ဟာသ ပဲ ။

Foreign ResidentMarch 30, 20121min23626

ဟာသ ပဲ ။

 

( ၁ )

 

” ပါတီကြီး တစ်ခုမှ အခမဲ့ လိုက်ဝေသော အင်္ကျ ီများကို ယူ၍

လမ်းဘေးခွေးများကို ဝတ်ပေးနေသည်ဟု ကြားသိရပါသည်။

မည်သည့် အဖွဲ့ ၊ မည်သူက လုပ်သည်ဖြစ်စေ ၊

လည်းကောင်း လုပ်ရပ်အား ရှုတ်ချ ကန့်ကွက်ပါသည် “

 

ဖွတ် အင်္ကျီ ကို ခွေး သွား ဝတ် ပေး တော့ ၊

ခွေး သိက္ခာ ကျ တာ ပေါ့ ။

ကန့်ကွက် မယ် ဆိုလည်း ကန့် ကွက် စရာ ပဲ ၊

ကန့်ကွက် ပါ ။

 

( ၂ )

 

” ပါးရိုက်တဲ့ ဂျပန်ကောင်လဲ တစ်ထောင်ပဲလားဗျာ “

 

ဟင် ဂျပန် ကိုလည်း တစ်ထောင်ပဲ ဆိုရင်

ဘယ် တရားပါ့မလဲ ။

ထက်ထက်မိုးဦး က မအေးသူစံ ကို

ဆံပင်ဆွဲပြီး အားရပါးရ ရိုက်တာလေ ။

 

ဟိုဂျပန်ကောင်က မြန်မာမ ကို

မထိတထိလေးပဲ စတိရိုက်သွားတဲ့ ဥစ္စာ ။

( မယုံရင် CCTV Record မှာ ပြန်ကြည့်ပါအုန်း )

( ဖြေးဖြေးလေးပဲ စတိ ရိုက်သွားတဲ့ ဥစ္စာ )

 

ထက်ထက်မိုးဦး က တစ်ထောင်ဆိုရင် ၊

အဲဒီ ဂျပန် ကို ငါးရာ လောက်ပဲ ဒါဏ်ငွေ ချသင့်တာပေါ့ ။

ဒါမှ တရားမျှတမှာလေ ။

 

 

26 comments

  • Khaing Khaing

    March 30, 2012 at 3:09 pm

    လမ်းဘေးခွေးတွေဆိုတာ ဘယ်လိုလဲဟင် ခွေးကအကျီဝတ်သလား ခစ်ခစ်

  • Thel Nu Aye

    March 30, 2012 at 3:32 pm

    မဟုတ်ဘူးအဘရဲ့။ မြန်မာမလေးကို ဒဏ်ငွေရိုက်ရမှာ။ စတိလေးချစ်စနို်းနဲ့ရိုက်တာကို တရားစွဲလို့ ဟိုဂျပန်ကို အသရေဖျက်မှု့နဲ့ ဒီဘက်ကပြန်လျှော်ရမှာ။

  • အသူရာ

    March 30, 2012 at 3:53 pm

    တစ်ထောင်တန် အုပ်လိုက်ကိုင်ပြီးတော့ ကြံ့ဖွတ်ကကောင်တွေကို ပါးလိုက်ရိုက်မယ်ဟေ့ 😆

    • shwe kyi

      March 30, 2012 at 11:52 pm

      စွမ်းအားရှင်တွေပါရိုက်ပေးပါရှင့် မုန်းလွန်းလို့

  • Ma Ei

    March 30, 2012 at 3:55 pm

    ဟာသလို့ဘဲ မှတ်ရတော့မှာပေါ့လေ…

  • MTY

    March 30, 2012 at 4:04 pm

    ရီဘဲမရီရဘူး…ဒေါသဘဲထွက်ရလို့

  • ba gyi

    March 30, 2012 at 4:27 pm

    ကျုပ်တို့နိုင်ငံ ရဲ့ တရားအူးပဒေလေ။
    ဒါတောင်တရားသူဂျီး တော်တော်ဂျီးကိုခက်ခက်ခဲခဲနဲ့ဆုံးဖြတ်လိုက်ရပုံပါပဲ၊နှစ်နှစ်တောင်ကြာသွားဆိုတော့။
    ( ခွေးဖွတ်တက်တာတော့ ခုမှပဲသိရတော့တယ်ကွယ်— တော်တော်ကံဆိုးတဲ့ခွေးပါပဲ။)
    နေရာတစ်ကာ သူရို့အဖွဲ့နာမည်လိုက်တပ်ပြီးမျက်နှာကောင်းယူကြော်ငြာလုပ်နေကျပါဗျာ၊ဘယ့်နှယ့် သည်
    တစ်ခါဂုဏ်မယူပဲဒေါပွရတယ်လို့ ဟိ ဟိ။

  • ငပွကြီး

    March 30, 2012 at 4:30 pm

    ခွေးကလဲ အဲဒီအင်္ကျ ီကို အဲကြာကြီးဝတ်ထားမယ်မထင်ဘူးဗျ..တယောက်ယောက်တော့ပြန်ချွတ်ယူသွားလိမ့်မယ်ထင်တယ်
    ဆိုတော့…ခွေးတောင်မဝတ်တဲ့ အင်္ကျ ီ လို့ထင်မိပါတယ်

  • water-melon

    March 30, 2012 at 4:40 pm

    ဟာသဘဲ ကလိထိုးပြီးရယ်သွားတယ် 😆

  • a me

    March 30, 2012 at 5:05 pm

    ဟုတ်တယ် ဟာသပဲ

  • alinsett

    March 30, 2012 at 7:48 pm

    ဟာသ ပဲ.။ ဒါပေမယ့်…..စိတ်မကောင်းစရာ ဟာသ..။

    မြန်မာ နိုင်ံငံမှာနေရတာ….တမျိုးကြီးကို ခံစားနေရပြိ။

    • Gipsy

      March 30, 2012 at 11:22 pm

      ဟုတ်ပဗျာ နေထိုင်ရတာ တမျိုးကြီးပဲ
      တနေ့တမျိုး မရိုးနိုင်အောင်ပါ
      ဆိုတော့…
      ……………..ပေါ့နော်….။

  • blackchaw

    March 30, 2012 at 8:10 pm

    FR ကြီးရေ။
    မြန်မာနိုင်ငံမှာ
    တချို့အတည်ပေါက်ကြီးတွေက
    အူတက်အောင်ရယ်ရမယ့် ဟာသတွေ ဖြစ်ဖြစ်နေတတ်တာမျိုးပါ။
    ဒီကိစ္စကလည်း အတည်ပေါက်ကြီးနဲ့ ရယ်ရတဲ့ ပျက်လုံးတစ်ခုပါ။
    :mrgreen:

  • ဦးဦးပါလေရာ

    March 30, 2012 at 11:40 pm

    ကြံ့ဖွံ့တို့လုပ်သမျှ သဲထဲရေသွန်ဆိုတာ အဲဒါ..

    အမိန့်ချတဲ့တရားသူကြီး ဘယ်လိုမျက်နှာနဲ့ အမိန့်ဖတ်ကြားလဲဆိုတာ မြင်ချင်စမ်းပါဘိ။ 😀

  • ကြောင်ကြီး

    March 31, 2012 at 9:39 am

    မြန်မာပြည်တွင် လူများကို ခွေးများအုပ်ချုပ်နေ၏… အဲလိုပြောပါနဲ့ဗျာ…။
    ထက်ထက်မိုးဦးက သူ့လက်နာသွားတာကို သနားလို့ အမှုမလုပ်ဆိုဘဲ…။

  • htoosan

    March 31, 2012 at 11:27 am

    ဘဖော ဟာသ ပဲဆိုမှ ကျွန်တော်က စဉ်းစားကြစေလိုသည်ကြီး သွားသတိရပြီး ကြောင်ကောင်းကြောင်မဲ့ အတွေးတွေရောက်နေတယ် .

    စဉ်းစားကြည့်ရအောင်နော်..

    တစ်ထောင်ဘဲ ရိုက်လိုက်တယ် ..

    တရားသူကြီး တစ်ယောက်အနေနဲ့ ငါ တစ်ထောင်ဘဲရိုက်လိုက်ရင် ဟိုးဟိုးကျော်သွားမယ်ဆိုတာ မသိလောက်အောင် တော့ မတုံးနိုင်ပါဘူး ။ စီရင်ချက် ချပေးရမဲ့သူက ဂျာနယ်သမား နဲ့ နိုင်ငံကျော် တစ်ချိန်က ပြည်သူ့ အချစ်တော် မင်းသမီး ။ face book ကနေ ကမာ္ဘ အထိ ပြန့်သွားမဲ့ ကိစ္စ။
    ဒါပေမဲ့ တစ်ထောင် ဘဲ ရဲရဲဝံ့ဝံ့ ရိုက်လိုက်တယ် ။
    အများ ပထမဆုံးတွေးတာ က ဒီတရားသူကြီး လာတ်စားထားပြီပေါ့။ ဟုတ်ချင်ဟုတ်မယ် ။ ဟုတ်ချင်မှလည်း ဟုတ်မယ်။ အများစုက စားထားလို့ပါလို့ ဘဲ မှတ်ချက်ချကြမှာဘဲ။ ဒါပေမဲ့လည်း သူတစ်ထောင်ဘဲရိုက်တယ် ။
    သူ ဘာလို့ လုပ်ရဲလဲ ။ ရှင်းရှင်းလေးဘဲ ။ တရားဥပဒေ က ခွင့်ပြုထားလို့ လုပ်ရဲတယ် လို့ ကျွန်တော်တော့ တွေးတယ် ။

    eleven သတင်းထဲမှာတော့ ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၃၂၃သည် ပြစ်မှုထင်ရှား စီရင်ခြင်းခံရပါက ထောင်ဒဏ်တစ်နှစ်အထိ ပြစ်ဒဏ်ကျခံရနိုင်သော ပုဒ်မဖြစ်ကြောင်း သိရသည်။ ဆိုတော့ အနဲဆုံးသည် ဘယ်လောက်လဲ။
    ဥပဒေ အကြောင်း ကျွန်တော်မသိပါဘူး ။ ဥပဒေ ပညာရှင်တွေက သေသေချာချာ ဝင်ရောက်ရှင်းပြသင့်တယ် ။ ကိုရှမ်းတောင် ကြီး ရှင်းပေးပါဦး ။

    တရားသူကြီး ဒေါ်ထွေးထွေးက တစ်နှစ်ထောင်ဒါဏ် ချလိုက်တယ် ဆိုပါတော့ ။ အများက ဟယ် တရားသူကြီး တော်တယ် ။ ကောင်းတယ် ။ ဒါမှ ထက်ထက်မိုးဦး မှတ်မှာလို့ ပြောသူပြော။ သနားပါတယ် ဆိုသူဆို နဲ့ မေ့သွားမှာဘဲ။ တရား ဥပဒေကို ဆန်းစစ်ကြမှာ မဟုတ်ဘူး ။

    အခု တစ်ထောင် (သို့) တစ်လ ဆိုချမှတ်လိုက်တာ သည် ဒေါ်ထွေးထွေးက နေ မြန်မာနိုင်ငံ ဥပဒေ မှာ ခေတ်နဲ့ မလျော်တာတွေ ရှိနေသေးတယ်ဆိုတာကို သူ တစ်နည်းအားဖြင့် ဖော်ကောင်လုပ် လိုက်တာလားလို့ ကျွန်တော် အကောင်းဘက်ကနေ စဉ်းစားပေးနေပါသည်။

    အဲ .. ထက်ထက်မိုးဦးဆီ က စားထားလို့ ဆိုရင်လည်း ပြည်သူတွေ အတွက် ကောင်းသွားတာပေါ့နော်..

    • nigimi77

      March 31, 2012 at 3:27 pm

      ကိုထူးဆန်းရေ။

      တကယ်ကို မတူတဲ့ အတွေးအခေါ်ပါပဲ။

      ထစ်ကနဲရှိ ဝိုင်းသနား လိုက်ရတာနဲ ့…….

      ထစ်ကနဲရှိ ဝိုင်းဆဲ လိုက်ရတာနဲ ့……..

      ထစ်ကနဲရှိ ဝိုင်းပြီး မုဒိတာပွား လိုက်ရတာနဲ ့……..

      ထစ်ကနဲရှိ ဝိုင်းရိုက်ချင် လိုက်ရတာနဲ ့………

      ဇာတ်ထဲက လူပျက် တွေလိုပါပဲ ။

      ဝေလာမောင်ရို ့……..ဝါးးးးးးးးးးး

      အဲ…ပြသာနာဖြစ်လာရင်တော့ ထစ်ကနဲရှိ တစ်ယောက်ထဲ ကိုယ်လွတ်ရုံးပြီး

      ပြေးတတ်တဲ့ ဒီလူတွေ ဒီစရိုက်တွေ ဒီ အတွေးအခေါ်တွေ ကြားထဲမှာ

      ကိုထူးဆန်း လို ဖြစ်တန်စွမ်း (Possibility) ကို စည်းစားတတ်တဲ့

      လူတွေ များလာဖို ့ မျှော်လင့်ပါတယ် ။

    • Swal Taw Ywet

      March 31, 2012 at 4:35 pm

      Dear Brother, ကိုထူးဆန်းရေ။
      I do admire you.
      You are real MG villager.
      ” MG ရွာသားတစ်ယောက် ဖြစ်နေလို့ ညံ့လို့မရ “.
      Now you prove it.
      Thanks you so much.

      With respect,
      Swal Taw Ywet.

    • Foreign Resident

      March 31, 2012 at 5:00 pm

      အမှန်ကတော့ ၊ အဲဒီ တရားသူကြီးမ ဟာ ၊
      အဲလောက် တွေးနိုင် ၊ အဲလောက် တော်လှန်ရဲတဲ့ ၊
      သတ္တိ နှင့် အရည်အချင်း ရှိမယ်လို့ အဘ မထင်ပါကွယ် ။

      ဒီလို နိုင်ငံကျော် အမှုတွေမှာ ၊ ဆုံးဖြတ်ချက်က ၊
      အပေါ်က တိုက်ရိုက်လာပါတယ်ကွယ် ။
      ဒါကြောင့်မို့သာ ၊ အဲဒီ တရားသူကြီးမ ၊
      မတုန် မလှုပ်ပဲ ၊ ဒီအမိန့်ကို ဖတ်ပြရဲတာပါကွယ် ။

      မြန်မာပြည်မှာ အချိန်မရွေး အထဲ ဆွဲသွင်းလို့ရတဲ့ သူတွေထဲမှာ
      တရားသူကြီးတွေ ရှေ့ဆုံးနားမှာ ရှိပါတယ်ကွယ် ။
      ဒါကြောင့် သူတို့ မလွန်ဆန်ရဲ ပါဘူးကွယ် ။

    • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

      April 1, 2012 at 5:35 am

      စီဂျေကြီးရေ….. အလုပ်တွေများပြီးအများတွေလုပ်နေလို့ရွာထဲကိုမပတ်ဖြစ်လိုက်ဘူးဗျ….
      စီဂျေကြီးအတွက်ပို့စ်တစ်ခုတင်ပြီးဖြေမနေတော့ပါဘူး စီဂျေကြီးရယ်…
      လိုရင်းတိုရှင်းလေးပဲပြောမယ်…..စီဂျေကြီးမေးတဲ့အဖြေကို
      ကမာ္ဘကသိကြတဲ့ ဂျူးလီယက်ဆီဇာဆိုတဲ့လူကတော့ပြောခဲ့တယ်
      “ဥပဒေကိုလိုသလိုအသုံးချချင်ရင် ခပ်ရှုပ်ရှုပ်ရေးကြတဲ့”….. သူပြောတာတကယ်အမှန်ပါပဲစီဂျေကြီးရေ…..
      ဆိုတော့ကာ……. ထောင်ဒဏ်ခုနှစ်နှစ်အထိကျခံရနိုင်တယ်ဆိုတဲ့ပြစ်မှုတစ်ခုကိုကျူးလွန်တဲ့သူအ
      တွက် တရားသူကြီးကထောင်ဒဏ်နှစ်လပေါ့ဗျာ ရမန်ကြီး(၁၄ရက်)နှစ်ပါတ်ကျော်လေးချပြီးလွတ်
      လိုက်တာဟာ တရားသူကြီးမမှားဘူးဗျ……တရားသူကြီးကဥပဒေပေးအပ်တဲ့သူ့ရဲ့အာဏာကို
      မှန်ကန်စွာအသုံးချလိုက်တာပါပဲ လဘ်ပေးလဘ်ယူကိစ္စကြောင့်ကတော့တစ်ပိုင်းပေါ့နော်…
      အဲဒီလိုတရားသူကြီးချမှတ်ရခြင်းဟာ ထောင်ဒဏ်ခုနှစ်နှစ်အထိဖြစ်စေငွေဒဏ်….တစ်မျိုးမျိုးပေါ့
      ဗျာဖြစ်စေချမှရမည်လို့ရေးထားမယ်ဥပဒေမှာ ထောင်ဒဏ်ခုနှစ်နှစ်ကျကိုကျခံရမယ်ဆိုတာမပါ
      ဘူးဗျ အဲလိုပြောလို့ဥပဒေမှာဒီလိုဆိုလို့ဥပဒေမှားလားဆိုတော့လည်းမမှားဘူးဗျ…. အကယ်၍
      များ အကြောင်းကြောင်းကြောင့် အမှန်တရားဆိုတာမပေါ်ပေါက်ခဲ့ဘဲ ပြစ်မှုစီရင်ခြင်းမခံသင့်
      တဲ့သူကို ပြစ်ဒဏ်တရပ်ချမှတ်မယ်ဆိုရင် နစ်နာမှုအကြီးအကျယ်ကိုဖြစ်သွားနိုင်တဲ့အတွက်
      တရားသူကြီးများရဲ့ဆင်ခြင်တုံတရားကို သုံးပြီးဒီလိုလူတွေကိုကယ်တင်နိုင်ဖို့ဥပဒေက အာဏာ
      အပ်နှင်းပေးထားတာပါ….. နောက်ပြီးစီဂျေကြီးပြောတဲ့
      “မြန်မာနိုင်ငံ ဥပဒေ မှာ ခေတ်နဲ့ မလျော်တာတွေ ရှိနေသေးတယ်ဆိုတာကို သူ တစ်နည်းအားဖြင့် ဖော်ကောင်လုပ် လိုက်တာလားလို့ ကျွန်တော် အကောင်းဘက်ကနေ စဉ်းစားပေးနေပါသည်။” ဒီစကားလေးမှာလည်း ဥပဒေကိုအမြဲup to date လုပ်ဖို့ဆိုတာလဲ
      တကယ်ကိုပဲမလွယ်ကူပါဘူး……. ရခဲ့တယ်ဆိုရင်တောင် အဟောင်းအဟောင်းသောဥပဒေများ
      ဟာ ဓလေ့ထုံးတမ်းအနေနဲ့ကျန်ရစ်ခဲ့တဲ့အခါမျိုးမှာဆိုရင်ပြန်ဖျက်သိမ်းဖို့မလွယ်တဲ့အတွက်
      အဲ့ဒီ့လိုဖျက်သိမ်းမရတဲ့ဒေသလေးကိုကွက်ပြီး customary law တစ်ခုအနေနဲ့ထားရှိရပါတယ်
      ဥပမာဗျာ “မြန်မာနိုင်ငံမှာ မယားခိုးမှုအဖြစ်အနေနဲ့စွဲနေကြတဲ့ ကိုယ့်မယားကတစ်ပါးသော
      ယောက်ျားနဲ့living togetherနေတဲ့ကိစ္စမျိုးဆိုရင် အရေးတယူပြုပြီးဖြေရှင်းရပေမယ့်
      UKလိုနိုင်ငံမျိုးကျတော့ မယားခိုးမှုဆိုတာရှိကိုမရှိဘူးရယ်။….. ဥပဒေဆိုတဲ့ပညာရပ်ဟာလဲ
      အခက်သားလားဗျာ…..ဆင်ခြင်တုံတရားကိုအလေးထားပြီးအသုံးချရတဲ့ပညာရပ်ပါပဲ……
      ဆင်ခြင်ဉာဏ်မဲ့သွားပြီဆိုရင်တော့ အသုံးချသူရဲ့အလွဲဟာ…. လူတစ်မျိုးလုံးကိုနှစ်ပေါင်းများ
      စွာ …. အငြင်းပွားပြီး သတ်ကြဖြတ်ကြလုပ်ကြရတဲ့အထိကိုအကျိုးသက်ရောက်မှုသွားရှိပါတယ်
      မြန်မာနိုင်ငံကြီးလွတ်လပ်ရေးရခါစ နိုင်ငံတော်ထဲမှာပြည်တွင်းဆူပူသောင်းကျန်းမှုတွေဖြစ်လို့
      ငြိမ်အောင်မရမကနည်းနဲ့ ရေရှည်မကြည့်ဘဲ ဥပဒေတစ်ရပ်ပြဋ္ဌာန်းလိုက်တယ်
      ဒီဥပဒေပြဋ္ဌာန်းတဲ့အခါ နောင်နှစ်ပေါင်းနှစ်ဆယ်ကြာရင်တိုင်းနဲ့ပြည်နယ်တွေတိုင်းရင်းသားတွေ
      ဟာ ပြည်ထောင်စုမြန်မာနိုင်ငံထဲကခွဲထွက်ပြီးနိုင်ငံသစ်ထူထောင်ခွင့်ရှိတယ်လို့ပြဋ္ဌာန်းသတ်မှတ်လိုက်တဲ့အခါ နှစ်နှစ်ဆယ်လောက်တော့ တအားကြီးဆူညံပူညံဖြစ်တာကနေငြိမ်းသွားပေမယ့် အခုဒီဘက်ပိုင်းဆယ်စုနှစ်တွေလဲရောက်
      ရော…လူတိုင်းကဒီပြဋ္ဌာန်းချက်တွေထဲက ရပိုင်ခွင့်တွေထတောင်းကြပါလေရော….အဲဒါကို
      မပေးနိုင်ကြရော ပြည်တွင်းစစ်တွေအနေနဲ့သောင်းကျန်းသူတွေတစ်ဖွဲ့ပြီးတစ်ဖွဲ့ပေါ်လာလိုက်
      တာများ ဟိုတစ်လောကကချင်ဒေသကြီးမှာကြည့်ရင်သိမှာပါ လက်နက်နဲ့ငြိမ်းချမ်းရေးလဲဖို့
      အပစ်အခတ်တွေရပ်ဆိုင်းဖို့အခုမှ ထပြီးယာယီသဘောတွေလက်မှတ်ထိုးကြရတဲ့အထိကို
      ရောက်ပါရောလားဗျာ……. အဲဒီ့လိုဆိုလေပြန်တော့ ဥပဒေဆိုတာအမြဲအပ်တူဒိတ်လုပ်ဖို့
      ခက်ပြန်ရောလားဗျာ ဥပဒေကြမ်းတစ်ခုရေးဆွဲဖို့တောင်ဒီလောက်ကြီးအချိန်ယူစဉ်းစားနေကြ
      ရတဲ့သဘောရှိတာဆိုတော့အမြဲ ပြည့်စုံမှန်ကန်တဲ့ တိကျတဲ့ဥပဒေတစ်ခုထွက်ဖို့ဆိုတာ
      ပိုပြီးတော့တောင်ကြာနိုင်ပါသေးတယ်……. မြန်မာနိုင်ငံဟာဆိုရင် အခုထိကို ဗြိတိသျှတွေရဲ့
      ဥပဒေကိုရောနှောသုံးနေကြရသေးတယ်ဆိုတော့ စဉ်းစားသာကြည့်တော့ဗျာ ဥပဒေတစ်စောင်
      ပြီးပြည့်စုံပြီးမှန်ကန်မျှတစွာထွက်ရှိနိုင်ဖို့ဆိုတာ…..ဘယ်လောက်ကြာမလဲ…..
      ဒါ့ကြောင့်အခု ထက်ထက်မိုးဦးရဲ့အမှုမှာဆိုရင်လဲ ကျွန်တော့်ရဲ့အမြင်နဲ့သူကြီးရဲ့အမြင်ဟာ
      သွားတူပါတယ်….
      “kai says:

      ကျုပ်သာတရားသူကြီးဆိုရင်လည်း.. အပြစ်ရှိတယ်ပြောပြီး..
      ဒဏ်ငွေ.. ၁ထောင်လောက်ပဲချမယ်လို့ မှန်းထားတယ်..။ :mrgreen:

      ဟိုဖက်က..ဆယ်ရီဘရိတ်တီလေ..
      တဖက်က.. မီဒီယာ..

      တရားရေးက.. အပြစ်ရှိတယ်လို့.. နိုင်ငံအဆင့်နာမယ်ကြိးဆယ်ရီဘရိတ်တီကို သတ်မှတ်ပေးလိုက်တာပါ…။
      သမိုင်းကျန်ရစ်သွားပြီဖြစ်ပါတယ်..။

      ဆယ်ရီဘရိတ်တီဘဝမှာ.. အပြစ်ရှိသူဖြစ်သွားတာက.. ငွေသိန်းသန်းကုဋေမက.. နစ်နာတာပါ..။
      ဒါကြောင့်မို့… ဥပမာ..
      အကယ်ဒမီပေးမယ်ဆိုရင်..
      နိုင်ငံတကာကို.. ဗီဇာလျှောက်.. အခွင့်အရေးတခုခုလျှောက်မယ်ဆိုရင်..
      လူမှုရေးလုပ်မယ်ဆိုရင်..
      စီးပွားရေးလုပ်မယ်ဆိုရင်…
      ..ရင်..
      ..ရင်..
      အဲဒီအရိပ်မဲက.. ထိုးမယ်ဖြစ်ပါကြောင်း…။”သူကြီးရဲ့အဆိုအတိုင်းပါပဲ…
      အခုဆိုရင် ထက်ထက်မိုးဦးရဲ့အမှုအကြောင်းဟာဖေ့ဘွတ်ပေါ်မှာ သူ့ပုံကာတွန်တွေနဲ့ပျံ့နေပြီ
      သူ့အတွက်အရိပ်မဲက သူ့ကိုချစ်တဲ့ပြည်သူတွေထဲမှာဝင်သွားပြီး စီဂျေကြီးပြောသလိုပေါ့
      ထက်ထက်မိုးဦးကိုထောင်တစ်နှစ်ချလိုက်ရင်တောင် သူ့ကိုချစ်တဲ့ပရိတ်သတ်က ဝိုင်းပြီးစိတ်
      မကောင်းဖြစ်ကြ ပူညံပူညံတွေလုပ်ကြနဲ့ဖြစ်ဦးမယ် အခုဆိုရင်ထက်ထက်မိုးဦးအတွက်ချမှတ်
      လိုက်တဲ့အမိန့်ဟာ သူ့ရဲ့လုပ်ရပ်ဟာ သူ့ကိုချစ်တဲ့ပရိတ်သတ်ကတောင်ရွံစရာတစ်ခုအဖြစ်မြင်လာကြပြီဆိုတော့
      တရားသူကြီးဆုံးဖြတ်တာမျှတပါတယ် အကောင်းမြင်ဝါဒီဘက်ကကြည့်ရင်ပေါ့… တရားသူကြီး
      ကထက်ထက်မိုးဦးကိုကယ်လိုက်တာမဟုတ်ပါဘူး ထောင်ထက်ကောင်းတဲ့ထွေးခံထဲကို
      ချပေးလိုက်တာဖြစ်တာကြောင့်….. လိုရင်းတိုရှင်းဟုဆိုသောကျွန်တော့စာသည်လည်းရှည်လေပြီ။….
      ခင်တဲ့……မောင်ခ …. ရှမ်းပြည်သား(တောင်ပိုင်း)

      • Foreign Resident

        April 1, 2012 at 5:57 am

        မိုင်ဆွန်ခ ရေ

        အဘ တို့ ဩဇီ မှာလည်း
        မယားခိုးမှု ဆိုတာ မရှိပါဘူး ။
        သူတို့က လူ့အခွင့်အရေး နှင့်
        လူတဦးချင်းစီ ရဲ့ ကိုယ်ပိုင် လွတ်လပ်ခွင့် ကို
        အလေးထားတယ်ကွယ့် ။

        ဆိုလိုတာက ၊
        ကိုယ့် ကိုယ်ပိုင် ပစ္စည်း အစစ် နှင့် ကိုယ်လုပ်တာ ။
        ဘယ်သူ နှင့် ဘယ်လောက် လုပ်လုပ် ( မီးပဲပွင့်ပွင့်ပေါ့နော် ) ၊
        ဘယ်သူကမှ လာတားခွင့် မရှိဘူး ဆိုတဲ့ သဘော ပေါ့နော် ။

      • htoosan

        April 1, 2012 at 7:05 am

        ကျေးဇူးပါ ကိုခ ရေ ..

        ထောင်ထက်ကောင်းတဲ့ထွေးခံထဲကို
        ချပေးလိုက်တာဖြစ်တာကြောင့်…..

        ဒါတော့ကြိုက်သွားပြီ။

  • manawphyulay

    March 31, 2012 at 2:18 pm

    ဘယ်တစ်ထောင်တန်မလဲ…. ၃၀၀ဝ ပေးပြီး ဘုန်းကြီးတွေကို ပါးချခိုင်းခဲ့တာ ဘယ်သူတွေလဲ… တစ်ထောင်ကတော့ နည်းပါတယ်…

  • အရင့်ရောင်

    March 31, 2012 at 2:26 pm

    မရယ် ရလို့ ရယ်ရတယ်ဟေ့………..
    ဟား(၃)……….
    ဟိဟိဟိဟိ
    ဟောဟဲဟောဟဲဟောဟဲ
    အမငှီး……….မောလိုက်တာ

  • “ဘီလူးကြီး”ogre

    March 31, 2012 at 8:26 pm

    အခုလောလောဆယ်တော့
    ဖွတ်တွေ မိချောင်း ဖြစ်ကုန်ပြီဗျ
    ကျုပ်တို့တွေတော့ ချမ်းသာအုံးတော့မှာပေါ့ 🙁 🙁

  • kai

    April 1, 2012 at 4:10 am

    ကျုပ်သာတရားသူကြီးဆိုရင်လည်း.. အပြစ်ရှိတယ်ပြောပြီး..
    ဒဏ်ငွေ.. ၁ထောင်လောက်ပဲချမယ်လို့ မှန်းထားတယ်..။ :mrgreen:

    ဟိုဖက်က..ဆယ်ရီဘရိတ်တီလေ..
    တဖက်က.. မီဒီယာ..

    တရားရေးက.. အပြစ်ရှိတယ်လို့.. နိုင်ငံအဆင့်နာမယ်ကြိးဆယ်ရီဘရိတ်တီကို သတ်မှတ်ပေးလိုက်တာပါ…။
    သမိုင်းကျန်ရစ်သွားပြီဖြစ်ပါတယ်..။

    ဆယ်ရီဘရိတ်တီဘဝမှာ.. အပြစ်ရှိသူဖြစ်သွားတာက.. ငွေသိန်းသန်းကုဋေမက.. နစ်နာတာပါ..။
    ဒါကြောင့်မို့… ဥပမာ..
    အကယ်ဒမီပေးမယ်ဆိုရင်..
    နိုင်ငံတကာကို.. ဗီဇာလျှောက်.. အခွင့်အရေးတခုခုလျှောက်မယ်ဆိုရင်..
    လူမှုရေးလုပ်မယ်ဆိုရင်..
    စီးပွားရေးလုပ်မယ်ဆိုရင်…
    ..ရင်..
    ..ရင်..
    အဲဒီအရိပ်မဲက.. ထိုးမယ်ဖြစ်ပါကြောင်း…။
    =
    အောက်မှာ Lilo မူးရစ်ဆေးဝါးနဲ့မိ… မူးပြီးရမ်းတာကို.. ယူအက်စ်တရားရေးက ဘယ်လိုလုပ်ခဲ့သလည်း.. သိသာစေဖို့ကူးတင်ပါတယ်..
    ဆယ်ရီဘရိတ်တီလေ…

    http://www.mb.com.ph/articles/355963/lindsay-lohan-ends-probation
    Lindsay Lohan Ends Probation
    April 1, 2012, 12:43am

    LOS ANGELES (Reuters) – A smiling Lindsay Lohan was released on Thursday from almost five years of formal probation, and told by a Los Angeles judge to grow up and stop clubbing.

    Actress Lohan, 25, who has made multiple trips to court, jail and rehab since a 2007 drunk driving and cocaine possession arrest, was praised for completing months of community service at a Los Angeles morgue and court-ordered psychotherapy.

    “She has done everything that this court has asked of her,” Los Angeles Superior Court judge Stephanie Sautner said. “Probation terminates today. Now.”

    Lohan, dressed conservatively in a powder blue pants suit and black top, let out a sigh of relief and hugged her attorney.

    Although the “Mean Girls” actress will remain on informal probation until 2014 for a 2011 jewelry theft, she will not have to report regularly to court and will no longer be compelled to live in Los Angeles, as long as she stays out of trouble.

    Sautner sent Lohan on her way with words of warning. “I know it is kind of hard when people are following you all over the place, but that is the life you chose. You need to live your life in a more mature way. Stop the nightclubbing and focus on your work.”

    “I don’t expect to see you again,” Sautner added. “Goodbye and good luck.”
    ..
    ===
    LiLo Freed After 4.5 Hours in Jail
    That’s enough time to learn a lesson, right?

    (Newser) – Lindsay Lohan checked into jail at 8:48pm last night to serve her 30-day sentence … and promptly checked out again less than five hours later, around 1:30am,

Leave a Reply