မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရပ်ဆိုင်းခြင်း ၆လပြည့်ပွဲ..ဓါတ်ပုံများ

amatminMarch 30, 20122min1808

နိုင်ငံတော်သမ္မတကြီးက မြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းရပ်ဆိုင်းခဲ့တာ ၆လပြည့်မြောက်တဲ့နေ့အနေနဲ့
ဧရာဝတီမြစ်ဆုံကိုကာကွယ်ကြသူများ တွေ့ဆုံပွဲကို ရန်ကုန်မြို့ရွှေဂုံတိုင်နားမှာရှိတဲ့ တော်ဝင်နှင်းဆီခြံကသီရိခန်းမမှာ
ကနေ့ မတ်လ (၃၀)ရက်နေ့. မနက် ရှစ်နာရီခွဲကနေ.နေ့လည် တစ်နာရီ ခန့်အထိကျင်းပခဲ့ပါတယ်။အခမ်းအနားကျင်းပရေးကော်မတီအဖြစ်
ထွန်းလွင်ဖောင်ဒေးရှင်းကနေ ဦးစီးပြီးလုပ်ဆောင်ခဲ့တာဖြစ်ပြီး ဧရာဝတီအရေးမှာ တက်ကြွလှုပ်ရှားခဲ့ကြသူအတော်များများတက်ရောက်ခဲ့ပါတယ်..
သစ်တောပညာရှင် ဦးအုန်း၊ မိုးလေဝသနှင့်ဇလဗေဒပညာရှင် ဦးထွန်းလွင်၊ စာရေးဆရာမ ဂျူး ၊ ဒေါ်ဒေဝီသန့်စင်၊
ဗကပကျောင်းသားသမ္မဂအတွင်းရေးမှူး မင်းသွေးသစ်၊ ၈၈မျိုးဆက်ကျောင်းသားများ အပါအဝင်
ဧရာဝတီမြစ်ဆုံအရေးမှာ တက်ကြွလှုပ်ရှားသူများလည်းတက်ရောက်ခဲ့ကြပါတယ်..
အဆိုပါ ပွဲမှာ အဓိက ထားပြီးပြောသွားတာကတော့. မြစ်ဆုံကိစ္စကိုရပ်တန့်ထားမယ်လို့ကတိတွေပေးထားပေမဲ့
မရပ်တန့်ဘဲ ဆက်လုပ်ဆောင်နေကြတဲ့အတွက် အပြီးသတ်ရပ်ဆိုင်းဖို့အထိ ဆက်လက်ကြိုးစားလုပ်ဆောင်ကြဖို့ကို
ဦးတည်ပြောကြားခဲ့တဲ့အပြင် ကချင်ဒေသခံတွေတွေ့ကြုံနေရတဲ့ အခက်အခဲတချို့တဝက်ဖြစ်တဲ့ တန်ဖဲရွာက လူတွေကိုနေရာဖယ်ခိုင်းပြီး
နည်းမျိုးစုံနဲ့ခေါ်ပြီး ဝန်ခံကတိထိုးခိုင်းတာတွေအပါအဝင်.သူတို့ပြောတဲ့အတိုင်းမလုပ်ရင်
ပုဒ်မ (၁၈၈) နဲ့ အရေးယူမယ်ဆိုတဲ့အပေါ်မှာလည်း အလေးထားဆွေးနွေးသွားကြပါတယ်..
အားလုံးသောတက်ရောက်လာကြသူများကလည်း မြစ်ဆုံအရေးကို အဆုံးထိရပ်တန့်နိုင်အောင်လုပ်ဆောင်ဖို့
ကိုအားထုတ်လုပ်ဆောင်ကြဖို့ ကိုယ်စီဆန္ဒပြုခဲ့ကြပါတယ်..
ကျနာ်ရသလောက်မှတ်မိသလောက်. သတင်းလေးပဲ တင်ပေးလိုက်လို့မပြည့်စုံရင်သည်းခံကြပါလို့..

8 comments

  • water-melon

    March 30, 2012 at 4:57 pm

    နောက်ထပ်ပြန်စမယ်ဆိုရင်ရော
    ဘယ်လိုလုပ်ကြမလဲဟင်
    စိုးရိမ်တယ် ညီမလေးရယ် မှားလို့ မြစ်ဆုံရယ်

  • ဆူး

    March 30, 2012 at 5:03 pm

    အပြီးတိုင် မီးငြိမ်းသွားမှ ဖြစ်မယ်နော်။

    အခုတောင် နောက်လက စပြီးတော့ မီးပျက်တော့မယ်တဲ့…
    ဆန္ဒမဲ ကို ၁ရက်နေ့ပေးပြီး ပြီးပြီပေါ့ လိုတော့ဘူးလေ.. အဲလို ကြီးလား သိဘူး။

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 30, 2012 at 5:11 pm

    ဟုတ်လောက်တယ် မမသဲ

  • blackchaw

    March 30, 2012 at 8:01 pm

    အမတ်မင်းရေ။
    ဦးသိန်းစိန် အစိုးရ လက်ထက်မှာတော့ ဆက်မလုပ်ဘူးလို့
    အတိအလင်းပြောထားတာဖြစ်တဲ့အတွက် ချက်ခြင်းကြီးပြသနာတော့ မရှိနိုင်ပါဘူး။
    နိုင်ငံတော်ရဲ့ အမြင့်ဆုံးခေါင်းဆောင်တစ်ယောက်က
    ပြည်သူတွေကို ကတိပေးထားပြီး ပေးထားတဲ့ကတိတော့ တည်လိမ့်မယ်လို့ ထင်ရပါတယ်။
    နောက်ကိစ္စကတော့ နောက်တက်လာတဲ့လူတွေ ကြည့်ရှင်းပေတော့ပေါ့ဗျာ။
    ဒါပေမယ့် မြစ်ဆုံကိစ္စက ကျွန်တော်တို့ခန္ဒာကိုယ်ထဲ ဆူးဝင်နေတဲ့ ဆူးတစ်ချောင်းလိုဖြစ်နေပါတယ်။
    ကြာကြာထားပြီး ဖြေရှင်းနေရင် ဆူးဆိပ်တက်တဲ့ဒဏ်ကို ခံရပါလိမ့်မယ်။
    ဦးသိန်းစိန်အနေနဲ့ အခုရှင်းလို့ရတဲ့ ကိစ္စ အခုပဲ ရှင်းထုတ်လိုက်ပြီး
    သမိုင်းမှာ အရေးကြီးတဲ့ ပြသနာတစ်ခုဖြေရှင်းသွားတယ်ဆိုတဲ့ မှတ်တမ်းရေးထိုးနိုင်မယ့်
    အခွင့်အရေးကြီးကို လက်လွှတ်မခံသင့်ပါဘူးလို့ ဝင်ပွားသွားပါတယ်ဗျာ။
    :mrgreen:

  • windtalker

    March 30, 2012 at 8:10 pm

    မြစ်ဆုံ နဲ ့ပတ်သက်ပြီး ကြားရတဲ့ သတင်းများကတော့ နားဝမှာ ဆောက်နဲ ့ထွင်းနေသလို ပါကလား ။
    သမ္မတကြီး မှာ အလုပ်များတာလည်း များတာပ ။
    ပြည်သူများအလိုချင်ဆုံး ကတိကိုပေးခဲ့တာလေး ကို တော့ ပြန်သတိပေးဖို ့၊ စီမံကိန်း ကို လုံးဝ ရပ်တန် ့ပြီး လုပ်နေတဲ့ကောင်တွေ ကို အိမ်အမြန်ဆုံးပြန်ခိုင်းဖို ့၊ သမ္မတကြီးဘေးက လူများ အကြံပေးနိုင်ကြပါစေ …

  • winkyawaung

    March 30, 2012 at 9:36 pm

    မြစ်ဆုံ အဖြစ်စုံ ညစ်ပုံတွေကတော့ ဧပြီတစ်ရက်သို့ ကူးလာပြီ။ လျှပ်စစ်ဝံကြီး ပညာမရှိကြီးခင်ဗျာ..။ လျှပ်စစ်အားတွေပိုလို့ တရုပ်ကိုရောင်းမယ်ဆို..။ ရေအားလျှပ်စစ်ဆည် တစ်ခုဖွင့်တိုင်း မြန်မာပြည် မီးမလင်းဘဲ ယခု နယ်မြို့တွေမှာ မီးပြတ်ကုန်ပြီလေ..။ ဒီနေ့ မတ်(၃၀)ရက်မှာ မကွေးတိုင်းဒေသကြီးက ကျီးအုံ၊ ကျီးဝ ရေအားလျှပ်စစ်ဆည်ကြီး ယနေ့ဖွင့်လိုက်ပြန်ပါပြီ…။ အပြောနဲ့ အလုပ်မှန်အောင်လည်း လုပ်ကြပါဗျာ..။ စပ်ကြားအစိုးရမင်းများ ကြားသိပါစေ..။

  • နေ ဒေါင်း

    March 30, 2012 at 11:24 pm

    ကျွန်တော့ဆန္ဒအရတော့
    ဒီမြစ်ဆုံရေအားလျှပ်စစ်စီမံကိန်းကိုဖျက်သိမ်းဖို.ရယ်၊
    သံလွင်စီမံကိန်းကိုပါဆက်မလုပ်ကြဖို.ပြောချင်ပါတယ်။
    အကယ်၍ဆက်လက်အကောင်အထည်ဖေါ်သွားပါက
    တိုင်းရင်းသားစည်းလုံးညီညွတ်မှု တပ်ပေါင်းဖွဲ.စည်း၍
    ၎င်းစီမံကိန်းများကိုအဓိကပစ်မှတ်ထား၍နည်းပေါင်းစုံဖြင့်ဟန်.တားသွားစေမည်ဖြစ်ပါကြောင်း။
    အရေးကြီး၍သွေးစည်းကြပါစို. …………………..ခင်ဗျား။

  • ချစ်ရင်ထူးနှစ်

    March 31, 2012 at 7:40 am

    လုပ်ပြန်ပလားဟ ရေအားလျှပ်စစ်…
    သတင်းစာဖတ်တာတောင် ဓါတ်လိုက်မှာ စိုးနေရပြီ..
    မီးကျတော့ မလာဘူး..

Leave a Reply