အခု ပိုစ့်ကတော့ မြှောက်ပေးတဲ့သူ ရှိလို့ ထက တဲ့ ပိုစ့်ပါ လို့ အရင် ပြောပါရစေ။ နောက်ပိုင်းခောတ်မှာ ဓာတ်ပုံ ရိုက်တယ်ဆိုတာ အလွန်လွယ်ကူနေပါပြီ။ အိမ်သုံးနဲ့ ပဲဖြစ်ဖြစ်၊ အပျော်တမ်းပဲ ဖြစ်ဖြစ်၊ ဖုန်းနဲ့ ပဲဖြစ်ဖြစ် ဓာတ်ပုံ ရိုက်ဖြစ် ကြမှာပါ။ဓာတ်ပုံ ပညာ အကြောင်း၊ ကင်မရာ အကြောင်း၊ ပူပူနွေးနွေး ပဲ posing အကြောင်း ကို မြင်ဆရာ၊ သင်ဆရာ၊ ကြားဆရာ တွေ ရေးပြီးခဲ့ ပါပြီ။ ကျွန်တော့် ခုပိုစ့် က သတိထား ရမယ့် အချက် လေးတွေ ပါ။
မူရင်း web page မှာတော့ ၇၈ ချက်လို့ ပြောထားပါတယ်။ ဒီ လေးချက် ကတော့ လက်ရှိ အဖြစ်များ တာလေးတွေ မို့ပါ။ ကိုယ်တိုင် လဲခံ ခဲ့ရပြီး ပြီမို့ … ရွာသူ၊ရွာသား တွေလဲ ကိုယ့်လို မခံ ကြရလေအောင် …. သတိထားပြီး ရိုက်ကြပါစို့။

၁။ ကိုယ်ရိုက်တဲ့ လူ ရဲ့ မုဖ် ကို အတိအကျ နီးပါး ဖမ်းပါ။ မျက်စိ ပိတ်သွားသလား .... ?


၂။ ကိုယ်ရိုက်မယ့် လူရဲ့ ခေါင်း ပေါ်မှာ ထိုးထိုးထောင်ထောင် .. သတိ!!!



စကပ် တို နဲ့ ရိုက်မယ်ဆို .. ခေါင်းတင်မဟုတ် အောက်ကိုပါ သတိ ...



၃။ ကိုယ်ရိုက်မယ့် လူ အထက်ပိုင်း ကို ရေပြင်ညီ မျှဉ်း မဖြတ်ရ ... သတိ !!!


၎။ ကိုယ့် အရိပ် က ကိုယ်ရိုက်မယ့် အရာဝတ္တု သို့ လူ မှာ ပေါ်မနေရ .. သတိ !!!

တစ်ခါ များ လောလော လောလော နဲ့ ရိုက်ထည့်လိုက်တာ .. ကရ၀ိတ် ဟော်တယ်မှာပေါ့။ နိုင်ငံခြားသား ဧည့်သည် က လောကနတ် အရုပ် နဲ့ရိုက်ချင်လို့ပါတဲ့။ ဖိုးရိုက်ချင် က ရိုက်ပေးလိုက်တာ ပြန်ကြည့်တော့မှ လားလား .. လောကနတ် ရဲ့ လက်က သူ့ခေါင်းပေါ်မှာ ဂျို လေးကိုထောင်လို့ … အဲလို အရှက်ကွဲခဲ့ပါကြောင်း ရယ် .. မူရင်း လင့် တော့ပြန်ရှာတာ မတွေ့တော့ဘူး။ ဒေါင်းထားတာလဲ စုပြုံနေပြီး ကြာလဲကြာနေပြီဆိုတော့ :-)

၅။ Frame ... ဘောင်လေး ထည့်ရိုက်ပါ။


၆။ Line .. ရေပြင်ညီဖြစ်ဖြစ်. ဒေါင်လိုက်ဖြစ်ဖြစ် ပါအောင် ရိုက်ပါ။


၇။ Rule Of Third ကို သတိရပါ။


၈။ color စုံနိုင်လေ ပိုကြံ့ခိုင် လေ။


၉။ Patterns လေးတွေ ထည့်ရိုက်ပါ။


၁၀။ Geometric Shapes, တနည်း သုံးပွင့်ဆိုင်။

၁၁။ ပြသလို သော အရာဝတ္တုအား အပေါ်လွင်ဆုံးဖြစ်အောင် ထီးတည်း ထားခြင်း။


၁၂။ ရွှေအချိုး ..

နံပါတ် ၅ က နေ 12 ထိက တော့ Basic Rule လေးတွေပါ။ ထပ်ပြောရရင် ပြောလို့လဲ မကုန်နိုင်ပါဘူး.. ပြောရလောက်အောင် လဲ မသိပါဘူး။ ကျွန်တော် တို့လို အခြေခံ လက်သင်တွေအနေ နဲ့ကတော့ ဒီလို rule လေးတွေကို မှီငြမ်းပြီးရိုက်ရပါတယ်။
ရွာထဲမလဲ မြှောက်ပေးတဲ့သူ ရှိတာကတကြောင်း .ပိုစ့်မတင်ဖြစ်တာ တော်တော်ကြာနေတာကတစ်ကြောင်း… ကြောင့် လျှာရှည် မိပါတယ်။. .. ရွာထဲက ဆြာတွေရေ .. လိုတာလေးတွေ ၀ိုင်းဖြည့် ကြပါဦးလို့ ….။

ယခု ပိုစ့်ဖြင့် .. ဦးစိန်သော့၊ ဒယ်ဒီကြီး နဲ့ တခြား သင်ဆရာ၊မြင်ဆရာ၊ ကြားဆရာ များအား ဂါရ၀ ပြုပါသည်။

အဟီး ..ကျွန်တော့ ပုံလေးတွေ လဲ အားပေးကြပါဥိးနော့ ….

ရွှေမင်းသား နဲ့ ရိုက်ခဲ့ကြတာ။ ဥိးပိန် တံတားအဆင်း နားမှာ။


ဦးပေါက်၊ ဦးစိန်သော့၊ ရွှေမင်းသား၊ Mလုလင်.. ဦးပိန် တံတား ပေါ်ကရိုက်သည်။


မပါမဖြစ် တို့ချစ်ချစ်


အပြစ်ကင်းတဲ့ အပြုံး ...


အဆုံးမဲ့ ခရီး ကို သံသရာ ဟုခေါ်သည်။


တကယ်ပြီးပါပြီ … 8-) . 8-)

လေးစားစွာဖြင့်
Mလုလင်

About Mလုလင်

has written 50 post in this Website..

ဓာတ်ပုံရိုက်ရတာ ကိုကြိုက်တယ်။