e-Departure Form အကြောင်းသိကောင်းစရာ

ဦးသုMarch 30, 20121min676

                        e-D Form ဆိုသည်မှာ ပြည်ပထွက်ခွာရာတွင်လေဆိပ် လ.ဝ.က        သို့ပြရသောform ဖြစ်ပြီး                     ၎င်းform ကိုရရှိရန် ဘဏ် (၂) တွင် ချလံ သွင်းရပြီး နောက်onlineမှ နေပြည်တော်လ.ဝ.ကserverသို့တင်ရလေသည်။

                      တစ်ခါတစ်လေ နေပြည်တော် မှ server down သည့်အခါ တွင်အပြင်မှာ တင်လျှင် ၅၀ဝ ကျပ်သာ ပေးရသော e-D Form ကို လ.ဝ.က တို့ က ၃၅၀ဝ ကျပ်ဖြင့် ကူညီ တင်ပေးမည် ဟုဆိုကာ အတင်း အကြပ် ကူညီတော်မူလေသည်။ တစ်ကြိမ် မှတ်လော့….

                     တစ်ခါတစ်ရံ ချလံတွင်နာမည် ပြင်ရာသေးသေးလေး များပါလာ ပါ က ၂၀၀၀ဝ ကျပ်ကို ပြင်ဆင်စရိတ် သတ်မှတ်ပေသည်။ နှစ်ကြိမ် မှတ်လော့…..

                      တစ်ခါတစ်လေ e-D Form အချိန်မမှီတော့ သော   ပြည်ပထွက်ခွာ တိုင်းပြည် ဝင်ငွေခွန်ရှာပေးနေသော သဘောင်္သားများ နှင့် အလုပ်သမား များ အား ၃၀၀၀ဝ ကျပ်ဖြင့် ချလံ ပါ အပြီး ကူညီရှာလေ သည်။ သုံးကြိမ် မှတ်လော့

                      ထို့အပြင် ၃ နှစ် visit passport နှင့် သင်္ဘောသား လက်မှတ်အတု ဖြင့် ပင်လယ်ပြင်တွင် စွန့်စားဝံ့ သော သူများအား လည်း ၈၀၀၀ဝ ကျပ် ဖြင့် လေဆိပ် ရဲနှင့် တာဝန်ကျ လ.ဝ.က တို့ က ကူညီတော်မူလေ သတည်း။

                      ကျွန်တော် သည် ထိုမျှ အင်မတန် အရေးကြီးလှသော e-D Form အကြောင်း ကို ရှင်းပြသည်ဖြစ်သောကြောင့် e-D Form အကြောင်းကို သာမှတ်ပြီး ကျန်သည်များ ကို မေ့မေ့ပျောက်ပျောက် သဘောထားကြပါရန် ပန်ကြားအပ် ပါသည် ခင်ဗျား။

6 comments

  • Khaing Khaing

    March 30, 2012 at 5:50 pm

    နေပြည်တော် e-D form စက်ပျက်လျှင် ချလံနှင့်ထွက်ခွာသော သင်္ဘောသားများကို မိသားစုမှ လေဆိပ်တွင် ထောက်ခံပေး ရပြီ D-form စက်နေပြည်တော်ပြန်ကောင်းချိန်တွင် ထွက်သွားသောသင်္ဘောသားများ၏ e-D form ကို လေဆိပ်သို့ပြန်လည်ပို့ဆောင်ပေးရပါသည် ….

    • Thel Nu Aye

      March 30, 2012 at 6:16 pm

      တခါတရံ ဦးနှင့်ဒေါ်မှားရိုက်လို့ လေဆိပ်ရောက်မှ တိုင်ပတ်ပါကြောင်း။

    • Thu Wai

      March 31, 2012 at 11:25 am

      မှန်ပါတယ် ကွယ် e-d form ကို ချလံနဲ့ ထွက်ဖို့ အာမခံပေးရတာ ကို လ.ဝ.က ရုံးခန်း ကိုသွားဖို့အတွက် အောက်ထပ် ဝင်ခွင့် ကဒ် လဲတဲ့ နေရာမှာ ၂၀၀ဝ ပေးရတယ် နောက်ပြီး
      e-d form ကိုပြန်လာပေးတဲ့ အခါ ကားခ ကုန် အချိန်ကုန် အုံးမယ် ပျက်တာက သူတို့ဘက်က
      တိုင်ပတ်က ပြည်သူတွေ ကဲကောင်းလား ဒီဘာအရေး ကြီးနေမှန်း မသိ
      ဘယ်ဉာဏ်ကြီး ရှင်ထွင်သွားမှန်း မသိတဲ့ e-d form ပြီးတော့ရှိသေးတယ် ဘဏ်ချလံဘိုး ဖောင်ဖိုး နဲ့ ၃၅ဝ ကျတယ် သူတို့ရေးခိုင်းတာ က ၂၀ဝ ကျပ် ဟုတ်ပြီနော်။

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 30, 2012 at 7:42 pm

    သများကတော့ နိုင်ဂျံငါးဟုဆိုအပ်သောသတ္တဝါကြီးအားမမြင်ဖူး၍မသိပီ မှတ်ပုံတင်မှာတော့( ) နှစ်ပြည့်သောအခါမပျက်မကွက်လဲရန်ဆိုသောကွက်လပ်အားအလွတ်ထားပေးထားသဖြင့် ဆယ့်ရှစ်နှစ်ပြည့်
    လုပ်ပြီးနောက်ထပ်မှတ်ပုံတင်လဲစရာမလိုတော့ကြောင်း နှစ်အကန့်အသတ်မရှိမှတ်ပုံတင်ကိုထုတ်ပေးထားခြင်းကိုရရှိထားသူတစ်ဦးဖြစ်ဂျောင်း…….

  • windtalker

    March 30, 2012 at 8:19 pm

    တော်တော်ကူကြီတတ်ကြပုံများ ကို ကွက်ကွက်ကွင်းကွင်း သိရသဗျာ ။ မှတ်နော်

  • ဦးဦးပါလေရာ

    March 30, 2012 at 11:21 pm

    ဒါတောင် ဒီခေတ် D Form မို့ပါကွယ်။
    ပိုက်ဆံပေးလို့ လွယ်လွယ်ရတာပဲ ကံကောင်း…။
    လွန်ခဲ့တဲ့ ဆယ်နှစ်အထက်ကဆိုရင်
    ဘယ်သောက်ရူးတီထွင်ထားမှန်းမသိတဲ့ အဲဒီဟာကိုရဘို့
    တစ်ရက်နဲ့ တစ်မနက်လောက် ချွေးသီးချွေးပေါက်ကျအောင် လုပ်ယူရတာ 🙁

Leave a Reply