2010 World Cup ရွှေဉာဏ်ရှင် အမှတ်ပေးပြိုင်ပွဲ

introJune 10, 20101min430
ဘောလုံးချစ်သူများ အတွက် NIVEA နဲ့ 1stLine UP အားကစားဂျာနယ် တို့က ပြုလုပ်တဲ့ 2010 World Cup ရွှေဉာဏ်ရှင် အမှတ်ပေးပြိုင်ပွဲကို ဝင်ပြိုင်ပြီး ငွေသားဆုကြေး ကျပ်(၄၅)သိန်း အပါအဝင် နှစ်သိမ့်ဆုများစွာ ရယူနိုင်တဲ့ အစီအစဉ်သစ် တစ်ရပ်ကို ပရိသတ်ကြီးအတွက် သတင်းကောင်း ပါးအပ်ပါတယ်။ အဆိုပါ အစီအစဉ်အား Game(1) နှင့် Game(2) ခွဲထားပြီး Game(1) တွင် ဆီမီးဖိုင်နယ် ပွဲစဉ်(၈)ပွဲလုံးတွင် နိုင်မည့် အသင်းအာ အမှတ်ခြစ်ပေးရုံနှင့် တစ်ပွဲမှန်လျှင် (၃)မှတ်၊ ပွဲစဉ် နေရာခွင်ထဲမှ ယှဉ်ပြိုင်ရမည့် အသင်း နှစ်သင်းကို မှန်အောင် ဖြည့်သွင်းပြီး မှန်ကန်သော မိနစ်(၉ဝ) အပြီး ဂိုးရလဒ်ကို ဖြည့်ပေးနိုင်လျှင် တစ်ပွဲမှန်လျှင် (၅)မှတ်နှင့် Game(1) တွင် အများဆုံးရမှတ်မှာ (၆၄)မှတ်ဖြစ်ပြီး အားလုံးမှန်မှ အမှတ်ပေးမှာမျိုး မဟုတ်ဘဲ ပွဲစဉ်တစ်ပွဲ(၁)ကွက်မှန်လျှင် သတ်မှတ်ရမည်ဖြစ်သည်။
Game(2) တွင် ဆီမီးတက်မည့် အသင်း(၄)သင်းအား မှန်အောင်ရွေးချယ်လျှင် တစ်သင်းမှန်လျှင် (၄)မှတ်၊ ဘယ်အသင်းနှစ်သင်း ဗိုလ်လုပွဲကစားမှာလဲ မေးခွန်းကို မှန်လျှင်(၁ဝ)မှတ်၊ ချန်ပီယံဖြစ်မယ့် တစ်သင်းကိုမှန်း၍ မှန်လျှင် အမှတ်(၂ဝ)၊ တတိယရမယ့် အသင်းအား မှန်အောင် ရွေးချယ်နိုင်လျှင် (၁ဝ)မှတ်၊ ဂိုးသွင်းဘုရင် မည်သူဖြစ်မလဲ (နိုင်ငံအမည်ပါရေးရန်)အား မှန်လျှင် (၁ဝ)မှတ်၊ ဂိုးသွင်းဘုရင်ရဲ့ စုစုပေါင်း သွင်းဂိုး အရေအတွက် မှန်လျှင် (၁ဝ)မှတ်၊ ပြိုင်ပွဲတစ်ခုလုံးတွင် ဂိုးအများဆုံးသွင်းသော အသွင်းအား မှန်လျှင် (၁ဝ)မှတ်ရရှိမည် ဖြစ်သည်။ Game(2) အတွက် အမြင့်ဆုံးအမှတ်မှာ (၈၆)မှတ် ဖြစ်သည်။
ပြိုင်ပွဲဝင်စည်းကမ်းများမှာ-
(၁) သက်ဆိုင်ရာ ဂိမ်းများအတွင်းမှ အဖြေများကို ဖြည့်စွက်ရာတွင် ဖျက်ရာခြစ်ရာရှိပါက ထိုအဖြေလွှာကို လက်ခံမည်မဟုတ်
(၂) အဖြေလွှာဖြေဆိုသူသည် မိမိ၏ အမည်ရင်း၊ လိပ်စာအမှန်၊ ဆက်သွယ်ရန် ဖုန်းနံပါတ်(ရှိလျှင်) မှတ်ပုံတင်နံပါတ်တို့ကို တိကျသေချာစွာ ဖြည့်ရမည်ဖြစ်သည်။
(၃) မှတ်ပုံတင်မရှိသူမှာ ဥပမာ-ကျောင်းသားကဒ်ရှိလျှင် ဖြေဆိုခွင့်ရှိပြီး ထိုကျောင်း သားကဒ်ပါ ခိုင်မာသည့် အထောက်အထား မှတ်တမ်းများကို မှတ်ပုံတင်နံပါတ်နေရာတွင် ဖြည့်ပေးရမည်။
(၄) ပြိုင်ပွဲတွင် ပထမဆု ကျပ် သိန်း(၂ဝ)၊ ဒုတိယဆု ကျပ်(၁၅)သိန်း၊ တတိယဆု ကျပ်(၁ဝ)သိန်းနှင့် NIVEA နှစ်သိမ့်ဆုပေါင်းများစွာ ချီးမြှင့်မည်ဖြစ်ရာ ဖြေဆိုသူ၏ ရမှတ်ပေါင်းမှုမှာ အမှတ်အများဆုံး ရသူကို စီနီယာအလိုက် ဆုများချီးမြှင့်သွားမည်ဖြစ် သည်။
(၅) သက်ဆိုင်ရာဆုတစ်ခုစီ၌ ရမှတ်များတူသွားခဲ့လျှင် ဆုကြေးငွေကို အညီအမျှ ခွဲဝေပေးသွားမည်ဖြစ်သည်။
(၆) ဖြေဆိုမည့်သူသည် မိမိအမည်နှင့် အဖြေလွှာ ဖြတ်ပိုင်းများကို ကြိုက်သလောက် အကန့်အသတ်မရှိ ပေးပို့ဖြေဆိုနိုင်သည်။
(၇) ရွှေÓာဏ်ရှင်ရွေးပွဲ ဖြတ်ပိုင်းစာမျက်နှာကို ဂျာနယ်၊ 1stLine UP Issue(57) ၃၊၆၊၂ဝ၁ဝ နေ့ထုတ်မှစ၍ (၁၊၇၊၂ဝ၁ဝ)နေ့ထုတ် Issue(61) အထိ (၅)ပတ်၊ (၅)စောင် ဆက်တိုက်ထည့်သွင်းပေးမှာဖြစ်သည်။
(၈) တရားဝင် ဖြတ်ပိုင်း အဖြေလွှာမှာ ယခု စာမျက်နှာသာလျှင် အတည်ဖြစ်ပြီး အခြားမိတ္ထူကူးဖြေခြင်း၊ လျှောက်လွှာစာရွက်နှင့် ဖြေဆိုခြင်းတို့ကို လက်ခံမည်မဟုတ်။
(၉) အဖြေလွှာ ဖြတ်ပိုင်းများကို Quater Final ပွဲစဉ် စကစားမည့် (၂၊၇၊၂ဝ၁ဝ)၊ ညနေ (၆)နာရီ မတိုင်ခင် ဂျာနယ်တိုက်လိပ်စာ၊ အမှတ် (၂၂ဝ/၂၂၂)၊ ဗိုလ်တထောင်ဘုရားလမ်း (အလယ်)၊ (၆)လွှာ၊ ပုဇွန်တောင်မြို့နယ် ရန်ကုန်၊ ဖုန်း(ဝ၉-၅ဝ၆၇၃၇၂)သို့ အရောက် ပေးပို့ရမည် ဖြစ်သည်။ နောက်ကျပြီး ရောက်ရှိလာသော အဖြေလွှာများကို မည်သည့်အကြောင်းနှင့်မျှ လက်ခံစဉ်းစားပေးမည် မဟုတ်ကြောင်း သိရသည်။