ကျိုက်ထီးရိုးသင်္ကြန်

စံု စံုMarch 30, 20123min73036

မနှစ်ကသွားဖြစ်ခဲ့တဲ့ခရီးစဉ်လေးပါ သင်္ကြန်တွင်းရုံးပိတ်ရက်လေးရတုန်း

ဘယ်သွားရရင်ကောင်းမလဲစဉ်းစားရင်းနဲ့ ရောက်ခဲ့တာပေါ့

ဟိုးအရင်ကတော့ ကျိုက်ထီးရိုးဘုရားကို ဒီဇင်ဘာလောက်သာသွားဖို့စိတ်ထက်သန်ခဲ့တာ

မနှစ်ကတော့ အပြောင်းအလဲလေးဖြစ်အောင်ဆိုပြီး သွားခဲ့တာ တကယ်ကိုပျော်စရာအတိဖြစ်ခဲ့ပါတယ်

တောင်ပေါ်မှာ မပူလွန်းမအေးလွန်းတဲ့ရာသီဥတုနဲ့ နေလို့ကောင်းပါတယ်

လူလဲအရမ်းပြည့်နေအောင်မရှိတော့ ဟိုတယ်ဘိုကင်လဲ ကြိုတင်စရာမလိုဘဲ အခန်းရခဲ့တာပေါ့

ရန်ကုန်နဲ့မတူတဲ့အချက်တော့ နှစ်ဆန်းတစ်ရက်နေ့မှာ အဓိကရေပက်ကြတယ်

ရေလဲပက်ကြတယ် သနပ်ခါးလဲဝိုင်းလူးပေးကြတယ် တတ်အားသမျှလဲစတုဒီသာကျွေးကြတယ်

မနက်ခင်းဆိုမြူတွေဆိုင်းတာ အဝေးကိုတောင်ပီပီပြင်ပြင်မမြင်ရသလောက်ဘဲ

အင်မတန်လှတဲ့ နံနက်ခင်းတွေပေါ့

မနှစ်ကသွားခဲ့တုန်းက ပို့စ်ပြန်တင်မယ့်စိတ်ကူးလဲမရှိတော့ ဓါတ်ပုံရိုက်ရင်

ကိုယ့်ပုံကိုဘဲအသားပေးရိုက်ခဲ့တာနဲ့ သဘာဝကျကျလှတဲ့ပုံတွေသိပ်မပါခဲ့ဘူး 🙂

အခုလဲသင်္ကြန်နားနီးလာတော့ ကျိုက်ထီးရိုးဘုရားဖူးခရီးစဉ်ကို သတိတရရှိလာတာရော

အခုထိဘယ်ကိုခရီးသွားလို့သွားရမှန်းမသိသေးသူတွေအတွက် အိုင်ဒီယာပေးချင်တာရောကြောင့်

ပထမဆုံးအကြိမ် ပို့စ်တင်ဖြစ်တာပါ ဘယ်သူလာလာမက်မှာဘဲ

ကျိုက်ထိုဟိုတယ်မိသားစုက မုန့်လုံးရေပေါ်ကျွေးနေတာလေ (အရှက်မရှိ ၂ပန်းကန်တောင်စားခဲ့တာ ဟီး)

ဒီပုံလေးကတော့သဘောကျလို့တင်လိုက်တာပါ

သင်္ကြန်သီချင်းဖွင့်ပြီး အပီအပြင်ရှိတ်နေကြတဲ့ လူငယ်တွေ

ဒီမြင်ကွင်းလေးကြည့်မိတော့ဓါတ်ပုံရိုက်ဖို့မေ့နေတာ သတိရလို့ရိုက်တော့ဒါလေးဘဲမှီလိုက်တယ်

နှစ်ဆန်းတစ်ရက်နေ့ဘုန်းကြီးတွေပရိတ်ရွတ်နေတဲ့မြင်ကွင်းလေးပါ

မြူတွေကြားကသူတို့ဘဝ

ကိုရင်လေး၂ပါးကိုအလှူငွေထည့်ပြီးမော်ဒယ်လုပ်လာတာ

နှစ်ဆန်းတစ်ရက်နေ့မှာ မဏ္ဍပ်ထိုး လာသမျှလူအကုန် မုန့်လုံးရေပေါ်ကျွေးနေတဲ့ ဆေးဆရာကြီး

မုဆိုးတောင်ပေါ်ကမြင်ရတဲ့ညရှုခင်း

မှတ်မှတ်ရရ မီးခဏပြတ်သွားချိန်လေး ပြည့်ပြည့်ဝဝလမင်းကြီးနဲ့ဘုရားကိုမှတ်တမ်းတင်ခဲ့တာလေးပါ

ကျိုက်ထီးရိုးဘုရားသီးသန့်ပုံတွေကတော့ ရိုက်လာခဲ့ပေမယ့် ရွာထဲမှာလဲ တော်တော်များများတင်ခဲ့ဖူးတယ်ဆိုတော့

သင်္ကြန်အမှတ်တရတွေဘဲ ရွေးတင်လိုက်ပါတယ်. တကယ်ဆို ဒီလက်ရာတွေက ကျမရိုက်ခဲ့တာမဟုတ်ပါဘူး 🙂

အိမ်ကြီးရှင် ရိုက်ထားတာတွေကို ပြန်ရှယ်တာပါ ပရော်ဖက်ရှင်နယ်တစ်ယောက်မဟုတ်လို့ ပုံတွေက ပညာသားမပါပေမယ့်

ပထမဆုံးအကြိမ်တင်တဲ့ပို့စ်အနေနဲ့ရော သင်္ကြန် အမှတ်တရလေးအတွက်ပါတင်လိုက်ပါတယ်

36 comments

  • စုံ စုံ

    March 30, 2012 at 3:23 pm

    မတင်တတ်တင်တတ်နဲ့တင်လိုက်တာ ပုံတွေလဲသေးသွားတယ်
    ပုံအောက်မှာ ရေးတဲ့စာတွေလဲမပါလာတော့ဘူး
    စိတ်မကောင်းလိုက်တာ 🙁 🙁

  • gwa toe

    March 30, 2012 at 3:39 pm

    ဓါတ်ပုံ လေးတွေတင်ပေးတဲ့အတွက် ကျေးဇူးတင်ပါတယ်

    • စုံ စုံ

      March 30, 2012 at 4:23 pm

      ကွန်မန်းလေးပေးတဲ့အတွက်လဲကျေးဇူးတင်ပါတယ်နော် gwa toe ရေ

  • ဆူး

    March 30, 2012 at 3:49 pm

    ပုံတွေ ကြည့်ပြီး သဘောကျမိတယ်။
    ပရိတ်ရွတ်တဲ့ နေရာလေး လုပ်ထားတာ တမျိုးလေးပဲနော်.. ဈေးတန်း ကို အဓိက ရွတ်ပေးချင်လို့ နဲ့ တူတယ်။

    ကျိုက်ထီးရိုးက ရေရှားတယ်ဆိုတော့ ရေကော သန့်ပါ့မလား။
    ညစ်ညစ်ပတ်ပတ် ရေတွေ နဲ့ အလောင်းခံရလို့ စိ်တ်ညစ်ရမှာလည်း စိုးမိတယ်။
    သင်္ကြန်ဆို ပြည်တွင်း ခရီး မသွားရဲဘူး။

    • စုံ စုံ

      March 30, 2012 at 4:28 pm

      ဟုတ်တယ်ဆူးရေ ပရိတ်ရွတ်တဲ့နေရာကတကယ်တမျိုးလေးပါဘဲ
      ရေရှားပေမယ့် သန့်တယ် နောက်ပြီး ဘုရားပေါ်စတက်တဲ့နေ့က
      ကားနဲ့တဝက်ဘဲတက်တာဆိုတော့ ကျန်တဲ့တဝက်ခရီးမှာ ရေပက်ကြတယ်လေ
      တောင်ကျရေတွေနဲ့ပက်ကြတာ အေးစိမ့်နေတာဘဲ 🙂

  • နွယ်ပင်

    March 30, 2012 at 3:52 pm

    ကျိုက်ထီးရိုးကို ခဏခဏ သွားဖူးဖြစ်ပင်မယ့်
    သင်္ကြန်တွင်းတော့ တစ်ခါမှ မရောက်ဖူးဘူး
    မြင်ရခဲတဲ့ ပုံလေးတွေအတွက် ကျေးဇူးပါ စုံစုံရေ ……….

  • ဗိုက်ကလေး

    March 30, 2012 at 4:02 pm

    ဂျီးဒေါ်တို ့က သာပါတယ်ဗျာ
    ဒါနဲ ့..
    ဦးထုပ် အဖြူနဲ ့ ကျောပေးပြီး မုန် ့လုံးရေပေါ်တောင်းစားနေတာ ဂျီးဒေါ်လားဗျ
    😀

  • စုံ စုံ

    March 30, 2012 at 4:31 pm

    နွယ်ပင်ရဲ့တယောက်သောသူကိုစည်းရုံးပြီးဒီနှစ်သွားပါလား
    မမေ့နိုင်စရာခရီးတခုဖြစ်မှာပါ

    ဗိုက်ကလေးတဖြစ်လဲ မိစိန်ပေါက်ရေ ဦးထုပ်အဖြူနဲ့ကဂျီးဒေါ်မဟုတ်ပါဘူးကွယ်
    ဂျီးဒေါ်က မဏ္ဍပ်ရှေ့မှာ ရွာသူားတွေနဲ့ ကနေတာပါ ဟိဟီး 😛

  • Rose Minn

    March 30, 2012 at 4:32 pm

    မော်လမြိုင်သင်္ကြန် ကတော့ စည်မှန်းသိပါတယ်။ကြိုက်ထီးရိုးဘုရားမှာ အဲလိုရှိမှန်းမသိခဲ့ဘူး စုံ ရေ။ သွားမယ့်သူငယ်ချင်းတွေကို အသိပေးလိုက်အုံးမယ်။ စုံ့ရဲ့ပို့စ်ဖတ်ပြီးတော့လေ။

  • Thit Sar Lin

    March 30, 2012 at 4:32 pm

    မစုံ..တင်ပေးတဲ့ပုံတွေကြည့်ပြီး သွားချင်လာပြီတော့..
    January လလောက်ကသွားမယ်လုပ်ထားပြီးတော့မှ စာမေးပွဲပေါ်လာလို့ မလိုက် လိုက်ရဘူးလေ..
    အရမ်းသွားချင်နေတာ ကျိုက်ထီးရိုးကိုလေ…..အဲဒီနေ့ကတော့ အိမ်ကတော့အကုန်နီးပါးသွားကြတယ်လေ..
    အဲဒီတုန်းကဆို အရမ်းလိုက်ချင်တာပဲ..စာအုပ်တွေယူသွားပြီးဘုရားရောက်မှကြည့်မယ်ပေါ့ဆိုပြီး
    နောက်တော့လည်းအမေက နေခဲ့ပြီးစာကိုပဲလုပ်ပါတဲ့……ဆိုလိုပေါ့
    စာမေးပွဲလည်းအောင်ပါတယ်..((ကြွားလိုက်ဦးမယ်..ဟီးဟီး))
    သင်္ကြန်သွားရင်ကောင်းမယ်..မစုံပုံတွေကြည့်ပြီးတော့ပိုးထလာပြန်ပြီ……

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 30, 2012 at 4:39 pm

    အောက်ဆုံးနှစ်ပုံအခိုက်ဆုံးပဲ ပရဟိတပညာဒါနလုပ်နေရလို့အိမ်ကသွားလည်တာလိုက်ခဲ့ဖို့ခေါ်တာတောင်
    မလိုက်သွားမိလိုက်ဘူး တစ်ခုလိုချင်ရင်တစ်ခုစွန့်လွတ်ရတယ်ဆိုတော့လည်း အင်း…………
    နောက်တစ်နှစ်များကျလို့ကတော့ကွာ……. ရန်ကုန်မန်းလေးကျိုက်ထီးရိုးချောင်းသာလေးရက်ကိုတစ်ရက်တစ်နေရာအပီလည်ပစ်လိုက်မယ် လေးပေါက်
    ကျွန်တော့်ပို့စ်မှာပြောသလိုပဲနော် အသွင်ပြောင်းနာမည်ပြောင်းရုပ်ဖျက်လို့သာရမယ် လူနဲ့အတူပါလာတဲ့အီးနံ့
    ကမပျောက်သွားဘူး သိတယ်မလားမာမိပေါက်ရေ
    ရွာထဲကပေါက်နှစ်ပေါက် အီးပေါက်နဲ့ဓါတ်ပေါက် မသိသူတွေမရှိသလောက်…….
    ခင်တဲ့ရှမ်းပြည်သား(တောင်ပိုင်း) အားပေးသွားတယ်နော်စုံစုံရေ……

    • စုံ စုံ

      March 31, 2012 at 9:11 am

      အောက်ဆုံး၂ပုံကိုအခိုက်ဆုံးဘဲဆိုလို့ဝမ်းသာပါတယ် ရှမ်းပြည်သားလေးရေ
      နောက်နှစ်ကျရင်တော့သွားဖြစ်အောင်သွားလည်လိုက်ပါ
      မမေ့နိုင်စရာခရီးတခုဖြစ်မှာပါနော် 🙂

  • စုံ စုံ

    March 30, 2012 at 4:41 pm

    မရို့စ်ရေ သူငယ်ချင်းကိုညွှန်းလိုက်ပါ တကယ်ကိုနေပျော်ပါတယ်
    အားလပ်ရက်မှာ ဘုရားလဲဖူး ကုသိုလ်လဲရ အပန်းလဲပြေပါတယ်
    ပုံမှန်ရက်လိုဆိုတော့ဟိုတယ်ကအစ ဈေးမကြီးဘူး ပုံမှန်ဈေးဘဲ

    သစ္စာလင်းရေ သွားမယ်ဆိုအားပေးတယ်နော် အမဆိုမနှစ်ကသင်္ကြန်တွင်းတခေါက်
    ဒီဇင်ဘာတခေါက်စုစုပေါင်း ၂ခေါက်တောင်ရောက်ခဲ့တာ-
    အမလဲဒီနှစ်အရမ်းသွားချင်နေသေးတယ်
    ဒါပေမယ့် ဒီနှစ်က အိမ်မှာနေရမယ့်အနေအထားဆိုတော့ ပုံတွေပြန်ကြည့်ပြီးနှစ်သိမ့်လိုက်တော့မယ်
    စာမေးပွဲအောင်တယ်ဆိုတော့လဲ ဝမ်းသာပါရဲ့နော်

  • နေ ဒေါင်း

    March 30, 2012 at 4:53 pm

    နောက်နှစ်ပေါ့
    အချစ်ရယ်……..

  • စုံ စုံ

    March 30, 2012 at 5:00 pm

    အီး…. ကြက်သီးတောင်ထတယ် ကိုနေဒေါင်းဂျီးရယ် 😛 😛

  • အံစာတုံး

    March 30, 2012 at 5:01 pm

    အော်ရယ် ..
    ဘာလိုလိုနဲ့ သင်္ကြန်တောင် ရောက်တော့မယ် ..
    ကျိုက်ထီးရိုး သင်္ကြန်တော့ ရောက်ဖူးဘူးကွယ် ..
    ပုံတွေအတွက် ရှဲရှဲပါကွယ်လို့ ….

    ခင်တဲ့ .. အံစာတုံး

  • a me

    March 30, 2012 at 5:04 pm

    အေမီ တကယ်သွးချင်တယ် အသတ် 19 နှစ်ပြည့်တော့မယ် တစ်ခါမှမရောက်ဘူးသေးဘူး

  • pooch

    March 30, 2012 at 6:09 pm

    အောက်ဆုံး ဒုတိယမြောက်ပုံကို ကြည့်ရတာ ပန်းချီကားတချပ်ကို သွားသတိရမိတယ်။ သိပ်ပြီးရမ်းရမ်းကားကားမရှိဘူးထင်ပါရဲ့နော် ပုံတွေ ကြည့်ရတာ။

    • စုံ စုံ

      March 31, 2012 at 9:38 am

      ကိုအံစာတုံးရေ သင်္ကြန်တွင်းသွားဖူးတယ်ရှိအောင်တခါလောက်သွားကြည့်ပါလား
      ကုသိုလ်လဲရ ပျော်ဖို့လဲကောင်းပါတယ်

      အေမီလေးကတော့ ဒီတခါမိဘတွေကိုပူဆာပြီးလိုက်ပို့ခိုင်းလေ ပို့ပေးကြမှာပါ

      pooch ရေ သိပ်ပြီးရမ်းရမ်းကားကားမရှိတာမဟုတ်ဘူး
      ဘယ်သူမှရမ်းကားတာကိုမတွေ့ရတာ
      လူငယ်လေးတွေကနေတဲ့ပုံကလဲ သူတို့ဘာသာသင်္ကြန်သီချင်းဖွင့်ပြီး
      ကနေကြတာ မူးမနေကြဘူးဘဲ တခုဘဲရှိတယ် အဝတ်အစားသိပ်မကျန်တော့လို့
      ရေမလောင်းပါနဲ့တော့နော်လို့ပြောပေမယ့် မရဘူး လောင်းကြတယ် 🙂 🙂

  • alinsett

    March 30, 2012 at 7:13 pm

    စုံစုံလေးရေ..

    ပုံလေးတွေ..တင်ပြပေးလို ့ကျေးဇူးပါပဲ။ ကိုယ် လည်း ဒီနှစ် သင်္ကြန် ရုံ့း ပိတ်ရက် မှာ အဲဒီ ကို သွားမှာ..လေ။

    မရောက် ဖူးသေးလို ့အရမ်း ရင်ခုန်နေပြီ။

  • Khin Latt

    March 30, 2012 at 7:56 pm

    စုံစုံရေ
    ကျိုက်ထီးရိုးသင်္ကြန် ဆိုတာ အခုမှကြားဘူးတယ်။
    ကျိုက်ထီးရိုး က ဆောင်းတွင်းချိန်မှာ ဘဲ ပွဲတော်လုပ်တယ် ထင်မိတာကိုး။
    ပုံလေးတွေ ရော၊ အတွေ့အကြုံ မျှထားတာလေးရော ကျေးဇူးပါနော်။

    အလင်းဆက်ရေ – ဓာတ်ပုံလေးတွေ ရိုက်လာဖို့ နဲ့ မျှပေးဖို့ မမေ့နဲ့နော်။

  • alinsett

    March 30, 2012 at 8:03 pm

    ဟုတ်ကဲ ့…အရီး လတ်ရေ….။

    ကျွန်တော် က လူငယ်ပီပီ ဘုရားဖူးဖို ့ဆိုတာထက် ပတ်ဝန်းကျင်ကို လေ့လာဖို ့…..က ပို အားသန်နေတော့ ..ပုံတွေ ရိုက်ဖြစ်မှာပါ ။

    ဘုရားက ပြန်ရင် ..ရွာထဲ.မှာ.တစ်ခုခုတော့ ရေးဖြစ်..တင်ဖြစ်မှာပါ ။

    ကျေးဇူးပါနော် ။

    • စုံ စုံ

      March 31, 2012 at 9:19 am

      အရီးလတ်ရေ ကျမလဲ အရင်ကဆောင်းတွင်းဘဲသွားဖူးတာပါ
      ဒီနှစ်မှထူးထူးခြားခြားသွားဖို့စိတ်ကူးပေါက်လို့ ကားလက်မှတ်ကလဲဝယ်ရတာ
      အဆင်ပြေတာနဲ့သွားဖြစ်လိုက်တာပါ ကျမတို့သွားတုန်းက တန်ခူးလပြည့်နေ့လဲမှီတာကိုး
      ထမင်းဆိုင်ကလူတွေပြောတာတော့ ကဆုန်လပြည့်နေ့အထိဘုရားဖူးတွေရှိပါတယ်တဲ့
      ကဆုန်လပြည့်နောက်ပိုင်းတော့ ထမင်းဆိုင်တွေလဲနေရပ်ပြန်ပြီး ဘုရားဖူးလဲမရှိသလောက်ကို
      ရှားသွားပါပြီတဲ့ သဘောကတော့ ဘုရားဖူးရာသီကုန်သွားတာပေါ့နော်

      ကိုအလင်းဆက်ရေ ဒီနှစ်သွားမယ်ဆိုတာကိုသိရတော့ ဝမ်းသာလိုက်တာ
      ကျမလဲအရမ်းထပ်သွားချင်နေသေးတယ် ဘာကြောင့်မှန်းမသိဘူး
      ကျိုက်ထီးရိုးဘုရားဆို ခဏခဏကိုသွားဖူးချင်မိတာ
      ကိုအလင်းဆက်ပြန်လာရင်သာ ဓါတ်ပုံတွေထပ်ရှယ်ပေးပါဦးနော်
      ကျမရိုက်လာတာကပုံတော့များပါရဲ့ လူပုံတွေဘဲများနေလို့
      ရှားရှားပါးပါးလေးရှိတာလေးတွေတင်လိုက်တာပါ
      ကိုအလင်းဆက်ထပ်တင်ရင်အားပေးမယ်နော်

  • windtalker

    March 30, 2012 at 8:23 pm

    လှေကားထစ်တွေပေါ်မှာ ရေဆော့ကစားပျော်ပါးနေကြတာကို မြင်မိတော့…
    ရေတွေကြောင့်မို ့ချော်လဲကုန်မှာကို တွေးပူမိတယ် ။ ဘာဘဲဖြစ်ဖြစ် မြန်မာရိုးရာသင်္ကြန်ပွဲဟာ နေရာတိုင်းမှာ ပျော်စရာကောင်းမှာပါဗျာ ။ အောက်ဆုံးက လ နဲ ့ကျိုက်ထီးရိုး စေတီ ပုံ ကို ကြိုက်မိသဗျာ ။

  • ဦးဦးပါလေရာ

    March 30, 2012 at 11:28 pm

    သင်္ကြန်သွားမယ်ဆိုရင်တော့ သင်္ကြန်ရက်အားလုံး တောင်ပေါ်မှာနေရမယ်ထင်တယ်။
    သင်္ကြန်တွင်းကြီး ဘယ်မှ ဆက်သွားလို့မရလို့လေ.။

  • စုံ စုံ

    March 31, 2012 at 9:32 am

    ကိုပေရေ လှေကားတောက်လျှောက်မှာလဲရေလောင်းကြတယ်
    လှေကားမှာရေတွေရွှဲပေမယ့် ချော်လဲတာတော့မတွေ့မိဘူး
    သတိထားပြီးလျှောက်ကြတာလဲပါမှာပေါ့ နောက်ပြီး ကျောက်ထပ်ကြီးဘက်သွားတဲ့
    လမ်းမှာလဲ ရွာသားတွေမဏ္ဍပ်ထိုးပြီးရေလောင်းကြတယ် မုန့်လုံးရေပေါ်တွေအတင်းခေါ်
    ကျွေးကြတယ် သီချင်းတွေဖွင့်ပြီး သူတို့လဲကတယ် ကျမတို့ကိုလဲကခိုင်းတယ်
    တော်တော်ပျော်ဖို့ကောင်းပါတယ် ကိုပေကြိုက်တဲ့အောက်ဆုံးပုံလေးကတော့တကယ့်မှတ်မှတ်ရရလေးပါဘဲ
    ဘုရားရင်ပြင်မှာထိုင်ပြီး ဘုရားကိုထောင့်ပေါင်းစုံကဓါတ်ပုံရိုက်နေတဲ့အချိန်မှာ မီးခဏပြတ်သွားတယ်
    လပြည့်ညလဲဖြစ်တဲ့အချိန် ဘုရားကိုမော့ကြည့်လိုက်တော့ ပြည့်ပြည့်ဝဝလမင်းနဲ့အရမ်းတင့်တယ်နေတာ
    ကိုတွေ့တာနဲ့ရိုက်ဖြစ်လိုက်တဲ့ပုံလေးပေါ့

    ဦးဦးပါလေရာရေ ကျမတို့သွားတာသင်္ကြန်ရက်အားလုံးမဟုတ်ပါဘူး
    အကျနေ့ညကားနဲ့ထွက်တယ် အတက်နေ့နဲ့ နှစ်ဆန်းတစ်ရက်နေ့မှာ ဘုရားမှာနေတယ်
    နှစ်ဆန်း၂ရက်နေ့ နေ့လည်မှာပြန်လာတယ် ကျမသိသလောက်ကတော့
    သင်္ကြန်တွင်းကားတွေနေ့တိုင်းသွားတယ်ရှင့် သွားလာရတာအဆင်ပြေပါတယ်

    • windtalker

      March 31, 2012 at 11:44 am

      စုံစုံလေး ကနေတဲ့ ပုံကော ။ ဘယ်မှာရဲ ဟင် ..
      ကိုပေနဲ ့ရွာသူားတွေ ကို ပြဘာကွယ် ။ နော်…နော်လို ့။ ဟီဟိ

      • စုံ စုံ

        March 31, 2012 at 10:37 pm

        စုံစုံရွာသားတွေနဲ့တွဲကနေတဲ့ပုံက photo ကော movie ကောရိုက်ထားတာ
        သူငယ်ချင်းတွေကိုပြတာတောင် ပေါတောတောနဲ့ဆိုပြီးတော်တော်အဟားခံထားရတာ
        ဒါကြောင့်ရွာသူားတွေကိုထပ်မပြရတော့ဘူး ဟီဟီး

  • kyeemite

    March 31, 2012 at 11:37 am

    တော်တော်မိုက်တဲ့ ဓါတ်ပုံလေးတွေ..
    ကြီးမိုက်ထက်တောင်မိုက်တယ်…ဂယ်..
    သင်္ကြန်တွင်းရောက်ဖြစ်ဘို့မလွယ်တော့
    ရှားပါးပုံလေးတွေလို့ပြောလို့ရတယ်…
    ဂုဏ်ယူလိုက်ပါ ကိုစုံစုံ…

  • manawphyulay

    March 31, 2012 at 11:47 am

    တောင်တက်တဲ့နေရာတွေမှာ သင်္ကြန်ရေလောင်းတော့ ချော်မလဲဘူးလားဟင်… ရွှေစက်တော် သင်္ကြန်ပဲ ကြုံဖူးသေးတယ်.. ခုလိုပုံလေးတွေ မြင်ရတော့လည်း ကြည်နူးစရာကောင်းပြီး သွားချင်စရာကောင်းတယ်နော်။

  • MaMa

    March 31, 2012 at 4:04 pm

    ကျိုက်ထီးရိုးမှာ အစောကြီး သင်္ကြန်ကျတာပဲနော်။
    ထမင်းဆိုင်တန်းလေးကို ရိုက်ထားတာ တော်တော်လှတယ်။

    • စုံ စုံ

      March 31, 2012 at 10:42 pm

      မနောရေ ချော်မလဲပါဘူး ကျမတို့ဆိုရေတော်တော်ကိုရွဲခဲ့တာ
      ရွှေစက်တော်သင်္ကြန်လဲရောက်ဖူးတယ် ဒါပေမယ့်အရမ်းငယ်သေးတော့မမှတ်မိတော့ဘူး
      ပုံတွေမြင်ပြီး ကြည်နူးရတယ်ဆိုရင် ဝမ်းသာပါတယ်နော်

      အန်တီမမရေ ကျိုက်ထီးရိုးမှာ အစောကြီးသင်္ကြန်မကျပါဘူး
      ပုံမှန်ပါဘဲ နှစ်ဆန်းတစ်ရက်နေ့ရေပက်တာပိုတာတော့ရှိပါတယ်

  • Diamond Key

    March 31, 2012 at 4:29 pm

    အားပေးသွားတယ်နော ………… အောက်ဆုံးပုံ ရိုက်ချက် အကြိုက်ဆုံး 😀

  • fatty

    March 31, 2012 at 10:08 pm

    တသက်နဲ့တကိုယ် ကျိုက်ထီးရိုးကို ၅ခေါက်လောက်ရောက်ဖူးပါတယ်။
    သင်္ကြန်ကိုမကြုံဘူးဘူး အင်မတန်ကောင်းတဲ့ပုံလေးတွေပါ။
    ဖြစ်နိုင်ရင်အနှစ် ၃ဝ လောက်ပြန်ငယ်ချင်တယ် ကွယ် .. ။

  • padonmar

    April 1, 2012 at 12:34 am

    လကလေးကို ကျိုက်ထီးရိုးဘုရားကိုဖြတိပြီး မော့ရိုက်ထားတာလေးက လွမ်းဖွယ်လေး။
    ဈေးတန်းလေးရဲ့ ညအလင်းရောင်ကလည်း တစ်မျိုးလှပါတယ်။
    ဆက်တင်ပါအုံးနော်။

  • TTNU

    April 1, 2012 at 10:15 am

    စုံစုံရေ
    တီချာ ကျိုက်ထီးရိုးကို တစ်ခေါက်ပဲရောက်ဖူးတယ်။
    တောင်ပေါ်ကိုကားစီးတက်ရတာကြောက်လို့ ငိုတောင်ငိုချင်တယ်။
    စုံစုံ့ ကျေးဇူးကြောင့် သင်္ကြန်နဲ့ ကျိုက်ထီးရိုး တွဲလို့မြင်သိခံစားသွားရပြီ။
    ကျေးဇူးနော်။

Leave a Reply