ဂေဇက်ရွာစောင့်နတ်နှင့် မိတ်ဆက်ခြင်း

ကျွန်ုပ်သည်ကား ဤရွာကြီးကို စောင့်ကြပ်သော ရွာစောင့်နတ်ပင်ဖြစ်ပေတော့သည်……. ကျွန်ုပ်သည် ရွာအတွင်း ဆူပူသောင်းကျန်းမှုများ….. မသမာမှုပြုသူများ……..မတရားသည်များကို လက်ပိုက်ကြည့်နေမည်မဟုတ်………. အဟီး နည်းနည်းများသွားပီထင်ပါ့………….. ရွာအတွင်းမှ ရွာသူ/ရွာသားများအားလုံး မည်သူ ဘာလုပ်သည်ကို အားလုံး သိမြင်နေသူပင် ဖြစ်ပေတော့သည်………… ရွာအတွင်း ပြဿနာတစ်စုံတစ်ရာရှိခဲ့ပါလျှင်လည်း… ကျွန်ုပ်တည်ရှိရာ ရွာဦးထိပ်ရှိ နတ်ကွန်းတွင် လာရောက်မေးမြန်းနိုင်ပေသည်တကား……… ဤရွာမှ ရွာသူကြီး မိန်းမ မီးဖွားစဉ်အခါကလည်း ကျွန်ုပ်ကူညီခဲ့ဘူးပေသည်………… ကဲကဲ ဒီလောက်ဆိုလျှင် အသင် ရွာသူ/ရွာသားအပေါင်းတို့အား မိတ်ဆက်ခြင်း ပြီးဆုံးလေပြီတကား………………………

82 comments

  • ဆူး

    March 30, 2012 at 1:19 pm

    စောစောကပဲ ထက်ထက်မိုးဦး နဲ့ တွေ့လာတာ..

    ရွာထဲမှာ ရိုက်နှက်မှု ဖြစ်ခဲ့ရင် မတရားမှု အတွက် ရွာစောင့်နတ် ကို အခွန်ပေးဆောင်ဖို့ ၁ထောင်တန် ငွေစက္ကူ တအုပ် လက်ဝယ် ရှိပါကြောင်း လာပြောသွားပါတယ်။
    ဒါဗြဲ ဒါဗြဲ..

    • သူရဇော်

      March 30, 2012 at 1:28 pm

      သမီးတော် ဆူး ရွာစောင့်နတ်ကို ပေးဆောင်ဖို့ ၁ ထောင်တန်ငွေစက္ကူတစ်အုပ်ကို ရွာဦးဘုန်းကြီးကျောင်းမှာ လှူလိုက်ပါကွယ်……………ဒါဗြဲ
      ပုံ
      ရွာစောင့်နတ်

      • ရွာ စောင့်နတ်

        March 30, 2012 at 1:38 pm

        ဒီကလေးတော်တော်ခက်တာပဲ ရွာစောင့်နတ် ပိုက်ဆံကို ဖြတ်စားလက်စား လုပ်ချင်တာပဲ……. ဒီမယ် သူရဇော် သင် အပါယ်ငရဲလားမှာ မကြောက်လေဘူးလား၊ လောလောဆယ် သင့်အား သူကြီးအပြစ်ပေးစေရန် ကျွန်ုပ် စွမ်းဆောင်ပေတော့မယ် – – – –

  • သူရဇော်

    March 30, 2012 at 1:21 pm

    အွန် ရွာစောင့်နတ်ကြီးရယ် ရွာထဲက မိတိုက် ဘယ်သူနဲ့ ဟိုဒင်းဟိုဝှာဖြစ်တယ် မသိဘူး
    ဇီးကပ်နေတယ်……… အဲဒါလေး သိရင် ဖြေပေးပါဦး ရွာစောင့်နတ်ကြီးရယ်

    • ရွာ စောင့်နတ်

      March 30, 2012 at 1:39 pm

      ရွာထဲက မိတိုက်က လေလာရာ ဖင်ပေးပြီး ဇီးကပ်တာဖြစ်ပါတယ် အသင် သူရဇော်

  • Rose Minn

    March 30, 2012 at 1:22 pm

    အလိုတယ် ဟုတ်တဲ့ ရွာစောင့်နတ်ကြီးပါလား။ သူကြီးမိန်းမ တောင်မီးဖွားပေး တာတောင်ကူညီနိုင်တယ်ဆိုတော့ကာ။ သူလဲ ယောင်္ကျားအိုဂျီထင်ပါ့တော်။ တို့ရွာထဲက အပျိုကြီးတွေ နဲ့ အတွဲမရသေးတဲ့ လူပျို ကြီးတွေ ကို မလိုက်စမ်းပါအေ။ ပြီးတော့ အလှူလုပ်ဖို့ရှိတယ်။ အလှူငွေများများရအောင်ဆော်ဩစမ်းပါ။ ဒါပဲ ကူညီ။ ဒါဗြဲ။

    • ရွာ စောင့်နတ်

      March 30, 2012 at 1:44 pm

      ကျွန်ုပ်လူ့ဘဝဒုန်းက အိုဂျီဖြစ်ပေသည်…..ယခု နတ်ဘဝတွင်တော့ အိုဂျီမလုပ်တော့….. ဒါပေတည့် ဤရွာ၏သူကြီးဖြစ်သဖြင့် စောင်မ ကြည့်ရှု မတော်တရော်မြင်ရခြင်းပင်…. ရွာထဲက လူပြိုဂျီး/အပြိုဂျီးများကိုလဲ စောင်မကြည့်ရှုရပေဦးမည်…….၊ ။.။။။။။ အလှူလုပ်ဖို့ရှိတာလဲ ရွာစောင့်နတ်သိပြီးဖြစ်သည်။။။။။။။။ အလှူငွေများများရစေခြင်းအလို့ငှာ နတ်ကွန်းသို့ လာရောက်၍ ကြက်ကြော် (KFC-မှစားတာနော်)နှင့် အရက်တော် (Blue lable ကလွဲ၍မသောက်ပါ) တင်မြှောက်ရမည်ဖြစ်သည်………….
      ပုံ/ ရွာကိုစောင့်ကြပ် ရွာစောင့်နတ်

      • windtalker

        March 30, 2012 at 8:37 pm

        လောလောဆယ်
        ဟိုဘက်ရွာက ကြက်နာကြလို ့အောက်ကြေးနဲ ့လာရောင်းလို ့ဝယ်ကြော်ထားတာနဲ ့
        ကျုပ်တို ့ရွာထိပ်က ချက်အောင်ပု ရဲ ့မီးတောက် တစ်ပုလင်း နဲ ့ဘဲ ရှိတယ် ။
        အဲဒါလေးကိုဘဲ ကြိတ်မှိတ် သုံးဆောင်တော်မူပါနော် ။

        • ရွာ စောင့်နတ်

          March 31, 2012 at 9:28 am

          ဝင်းတော်ကာကြီးရေ ကျုပ်လို နတ်ကို ကြက်နာနဲ့ မီးတောက်တဲ့၊ ရင်နာလွန်းလို့ပါ၊ ကျုပ်ကဖြင့် စောင်မကြည့်ရှုလိုက်ရတာ ဖက်ဖက်ကိုမောလို့၊ အိုဘာပဲဖြစ်ဖြစ်ပါ ချဉ်ချဉ်တူးတူး မူးပြီးရောကွာ

        • windtalker

          March 31, 2012 at 1:14 pm

          အော်…ဒါဆိုရင်လဲ
          ဒီကနေ ့ည ၊ ဘောပွဲတွေမှာ
          အထောဘဲ ဖြစ်ရအောင် မစစောင့်မ ပေးလဗျာ ။
          စကော့စမ်းရေ နဲ ့ပီကင်းနေမထိဘဲကင်နုနုကြွကြွရွရွလှလှလေးတွေ ဆက်သပမယ်
          အရှင် ရွာစောင့်နတ်ကြီးဗျား

  • kaung kin pyar

    March 30, 2012 at 1:24 pm

    ရွာသူကြီးမိန်းမ မီးဖွားတုန်းကူညီတာကိုတော့ စိတ်ဝင်စားတယ်….။ အင်ဂုလိမာလသုတ်ရွတ်ပေးတာကို ပြောတာလားဟင်…….။ 😀

    • ဖားသက်ပြင်း

      March 30, 2012 at 1:28 pm

      ဟာ … .ဟုတ်ပီ ..
      အိုက်ဒလာ …
      မီလျံဘစ်ဇနက် ဗျို့ …..
      ဂျမ္မခန္ဒာမှာ…အင်္ဂုလိမာလ သုတ် အငှားရွတ်တဲ့အလုပ်
      လုပ်စားရင် အတော် နေ့တွက်စီမယ် …

      အာဟိ..

      ဒက်ဂလောက်…ဒက်ဂလောက်…

      • ရွာ စောင့်နတ်

        March 30, 2012 at 1:48 pm

        ဒီက ဖားသက်ပြင်းပြောတဲ့ မီလျံဘစ်ဇနက်ကြီးကို ရွာစောင့်နတ်စိတ်ဝင်စားသဖြင့် မြင်းဖြူကြီးကို စီးပြီး ဂျမ္မခန္ဒာသို့ အငှားရွတ်ရန် လစ်လေပီ……..

        • ဖားသက်ပြင်း

          March 30, 2012 at 1:57 pm

          အသစ်ကလေး ဆိုလို့ သတိပေးလိုက်ဦးမယ်..
          ရွာထဲမှာ နှူးဘာဂိုဏ်းချုပ် ဆိုတာ ရှိတယ်..
          အဲ့ဘဲက ဇိမ်ဖုံးဂျီးပေါက်စ …ဖွန် ရေလည်ကြောင်တယ်…
          ရှက်ကီ ရေလည်ပိတ်တယ်…. တော်ကီ ရေလည်ပွားတယ်…

          ပီး….
          ငရဲတွေ ငအုံတွေလည်း ကြောက်တာမဟုတ်ဘူး..
          နတ် နဂါး သရဲ ဘီလူး အကုန် တွေ့ရင် ရုံသွင်းပြစားမယ်
          ကြွေးကျော်ထားတာ..

          နောက်…
          တမလွန် ဆိုတာကိုလည်း မှန်ပြောင်းလောက်မှတ်တာ…
          သဂျီးနဲ့ အဲ့ဘဲ ကို သတိထား …
          အမေဒစ်ကင်န် စစ်တပ် ကို ပြစား ခံနေရဦးမယ်…

          ဒါဗျဲ…
          😀

          ဒက်ဂလောက်…ဒက်ဂလောက်..

      • ရွာ စောင့်နတ်

        March 30, 2012 at 2:05 pm

        အဲလယ်လယ် ရွာစောင့်နတ်ကိုများ အမေဒစ်ကန်စစ်တပ်ကိုပြစားမယ်ဒဲ့ ဒီရွာစောင့်နတ်ကလဲ ခေသူမဟုတ်ဘူးဟေ့
        အရက်မူး၊ တက်တူးများနှင့်
        နားပေါက်ကတစ်ရာ
        ပေတစ်ရာ မရေမရာလိမ့်
        တွေ့ကရကို လှိမ့်တတ်ပါလေ့
        သူကြီးနဲ့ နှူးဘာဂိုဏ်းချုပ်ကို
        သိုင်းထုတ်ကာပြတော့မယ်
        လာလေရော့ဟယ်……….ဘူ (အီးသိုင်းပြလိုက်သံ)

        • Khaing Khaing

          March 30, 2012 at 3:03 pm

          တွေ့လား ရွာစောင့်နတ် အဲဒီနှူးဘာဂိုဏ်းချုပ်ကို နာနာလေးသာစော်တော်ကီးလိုက်ပါ …. ဒင်းက ဘီလူးကို ရုံသွင်းပြစားမယ်တဲ့ …. ရွာထဲမှာအဲသလိုရမ်းကားနေတာပါချင့် ….

    • ရွာ စောင့်နတ်

      March 30, 2012 at 1:45 pm

      စောင်မကြည့်ရှုရုံသက်သက်ပါပဲကွယ်၊ ကောင်းကင်ပြာရယ်

  • Khaing Khaing

    March 30, 2012 at 1:25 pm

    ဟင် …. ဒါ ဘူလေးလဲ ဘူလေးလဲ အတစ်ကလေးဆိုတော့ အပြစ်လေးမမြင်ပဲ ချစ်သွေးဝင်အောင် နယူးကလီးယားလေးလုပ်လိုက်ဦးမှ နတ်ဆိုတော့ အထီးပဲဖြစ်မယ် …. ခစ်ခစ်

    • ဆူး

      March 30, 2012 at 1:45 pm

      သမော်ဒီး.. အိပ်မက် ထည့်မက်လိုက်..

      ပုံ
      ရွာတော်ရှင်

    • ရွာ စောင့်နတ်

      March 30, 2012 at 1:50 pm

      ဘူလေးလဲဆိုတော့ ရွာစောင့်နတ်ပါ၊ သမော်တီးကို ဂျော်ဒကီးတွေနဲ့ ပေးစားမယ်၊ ကျွန်ုပ်ကတော့ နတ်ဖြစ်နေသဖြင့် ချမ်းသာပေးပါကွယ်…………ခစ်ခစ်….နျူးကလီးယားသံဖြင့် ရယ်သည်……… ပုံ/ရွာစောင့်နတ်

      • Khaing Khaing

        March 30, 2012 at 3:06 pm

        အို နတ်ဖြစ်လဲဘာဖြစ်လဲ သူများတွေကလေးလိုချင်တာရွာစောင့်နတ်ဆီမှာတောင်လာတောင်း သေးတာပဲ မီးနဲ့ ရွာစောင့်နတ်နဲ့သာဆို အဟိ ဘယ်သူ့အကူအညီမှမလိုတော့ဘူး ….

        • ရွာ စောင့်နတ်

          March 30, 2012 at 3:24 pm

          ဟေ နတ်မျိုးနတ်နွယ်လိုချင်တယ် ထင်ပါ့

        • Rose Minn

          March 30, 2012 at 4:22 pm

          မနက်ကတော့ ကိုဖက်ကပ် ပြောသား သရဲနဲ့ ကို်ယ်ဝန်ရသွားသူမြင်ဖူးလားတဲ့။ အခုတော့ အပြွတ်တယောက် ခင်မျာ နတ်ကို အီစီကလီလုပ်နေပြီ။ ဟင်းနော်။ ငါ ဟို နီနီခင်ဇော်ရဲ့သီချင်းဆိုလိုက်မယ် ‘မင်းနဲ့ငါနဲ့လုံးဝ ရန်သူ အပေါင်း သင်းတွေနဲ့ …………….”

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 30, 2012 at 1:52 pm

    နတ်တို့သက်နှင်းသိကြားမင်းခေါ်ဦးမာဃတစ်ယောက်ရှိနေသောကြောင့်
    အထက်လူကြီးနှင့်ပေါင်းစားကာ ရွာစောင့်နတ်ထံမှ ဘလူးလေဘယ်နှင့်ကြက်ကြော်ကိုအကျွန်ုပ်စိတ်ဝင်စား
    တော်မမူခြေပီ အသင်ရွာစောင့်နတ်အကျွန်ုပ်သည်ကား သိကြားမင်း၏အလိုတော်ရိဖြစ်ပေ၏ မာဇတာမာဃ
    ရဲ့အလိုတော်အရ တစ်ပါတ်တစ်ခါ ဗယ်လင်တိုင်းတစ်လုံးနှင့် အင်္ဂလန်ဝိုင်ဖြူတစ်လုံးဆက်ဆက်လာ၍ဆက်သ
    စေ…… အမြည်းတော်အဖြစ်သူကြီးကျော်ငြာပေးနေသော ၎င်းစပွန်ဆာယူထားသည့် ကိုဘေးနွားကင်ဆိုင်မှ
    အမြည်းတော်နှင့် စကီလေးများဆက်သစေ……
    အမိန့်တော်အရ……နောက်တီးနောက်တောက်ဂိုဏ်းသား …….. ပြည်သူ့ချဉ်ဖတ်

    • ရွာ စောင့်နတ်

      March 30, 2012 at 2:00 pm

      အလို ကျွန်ုပ်တွင် အထက်လူကြီးမရှိ………..မိုက်မဲလှတဲ့ မိုင်ဆွန်ခ!^#@%$$( ရှည်လိုက်တဲ့နာမည်………နတ်စိတ်မရှည်ဘူးးးးးးး အလိုတော်ရိတွေဘာတွေသိဘူး အသင့်အား ကျွန်ုပ်အပြစ်ပေးချေမည်………မိုင်ဆွန်ခ!^#@%$$( သင် ငရဲတို့သနှင်း ငရဲမင်းထံ ပိုက်ဆံသွားချေးစေ………ဒုံးးးးးးးးးးးး
      ပုံ/တစ်ပါးတည်းသော ရွာစောင့်နတ်

      • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

        March 30, 2012 at 3:52 pm

        ငရဲမင်းသည်နားပူဒဏ်ကိုမခံနိုင်ပေ ငရဲမီး၏အပူဒဏ်ကိုခံနိုင်ချင်ခံနိုင်ပေမည်
        ငရဲပြည်ကိုအကျွန်ုပ်ပိုက်ဆံသွားချေးခိုက် အသင်ရွာစောင့်နတ်အမည်အား သေမင်းမှတ်စုတွင်
        ထိပ်ဆုံးတပ်ထားသဖြင့် ငရဲမင်းအားနားပူတိုက်၍ရှေ့နေလိုက်ကာ ပယ်ဖျက်စေခဲ့ချေပြီ
        အသင့်ပို့စ်တွင်ကွန်မန်းဖြင့်အကြံပေးခနှင့် ငရဲပြည်တွင်ရှေ့နေလိုက်ခ အကျွန်ုပ်အားပေးရန်ရှိသည့်
        ငွေတောင်းခံလွှာစာရွက်အားပို့လိုက်သည်…….. ရှေ့နေခ
        ဒေါ်လာငါးသောင်းပေးစေ……..
        အမိန့်တော် ……… ရွာအတိုင်ပင်ခံအကျိုးတော်ဆောင်ကြီး………
        ပုံ……နောက်တီးနောက်တောက်ဂိုဏ်းသားပြည်သူ့ချဉ်ဖတ်

  • Burmese or Chinese

    March 30, 2012 at 2:05 pm

    ကျွန်ုပ်ဘုန်းရှိ ကံရှိမာမီ ပါရှိပါလျှက်နှင့် အသင်ရွာစောင့်နတ်ပျင်း လာသလော
    ပုံ
    အမိန့်တော်~~~~အထက်လူကြီး ဘုန်းရှိ ကံရှိမာမီ

    • ရွာ စောင့်နတ်

      March 30, 2012 at 2:13 pm

      ဒီလိုမျိုး နေရာလုနေလို့ ကျွန်ုပ်ရွာစောင့်နတ်ကိုယ်ထင်ပြရခြင်းဖြစ်ပေသည်၊ အသင်တို့ရွာကလေးသာယာစေခြင်းအလို့ငှာ ကျွန်ုပ်လာခဲ့ခြင်းဖြစ်ပေသည်၊ အသင့်ရဲ့မိုက်မဲမှုအတွက် ရွာသူကြီး ဇီးသီးမောင်းတီးပီး ပြောပြ ပြစ်ပေးလုပ်ခိုင်းရပေဦးမည်.. အသင်ကပြား ဗမာလိုလို တရုပ်လိုလို မရေရာတဲ့ကောင်လေးရေ……..ဒါဗြဲ
      ပုံ/တစ်ပါးတည်းသော ရွာစောင့်နတ်

      • Burmese or Chinese

        March 30, 2012 at 2:58 pm

        ကျွန်ုပ်သည် ဒီတိုင်းပြည်ကိုရင်နင့်အောင်ချစ်တဲ့တရုတ်စစ်စစ်ကောင်လေးပါ….ဒါဗြဲ
        ပုံ
        အမိန့်တော်~~~~အထက်လူကြီး ဘုန်းရှိ ကံရှိမာမီ ပိုင်…:D

  • မိုက်ကယ်ဂျော်နီအောင်ပု

    March 30, 2012 at 2:11 pm

    အလို!!!!!!!!!!!!!!!!!!!!!!!
    အသစ်ကလေးပါလား ပွတာဘဲ
    ရွာစောင့်တန်ဆိုတာ အထီးလားအမလား ???
    ကျုပ်ကတော့
    ဓား ဓားဂျင်း ဒုတ် ဒုတ်ဂျင်း မှ ကြိုက်ဒါ 😀

    • ရွာ စောင့်နတ်

      March 30, 2012 at 2:21 pm

      မိုက်ကယ်ဆိုတာ ဂျက်ဆင်နဲ့အမျိုး……….ဂျော်နီဆိုတာ ဂျော်ကာရဲ့တပည့်၊ အောင်ပုဆိုတာ မောင်ဂျပုရဲ့မြေး၊ အသင်ကိုကျွန်ုပ်ပြောတာမှန်လား မှားလား၊ ရွာစောင့်နတ်တော့ နတ်အခြောက်ဖြစ်တော့မယ်ထင်ပါ့၊ မလုပ်ကောင်းပါဘူးကွယ်.အသင့်အား ငရဲခွေးများ စောင့်စားနေလိမ့်မည် ဆင်ခြင်လော့၊ သုံးသပ်လော့၊ ဒါဗြဲ
      ပုံ/တစ်ပါးတည်းသော ရွာစောင့်နတ်

  • char too lan

    March 30, 2012 at 2:26 pm

    ဟာ.. အိုဂျီ ကြိုဆိုတယ်ဗျာ….. လာ… ဒီနားနေရာရှိတယ် … ဝင်ထိုင် … ပြော …
    ဖြတ်ပိုင်းထဲဘယ်လောက်ရေးလိုက်ရမလဲ … သိတယ်မဟုတ်လား 😉

    • ရွာ စောင့်နတ်

      March 30, 2012 at 2:35 pm

      မောင်မင်း ချာတူးလန် အဘယ်အတွက် အလှူခံသည်ကို ကျွန်ုပ်မမြင်ရပါတကား၊ လက်မှတ်ရောင်းတာများလားကွယ်

  • ဗိုက်ကလေး

    March 30, 2012 at 2:41 pm

    ဂျေဒိုးနတ်ကဖြင့် စားလို ့ရသေးတယ်
    ရွာစောင့်နတ်က ချားလို ့ရဘူး

  • ရွာ စောင့်နတ်

    March 30, 2012 at 2:51 pm

    အောင်မာ အော်မာ ဘယ်သူများလဲလို့ တွက်ပီတပည့်ကျော်ပေဘဲ……..အသင်လဲ အပြစ်ရှိသူပေတည်း… အသင့်ကိုအပြစ်ပေးဖို့ ညောင်ပင်မှာ ရေးထားတယ် ဒါဗြဲ
    ပုံ/တစ်ပါးတည်းသော ရွာစောင့်နတ်

  • char too lan

    March 30, 2012 at 3:02 pm

    ဒီ http://myanmargazette.net/107492/health-fitness/comment-page-1#comment-176398 အတွက် နှင့် ဒီ http://myanmargazette.net/?p=110633 အတွက် ကောက်ခံရဂျင်းဖစ်ပါဒယ်
    လေပေါ ပြောတော့ ဒီလို (ကျွန်ုပ်သည်ကား ဤရွာကြီးကို စောင့်ကြပ်သော ရွာစောင့်နတ်ပင်ဖြစ်ပေတော့သည်) လုပ်တော့ ဒီလို (မောင်မင်း ချာတူးလန် အဘယ်အတွက် အလှူခံသည်ကို ကျွန်ုပ်မမြင်ရပါတကား၊ လက်မှတ်ရောင်းတာများလားကွယ်)
    ဟွန်း.. မုန်းဒယ် 🙄

    • Mလုလင်

      March 30, 2012 at 3:12 pm

      ဒီဘက် ခောတ် မှာ မယုံရဆုံး တွေကတော့ …. ရေအားလျှပ်စစ် နဲ့ပက်သက် ရင် သူ့ထက် ဘယ်သူမှ မသိနိုင်ဘူး လို့ပြောတဲ့သူနဲ့ ခေါ်တုန်းက ခေါ်ပြီး ပေ 1500 ကျော်မှာထားတဲ့သူနဲ့ အကုန် သိတယ်ပြောပြီး … ရွာ့အလှူ နဲ့ ချာတူးလန် comment ကို မဆက်စပ် နိုင်တဲ့ ရွာစောင့်နတ် ရယ် ပဲဖြစ်ပါတယ်။
      ခင်လို့ စတာနော့ …
      Mလုလင်

      • ရွာ စောင့်နတ်

        March 31, 2012 at 9:31 am

        အမောင် အမ်လုလင် ကျွန်ုပ်နတ်ဖြစ်သည်ကို မေ့လေရော့သလား…… ရွာထဲက အကြောင်း ကျုပ်ကောင်းကောင်းသိသဗျ… ချာတူးလန်ဟာကို မဆက်စပ်နိုင်ရိုးလား….. ကျုပ်လဲ သနားလို့ ခင်ဗျားကို မကိုင်တာနော်
        ပုံ/စောင့်ရှောက်မယ့် ရွာစောင့်နတ်

  • Thit Sar Lin

    March 30, 2012 at 3:09 pm

    ရွာစောင့်နတ်ကြီး
    မေးစရာရှိလို့ပါ..သူကြီးမိန်းမကလေးမွေးတုန်းက ရွာစောင့်နတ်ကြီးကကူညီခဲ့တယ်ဆိုတော့…
    ဘယ်လိုကူညီခဲ့တာပါလဲ….သေသေချာချာအသေးစိတ်သိချင်ပါတယ်……………
    ရွာစောင့်နတ်ကအထီးလား..အမလား..အဲဒါလည်းသေချာသိချင်ပါတယ်
    မီးဖွားတာကူညီပေးခဲ့တယ်ဆိုတော့…မလေးပေါ့နော် မလေး…ဟီးဟီး :D:D

  • ရွာ စောင့်နတ်

    March 30, 2012 at 3:20 pm

    အိမ်း ရွာစောင့်နတ်က အထီးသာလျှင်ပင်ဖြစ်ပေသည်တကား….This Sar Lin သင်လဲ အမိုက်လဲလေပါတကား

    • Burmese or Chinese

      March 30, 2012 at 3:36 pm

      မထင်ပါ…..

  • အံစာတုံး

    March 30, 2012 at 3:27 pm

    အမငီး …….
    နာရိုက်ဒါ .. နာရိုက်ဒါ ..
    ဗိုက် .. ဗိုက် …

    ဒီလောက် တောင့်တနေတာတောင် ကိုယ်ထင် မပြလို့ကတော့ ..
    ဒီရွာစောင့်နတ်ကြီး သေမယ်ဒါမှတ် …
    ဒါ​ြ​ေဲ … 😀

    ရွာဂေါ်လီ အံစာတုံး

    • ရွာ စောင့်နတ်

      March 31, 2012 at 9:32 am

      အံစာတုံး အသင်နာချင်းသည် အသင့်ဗိုက်ထဲတွင် ဝက်ပေါက်လေးများရောက်ရှိနေလေပီ…. အဲဒါ ကျွန်ုပ်အပြစ်ပေးခြင်းပေတည်း… အသင်သည် ကျွန်ုပ်အပင်အောက်တွင် ရှုးရှုးပေါက်သဖြင့် ဝက်ထည့်ပေးလိုက်ခြင်းဖြစ်ပေသည်…ဆင်ခြင်လော့…. ပြန်တောင်းပန်လျှင် သက်သာမည်…
      ပုံ/ရွာစောင့်နတ်

  • kai

    March 30, 2012 at 3:37 pm

    ရွာကိုစောင့်ချင်ရင်တော့.. ဒီထဲ.. လမ်းချော်နေသူတွေကို တည့်မတ်ပေးဖို့လိုလိမ့်မယ်…
    နောက်တခုက…
    ရွာသူားတွေထဲ.. အကောင်းဆုံး.. စာရင်း လစဉ်လုပ်ပေးရမှာပဲ..

    ဒီအတိုင်း ဘာမှမလုပ်ပဲ.. ရွာစောင့်နတ်ပျင်းဆိုရင်တော့.. အရက်ထဲ.. ရေရောတိုက်ပြီး.. ရွာစောင့်မူလီလုပ်ပစ်မယ်..။ 😆

    • Burmese or Chinese

      March 30, 2012 at 3:49 pm

      ဟုတ်တယ် အရှင်သဂျီးနတ်မင်းဖျား

    • ချာလီဂဇက်ဒလဝမ်

      March 30, 2012 at 6:35 pm

      အောင်မလေးဗျ
      ရွာစောင့်နတ် ဆိုပါလား
      ဘယ်တုန်းက ပေါက်လာပါလိမ့်
      ထားပါတော့.. ထားလိုက်ပါတော့
      အသင်ဂ ယွာဇောင့်ဏတ်
      အကျနုပ်သည်ကား ရွာစောင့် ဒလဝမ် တည်း
      ပုံ/
      ဂဇက်ဒလဝမ်

    • ရွာ စောင့်နတ်

      March 31, 2012 at 9:35 am

      သူကြီး ကျုပ်ကရွာစောင့်နတ်ပါ၊ သဂျီးမိန်းမ မီးဖွားဒုန်းက ကျုပ်မွေးပေးထားတာ မေ့လေရော့သလား၊ အဲဒီကျေးဇူးကိုမှမထောက် ကျုပ်ကို စာရင်းစစ်ပါလုပ်ခိုင်းရသလား၊ ရွာစောင့်မူလီလုပ်ရင် သူကြီးလဲ မချန်ဘူး ပြန်ကိုင်မှာဘဲ
      ပုံ/ရွာစောင့်နတ်
      စာကြွင်း၊ ၊ ရွာစောင့်နတ် မွေးပေးထားတဲ့ကလေးကို ကောင်းကောင်းစောင့်ရှောက်ပါ

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 30, 2012 at 3:47 pm

    သူကြီးရဲ့အရက်ကိုရေရောရင်ပိုကောင်းသွားမှာပေါ့
    ဘလူးလေဘယ်မတိုက် ကေအက်ဖ်စီကြက်ကြော်မဆက်ဘဲ နတ်ပျင်းဖြစ်နေရင် ထန်းရေနဲ့ဝက်သားသာ
    ဆက်လိုက်ပေတော့ဗျာ…… ရွာစောင့်နတ်ကို တဖြည်းဖြည်းလူဟောင်းကနောက်မန်ဘာဖွင့်သလားတောင်
    သံသယဖြစ်လာပြီ အကျွန်ုပ်ကိုယ်တော်သင့်အား စစ်မေးရန်လာမည်………
    လူကြမ်းရင်နတ်ကြမ်းမခံနိုင်ဆိုသလို နတ်ကကျွန်ုပ်အားမကိုင်ခင် နတ်ကိုကျွန်ုပ်ကပြုတ်အောင်ကိုင်တော့
    မည် ….
    ပုံ………. နောက်တီးနောက်တောက်ဂိုဏ်းသား…… ပြည်သူ့ချဉ်ဖတ် …..
    နာမည်ကိုခေါ်ချင်ရင်ရေတစ်ခွက်ဆောင် နာမည်ခေါ်ပြီးရင်ရေသောက် တစ်ပါတ်တစ်ခါနှလုံးအထူးကု၊အဆုတ်အထူးကုနဲ့ပြပါလေ……….

  • မှော်ဆရာ

    March 30, 2012 at 4:12 pm

    တခြားတော့ မကြောက်ဘူး …
    နတ် “ကိုင်” မှာကြောက်တယ် .. ရွာစောင့်နတ်က “ ကိုင်”တတ်ပါသလား ..
    မှော်ဆရာဆိုတော့ .. ရွာသူ ကိုင်မှာတော့ မကြောက်တတ်ပါ ..
    ပုံ ..
    မှော်ဆရာ

    • ရွာ စောင့်နတ်

      March 31, 2012 at 9:38 am

      ဒီမှော်ဆရာလဲခေသူတော့မဟုတ်ပေဘူး၊ နတ်ကိုတောင် ပြန်စော်ကားချင်သေးတယ် ဟွန်း၊ ကျုပ်က အထီးတော့ သိပ်မကိုင်တတ်ဘူး၊ အဟီး၊ ရွာစောင့်နတ်က စောင်မကြည့်ရှုချင်တာ ရွာသူအချောပဂေးလေးတွေကိုပဲ ဟီးဟီးဟီး ငှီးငှီးငှီး ရွာစောင့်နတ် စိတ်ဖောက်ပြန်ချင်လာပီ
      ပုံ/ရွာစောင့်နတ်

  • FattyCat

    March 30, 2012 at 4:36 pm

    သေချာစဉ်းစားကြည့်တော့ ရွာတော်ရှင်ဆိုုတာ ဥစ္စာစောင့်….
    ရွာစောင့်နတ်ဆိုုတာ ရုုက္ခစိုုး….

    • ရွာ စောင့်နတ်

      March 31, 2012 at 9:40 am

      မိုက်မဲလှတဲ့ FattyCat သင်က သေချာကြည့်တော့ နေကြာစိလိုလို ဘာလိုလို လို့ပြောချင်တာလား…. အသင်တော့ အကိုင်ခံရပေဦးမယ်
      ပုံ/ရွာစောင့်နတ်

  • water-melon

    March 30, 2012 at 4:42 pm

    ရွာစောင့်နတ်ကြီးအား
    ထမီလန်ပြီး ပူဇော်ပါ၏

    • အံစာတုံး

      March 31, 2012 at 8:49 am

      ညည်း အဲလို ပူချော်လို့ကတော့
      ရွာစောင့်နတ်ဂျီးက …
      သည်းကို ခိုက်သွားလိမ့်မယ် ….
      ပီး ရွာစောင့်နတ်ကြီး သူ့အပင်မှာ သူမနေဘဲ ..
      ညည်းခြင်ထောင်ထဲမှာပဲ ဘုံဗိမ္မာန် ပြောင်းရွှေ့လာလိမ့်မယ် …
      😀

    • ရွာ စောင့်နတ်

      March 31, 2012 at 9:42 am

      ဒီပူဇော်ပုံ ပူဇော်နည်းက အလန်းသားလား၊ ရွာစောင့်နတ် ခိုက်သွားဘီ၊ အံစာဒုံး ပြောသလို သင့်ခြင်ထောင်ထဲသို့ ဗိမာန်ပြောင်းနေဦးမှ ရွာစောင့်နတ်မှ ပျော်သွားသဖြင့် သင့်အား မန်းကျီးသီး နှစ်တောင့်ပေးလိုက်သည်၊ ထိုမန်ကျည်းသီးအား အကျိုးရှိစွာ အသုံးချလေ၊ ဟင်းချက်ရာတွင် သုံးနိုင်သည်
      ပုံ/ရွာစောင့်နတ်

  • a me

    March 30, 2012 at 5:00 pm

    ရွာသားစိန်ဗိုလ်ဆင့်

  • Thit Sar Lin

    March 30, 2012 at 5:00 pm

    အိုး..အသင်ရွာစောင့်နတ်…အသင်ကားရွာပဲစောင့်ရလေတဲ့နတ်ပါတကား…
    ငါကားမန္တလေးမြို့ကိုစောင့်တဲ့ နတ် မြို့စောင့်နတ်တဲ့ကွ ရွာတော်ရှင်ဘွားတော်ကြီးရဲ့ဆရာဟဲ့….မသိရင်မှတ်ထား…..
    အသင်ရွာစောင့်နတ်ထက်ငါကတဆင့်ပိုပြီးဝါရင့်တယ်ကွ…..နောက်ဆိုရင်ငါမြို့စောင့်နတ်ကို အမိုက်တွေဘာတွေပြောမနေနဲ့….ငါ့အာဏကမင်းထက်ပိုပြင်းတယ်ဆိုတာ..သတိရလိုက်ပါ..
    မင်းကိုရာထူးချလို့ရတယ်နော်….ရွာထဲကနေရွာပြင်ရောက်သွားမယ်..ရွာပြင်နတ်ဖြစ်သွားမယ်…
    စကားမစပ်..ရွာတော်ရှင်ဘွားတော်ကြီး ကျန်းခန့်သာလို့မာပါစ……..အလှူအတွက်ပြင်ဆင်နေတော့လည်း
    ရွာတော်ကြီး..ပင်ပန်းနေပြီပေါ့..အေးအေး…ကောင်းပါ့ကွယ်..ကောင်းပါ့…
    ရွာစောင့်နတ်..အသင်ရွာထဲမှာအေးအေးဆေးဆေးနေပါ..
    ရွာသူ/သားတွေလဲစောင့်ရှောက်ပါ….အမြင်မတော်တာတွေရှိရင်လဲအသင်ကိုဆုံးမခွင့်ငါပြုထားတယ်…
    ရွာတော်ရှင်ဘွားတော်ကြီးကိုအဓိကစောင့်ရှောက်ပါ….ဒါပါပဲ

    • water-melon

      March 30, 2012 at 5:35 pm

      မန်းလေးကိုလာမစောင့်နဲ့ မယ်တော်သစ္စာ
      မြို့ကျက်သရေရုုပ်တယ်
      စောင့်ချင်ရင် ရွာထပ်က အိမ်သာကျွင်းစောင့်တဲ့နတ်လုပ်
      ရှင်းရှင်းဘဲ

      • Thit Sar Lin

        March 31, 2012 at 9:07 am

        မိဖရဲ…ညည်းစောင့်နေရတဲ့နေရာကိုမကျေနပ်လို့ ကျုပ်ကိုလာစောင့်ခိုင်းနေတာလား..
        ညည်းဟာညည်းအဲဒီမှာစောင့်နေရတာကို အရင်ကပီတီဖြာနေပြီးတော့ အခုမှလာမွှေမနေနဲ့
        ကျုပ်ဟာကျုပ် မြို့ထဲပဲနေနေ..မြို့ပြင်ပဲနေနေ ညည်းအပူလည်းမပါဘူး….ညည်းကဘာမှလူပါးလာဝမနေနဲ့…
        ညည်းအကြောင်းမသိရင်ခက်မယ်…ညည်းတို့အကျင့်တွေကဘာဆိုတာသိပြီးသား……
        ွှညည်းဟာညည်းအပြင်မှာအိမ်သာစောင့်ပြီး အီးစားနေရတဲ့ဟာကို လာပြီးလုံးချင်သေးတယ်..
        ညည်းဘုံကိုကျုပ်မလုပါဘူး စိတ်ချပါ..ညည်းဟာညည်းတုံးတုံးလေးတွေဝအောင်စားပြီး မှပဲ
        ရွာထဲကိုဝင်လာခဲ့ပါ…..ညည်းစားကျက်ကိုကျုပ်လုပါဘူးအေ….ငါကလဲစောင့်ချင်လို့စောင့်နေတာမဟုတ်ဘူးကွ အထက်ကအမိန့်အရလာလာပြီးcheck in ဝင်လုပ်လုပ်နေရတာ….
        ဟွန်း..အီးမှန်တဲ့အခွပ်ကြီးနဲ့လာပြောချင်နေသေးတယ်………သိပ်ရှင်းရှင်းကြိုက်နေရင်……..ညည်းဟာညည်းရှင်းထား…လာပြီးပေါက်ပြမနေနဲ့……..ညည်းအနံ့ညည်းဟာညည်းရှု….ကျုပ်တို့ကိုလာရှုခိုင်းမနေနဲ့ ..နံတယ်….အော့

        • water-melon

          March 31, 2012 at 9:11 am

          နံရင်လဲ မင်းဘာသာရှူဟေ့
          ဘယ်က ဂလုံပလုံးက ထွက်လာတာလဲမသိပါဘူး
          ကျက်သရေတုန်းတယ်
          မင်းတို့လိုကောင်တွေရှိနေလို့ ရွာကကျက်သရေတုန်းနေတာ
          သွား လမ်းထိပ်က မြောင်းပုတ်ရေနဲ့ ပါးစပ်ဆေးလိုက်အုန်း
          ကျက်သရေတုန်းတဲ့ မသာသစ်စာ

        • Thit Sar Lin

          March 31, 2012 at 9:38 am

          သေချင်းဆိုးမမိဖရဲ….မင်းရှိနေလို့ရွာကတောက်တောက်ပြောင်ပြောင်ဖြစ်နေတာပေါ့လေ..
          ဟုတ်စ
          ဒီရွာကိုမင်းထောင်ထားတာဆိုရင်….မင်းအနံ့ကြောင့်ဘယ်သူမှဝင်မှာမဟုတ်ဘူးကွ.
          .ငါသာဆိုဝေးသေးတယ်….ကန်တော့ပွဲနဲ့လာပင့်ရင်တောင်မှ….
          sorry *1000000000000000000 မင်းအတုံးစားတာတွေရော မြောင်းပုပ်ရေသောက် တာတွေရော….ပြောရင်းတောင်မှ မင်းကိုရွံတယ်..ကွာ .ထွီး
          ငါထွက်တဲ့နေရာကိုမင်းကစိတ်ဝင်စားလို့လားကွ….ဟီးဟီး
          အဲဒါဆိုလည်းလာခဲ့လေ..ငါသေချာပြပါ့မယ်ကွ…
          ဪ..ဒုက္ခပဲ ရွာထိပ်ကနေလမ်းထိပ်ပြောင်းပြန်ပြီးလား…
          .မင်းအဲဒီရေလည်းကြိုက်တာပဲလား..မင်းကြိုက်ရင်ငါတို့ဘက်မှာပေါပါတယ်ကွ..
          ..လုသောက်မဲ့သူမရှိဘူး….မင်းဟာမင်းဝဝလင်လင်လာသောက်..
          တုံးစားလိုက်…ပုပ်ရေသောက်လိုက်နဲ့…
          မင်းဘဝကအိုကေမှာစိုပြေနေတာပေါ့လေ……
          ငါမသိလို့ပါ…အတုံးလိုက်အတစ်လိုက် သတုံးကောင်ဖြဲမရေ

        • ရွာ စောင့်နတ်

          March 31, 2012 at 9:46 am

          ဖရဲတုံးနှင့် သစ္စာလင်း ရွာထဲမှာ ဒီလိုမျိုးတွေ မပြောကြပါလင့်၊ ကျွန်ုပ်ရွာစောင့်နတ်ရဲ့ ဗိမာန်ပူသကွဲ့၊ ပုဂ္ဂိုလ်ရေးတွေ ထိကပါး ရိကပါး မပြောကြပါလင့်၊ ကျွန်ုပ် သူကြီးကို မျက်နှာပူမိတယ်၊ သင်တို့နှစ်ယောက်လုံးကို ကျွန်ုပ်ကိုင်မယ်၊ လာထား၊
          ပုံ/ရွာစောင့်နတ်

        • water-melon

          March 31, 2012 at 10:37 am

          ဘယ်ကလေကဝလဲ
          သောက်ကျက်သရေမရှိ
          ဘယ်လိုဥက ပေါက်လာတာလဲနော်
          အော်
          ငယ်ကတည်းက အဆုုံးအမမရှိတော့လဲ
          သဘောထားကြီးကြီးနဲ့ခွင့်လွတ်ရမှာပေါ့

        • Thit Sar Lin

          March 31, 2012 at 11:06 am

          အော်..ငပြူးကပြန်ဖြဲပြရတယ်လို့….
          သူခိုးက အော်…ငါသူခိုးပါလို့ဘယ်ပြန်ပြောမလဲ..
          ကိုယ့်မျက်ချေးကိုယ်မမြင် သူများမျက်ချေးကျတော့ပြောနေလိုက်တာ…မရှက်တတ်လိုက်တာ
          သတုံးကောင်ဖြဲမရေ…ညည်းကော ဘယ်လိုဥကနေပေါက်ခဲ့တာလဲလို့ ကိုယ့်ဟာကိုပြန်စမ်းစစ်အုံး
          ကိုယ်က်ိုတိုင်တောင်အဆုံးအမရှိရှိနေခဲ့ရဲ့လားဆိုတာ…….ဒါပေမဲ့ညည်းပုံစံကြည့်ပြီးခန့်မှန်း လို ့
          ရပါတယ်…ညည်းဘာလဲဆိုတာ……..ကျုပ်ကဘာလဲဆိုတာ ညည်းလိုလိုက်ပြောမဲ့လူစားတော့
          မဟုတ်လို့…စိတ်မရှိပါနဲ့ တုံးကြီးဖြဲမရယ်
          ညည်းကကျုပ်ဘယ်လိုပေါက်ခဲ့လဲဆိုတာသိချင်ရင်….လာခဲ့လို့ခေါ်နေတာ ပြမလို့လေ…
          ပါးစပ်နဲ့ ပဲပြောပြီးကြည့်ချင်နေတာလားတော့မသိဘူး…
          ပြပါမယ်..တုံးကောင်ဖြဲရေ…ညည်းကသိပ်ကြည့်ချင်နေတာကိုး..
          ညည်းကရွာထဲမှာသောက်ရမ်း ကျက်သရေရှိတယ်ဆိုတော့လဲ…..တုံးကောင်ဖြဲရေ..
          ငါကိုကမှားတာပါ..ညည်းလာကိုက်တဲ့အတိုုင်းလိုက်လုပ်နေရင်….
          ညည်းဓါတ်တွေကူးသွားဦးမယ်..ညည်းကတုံးစားပြီး ပုပ်ရေသောက်တဲ့သူဆိုတဲ့..ညည်းဘယ် ဥကပေါက်ခဲ့လဲ ကျုပ်ခန့်မှန်းလို့ရပါတယ်…..ညည်းလိုကျုပ်မကိုက်တတ်ဘူးနော်…..
          ကျုပ်အိမ်မှာတော့ တကောင်မွေးထားတယ်…ဆိုင်ဘုတ်လည်းရေးထားတယ်လေ..
          ((သတိ…ခွေးကိုက်တတ်သည်))…ညည်းလည်းကိုယ့်ဟာကိုရေးထားဦး..
          လိုက်လိုက်ကိုက်နေလို့……..ဟီးဟီး

      • ရွာ စောင့်နတ်

        March 31, 2012 at 9:43 am

        သားတော်ဖရဲတုံး အဲလိုမပြောရဘူးလေကွယ့်၊ သူကြီးက ကျုပ်ကို တာဝန်ပေးထားတဲ့အတွက် လမ်းမှန်ကိုပြသရပေဦးမည်၊ လွတ်လပ်စွာ ကွဲလွဲပါစေကွယ်၊ သဘောထားကြီးပေးလိုက်ပါ၊ သားတော်လေး ဆင်ခြင်လော့၊ သုံးသပ်လော့
        ပုံ/ရွာစောင့်နတ်

        • water-melon

          March 31, 2012 at 12:03 pm

          ဟေ့ရောင် online ကနေ စိန်ခေါ်မနေနဲ့
          မိုက်ရင် လာခဲ့ကြ
          ရှောက်ရူးဘဲ

        • တာတီး

          March 31, 2012 at 7:39 pm

          ရွာစောင့်နတ်လည်း မကယ်နိုင်
          လက်မှိုင်ချပါလို့
          အရိကျ ပြီး ငိုင်သလေလေ့
          ဟောဒီမှာဗျာ
          ဆွေလှိုင်ဦးရဲ့
          ရင်သိမ့်တုန်
          အမယေး…

  • နွေဦး

    March 30, 2012 at 5:05 pm

    နွေဦး ရောက်လာတော့
    လေရူး မွှေတာ ကြုံရပြီ။
    နတ်ရူး ဇာတ်ရူး အစုံအစုံ
    အရက်မူးသမားက အမျိုးမျိုး
    အားကိုးစရာ ရှားလာတော့မှ
    သူကြီးရေ…တထောင်နဲ့ ပါးချပါရော့လား…….။

    • Thit Sar Lin

      March 31, 2012 at 9:15 am

      အေး….ကျုပ်တထောင်မဟုတ်ဘူး….နှစ်ထောင်ပေးမယ်..
      သူကြီး………သူအရင်ရိုက်ခံမလားမေးပေးပါ သူကြီး….
      သုံးထောင်ဆိုလည်းပေးပါ့မယ်…လေးထောင်ဆိုလည်းပေးပါ့မယ်….

    • ရွာ စောင့်နတ်

      March 31, 2012 at 9:51 am

      နွေဦး လေရူးနဲ့အတူလွင့်ပျောက်
      ပွင့်ပိတောက်တို့ ဝေလေပြီ
      တာသင်္ကြန်ချိန်ခါသမယမို့
      ရေအလျင်သာ လောင်းလှည့်ပါတော့
      သစ်ပင်ညောင်ညို နတ်ကွန်းမှာ
      သင့်လက်ရာ ပန်းချီကားက
      အကျည်းတန် ရွာမလှပီ
      ပြင်လော့ ဒီစကား…
      သင်တို့ရွာ ဌာနေထဲမှာ
      ငွေတစ်ထောင် ခြူတစ်ပြားနဲ့
      ရိုက်လို့ရသလား

  • chityimhtoo

    March 30, 2012 at 5:35 pm

    ဟဲ့ တောင်မ ရွာစောင့်နတ် နင့်သစ်ပင်အောက်မှာ ဘိန်းစားတစ်ကောင်စောင့်နေတယ်…အဲ့ပုံပြင်ကိုသိတယ်မှတ်လား….:P

    • Thit Sar Lin

      March 31, 2012 at 9:23 am

      အေး..သူငယ်
      အဲဒီပုံပြင်ကပြောင်းသွားပြီလေကွယ်……..မျက်စိနားလေးစွင့်ပြီးသေချာလေ့လာပြီးမှပြောလေ
      အဲဒီဘိန်းစားက…အဲဒီသစ်ပင်အောက်မှာသူမစောင့်တော့ဘူးလေ……….
      သူဘယ်မှာစောင့်လဲ သေချာသိချင်ရင်….
      ညသန်ခေါင်ကျရင်…မောင်ရင်သူ့ဆီကိုလာခဲ့ပါတဲ့……မောင်ရင်သိချင်တဲ့အသေးစိတ်ကို
      သူရှင်းပြပါလိမ့်မယ်ကွယ်….

      • ချာလီဂဇက်ဒလဝမ်

        March 31, 2012 at 7:11 pm

        အားပါးပါး ဘီလိုဒွေ ဖစ်ကြတာပါလိမ့်။
        နာ အိပ်ပျော်သွားတုန်း မို့ မသိလိုက်ရဘူးစ်။
        ညသန်းခေါင် ကျရင် လား ၊
        မဖစ်ဘူး နဲ့တူရဲ့၊
        နာက သန်းခေါင်ကျရင် တရဲကြောက်လို့ စောင်ခြုံကွေးနေရတာ၊
        ဒါလဲလေ အသေးစိတ်ဆိုရင်တော့ ကျလိ ကျလိ..ကျလိ။

  • alinsett

    March 30, 2012 at 7:52 pm

    သူကြီးရေ.. လုပ်ပါဦး.။ ရွာစောင့် နတ်တဲ ့ ။ ကျွန်တော်က နတ်ဆိုရင် အကိုင်ခံရမှာ အရမ်းကြောက်တာ ။

    နတ်ကိုင်ရင် ယား ကျိကျိ နေမှာလေ ။ အဟိ ။

    ရွာစောင့်နတ်ကြီး ခင်ဗျာ။ ကျွန်တော်မျိုးကိုလည်း…. ဘေးမသီ ရန်မခအောင် စောင်ကို ..မ ကြည့်ရှု..အဲလေ………… စောင်မကြည့်ရှုတော်မူပါ.။

  • Khin Latt

    March 30, 2012 at 8:03 pm

    ရွာစောင့်နတ် ကြီး ကို ကျွန်မ အရီးလတ် မှ ဆလု ရိုက်သွားပါတယ်။

    အဓိက ကတော့ မီးပျက်သော ညများမှာ ရွာစောင့်နတ်ကြီးရဲ့ ကိုယ်ရောင်ကိုယ်ဝါ သုံးပြီး ရွာမှလူများကို အလင်းပေးပါလော့ ဟု ရိုသေစွာ ပန်ကြားအပ်ပါတယ် ရွာစောင့်နတ်ကြီးရှင့်။ 😀

  • alinsett

    March 30, 2012 at 8:08 pm

    အရီးလတ်ရေ… လိုအပ်လွန်းနေတဲ ့ ဆုတောင်းပဲ.နော် ။

    ကျွန်တော်လည်း..အလင်းတွေ နဲ ့ဆက်ပေးချင်လို ့ဆိုပြီး…အလင်းဆက် လို ့ ကလောင်နာမည် ပေးထားပေမယ့်…နိုင်ငံင်္ကြီး..မီးတွေ..ပျက်..မျောင်နေတာကို ဘာမှ လုပ်မပေးနိုင်ဘူး။

    အနုပညာ ဆိုတဲ ့အလင်းကလေးနဲ ့ပဲ…ဆက်ပေးရတော့မယ် ။

    ရွာစောင့်နတ်ကတော့ လုပ်ပေးနိုင်မယ် ထင်ပါ ့ ။

  • Gipsy

    March 30, 2012 at 10:22 pm

    ရွာစောင့်နတ် ဆိုပါလား….။
    မူလီကြပ်ရတဲ့ နတ်ဆိုရင်တောင် အသုံးတဲ့သေး…၊
    အခု နတ်က ဘယ်နေရာ သွားသုံးမို့လဲ…။
    စောင့်ချင်ရင်လဲ ရွာ ပြင်ကစောင့်လေ….။
    ဒီရွာကို ဝင်ရခက်မှာ.. တံခါးစောင့်ဂျီးလဲ ရှိနေလို့….။

  • ချစ်ရင်ထူးနှစ်

    March 30, 2012 at 11:15 pm

    သတိ !!နတ်ကြီးသည် ဂွ ကြီးကြီး နှင့်ကြပ် ပါ..

  • surmi

    March 30, 2012 at 11:50 pm

    ဟယ် !!!!!!!!!
    အသင် ရွာစောင်.နတ် ..
    အထူးမှတ်လေလော. ….
    ဒီရွာထဲ မှာ မာဃလဲရှိရဲ. ၊ ရွာတော်ရှင်လည်းရှိရဲ. ၊မှော်ဆရာလည်းရှိရဲ.
    ဘိုးတော်ဆာမိဆိုတာလဲရှိရဲ.
    သို.တွက်
    သင်.ထံရောက်သောလဘ်လာဘများအား ထိုသူများအားအရင်တင်မြှောက်ပါလေ ။
    ဘိုးတော်ဆာမိဂါထာရွတ်လိုက်သည်။
    ( ရဟီးဆပ်မားသလူး )

  • ba gyi

    March 31, 2012 at 10:25 am

    ဟေ့ ရွာစောင့်တာ အုပ်ချုပ်ရေးမှုးပါဟ
    ခေတ်ပြောင်းပြီး ဘုံပျောက်လို့ ဂဇက်ထဲနေစရာလာချောင်းသပေါ့ ဟုတ်စ၊နင်ခြင်္သေ့ မဆောင်တတ်ခဲ့ဘူး မှတ်တယ်။
    သူကြီး၊ကြောင်ဂျီး၊ဘုဘုဂျီးနဲ့ ပေါက်ဖေါ်ဂျီးတို့ ထံချည်းကပ် ၊ နည်းနိသယ မှတ်၊ဒါမှ ဂဇတ် အရေလည်မှာ
    ကောင်းပါလေ့ဗျာ – ဂဇက် ဆိုဒါ အရက် မရွေး(ေဂျာ်နီ၊ချီးဘတ်၊ဟန်နက်စီ၊ဘော်လကာ) အဲ အဲ–ယောင် တွားဘီ — ၊ လူမျိုးမရွေး၊အရောင်မရွေး၊ ဝါဒမရွေး၊ အတွေးခေါ်စုံလင် မြင်သမျှပြော၊ဟုတ်သမျှဆို၊အားမနာ
    လျှာမကျိုး၊ ဘယ်လိုလူမျိုး ဖစ်ဖစ် စမ်းသပ်ခွင့်ရှိတဲ့နေရာ၊လွဲလျှင် ၊ဝိုင်းတည့် ဆိုင်ချက် ညီမှ လက်ကျ သည့်နေရာ ၊မင်္ဂလာဘာလို့ ကြိုဆိုသဗျာ။

  • ရွာစားကျော်

    March 31, 2012 at 5:20 pm

    ရွာစောင့်နတ်ကြီး စောင်မကြည့်ရှုတာ
    ပထမဆုံး ပို့စ်မှာတင်
    ရွားသားတွေ ပါးရိုက်မယ်၊ နားကိုယ်မယ်တွေ ဖြစ်နေပါလား ဟရို့ :LOL:

  • တာတီး

    March 31, 2012 at 7:36 pm

    အကျနုပ် ငတာတီး အမှန်ဖြီးရရင်တော့
    ရွာစောင့်နတ် ဆိုသူကား အယူလင် ဖြစ်မည်မှာ မှန်၏။
    ဒီရွာအကြောင်း တစ်စေ့တစ်စောင်းမက အိပ်သွန်ဖါမှောက် သိသူဖြစ်ပေတော့၏။
    အယူလင် သည် အယူးလင် လည်းမဟုတ်
    အယင်လူ ဟု ဆိုလိုပါ၏။

Leave a Reply