မနက်ဖြန် ဆိုတာနဲ့  မဲတွေ ထည့်ရတော့မယ်

ခုထိ ဘာမဲတစ်ပြားမှ မရသေးဘူး..အဲတာနဲ့ ..

ကိုယ်တစ်ယောက်ထဲလား အောင့်မေ့တာ ကိုယ့်လိုပဲ မရတဲ့လူတွေတစ်ပုံကြီးဗျာ

တစ်ချို့ ဆို တစ်လမ်းလုံးကို လာမပေးသေးတာ..

ထည့်ချင်လွန်းလို့ တစ်ချို့များ ခွပ်ဒေါင်းအလံတွေ၊စတစ်ကာတွေ ကားမှာကပ်၊အိမ်မှာချိတ်၊ဆိုင်ကယ်မှာလွင့်

နောက်ဆုံး စက်ဘီးဆိုက်ကားတောင် ခွပ်ဒေါင်း အလံတလူလူနဲ့  မို့  ကိုယ်တောင် မျက်စိနောက်မိသေးတယ်

ဆက်ရရင်…

ထည့်ချင်သပမို့  မဲပေးမည် NLD ဆိုတဲ့လူတွေမှ တစ်ပုံကြီးပေါ့ဗျာ..

ခုတော့ ထည့်စရာမဲလာမပေးသေးဆိုတော့…

သူ့ မေဂျီးဒေါ်အပြားမှာ ရေးပြီး သွားထည့်ရမှာလားဗျာ

အဲတော့…

မဲမရသေးလို့  ရပ်ကွက်ရုံးသွား

ရပ်ကွက်လူကြီးက ကော်မရှင်မူးကို ဘောလီဘောပုတ်တယ်

ကော်မရှင်မူးကိုမေးတော့ တက္ကစီသွားဆွဲတာ မနက်ကတဲကဆိုပဲ

အေလိုးကလဲ အဲလောက်တောင်အ၀ှာဖြစ်နေရင် လခွီးမိုလို့ ကော်မရှင်မူးနေသေးလား မသိ

တစ်ချို့ ကော်မရှင်မူးတွေ ဘယ်ချောင်သွားမူးနေလဲမသိ.

ကော်မရှင်မူးမတွေ့ လို့ ရပ်ကွက်ရုံးလာလာမေးကြတာလဲ တစ်ဖွဲ့ ပြီးတစ်ဖွဲ့ 

မဲမရလို့ လူတွေက ပူညံပူညံဖြစ်နေပြီ

သတ်မှတ်ရက်အမှီ မဲမရရင်ကြရင် ဘယ်လိုဖြစ်မလဲဆိုတာ လူတွေက ကြိုသိပြီးသား

ဒါကြောင့် ..

အေလိုးတွေလက်ထဲ မသမာမဲတွေ မရောက်အောင်တော့ အတတ်နိုင်ဆုံး လှုပ်ရှားနေကြတာတွေ့ တော့

ဝမ်းသာမိတယ်ဗျ

ပြီးခဲ့တဲ့ ရွေးဂေါက်ပွဲတုန်းက ဒီလောက်မဟုတ်ဘူး၊ဒီလောက် မထ.ကြွ ကြဘူး

အခုတော့ ကိုယ်တိုင်လာပြီး မဲတွေလာလာတောင်းနေကြတာ အားရစရာဗျ

မဲ မရတဲ့လူတွေလဲ NLD အဖွဲ့ ဆီတောင် သွားပြီး သတင်းပို့  ကြသလားမသိ သိရသလောက်

မဲ မရတဲ့လူတွေအတွက် လာဖြေရှင်းပေးမယ်လို့ ကြားမိတယ်..

ဘယ်လိုဆက်ဖြစ်မလဲ စောင့်ကြည့်ရဦးမယ်

 

ခင်ဗျားတို့ တွေကော မဲတစ်ပြား ရကြ ပြီးပြီလားဗျ

မရတဲ့လူတွေအတွက် ထည့်ခွင့်မရှိပဲ  ပြီးသွားရင် ဘယ်လိုလုပ်ကြမလဲဗျ

ကလိန်ကကျစ်တွေ၊လုပ်ကြံမဲတွေ မပါအောင် ဘယ်လိုဖြေရှင်းပေးကြမလဲ

ကျုပ်

ဥာဏ်မမီတော့ပါဘူးဗျာ

 

အားလုံး တာဝန်ကျေပြီးသားပါ

တာဝန်မကျေတာ ဟို ကမကလ တွေ၊ ငလမသတွေ၊ နှမလတွေ၊ ခွမသတွေ အဲကောင်တွေ သတိထားကြပါ။

ဒါဗျဲ။

 

မဲမရတဲ့လူတွေ ဧရာဝတီ့ဘလော့ဂ်မှာ တွေ့ တာနဲ့  ကူးယူဖော်ပြပါရစေ
မန္တလေး မဟာအောင်မြေ ရဲမွန်တောင်ရပ်ကွက် မဲရုံအမှတ် ၁ ရှေ့ မြင်ကွင်းများ (ဓာတ်ပုံ – မန်းသားလေး/ဧရာဝတီ)

မှတ်ပုံတင် ရှိတယ်၊ ဒီရပ်ကွက် အိမ်ထောင်စုစာရင်းရှိတယ်၊ ဒါပေမယ့် မဲစာရင်းမှာ နာမည် မပါလို့ မဲပေးခွင့်မရတဲ့အတွက်ကြောင့် မှိုင်တွေနေသော မိသားစု



ဘယ်မလဲ ငါတို့နာမည်တွေ

ပြီးတော့ ..

ဒဂုံဆိပ်ကမ်းမြို့နယ် ၈၉ ရပ်ကွက် မဲရုံ ၁တွင် မဲစာရင်းနံပါနတ် ၈၇၀ မှာ သေဆုံးပြီးသူ၏ မဲစာရင်းဖြစ်သော်လည်း ထိုမဲစာရင်း နံပါတ်၊ အမည်ဖြင့် နံနက် ၇နာရီ မိနစ် ၃၀ အချိန်တွင် လာရောက် မဲပေးသူ ရှိခဲ့ကြောင်း သိရပါသည်။

ဆိုသတဲ့..တတ်လဲတတ်နိုင်တဲ့ ဖွတ်တွေပကလားလို့ ပဲ…

 

 

ဂျစ်စူ

About ဂျစ်စူ

has written 258 post in this Website..

စိတ်ဆတ်တယ် အကြွေးမဆပ်ဘူး