စဉ်းစားကြစေလိုပါတယ် ( ၁၆ ) ( ဗီယက်နမ် လွမ်းချင်း )

Foreign ResidentMarch 31, 20122min14515

စဉ်းစားကြစေလိုပါတယ် ( ၁၆ ) ( ဗီယက်နမ် လွမ်းချင်း )

 

အင်း ဒီဓါတ်ပုံလေး ကတော့

အဘ သူငယ်ချင်းက E-mail နှင့် ပို့ပေးလိုက်တာပါကွယ် ။

ဗီယက်နမ် က ကြော်ငြာလေး တစ်ခု တဲ့လေ ။

 

ဗီယက်နမ် ဇနီး ဝယ်ကြအုန်းမလား ။ ဒေါ်လာ ခြောက်ထောင် ကျမယ် ။

 

 

 

ဗီယက်နမ် ဇနီး ဝယ်ကြအုန်းမလားတဲ့ ။

ဒေါ်လာ ခြောက်ထောင် ကျမယ်တဲ့ ။

( ၁ )  အပျို ဖြစ်ကြောင်း အာမခံတယ် ။

( ၂ )  ရက် ၉ဝ အတွင်း အရောက်ပို့ပေးမယ် ။

( ၃ )  အပို ထပ်ကုန်စရာ Hidden Cost မရှိဘူး တဲ့ ။

( ၄ )  တနှစ်အတွင်း ထွက်ပြေးသွားရင် နောက်တစ်ယောက် အစားထိုးပေးမယ်တဲ့ ။

 

ဖွံဖြိုးပြီး နိုင်ငံမှာ နေနေတဲ့ သူ တွေကို target ထားပြီး

ဖွံဖြိုးပြီး နိုင်ငံ တွေကို ပြောင်းရွေ့နေချင်တဲ့ သမီးပျိုလေးတွေ နေမပေါ့လေ ။

 

ဗီယက်နမ်သူလေးတွေ ချောချက် လှချက် ကတော့ ရက်စက်တယ် ။

အဘ ကိုယ်တွေ့ပဲ ၊ အကြောလေးတွေက စိမ်းပြီး ၊

ပြည့်တင်း ဖူးနု ပြီး ၊ တကယ့်ကို ပန်းရောင်လေးကို သမ်းနေတာ ။

အင်း ပြောရင်း ဆိုရင်း ဗီယက်နမ် ကို လွမ်းလာဘီ ။

 

အင်းးးးး

ရက် ၉ဝ အတွင်း အရောက်ပို့ပေးမယ် ဆိုတာကတော့ မလွယ်ပါဘူးကွယ် ၊ မထင် ။

အဘ ကိုယ်တိုင် ဩဇီ Spouse / Migration Visa လုပ်ခဲ့တာ ( ရ ) လ လောက်ကြာတယ် ။

Visit နှင့်ပဲ ဝင်မယ် ဆိုရင်တော့ မပြောတတ် ။

 

ဩဇီက လူလည်တွေကတော့

သူတို့က ဒေါ်လာ ခြောက်ထောင် ပေးရပြီး တော့ မိန်းမ ယူမယ် မထင် ။

သူတို့ကို ဒေါ်လာ ခြောက်သောင်း ပေးပြီး တော့တောင် မိန်းမ လာစပ်နေတာပဲဟာ ။

 

အခုပေါက်ဈေးက ဩဇီက ယောက်ကျား တစ်ယောက်ကို ယူမယ်ဆိုရင်

ဒေါ်လာ ခြောက်သောင်း နှင့် ခုနှစ်သောင်း ကြား ပေါက်တယ် ကြားတယ် ။

 

အဘ အသိ Refugee ဒုက္ခသည် PR ကောင်လေးတစ်ယောက်ကိုတောင် ၊

ဩဇီမှာ ဘွဲ့ရပြီးတဲ့အထိ ကျောင်းတက်ပြီးပေမယ့်

PR ရဖို့ အဆင်မပြေဖြစ်နေတဲ့ မြန်မာ အမျိုးသမီး တစ်ယောက်က

ဒေါ်လာ လေးသောင်း ပေးပြီး သူ့ ( သူမ ) ကိုယူဖို့

ကမ်းလှမ်းတဲ့ အကြောင်းတော့ သိတယ် ။

 

ထားပါလေ ။

အဲဒါတွေက လောလောဆယ် ( လောလောဆယ် ) အဘ နှင့် မဆိုင်သေးပါဘူး ။

ဟီဟိ ၊ Home Minister ကခွင့်ပြုရင်တော့ ၊

အဘ လည်း ငွေ တလုံးတခဲတည်း မျိုးမျိုး မြက်မြက် လေးရအောင်

မိန်းမ ထပ်ယူရင် ကောင်းမလားလို့ ။

ငယ်ပြီး ၊ ချောမယ် ၊ နောက် ၂ နှစ်အကြာမှာ ပြန်ကွာပေးမှာသေချာရင်တော့ ၊

ဈေးကို ပက်ပက် စက်စက် ( ခေါက်ချိုးလောက်ပေါ့ ) ချပေးဖို့ ဝန် မ လေးပါဘူး ။

ဟီဟိ ၊ နောက်နေတာနော် ၊ မိန်းမ ကြားသွားအုန်းမယ် ။

 

အဲဒါလေးတွေ ဖါတ်ဖြစ်တော့ ၊

ရွာသူားတွေ ဗဟုသုတ လဲရစေ ၊

အဘ ကြုံခဲ့တဲ့ ဟာသလေးလည်း ဝေငှချင်လို့ပါ ။

 

အင်တာနက်ပေါ်မှာ ဒါမျိုး ကြော်ငြာနေတဲ့ ကုမ္ပဏီတွေ များပါ့ ။

တစ်ခါတုန်းက အဘ လည်း ဩဇီ ရောက်ခါစ

နားမလည် ပါးမလည် မနူးမနပ် အချိန်တုန်းကပေါ့

စပ်စုပြီး / စနောက်တဲ့ အနေနှင့်ရော

တရုတ် မိန်းကလေးတွေ ရမယ် ဆိုတဲ့ ကုမ္ပဏီ Web Site တစ်ခုမှာ ဝင်ပြီး

ကိုယ်လိုချင်တဲ့ အသက် နှင့် ပုံစံ ကိုဖြည့်လိုက်မိတာ ။

 

အဘ IP Address က ဩဇီ ကလာမှန်း သိလေတော့ ။

လာလိုက်တဲ့ ကမ်းလှမ်းစာတွေ နှင့်

ပုံစံ မျိုးစုံ နှင့်ရိုက်ထားတဲ့ ဓါတ်ပုံတွေ ဆိုတာ ။

တစ်နှစ်လောက် ဘာသံမှ အကြောင်း မပြန်ရဲဘဲ ပုန်းနေရတယ် ။

 

ကျေးဇူးရှင်တွေက အဘ ရဲ့ E-mail Address ကို

နောက် ကုမ္ပဏီ တွေကိုပါ ဖြန့်လိုက် / ရောင်းလိုက်လား မသိပါဘူး ။

နောက်ပိုင်းမှာ တရုတ် ကုမ္ပဏီတွေတင်မကတော့ဘဲ ၊

ရုရှား တို့ ၊ ဗီယက်နမ် တို့ ၊ အရှေ့ဥရောပ နှင့်

အာဖရိက အပါအဝင် နိုင်ငံပေါင်းစုံက ကုမ္ပဏီတွေ ပါ ပါလာပြီး ။

ကမာ္ဘ့ လူမျိုး ပေါင်းစုံ နှင့် စပ်ဟပ်ကြတော့တာပဲ ။

 

အဘ မိန်းမ ရှေ့မှာ အဘ ရဲ့ E-mail ကိုတောင် မဖွင့်ရဲတော့ဘူး ။

” ဖင်ယားတဲ့ အမူ မှာ အာမခံ မရှိဘူး ” ဆိုတာ အဲဒါကို ပြောတာ ထင်တယ် ။

စိတ်လေတယ် ။

 

အဘ ကို ဝိုင်းဆဲကြတော့မှာပဲ ။

ပျော်စေ ပျက်စေ ပါကွယ် ။ ဟာသ အနေနှင့် ရေးတာပါကွယ် ။

အမြဲတမ်း အတည်အခန့် တွေရေးနေရင်လည်း စိတ်မွန်းကျပ်တယ်ကွယ် ။

 

တော်သေးဘီ ။

အဘ Foreign Resident ။

15 comments

  • water-melon

    March 31, 2012 at 9:04 am

    အဘဖော
    သိပ်နားမလည်လို့
    ဩဇီက တော်တော်မိုက်တယ်ပေါ့
    ဩဇီမှာ ဘာလို့နေချင်ကြတာလဲ
    ပြီးတော့ ဩဇီက ဘာအခွင့်အလမ်းတွေပေါလဲ အကျိုးကျေးဇူးကရော
    ကျေးဇူးပြုပြီးဖြေပေးပါချင့်

    • Foreign Resident

      April 1, 2012 at 5:24 am

      ဖရဲရေ
      ဩဇီက သိပ်မိုက်တယ်လို့ ၊ အဘ မပြောနိုင်ပေါင်ကွယ် ။
      သူ့ အကြိုက် နှင့် သူ ။ သူ့ အမြင်နှင့် သူ ။ ပေါ့နော် ။

      ဩဇီက ဘာကောင်းလဲ ဆိုတဲ့
      ဖရဲ ရဲ့ မေးခွန်း က အရမ်းကျယ်ပြန့်တဲ့အတွက်
      အဘ Post တစ်ခု ရေးပြီး ပြန်ပါ့မယ်ကွယ် ။
      ခဏတော့ သည်းခံ စောင့် ပါအုန်းကွယ် ။

  • ဦးဦးပါလေရာ

    March 31, 2012 at 9:17 am

    ကိုရင်ဖေါရင်းရဲ့ ပျော်စေပျက်စေလေးကိုဖတ်ရတော့
    ဖွံ့ဖြိုးမှု့ကွာဟတဲ့ နိုင်ငံတွေကြားက အဲဒီနိုင်ငံသားအသီးသီးရဲ့
    ကံကြမ္မာချင်းကွာခြားပုံကို ဆွဲဆန့်တွေးမိတယ်။

    ဖွံ့ဖြိုးဆဲနိုင်ငံသားတချို့အဖို့
    ကိုယ့်တယောက်စာ စားနိုင်သုံးနိုင်နေနိုင် လို့
    ကိုယ့်အတွက်တော့ ဆင်းရဲမွဲတေမှု့ကျိန်စာဆိုးက လွတ်ပြီလို့ဆိုနိုင်ပေမယ့်
    ကိုယ်ဘယ်လိုနိုင်ငံအမျိုးအစားမှာနေရတယ်
    ကိုယ်ဘယ်လိုနိုင်ငံအမျိုးအစားမျိုးက နိုင်ငံသားဖြစ်တယ် ဆိုတဲ့အရိပ်အောက်ကတော့
    မလွတ်ပါဘူး..။
    ဒါကြောင့် ပြည်တွင်းနေ နိုင်ငံသား သူဌေးနီးပါးတွေ၊ သူဌေးပေါက်စတွေ
    ကိုယ့်အခြေအနေကိုယ်သာယာမနေပဲ ကိုယ့်တိုင်းပြည်ပြုပြင်ရေးအတွက်
    ကိုယ်နေတဲ့အိမ်လိုသဘောထားပြီး အားကြိုးမန်တက်လုပ်သင့်ကြတယ်။

    ဟာသကို ငိုချင်အောင်ပြောတာ
    ဇာဂနာပြီးရင် ကိုဖေါရင်းက ဒုတိယပဲ…။ 😀

  • windtalker

    March 31, 2012 at 8:25 pm

    ဖင်ယားတဲ့ အမှု အာမခံချက် မရှိတာတော့ အမှန်ဘဲ လို ့ရပ်ကွက်ထဲမှာ ပြောကြတယ် ။ ကျုပ် တို ့ရွာထဲ က ပေါက်ဖော် က လဲ ခဏခဏပြောတယ် ဗျ ။ ဒေါ်လာခြောက်ထောင်သာ အမှန်ဆိုရင် ။ အင်း အဘ တို ့နဲ ့ကျုပ် တို ့လုနေရမယ် ထင်ပါရဲ ့ဗျာ ။ ဟီဟိ ။ စတာနော ။

    • Foreign Resident

      April 1, 2012 at 5:18 am

      နေပါ့စေ မေါင်ပေ ရာ ။
      ကိုယ်က လုပ်ကိုင် ရှာဖွေ ကျွေးမွေး ရမယ် ဆိုရင်တော့ ၊
      မိန်းမ မယူပါရစေ နှင့်တော့ကွယ် ။ အဘ ပင်ပန်း ၊ အသက်ကြီး လှပါပြီ ။
      မေါင်ပေတို့ပဲ ယူလိုက်ပါတော့ကွယ် ။ အဘ ရှောင်ပေးပါတယ် ။

      အဲ ၊ အဘ ကို ရှာဖွေ ကျွေးမွေး မယ် ၊
      မာစေးဒီး အသစ် နှင့် ဒေါ်လာ သန်းချီတန် အိမ် နှင့် ထားမယ် ဆိုရင်တော့ ။
      ဟီဟိ ။ နောက် နှစ်ယောက်လောက်တော့ ။ ဟီဟိ ။ ရအုန်းမယ် ထင်တယ် ။

  • kai

    April 1, 2012 at 6:14 am

    ဒါကိုဖတ်ကြပြီး. နိုင်ငံတကာက.. သူဌေးတွေကို.. . မြန်မာပြည်ထဲဝင်လာစေဖို့.. ဒေါ်လာ၂သိန်းရင်းနှီးမြုတ်နှံရင်.. ခွင့်ပြုသင့်တယ်ဆိုတာ.. များနေမလားထင်မိတယ်..
    မြန်မာပြည်အဆင့်နဲ့.. ၁သိန်းလောက်ဆို တော်တော်..တော်တန်နေပြီလို့ ပြန်ပြင်တွေးမိတယ်.. 😕

    အင်း..
    ငွေ…ငွေ..
    =
    စကားအတင်းစပ်ပြောရရင်..
    ဩဇီအပါအဝင် ယူအက်စ် ကစစ်ဒဇင်တယောက်က.. ဒေါ်လာ သောင်း..တချို့သိန်းဂဏန်း.. အသာလေးတန်ပါတယ်ကွယ်..
    စစ်ဒဇင်တယောက်အတွက်.. ဆိုင်ရာအစိုးရက.. ဒေါ်လာ သိန်းဂဏန်းပေးပစ်ဖို့ဝန်မလေးတဲ့..အကာအကွယ်တွေရှိသလို… ဒေါ်လာ၁သိန်းလောက်တော့.. အသာလေး.. အကြွေးတွေကနေ လှည့်ယူလို့ရနိုင်ပါသေးတယ်..။
    အဲ..
    စစ်ဒဇင်တယောက် ထဖေါက်ရင်.. အစိုးရခမျာ.. ဒေါ်လာသန်းရာချီလည်း ကုန်တတ်ပါတယ်..
    မယုံရင်. ယူအက်စ်စစ်ဒဇင်တယောက်.. အိမ်ဖြူတော်ရှေ့.. သွားထိုင်ပြီး အစာငတ်ခံဆန္ဒပြကြည့်ပါလား..
    ၁ဝရက်ပြည့်လို့ မူးလဲတာနဲ့တင်.. အစိုးရခမျာ..နောက်ကြောင်းလိုက်တာ.. ပြင်ဆင်တာတွေနဲ့တင်.. ဝန်ထမ်းစရိပ်.. ဒေါ်လာ ၁သန်းဖိုးလောက်.. အပိုကုန်နေပြီ.. :mrgeen:

    အယ်ကိုင်ဒါနဲ့ဆက်သွယ်တဲ့.. ယူအက်စ်စစ်ဒဇင်များဆို.. တယောက်.. သန်း၁၀ဝလောက်ရင်းပြီး.. စီအိုင်အေက.. အလုပ်လုပ်နေကြရတာ..။

    • MaMa

      April 1, 2012 at 8:57 am

      မေတ္တာရှင်ဆရာတော် ဇဝန ဟောကြားတဲ့
      လူဖြစ်လာတာ ဘာလုပ်ဖို့လဲ ဆိုတဲ့ တရားကို နာကြည့်လိုက်ရင်
      ငွေ ငွေ ငွေ တွေ နောက်ကို မမောနိုင်အောင်လိုက်နေတာတွေ….
      လျော့သွားလိမ့်မယ်ထင်တယ်။
      မြန်မာနိုင်ငံမှာ ကိုယ့်ကိုကိုယ် သတ်သေတာတွေ နည်းပါတာ
      (ကိုယ့်အထင်) ဟာ လောဘနည်းလို့ လို့ ထင်မိပါတယ်။
      (သဂျီးရေ- သုံးကိုယ်ခွဲဆိုတဲ့ လက်နက်ကြီးနဲ့တော့ ကိုင်မပေါက်နဲ့ဦး။) 🙁

      • kai

        April 2, 2012 at 6:39 am

        ငွေရဲ့သဘောသဘာဝကို.. ဆရာတော်နားမလည်ဘူးလို့.. ထင်မိပါတယ်..(ဒါမှမဟုတ်) ဆရာတော့်တရားပြန်ပြောဟောသူတွေ.. နားမလည်ဖြစ်နေပုံရပါတယ်.။
        ငွေဟာ.. တကယ်တော့.. လူ့လောကရဲ့..ပြောမရ..မြင်မရတာတွေကို.. အဖြစ်နိုင်ဆုံးတိုင်းတာပေးတဲ့..” စံနှုန်း”တခုပါပဲ..
        ဒီစံနှုန်းကို.. သိသာအောင်.. ကိန်းဂဏန်းတွေ..စာရွက်ပေါ်မှာပုံနှိပ်ပြီး တိုင်းတာပြတယ်..(ငွေစက္ကူ)
        အခုနောက်ပိုင်းတော့.. ဒစ်ဂျစ်တယ်နဲ့.. ဘယ်မှာမှကိုင်တွယ်ပြလို့မရတဲ့.. 01 (သုံညနဲ့တစ်) ဒစ်ဂျစ်လေးတွေနဲ့… တိတိကျကျပြလို့မရတဲ့..နေရာမှာသိမ်းထားတယ်..။ ထုတ်ပြတယ်.. (ဒက်ဘစ်၊ ခရက်ဒစ်ကဒ်)
        နာမ်သဘောပါပဲ..
        ရုပ်အနေနဲ့ကြည့်ရင်.. သတ္တုပြား(HDD).. မက်ဂနက်တစ်တိတ်.. တွေပေါ်မှာပါ…။ (ဆာဗာ)

        ဒါကို ..သေသေချာချာနားမလည်တော့.. ပညက်ကို.. အရကောက်မှားတော့တာပါ..

        ဒါကြောင့်..
        မြန်မာပြည်က ရဟန်းသံဃာတွေ.. ငွေအကြောင်းနားလည်ဖို့.. စီးပွားရေးဘွဲ့တွေယူသင့်… သင်ကြားသင့်တယ်..လို့ပြောပြောနေတာပေါ့…။ :mrgreen:

        • Foreign Resident

          April 2, 2012 at 6:53 am

          ဓမ္မကထိက ဆရာတော် ဘဒ္ဒန္တ ဘုန်းဘုန်း Kai ကွ 😛

        • ဖားသက်ပြင်း

          April 2, 2012 at 7:23 am

          ဘစ်ဇနက်စ်အက်ဒမင်နစ်စွေးရှင်း ကိုစ့်စစ် ဖော်
          ဘဒ္ဒန ္တ(စ်)
          ဘိုင်
          မစ္စတာ ခိုင်…

          😀

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 1, 2012 at 9:13 am

    လေးဆယ့်ရှစ်သိန်းလားအဘရဲ့တော်ဘီဒါမျိုးဆိုမြန်မာမှာ စကီငါးယောက်လောက်ယာယီတွဲလို့ရတယ်
    ဆက်သွယ်တော့ဘူး ……. စဂါးမဇပ်….ဘဖောရေ….. ဒီကြော်ငြာကြီးက ဟယူးမန်းထရပ်ဖစ်ကင်းနဲ့မငြိနေ
    ဘူးလားလို့……. အလကားရရင်တော့ပုံမှာပါတဲ့ကောင်မလေးတွေအကုန်သာပို့လိုက်…..လောလောဆယ်
    အိမ်မှာတစ်ယောက်တည်းထမင်းနပ်မမှန်ဘူးဆိုတော့သူတို့လေးတွေလာရင်….အဟိ….
    ဝတ်လျှော်…အိမ်ရှင်း…မင်းချက်….??????????ငါးယောက်ဆိုတော့ ကျန်နှစ်ယောက်ကိုဘာလုပ်ရင်
    ကောင်းမလဲအဘ …. ရှမ်းပြည်သားတို့အဲဘက်မှာသိပ်မကျွမ်းလို့….ကျောင်းသာပြီးတယ်….အမြည်းလေး
    တောင်မသိလိုက်ရဘူး……………….

    • Foreign Resident

      April 2, 2012 at 7:37 am

      မိုင်ဆွန်ခ ရဲ့

      ဟယူးမန်းထရပ်ဖစ်ကင်း Human Trafficking ဆိုတာက
      ကာယကံရှင်ရဲ့ သဘောတူမှုမရပဲ
      အတင်းအကြပ် ဒါမှမဟုတ် လိမ်လည်ဖျားယောင်းပြီး
      အကျိုးအမြတ်ယူ ရောင်းစားမှ ဖြစ်မှာပါကွယ် ။

      အခု ကိစ္စက အဲဒီကောင်မလေးတွေ ကိုယ်နှိုက်ကိုက
      ဖွံ့ဖြိုးပြီး နိုင်ငံက ယောက်ကျားတွေကို
      အသေပဲရရ အရှင်ပဲရရ ဖြစ်နေတာပါကွယ် ။

      အင်းးးးး မြန်မာတွေအပေါ်မေါက်မာပြီး လူရာသွင်းလေ့ မရှိတဲ့ မာန်မာန ကြီးလှပါပြီ ဆိုတဲ့
      Singaporean စင်္ကာပူမတွေ ၊ Hong Kong ဟောင်ကောင်မတွေ ၊
      သူတို့ မြို့ကို အမေရိကန် အမှတ် ( ရ ) ရေတပ် လာလည်တဲ့ အချိန်တွေမှာ
      အဲဒီက ရေတပ်သား ( ကပ္ပလီ ) တွေရဲ့ ( ပစ္စည်း နဲ့ ) ထိခွင့်ရလိုက်ရင်ပဲ
      လူဖြစ်ကျိုးနပ်ပါပြီ ၊ သေပျော်ပါပြီ ၊ ဆိုတဲ့ သဲသဲလှုပ် ပုံစံတွေ
      အဘ က မြင်ဘူးပေါင်းများလို့ ရိုးနေပါပြီကွယ် ။

      ပြီးခဲ့တဲ့ နှစ် အဘ စင်္ကာပူ သွားလည်ခဲ့တုန်းကလည်း
      အဘ ရဲ့ အနီရောင် ရွှေပြည်ကြီး ရဲ့ Passport စာအုပ်ကြားမှာ
      တစ်လ နေပါမယ်လို့ ရေးထားမိလိုက်တဲ့ White Card လေးကြားညပ် ပြီး
      စလုံး Immigration ကုလားမ ကို တင်ပြလိုက်တဲ့ အချိန်မှာ ။

      အနီရောင် ရွှေပြည်ကြီး ရဲ့ Passport စာအုပ် ရဲ့ တန်ခိုးကြီးမားလှတဲ့ မျက်နှာတော်ကြောင့်
      ” မင်းက စင်္ကာပူ မှာ တစ်လ တောင်နေပြီး ဘာလုပ်မှာလဲ ” လို့
      မလိုလားတဲ့ မျက်နှာ နှင့် သဟောက်သဟန်း မေးခွန်းဟာ ။

      အဘ ရဲ့ ” ငါက ဩဇီ Permanent Resident ပါ ၊ ငါ စင်္ကာပူ ကို အလည်လာတာပါ ၊
      မင်းမှာ အဲဒီအတွက် ပြဿနာ ရှိသလား ” လို့ ပြန်မေးလိုက်တဲ့ အချိန်မှာ
      အဘ ရဲ့ ဩဇီ PR စတစ်ကာ ကို လှန်ကြည့်ပြီးတဲ့နောက်မှာ
      ချက်ချင်းပြောင်းသွားတဲ့ အဲဒီ စလုံး ကုလားမ ရဲ့ မျက်နှာ နှင့်
      ” ငါတာဝန်အရ မေးရတာပါ စိတ်မဆိုးပါနှင့် ” ဆိုတဲ့
      ချက်ချင်းပြောင်းသွားတဲ့ အသံ Tone တွေဟာ
      ရုပ်ရှင်ထဲမှာ အကယ်ဒမီခန်းကို နှစ်ကိုယ်ခွဲပြီး သရုပ်ဆောင်နေသလိုပါပဲကွယ် ။

      အမျိုးဂုဏ် ဇာတိဂုဏ် မြင့်မားရေး ဒို့အရေး ဆိုတာကို
      ကိုယ့်ပြည်တွင်းမှာ လိပ်ခေါင်းထွက်အောင် အော်နေယုံနှင့်တော့ ။
      သူများတိုင်းပြည်မှာ အိမ်ဖေါ် ၊ ကျွန် ၊ ဖာ သွားလုပ်နေရရှာတဲ့
      ငမွဲ ငတုံး နိုင်ငံသားလေးတွေရဲ့ ဂုဏ်ရောင်က ထွန်းပြောင် မလာပါဘူးကွယ် ။

      အဲဒီ ကောင်မလေးတွေဟာ မှားယွင်းတဲ့ စံနစ်ရဲ့ သားကောင်လေးတွေပါ ။

  • ကြောင်ကြီး

    April 2, 2012 at 7:30 am

    ဗလချိုက်မတွေက ချောတာထက် အသားအရည်ကောင်း၊ ကိုယ်လုံးသွယ်လျတာ။ ရုပ်ရူပကာ ကိုတော့ဖြင့် သိပ်မကြိုက်ပေါင်.. လူတကိုယ် အကြိုက်တမျိုးပေါ့လေ…။ မျက်နှာပေါက်မှာဆိုရင် တချို့ထိုင်းမတွေကို ကြိုက်တယ်။ အကုန်လုံးတော့ မဟုတ်ဘူး.. ဥပမာ – ထိုင်းဝန်ကြီးချုပ် ယင်လပ်ဆိုရင် ချောပေမဲ့ သူမျက်နှာပေါက်မျိုး ကြိုက်ဖူး။ ချောတာတွေ ပြည်တွင်းထဲက ပြောပါဆိုရင် ရခိုင်မတွေထဲမှာ တော်တော်ချောတာ တွေ့ဖူးတယ်၊ ချင်းမတွေလည်း ချောလိမ့်မယ်။ ရုပ်ရူပကာ၊ ကိုယ်လုံးကိုယ်ပေါက်၊ အသားအရည် ကောင်းခြင်းတွေစုံတာကိုပြောတာ။ ကုလားနဲ့ မွန်၊ ကုလားနဲ့ရှမ်း၊ ကုလားနဲ့တရုတ်သွေး စပ်ရင်လည်း ချောသဗျ.. သူတို့ကောင်းပုံက ဖွံ့ထွားကြီးတွေ.. ကြံ့ဖွံ့ပါတီဝင်တွေက နာမည်ပဲရှိတာ..တကယ်က အဲဒီကပြားအစပ်မတွေမှ…။ ကြားဖူးတာ ပုရိသတွေ အမေရိကန်ရောက်ခါစ သတင်းစာတွေမှာကြော်ငြာတဲ့ escortဆားဗစ်ဓာတ်ပုံတွေကြည့်ပြီး ဘာမှန်းညာမှန်းမသိဘဲ shemale ဆိုတာကို ဈေးကြီးပေး တယ်လီဖုံးဆက် လှမ်းခေါ်တယ်။ ဖြတ်ဖောက်ချုပ်မှန်းသိတော့မှ ပက်လက်လန်ကုန်ဂျတယ်။ 😆

    • Foreign Resident

      April 2, 2012 at 8:02 am

      ဦးကြောင်ရဲ့

      လူမျိုး အားလုံးမှာ ချောသူတွေ ရှိကြပါတယ် ။
      အာရှမှာ စစချင်း တိုးထွက်လာတာ ဖဦးထုပ် Philippines မတွေပေါ့
      စစချင်းမှာတော့ သူတို့က သစ္စာ မေတ္တာ ဇတ်လမ်း ရိုက်ခဲ့ကြပြီး ၊
      နောက်ပိုင်း တဖြေးဖြေး စာတတ်လာတော့
      သေတ္တာ ( ငွေ ) ဇတ်လမ်း ကိုပဲ ရိုက်ကြတော့တာပဲ ။
      သိပ် Materialism ဆန်သွားတော့လည်း ၊
      ဘယ်လိုမှကို Feel သွင်းလို့မရတော့ဘူးပေါ့ဗျာ ။

      သူတို့နောက်မှာတော့ ယပက်လက် Thai မ တွေပေါ့ဗျာ ။
      အခု ယပက်လက် Thai မ တွေလဲ အရမ်း Materialism ဆန်သွားပြီဗျ ။

      လောလောဆယ် အရိုးခံ သစ္စာ မေတ္တာ စိတ်လေး နဲနဲ ကျန်တာဆိုလို့ ၊
      ဗီယက်နမ် နှင့် ကမ်ပူချား လောက် ကျန်တော့တာလားဗျ ။
      ဒါကြောင့် မို့လို့ အဘ က ။ ဟီဟိ ။ သူတို့ လေးတွေ ကိုပဲ ။ ဟီဟိ ။

  • ဖားသက်ပြင်း

    April 2, 2012 at 8:10 am

    သူတို့ မြို့ကို အမေရိကန် အမှတ် ( ရ ) ရေတပ် လာလည်တဲ့ အချိန်တွေမှာ
    အဲဒီက ရေတပ်သား ( ကပ္ပလီ ) တွေရဲ့ ( ပစ္စည်း နဲ့ ) ထိခွင့်ရလိုက်ရင်ပဲ
    လူဖြစ်ကျိုးနပ်ပါပြီ ၊ သေပျော်ပါပြီ ၊ ဆိုတဲ့ သဲသဲလှုပ် ပုံစံတွေ

    သများလည်းဘဲ…
    2012 World Figure Skating Championships
    မှာ ဆုနဲ့ လွဲခဲ့တဲ့ ..အအိချိခဲန် အခြေစိုက် အာစဒ ဆဲန်းရှူး ..မူရခမိ ဆဲန်းရှူး
    တီယောက်ယောက်နားမှာများ တခဏ လောက် နေရမယ်ဆို သေပျော်ပါဘီလေ…
    😀

    (မှတ်ချက်။ တခဏ= နှစ်ပေါင်း၅၀)

    အာဟိ

Leave a Reply