အရူး…လုပ်..ခံရမှာ.စိုးတယ်..ဧပြီ တစ်ရက်နေ့ရယ်…

alinsettMarch 30, 20121min20810

2010 နှစ် ကုန်ပိုင်းလောက်မှ စ၍…ကျွန်တော်တို ့ နိုင်ငံတွင် အပြောင်းအလဲ.များ.. ဖြစ်ပေါ်လာပါသည်။

တချို ့ပြောင်းလဲမှုများက ကျွန်တော်တို ့အတွက်.. ကျေနပ်စရာ..၊ ပျော် ရွှင်စရာ..။.သိူ ့သော်..တချို ့အပြောင်းအလဲ..များကတော့..

မကျေနပ်စရာ..၊ ဝမ်းနည်းစရာ..များ…ဖြစ်ခဲ့သည် ။

( ကျွန်တော်တို ့ချစ်သော..အမေစု နေအိမ် အကျယ်ချူပ်မှ လွတ်မြောက် လာခြင်းသည်…ဝမ်းသာစရာ.၊ ကျေနပ်စရာ ဖြစ်ပါသည် ။ )

ပြီးတော့…. 2010 ရွေးကောက်ပွဲ…။

အဲဒါကတော့ အရေးကြိးသော..၊ ကြီးမားသော အပြောင်း အလဲ.ဖြစ်ပါသည် ။ ဘာတွေ..ပြောင်းလဲ..သွားသလဲ..?

စိတ်ထဲ.. မတင်မကျ ဖြစ်စရာ..၊ ဘဝင်မကျစရာ များ..ရှိခဲ့သော်လည်း… ပြောင်းလဲမှုများကတော့..ဖြစ်ပေါ်လာသည် ။

( လွန်ခဲ့သော.နှစ်များဆီမှ မြန်မာပြည် ထက်တော့ ပို ကောင်းလာသလိုပါပဲ. )

စကားလူံးတွေ..။ အဝတ်အစားတွေ..ပြောင်းလဲသွားရုံ.၊

လူတွေ..၊ မူတွေ..၊ စနစ်တွေ.မပြောင်းလဲ..လျှင်တော့..ထူးထူးခြားခြား..ပြောင်းလဲ.သွားပါ့မလား..။

ဒါပေမယ့်…. လုံးဝ မပြောင်းလဲ..ပဲ..ချောက်ထဲကျနေတာ ထက်စာရင်…

အပြောင်းအလဲ.. အဖြစ်..လှေကါး တစ်ထစ် လောက် တက် လာနိုင်တာက ပဲ… စိတ်အားတက်စရာ..မဟုတ်လား ။

_________________________________________________

နောက်ထက်….ဘာတွေ.များ…ထပ်ြပြီး…ပြောင်းလဲ..ဦးမလဲ..?

_________________________________________________

ဧပြီလ တစ်ရက်နေ ့ တွင်လည်း..အပြောင်းအလဲ.တစ်ခု ကို ထပ်ကြုံရပါဦးမည် ။

အဲသည် ကိစ္စကိုတော့ ကျွန်တော် ရင်ခုန်ပါသည် ။

ကျွန်တော်တို ့၏ ရင်ထဲက ဆန္ဒများကို… ထုတ်ဖော် ပြသခွင့် ရမည့် အပြောင်းအလဲ…၊။

ကျွန်တော်တို ့ ရင်ထဲမှာ..ဘာတွေ ရှိသလဲ.? ဘယ်သူတွေ ရှိနေသလဲ..?

ကျွန်တော်တို ့ ထောက်ခံ အားပေးရမှာ ဘယ်သူတွေလဲ…ဆိုတာ….ကျွန်တော်တို ့ ကိုယ်တိုင် သိပါသည် ။

မိမိကိုယ် ကို မညာ ပဲ…၊ ဘယ်သူ ့ကိုမှ အားမနာပဲ…. ရဲရဲ ဝံ့ဝံ့ ရွေးချယ် ဖို ့သာ လိုပါတော့သည် ။

__________________________________________________________________________

စစ်မှန်ပြီး..တရားမျှတသော.. ရွေးချယ် မှု တစ်ခု ဖြစ်ဖို ့…မျှော်လင့်ပါသည် ။

ရလဒ်….။ ရလဒ်သည် အရေး ကြီးပါသည် ။ စစ်မှန်သော…ရလဒ် တစ်ခု ( ယုံမှား သံသယ မရှိပဲ..) ဖြစ်ပေါ်လာမှ…

ကျွန်တော်တို ့ သက်ပြင်းချနိုင်ပါမည် ။

________________________________________________________________-

လှည့်စားခံရမှုများ..နှင့် မာယာ များကို မလိုချင်တော့သော..ကျွန်တော်တို ့..အားလူံး အတွက်.

ရောင်ချည်တန်းကလေး…တစ်ခု လင်းလက် လာတော့မည်..ဟု..မျှော်လင့် ၏ ။

တောင်းဆိုခွင့် ရှိသော..ဘောင် ထဲကနေ… ကိုယ် လိုချင်တာကို..တိတိကျကျတောင်းဆို ဖို သာ အဓိက ကျပါသည် ။

( ရလဒ်သည် ကျွန်တော်တို ့ ရင် ထဲက ဆန္ဒ မဟုတ်ခဲ့လျှင်………! !

ဒါပေမယ့်….ကျွန်တော်တို ့ ရင်ထဲက ဆန္ဒ ၊ လိုချင်သည် ့ အရာကို အဆက်မပြတ်.. ထပ်၍ တောင်းဆိုနေဦးမည် ။ )
__________________________________________________________________________________

စစ်မှန်၍ တရားမျှတသော..လူ ့အဖွဲ ့အစည်း..၊ ဂုဏ်သရေ ရှိသော..လူ ့ အဖွဲ ့အစည်း များဖြင့်..ရပ်တည် နေပြီ….ဆိုလျှင်…….

မြန်မာနိုင်ငံ ၏ ဧပြီ တစ်ရက် သည်..စစ်မှန်သော..ရလဒ် ၊ မျှတ ၍ ဂုဏ်သေ၇…ရှိသော…ရလဒ် ဖြစ် ပါလိမ့်မည် ။ ။

ထို ့သို ့ ကျွန်တော်..ယုံကြည်ပါသည် ။

____________________________________________________

( ဧပြီ..တစ်ရက်နေ ့အတွက် အမှတ်တရ…..)

2012….ဧပြီ..တစ်ရက်နေ ့ အတွက် ရင်ခုန်.နေမိလို ့…ခံစားချက် တချို ့ကို ချရေးမိပါတယ် ။

ဘယ်သူ ့ကိုမှ..တိုက်ခိုက်လိုစိတ် ၊ ကဲ ့ရဲ့ အပြစ်ပြောလိုစိတ် မရှိပါဘူး။

စကားအမှား..၊ ဝါကျ အမှား မပါအောင်…လည်း..ကြိုးစားပြီး..ရေးထားပါတယ် ။

ဒါပေမဲ ့..လိုသွားတာ ၊ ပိုသွားတာ….၊ မှားသွားတာ ၊ အမှန် ” လွန် “သွားတာ တွေ..ရှိနေရင်တော့..

ကျွန်တော့် ညံ့ဖျင်းမှုကို နားလည် ပေးကြပါ….လို ့… ။

______________________________________________________________________

အခု ကျွန်တော်ရေးထားတာမကြာသေးတဲ့( အမည် မပေးရသေးတဲ ့)ကဗျာလေး တစ်ပုဒ်ထဲက…စာသား တချို ့ကို….တင်ပြ ပါရစေဦး ။

ကျွန်တော်….အခု ခံစားနေရတဲ ့ ခံစားချက် တချို ့ကို ချရေး ထားတာပါ ။

_______________________________

(………………)

* တိတ်ဆိတ်ခဲ့ရတာ ကြာပြီဆိုတော့….

ဆူညံပေါက်ကွဲ ဖို ့..အဆင်သင့်ခဲ့ပြီ ။

* ကျိန်စာ ပူပူလောင်လောင်တွေ.ကျွေးမွေးခဲ့လို ့…

နတ်ဆိုးရုပ်လည်း..ထွက်နေပြီလေ….။

* လူသား ” စား ” တဲ့….လူသားတစ်ယောက်..

ခေါင်းမှာ” ချို “မပေါက် ဘူး ။

ဒါပေမယ့်………………..

………………………

………………………

. ……………………..။ ။

10 comments

  • ချာလီဂဇက်ဒလဝမ်

    March 30, 2012 at 7:07 pm

    အို… ဘာတဲ့တုန်း…
    ရဲရင့်တည်ကြည်ခြင်း သစ္စာရှိခြင်း တရားမျှတခြင်း ညီညွတ်ခြင်း ငြိမ်းချမ်းခြင်း လွတ်လပ်ခြင်း လောကပါလတရားနှင့်ညီခြင်း အားလုံး အားလုံး အတွက်.ငါတို့ချစ်တဲ့ အမိမြေကို ငါတို့ပြည်သူရဲ့ ညီညွတ်တဲ့ အင်အားနဲ့ တည်ဆောက်မယ်။ အားလုံး ဝိုင်းကြဝန်းကြပါစို့ ။

  • windtalker

    March 30, 2012 at 7:57 pm

    မျှော်လင့်ချက်တွေ အသက်ရှင်မယ့်နေ ့
    ဆာလောင်နေတဲ့ နှစ်ရှည်ငတ်မွတ်ခြင်းတွေ ကို ဖြည့်ဆည်းပေးမယ့်နေ ့
    အရှေ ့မြို ့ရိုးဆီမှာ မိုးတွေရွာပြီး ၊ ဖုံးကွယ်နေတဲ့ မြို ့နာမည် ပေါ်ထွက်လာမယ့်နေ ့(ဆြာတာရာထံမှ)
    အဲဒါ အေပရယ် ရဲ ့ဖက်စ် လို ့၊ အနောက်တိုင်းပြက္ခဒိန်ထဲကနေ ့

  • alinsett

    March 30, 2012 at 8:06 pm

    ချာလီ..နဲ ့ကိုပေ.ရေ… ကျေးဇူးပါပဲ။

    ကိုပေ.ပြောမှ ဆရာတာရာ ရဲ ့အရှေ့မြို ့ရိုးကို..သတိရသွားတယ် ။သိပ်ကောင်းတဲ ့စာအုပ်နော် ။

    အနုပညာ ဆိုတာ ကို..ကျွန်တော် အရမ်းစိတ်ဝင်စာ..သွားစေတဲ ့စာအုပ်ပါ ။ ။

    စကားလုံးတွေက ကြောက်ခမန်းလိလိ ကောင်းလွန်းလို ့ ခဏခဏ ဖတ်ဖြစ်တယ် ။

    ပို ့စ်ကို ဖတ်ရှူ..ကြလို ့ အားလုံးကို ကျေးဇူးတင်နေပါတယ် ။

    ခင်မင်လေးစားသော…
    အလင်းဆက်

  • နေ ဒေါင်းဖြူ

    March 31, 2012 at 12:45 am

    အလင်းစက်ရေ
    ကျုုုပ်တို.အားလုံးရဲ. ……….
    မျှော်လင့်ချက် ၊ အိပ်မက်တွေကို
    အကောင်အထည်ဖေါ်ဖို.
    အားမွေးထားပါဗျ……၊၊
    ဘာလာလာ ဒီလိုဇောင်းငမိုက်တွေကို ခေါင်းစိုက်သွားအောင်
    တစ်ကျောင်းလုံးထွက်ပြီး ချောင်းသာရိုက်ကြရအောင်……………………..
    ………………………………………………………………………………………………..
    ခင်ဗျားပြောသလို လိုချင်တာကို အဆက်မပြတ်တောင်းဆိုရမှာပေါ့ဗျာ…………………..
    ပုံလေးတွေလည်း ကျေးဇူးပါ…။

  • kai

    March 31, 2012 at 1:22 am

    ပြည်သူလူထုသည် သူတို့နှင့်ထိုက်တန်သော အစိုးရကိုသာရသည်။
    Alexis de Tocqueville

    =
    Never, never, never give up.
    Winston Churchill

    အဲဒါကြောင့်.. ၁ရက်နေ့ဘာရလဒ်ထွက်ထွက်… လမ်းရှေ့ဆက်လျှောက်ကြပါစို့..

    တက်လည်း မထောင်ဘူး.. စိတ်ဓါတ်လည်းမကျဘူးး…. အဲလို..:)

  • Khin Latt

    March 31, 2012 at 4:21 am

    ” အရင်လိုမဟုတ်လဲ ….
    မင်းကို အရင်လိုဘဲ ….
    လို့ ဆိုပြန်တော့လဲ ….”
    အဲလက်စ် ရဲ့ အရင်လိုဘဲ သီချင်း ကိုဘဲ ညီးလိုက်တော့မယ်။
    မြန်မာပြည်သူ တွေ အများစု ကဘဲ ညံ့နေလား၊ သူတို့ ကဘဲ ကလိန်ကကျစ် ပိုတော်နေလား။
    အခုတော့ ရလာဒ်ကို အရင်စောင့် ရင်း အားမွေးထားကြဖို့ဘဲ ရှိတယ်။ 👿

  • ကြောင်ကြီး

    March 31, 2012 at 9:02 am

    ဟား ဟား… ငတုံးတွေ ကျောက်ခဲရေညှစ်ကြည့်နေဂျတယ်…။

  • alinsett

    March 31, 2012 at 9:31 pm

    ကိုနေဒေါင်းေ၇..ကျေးဇူးပါ။

    သူကြီးပြောတာ သိပ်မှန်ပါတယ် ။ ကျွန်တော်တို ့နဲ ့ ထိုက်တန်တဲ့အစိုးရကို ကျွန်တော်တို ့ရမှာပါ ။

    သူကြီးပြောသလို…တက် လည်း မထောင်သေး..စိတ်ဓါတ်လည်း မကျသေး…တဲ ့စိတ်နဲ ့ နေရမယ် ။
    ကျေးဇူးပါ..သူကြီးေ၇…

    အရီး.လတ်ရေ… မြန်မာပြည်သားတွေ.သိပ် မညံ့ ဘူး ထင်ပါတယ် ။
    ရလဒ်ကို.တော့ စောင့်ကြည့်မယ် ။ အားလည်း မွေးထားရဦးမယ် ..။
    ကျေးဇူးပါ ..။

    ကိုကြောင်.ကြီး.ရေ…
    ဒီတစ်ခါ.တော့ ကျောက်ခဲ.တွေ.. အရည်ပျော်ကျလာလိမ့်မယ် ထင်တယ် ။

    မကျလို ့ကို မရတော့တဲ ့အနေအထားတွေ.ရှိနေမယ် ထင်တယ်လေ…။ဟုတ် တယ် မလား..။

    တုံးတယ်.လို ့ပြောလည်း..ခံရဦးမှာပဲ ဦးကြောင်ရေ…
    လှည့်ကွက်တွေ..ကလည်း..ရိုးမှ မရိုးနိုင်သေးပဲ..ကိုး။။

    အားလုံးကို ခင်မင်လေးစားစွာ.ကျေးဇူးတင်လျက်

  • Khaing Khaing

    March 31, 2012 at 10:09 pm

    အားလုံးကတော့ ပုံစံမျိုးစံနဲ့ ဖော်ကျူးနေကြတယ် ဧပြီ ၁ ရက်နေ့မှာ ဘာတွေဖြစ်မလဲဆိုတာကို ………..

  • alinsett

    April 2, 2012 at 5:55 pm

    ကျွန်တော်တို ့မျှော်လင့်ချက် တစ်ခု တော့…ပြည့်ပြီ ဗျို ့။

Leave a Reply