နာမည်ကြီးကစားသမားများ ဒဏ်ရာရစာရင်းများ

guestktyJune 10, 20101min550

ကမာ္ဘ့ဖလား ပြိုင်ပွဲ စတင်ရန် တစ်ရက်သာ လိုတော့သည့် အချိန်တွင် ပြိုင်ပွဲဝင် ဘောလုံး အသင်းများမှ ဒဏ်ရာ ရရှိနေသည့် နာမည်ကြီး ကစားသမားများ နောက်ဆုံး လူစာရင်းကို Goal.com International မှ စုစည်း တင်ပြလိုက်ကြောင်း တွေ့ရသည်။

အချို့ ကစားသမား များမှာ ပြိုင်ပွဲကြီး တစ်ခုလုံးကို လွဲချော်မည့် သူများဖြစ်ပြီ အချို့မှာ ပွဲစဉ် တစ်စိတ် တစ်ပိုင်းကို လွဲချော်ဖွယ် ရှိသည့် သူများ ဖြစ်ကြသည်။ အဆိုပါ လူစာရင်းအား Soccer Myanmar ပရိသတ်များ အတွက် ပြန်လည် ရေးသား ဖော်ပြလိုက် ရပါသည်။

မိုက်ကယ် ဘောလက် (ဂျာမနီ)

အသက် – ၃၃ နှစ်
နေရာ – ကွင်းလယ် ဗဟို
ကလပ် – ချယ်လ်ဆီး
ဒဏ်ရာ – ချယ်လ်ဆီး၏ FA ဖလား ဗိုလ်လုပွဲတွင် ညာဘက် ဒူးအရွတ် ဒဏ်ရာ ရသွားခြင်း ဖြစ်သည်။
ဖြစ်နိုင်ခြေ – ပြိုင်ပွဲ တစ်ခုလုံး လွဲချော်မည်။

အာဂျန် ရော်ဘင် (ဟော်လန်)

အသက် – ၂၆ နှစ်
နေရာ – ကွင်းလယ် တောင်ပံ
ကလပ် – ဘိုင်ယန်မြူးနစ်
ဒဏ်ရာ – ဟန်ဂေရီနှင့် ခြေစမ်းပွဲတွင် တံကောက်ကြော ဒဏ်ရာ ရရှိသွားခြင်း ဖြစ်သည်။
ဖြစ်နိုင်ခြေ – ဒိန်းမတ်နှင့် အဖွင့်ပွဲစဉ်အား လွဲချော်မည်။ ကျန်ပွဲများတွင် ပါဝင်နိုင်ရန် အသင်းမှ မျှော်လင့်နေသည်။

ဂျွန်အိုဘီ မီခေးလ် (နိုက်ဂျီးရီးယား)

အသက် – ၂၃ နှစ်
နေရာ – ကွင်းလယ်
ကလပ် – ချယ်လ်ဆီး
ဒဏ်ရာ – ဒူးဒဏ်ရာ ခွဲစိတ်ကုသ ပြီးနောက် အချိန်မီ ပြန်ကောင်း မလာခြင်း ဖြစ်သည်။
ဖြစ်နိုင်ခြေ – ကာလရှည် ဒဏ်ရာ ဖြစ်မသွား စေရန် ကမာ္ဘ့ဖလား လူစာရင်းမှ ပယ်ချလိုက်ပြီဟု အသင်းမှ ထုတ်ပြန်ကြေညာ ခဲ့သည်။

နာနီ (ပေါ်တူဂီ)

အသက် – ၂၃ နှစ်
နေရာ – ကွင်းလယ် တောင်ပံ
ကလပ် – မန်ယူ
ဒဏ်ရာ – ပေါ်တူဂီ အသင်း၏ လေ့ကျင့်ရေး အစီအစဉ်တွင် ဘယ်ဘက် ညှပ်ရိုး ဒဏ်ရာရ သွားခြင်း ဖြစ်သည်။
ဖြစ်နိုင်ခြေ – ပြိုင်ပွဲ တစ်ခုလုံး လွဲချော်မည်။ သူ၏ နေရာတွင် ဘင်ဖီကာမှ ရူဘင် အာမိုရင်ကို အစားထိုး ရွေးချယ်ခဲ့သည်။

အန်ဒရက်စ် အင်နီယေစတာ (စပိန်)

အသက် – ၂၆ နှစ်
နေရာ – ကွင်းလယ်
ကလပ် – ဘာစီလိုနာ
ဒဏ်ရာ – ပိုလန်နှင့် ခြေစမ်းပွဲတွင် ညာဘက် ပေါင်ကြွက်သား ဒဏ်ရာ ရရှိသွားခြင်း ဖြစ်သည်။
ဖြစ်နိုင်ခြေ – ဆွစ်ဇာလန်နှင့် အဖွင့်ပွဲစဉ်အား လွဲချော်မည်။

အလက်ဇန္ဒား ဖရိုင်း (ဆွစ်ဇာလန်)

အသက် – ၃ဝ နှစ်
နေရာ – တိုက်စစ်မှူး
ကလပ် – ဘေဆယ်
ဒဏ်ရာ – ဆွစ်ဇာလန် အသင်း၏ လေ့ကျင့်ရေး အစီအစဉ်တွင် ဒူးဒဏ်ရာ ရသွားခြင်း ဖြစ်သည်။
ဖြစ်နိုင်ခြေ – စပိန်နှင့် အဖွင့်ပွဲစဉ်အား လွဲချော်မည်။ ကျန်ပွဲများတွင် ပါဝင်နိုင်ရန် အသင်းမှ မျှော်လင့်နေသည်။

ဒီဒီရာ ဒရော့ဘာ (အိုင်ဗရီကို့စ်)

အသက် – ၃၂ နှစ်
နေရာ – တိုက်စစ်မှူး
ကလပ် – ချယ်လ်ဆီး
ဒဏ်ရာ – ဂျပန်နှင့် ခြေစမ်းပွဲတွင် ညာဘက် တံတောင်ဆစ် ဒဏ်ရာ ရရှိသွားခြင်း ဖြစ်သည်။
ဖြစ်နိုင်ခြေ – ကစားသမား ကိုယ်တိုင်က ပြိုင်ပွဲ တစ်ခုလုံး လွဲချော်မည်ဟု ဝန်ခံခဲ့သည်။ သို့သော် အသင်းက သူ၏ ဒဏ်ရာကို ခွဲစိတ် ကုသပြီး တောင်အာဖရိကသို့ ခေါ်ဆောင်လာသည်။

ရီယို ဖာဒီနန် (အင်္ဂလန်)

အသက် – ၃၂ နှစ်
နေရာ – နောက်တန်း ဗဟို
ကလပ် – မန်ယူ
ဒဏ်ရာ – အင်္ဂလန် အသင်း၏ လေ့ကျင့်ရေး အစီအစဉ်တွင် ဒူးဒဏ်ရာ ရသွားခြင်း ဖြစ်သည်။
ဖြစ်နိုင်ခြေ – ပြိုင်ပွဲ တစ်ခုလုံး လွဲချော်မည်။ သူ၏ နေရာတွင် စပါးမှ မိုက်ကယ် ဒေါ်ဆင်ကို အစားထိုး ရွေးချယ်ခဲ့သည်။

အန်ဒရီယာ ပါလို (အီတလီ)

အသက် – ၃၁ နှစ်
နေရာ – ကွင်းလယ်
ကလပ် – အေစီမီလန်
ဒဏ်ရာ – မက္ကဆီကိုနှင့် ခြေစမ်းပွဲတွင် ဒူးဒဏ်ရာ ရရှိသွားခြင်း ဖြစ်သည်။
ဖြစ်နိုင်ခြေ – မီလန်သို့ ပြန်၍ ဆေးစစ်ဆေးမှု ပြုလုပ်မည်။ အခြေအနေကို ကြိုတင် မခန့်မှန်း နိုင်သေးပါ။

မိုက်ကယ် အက်ဆီယန် (ဂါနာ)

အသက် – ၂ရ နှစ်
နေရာ – ကွင်းလယ် ဗဟို
ကလပ် – ချယ်လ်ဆီး
ဒဏ်ရာ – ပြီးခဲ့သည့် ဇန်နဝါရီ လအတွင်း ကတည်းက နိုင်ငံတကာပွဲ ကစားရင်း ဘယ်ဘက် ဒူးအရွတ် ဒဏ်ရာဟောင်း ပြန်ပေါ်လာခြင်း ဖြစ်သည်။
ဖြစ်နိုင်ခြေ – ပြိုင်ပွဲ တစ်ခုလုံး လွဲချော်မည်။

အော်စကာ ကော်ဒိုဇို (ပါရာဂွေး)

အသက် – ၂ရ နှစ်
နေရာ – တိုက်စစ်မှူး
ကလပ် – ဘင်ဖီကာ
ဒဏ်ရာ – နောက်ဆုံး ကလပ်အသင်းပွဲ ၄ ပွဲတွင် ဒူးဒဏ်ရာဖြင့် ဝင်ကစားခဲ့၍ ကြံ့ခိုင်မှု ပြန်ကောင်းရန် ရုန်းကန် နေရသည်။
ဖြစ်နိုင်ခြေ – အခြေအနေကို ကြိုတင် မခန့်မှန်း နိုင်သေးပါ။

ဒီယေဂို မီလီတို (အာဂျင်တီးနား)

အသက် – ၃ဝ နှစ်
နေရာ – တိုက်စစ်မှူး
ကလပ် – အင်တာမီလန်
ဒဏ်ရာ – အာဂျင်တီးနား အသင်း၏ လေ့ကျင့်ရေး အစီအစဉ်တွင် ဒူးအဆစ် လွဲသည့် ဒဏ်ရာ ရရှိသွားခြင်း ဖြစ်သည်။
ဖြစ်နိုင်ခြေ – လေ့ကျင့်ရေး ပြန်ဆင်နိုင်ခြင်း မရှိသေးပါ။ အသေးစား ဒဏ်ရာသာ ဖြစ်ရန် အသင်းက မျှော်လင့် နေရသည်။

ဂျူလီယို ဆီဇာ (ဘရာဇီးလ်)

အသက် – ၃ဝ နှစ်
နေရာ – ဂိုးသမား
ကလပ် – အင်တာမီလန်
ဒဏ်ရာ – ဇင်ဘာဘွေနှင့် ခြေစမ်းပွဲတွင် ကျောဒဏ်ရာ ရရှိသွားခြင်း ဖြစ်သည်။
ဖြစ်နိုင်ခြေ – အပေါ့စား လေ့ကျင့်ခန်းများ ပြန်လုပ်နေသည်။ မြောက်ကိုရီးယားနှင့် အဖွင့်ပွဲစဉ် ပါဝင်နိုင်ရန် မျှော်လင့်နေသည်။

မြူရို ကာမိုရာစီနီ (အီတလီ)

အသက် – ၃၃ နှစ်
နေရာ – ကွင်းလယ်
ကလပ် – ဂျူဗင်တပ်
ဒဏ်ရာ – အီတလီ အသင်း၏ လေ့ကျင့်ရေး အစီအစဉ်တွင် ညာဘက်ဒူး ဒဏ်ရာ ရရှိသွားခြင်း ဖြစ်သည်။
ဖြစ်နိုင်ခြေ – အပေါ့စား လေ့ကျင့်ခန်းများ ပြန်လုပ်နေသည်။ ပါရာဂွေးနှင့် အဖွင့်ပွဲစဉ် ပါဝင်နိုင်ရန် မျှော်လင့်နေသည်။

ဟမ်ဘာတို ဆွာဇို (ချီလီ)

အသက် – ၂၉ နှစ်
နေရာ – တိုက်စစ်မှူး
ကလပ် – မွန်တာရေး
ဒဏ်ရာ – အစ္စရေးနှင့် ခြေစမ်းပွဲတွင် တံကောက်ကြော ဒဏ်ရာ ရရှိသွားခြင်း ဖြစ်သည်။
ဖြစ်နိုင်ခြေ – ပြိုင်ပွဲ တစ်ခုလုံး လွဲချော်မည်။ ဆေးအဖွဲ့နှင့် တရားမဝင် ဆွေးနွေးမှု ပြုလုပ်ခဲ့ သဖြင့်လည်း ပွဲကစားခွင့် ပိတ်ပင်ခံရဖွယ် ရှိသည်။

ဟိုင်ကို ဝက်စ်တာမန်း (ဂျာမနီ)

အသက် – ၂၆ နှစ်
နေရာ – နောက်တန်း / ကွင်းလယ်
ကလပ် – ရှော်ကေး
ဒဏ်ရာ – ဒူးဒဏ်ရာ ခွဲစိတ်ကုသ ပြီးနောက် အချိန်မီ ပြန်ကောင်းမလာခြင်း ဖြစ်သည်။
ဖြစ်နိုင်ခြေ – ပြိုင်ပွဲ တစ်ခုလုံး လွဲချော်မည်။

ဂျို့စ် ဘော့ဆင်ဝါ (ပေါ်တူဂီ)

အသက် – ၂ရ နှစ်
နေရာ – နောက်တန်း
ကလပ် – ချယ်လ်ဆီး
ဒဏ်ရာ – ဒူးဒဏ်ရာ ခွဲစိတ်ကုသ ပြီးနောက် အချိန်မီ ပြန်ကောင်းမလာခြင်း ဖြစ်သည်။
ဖြစ်နိုင်ခြေ – ပြိုင်ပွဲ တစ်ခုလုံး လွဲချော်မည်။

ဝီလ်ဆင် ပလာဆီရို့စ် (ဟွန်ဒူးရပ်စ်)

အသက် – ၂၅ နှစ်
နေရာ – ကွင်းလယ်
ကလပ် – စပါး
ဒဏ်ရာ – ရိုမေးနီးယားနှင့် ခြေစမ်းပွဲတွင် ညို့သကြည်း ဒဏ်ရာ ရရှိသွားခြင်း ဖြစ်သည်။
ဖြစ်နိုင်ခြေ – ဒဏ်ရာ အခြေအနေကို အသင်းမှ ထုတ်ပြန် ကြေညာခြင်း မပြုသေးပါ။