရဲ့….။ ကြာရင် အသက်တိုရချည်ရဲ့…။ 😀

  • ba gyi

    March 30, 2012 at 3:46 pm

    တရားရင်ဆိုင်ရတဲ့( စားရိတ် ) က ပိုကြီးမှာပါ။
    နှစ်နှစ်တောင်ဆိုတော့ —– ဆွဲချင်အုံးဟတရားဆိုပြီး၊ ပညာပေးပုံရပါရဲ့။
    ဪ တရားဥပဒေ စီးဆင်းမှု၊တိကျ၊ မြန်ဆန်ပုံများပြောပါတယ်ကွယ်။

  • ဇွဲမာန်အောင်

    March 30, 2012 at 3:55 pm

    မကျေနပ်တိုင်း ပါးဘဲလိုက်ရိုက်နေရင် ဒုက္ခဘဲနော်။

  • gwa toe

    March 30, 2012 at 3:57 pm

    ဒို့လဲ ရိုက်မယ်ဟေ. တခါ ရိုက် ၁၀၀ဝ ဆိုရင် ၁၅ ခါလောက်ကို ဟို လူကြီးကို ရိုက်ချင်တာ ???။

  • chityimhtoo

    March 30, 2012 at 5:21 pm

    ပါးတစ်ချက်ရိုက် ၁၀၀ဝ လူတစ်ယောက်သတ် ၄၅သိန်း…ခွိခွိ

  • Khaing Khaing

    March 30, 2012 at 6:00 pm

    အို ….. မထက်နဲ့ဘာဆိုင်လို့လဲ ဒါက တရားရုံးကလူကြီးတွေနဲ့ပဲဆိုင်တာလေ နာလည်းအဲတရားရုံးကလူတွေ ကိုသွားပြီး 1ယောက်တစ်ထောင်နဲ့ ရုံးပေါ်ကလူတွေအားလုံးကိုသွားရိုက်ချင်တယ် ဒါပေသည့် နာလက်လေး ကနုတော့ သူတို့ကိုရိုက်ရင် နာပဲနာမှာ ….. ပိုင်လိုက်တဲ့မြန်မာနိုင်ငံ ဥပဒေ … မင်းအုပ်စိုးကြီးလဲဘာဖြစ် နေလဲမသိဘူးနော် ….. သူလဲအမှုတွေအများကြီးနဲ့ ……..

  • ကြောင်ကြီး

    March 31, 2012 at 9:05 am

    မြန်မာငွေ တန်ဖိုးမရှိဘူးလို့ ဘဒူပြောသလဲ… 🙄

  • etone

    March 31, 2012 at 10:21 am

    ချလိုက်တဲ့ ပြစ်ဒဏ်ကလည်း လူရယ်ချင်စရာပါပဲ… ။ ဒီပြစ်ဒဏ်က … ဥပဒေကို လွယ်လွယ်နဲ့ ချိုးဖောက် ၊ သူများကို ကိုယ်ထိလက်ရောက်ပြုလုပ်ဖို့ သွယ်ဝိုက်သောနည်းနဲ့ အားပေးလိုက်သလိုပါပဲ … ။

    ကျွန်မစိတ်ထင်တော့ … တရားလိုရယ် ၊ တရားခံရယ် … တရားသူကြီးရေ သုံးယောက်ညှိပြီးမှ ဒီလို အပြစ်ဒဏ်မျိုးပေးလိုက်တာ ဖြစ်ပါလိမ့်မယ် … မင်းသမီးကလည်း … အပြင်မှာတော့ ပါးရိုက်ခံရသူကို သွားညှိပြီးကြေအေးလိုက်တာမျိုးဖြစ်ပါလိမ့်မယ် … လူသိရှင်ကြားတောင်းပန်တာလည်းမလုပ်ချင် ၊ ကြေအေးတယ်လို့ပြောလျှင်လည်း သူတောင်းပန်ပြီးဖြစ်ကြောင်း လူသိမှာ စိုးတာနဲ့ .. လျော့ပေါ့ပြီး ပုဒ်မပြောင်း ပြစ်ဒဏ်ခံယူရင်း အမှုပြီးသွားတာဖြစ်မယ် … ။

    ဘယ်လိုပဲဖြစ်ဖြစ် … ဒီလုပ်ရပ်အတွက် ဒီဥပဒေပြစ်ဒဏ်ကတော့ လူရယ်ချင်စရာပါပဲ

  • snow white

    March 31, 2012 at 11:42 am

    တရားသူကြီးဆုံးဖြတ်တာရိုက်တဲ့သူက ကျေကျေနပ်ကျေနက်လက်ခံတာပေါ့ နောက်တခေါက်ထပ်ရိုက်အုံးမယ်လို့တောင်သူကတွေးချင်တွေးနေမှာ

  • Onyx

    April 1, 2012 at 8:21 pm

    အင်းဒီလိုသာဆိုရင် တို့လစာရရင် လျှပ်စစ်ကို ပိုလို့ လျှံလို့ ရောင်းရတာပါလို့ ပြောတဲ့ ပါးစပ်ကို
    သွားရိုက်အုန်းမှ ပဲ …..လိုက်ကြအုန်းမလား ဗျို့
    တစ်ချက်ကို တစ်ထောင်ဆိုတော့ တော်တော် တန်တာနော်….
    တို့နိုင်ငံက အဲလောက်တောင် ဥပဒေတွေ တင်းကျပ်တာ နော်
    သမ္မတကြီး နဲ့ လွှတ်တော် လူကြီး တွေ ဒီအတိုင်းပဲ ဒီလိုလူကို ကြည့်နေတော့မှာလား နိုင်ငံကို ပြုပြင်ပြောင်းလဲ
    တဲ့ အချိန်မျိုးမှာ ၊ လဒ်စားတာကို အရေးယူမယ်ဆို……..
    ဒါဆို ဒါကြီးက ဘာတုန်း
    နိုင်ငံ တစ်နိုင်ငံမှာ ဥပဒေက ဘယ်လောက်အရေးပါသလဲ ဆိုတာ ကို မသိလို့များလား…………………….

Leave a Reply