တပ်ထဲက အခြေအနေ

phone_kyawMarch 31, 20121min1528

ကျနော့်အဖေရဲ  ့တပ်ထဲမှာ စစ်သည်အင်အား ကိုးရာနီးပါးလောက် ရှိမယ်ထင်တယ်။ ဗိုလ်မှုးကြီးအဆင့်ရှိတဲ့သူက တပ်မှုးလုပ်တယ်။ ဒု-ဗိုလ်မှုးကြီးအဆင့်ရှိတဲ့သူက ဒု-ရင်းမှုးလုပ်တယ်။

ကျနော့်ဆရာမရဲ  ့အဖေက ဒု-ရင်းမှုး။ နောက်ဆရာမတစ်ယောက်ရဲ  ့ယောက်ျားက တပ်ခွဲမှုးအဆင့်ရှိဗိုလ်မှုး။ ရန်ကုန်တိုင်း အခြေစိုက်တပ်ရင်းတစ်ခုပါ။ သူတို ့ကို ခေါ်တာက အထိုင်တပ် သို ့မဟုတ် ပညာသည် တပ်ရင်းလို ့ခေါ်တယ်။

မြန်မာပြည်မှာ အကြီးဆုံး ပင်ခခဲယမ်းမီးကျောက်တပ်ဖြစ်တော့ တပ်ဖွဲ ့စည်းပုံကလည်း သူများတပ်တွေနဲ ့မတူပဲ အင်အားအတော်ပြည့်တဲ့ပုံပါပဲ။

ကျနော်တို ့တပ်ဘေးက ဆေးတပ်၊ ပင်ယာဉ်သိုလှောင်ရေးတပ်၊ ထောက်ပံ့နဲ ့ပို ့ဆောင်ရေးတပ်၊ ဂျီအီးတပ်တွေလို ကျနော်တို ့တပ်က မချမ်းသာပါဘူး။ ဒါနဲ ့ပက်သက်ပြီး ကျနော်တို ့ကို အမေ့က ပြောတယ်။ အမေက ဘာပြောလဲဆိုတော့ နင့်အဖေတပ်က ခဲယမ်းကို မီးဖုတ်ပြီး စားလို ့မှ မရတာလို ့ပြောတယ်။ သူများတွေက ချမ်းသာမှာပေ့ါတဲ့။ ဟုတ်သားပဲ….ကျည်ဆံတွေကိုရောင်းစားလို ့မှ မရတာ။ မင်္ဂလာဒုံဈေးထဲမှာ တပ်ထဲက ဆန်ဆီဆားနဲ ့ယူနီဖောင်းအဟောင်းတွေကိုတော့ ရောင်းစားတာတွေ ့တယ်။ လက်ပစ်ဗုံးတွေ၊ ကျည်ဆံတွေကိုတော့ မတွေ ့မိပါဘူး။ ဒါ့ကြောင့် ကျနော်တို ့မွဲတာလို ့အမေက ခဏခဏပြောတယ်။ ပြီးတော့ နင့်အဖေ က ဟိုအရည်တွေပဲသောက်နေတာဆိုတော့ နင်တို ့ဒီလိုပဲနေပေါ့လို ့ဆိုပြီး ဆေးလိပ်တိုကို ဆောင့်ဆောင့်ထိုင်ဖွားပြီး ခဏခဏပြောတယ်။

တပ်ထဲမှာ ဘယ်သူမှ မထောပါဘူး။ သမဆိုင် နဲ ့ ရိက္ခာဂိုထောင် ကိုင်တဲ့လူကတော့ နဲနဲပါးပါးထောတယ်။ သူတို ့လည်း ပါးစပ်စိုယုံပါပဲ။

ဆိုတော့ ကျနော်တို ့ရဲ  ့အခြေအနေကို သိလောက်ပြီပေါ့။ ဆရာမရဲ  ့အဖေ ဒု-ရင်းမှုးဖြစ်တဲ့ ဒု-ဗိုလ်မှုးကြီး အိမ်ကိုသွားကြည့်တော့လည်း အိမ်ထဲမှာ ထည်ထည်ဝါဝါမရှိပါဘူး။ သူ ့ရဲ  ့ဂျစ်ကားအစုတ်ကလည်း မီးခိုးတွေအူနေပြီ။ ဒါကို တပ်ကပေးထားတာ။ တပ်မှုးဆိုတော့။ သူ ့ဆီမှာ ခလေးကလည်း များတယ်။ မြေးတွေလည်း တစ်ပုံကြီး။ သူ ့လစာနဲ ့ဘယ်လို စားမလဲဆိုတာ စဉ်းစားကြည့်။ သမီးတွေအကုန်လုံးက ဆရာမဆိုတော့ သူတို ့လစာလေးနဲ ့သူတို ့အဖေကို ထောက်ပံ့ပေးထားတယ်ထင်တယ်။ ဒု-ဗိုလ်မှုးကြီးရုပ်ကလည်း အရက်သမားရုပ်ပေါက်နေပြီ။ အသက်ကလည်း ကြီးနေပြီဆိုတော့ သူ ့ခဗျာ ရာထူးတိုးဖို ့မရှိတော့ဘူး။ ဒီရာထူးနဲ ့ပဲ သူ တပ်ကထွက်ပါတော့တယ်။ တပ်ကထွက်တော့ ရွှေပေါက်ကံမှာ ခြံတစ်ကွက်ရတယ်လို ့ကြားတယ်။ ဒီအဘိုးကြီးက အရမ်းသဘောကောင်းတယ်။ ရဲဘော်တွေအပေါ်အတာ်ညှာတယ်လို ့နာမည်ကြီးတယ်။

စစ်သားတွေရဲ  ့သက်သာချောင်ချိရေးကို တပ်မှုးဖြစ်တဲ့လူက စီမံခန် ့ခွဲပေးတယ်။ တပ်ဘေးမှာ လယ်ကွက်တွေကို စစ်သားတွေထွန်တယ်။ ရလာတဲ့ စပါးကို တပ်ထဲက ရဲဘော်တွေအတွက် ပြန်ဝေပေးတယ်။ ငါးကန်ရှိတယ်။ ကျက်ခြံရှိတယ်။ အသီးအရွက်စိုက်ခင်းတွေရှိတယ်။ ဈေးထဲမှာ ကုန်စုံဆိုင်ဖွင့်ထားတယ်။ ရလာတဲ့ အမြတ်တွေကို တပ်တွင်းမိသားစု ဖူလုံရေးအတွက် ဝေငှပေးတယ်။ ဒီလိုမှမလုပ်ရင် ငတ်ပြီပဲသာမှတ်။ ဒါတောင်မလောက်ချင်ဘူး။ ဒါ့ကြောင့် မိန်းမတွေ ခလေးတွေ အကုန်နီးပါး အလုပ်ထွက်လုပ်ရတယ်။

အရာရှိတိုင်း မချမ်းသာပါဘူး။ သူတို ့အမျိုးတွေ ချမ်သာလည်း သူတို ့က သိတဲ့အတိုင်းပဲ။ မွဲတာက မွဲတာပဲ။ ဆရာမရဲ  ့ယောက်ျားတပ်ခွဲမှုးဖြစ်သူ ၊ ဗိုလ်မှုးလည်း လစာနဲ ့ရိက္ခာကိုပဲ မှီခိုအားထားနေရတော့ သူလည်း လုံးလည်ချာလည်ပဲ။ မိန်းမက ဆရာမဆိုတော့ ဝင်ငွေနဲနဲရှိသေးတယ်။ သူတို ့အိမ်မှာလည်း ဘာမှ တန်ဖိုးရှိတဲ့ ပစ္စည်းမတွေ ့ရဘူး။ တပ်ကပေးတဲ့လိုင်းခန်းမှာ တီဗွီအစုတ်ကြီးတစ်လုံးနဲ ့ဇိမ်ယူရတဲ့ဘဝ။ ကိုယ်ပိုင်ကားမရှိ။ ဆိုင်ကယ်မရှိ။ အရာရှိတွေသုံးဖို ့ပေးထားတဲ့ တပ်ပိုင် စစ်ကားအစုတ်လေးတော့ သူ ့မှာ ရှိတယ်။

နောက်တစ်ယောက်က လုံခြုံရေးဖြစ်သူ ဗိုလ်ကြီး။ ခြေထောက်က မိုင်းထိထားလို ့ထော့နဲ ့ထော့နဲ ့။ တပ်တွင်းလုံခြုံရေးကို သူက အဓိကတာဝန်ယူရတယ်။ ဆိုတော့ သူမှာ ဘာကြားပေါက်မှမရှိဘူး။ ခလေးနှစ်ယောက်နဲ ့မိန်းမဖြစ်သူကလည်း ဟိုပေါင်ရ ဒီချေးရနဲ ့။ တပ်ကပေးတဲ့ ရိက္ခာတောင် ကြိုတင်ပြီးပေါင်ထားရတဲ့အထိ ဆင်းရဲလှပါတယ်။

အရာရှိတွေတောင် ဒီလိုဘဝဖြစ်နေရင် အောက်ခြေအဆင့် ရဲဘော်တွေရဲ  ့ဘဝကတော့ တွေးကြည့်ယုံနဲ ့သိနိုင်တယ်။

သူတို ့က ဒီလိုဘဝဖြစ်နေပေမဲ့ အခြားတပ်က လူတွေက အတော်ထောတယ်။ ဆေးတပ် နဲ ့ ထောက်ပံ့နဲ ့ပို ့ဆောင်ရေးတပ်က လူတွေဆိုရင် အတော်ချမ်းသာတယ်။ တပ်ကြပ်ကြီးအဆင့်ရှိတဲ့လူတောင် ကိုယ်ပိုင်ကားရှိတဲ့အထိမြင်ဘူးတယ်။ အားလုံးတော့မဟုတ်ပါဘူး။ ဆိုတော့ အရာရှိတွေကတော့ မပြောနဲ ့တော့။ အသားကုန်ချမ်းသာတယ်လို ့ပြောလို ့ရမယ်ထင်တယ်။

ဒီလို ကွာခြားနေတဲ့ အခြေအနေတွေကို တပ်ထဲက လူတိုင်းသတိထားမိတယ်။ သိတယ်။ ဒါပေမဲ့ ဒီလိုနေရာကောင်းကောင်းရဖို ့ဆိုတာ ငွေရှိရင်ရှိ မရှိဘူးဆိုရင် လူကြီးနဲ ့နီးစပ်ရမယ်လို ့ဆိုတယ်။ ဒါ့ကြောင့် ကျနော်တို ့ပင်မခဲယမ်းမီးကျောက်တပ်က လူတွေမွဲတာဖြစ်မယ်။ ဘယ်သူမှ ဘာမှ မရှိတော့ ကျည်ဆံပုံပေါ်မှာထိုင်ပြီး ငတ်နေရရှာတယ်။ တစ်ခါတလေ ကံမကောင်းရင် ဗုံးတွေက ထပေါက်သေးတယ်။ သေတဲ့လူတွေ လက်ပြတ်တဲ့လူတွေလည်းမနဲတော့ဘူး။ ဒါလည်း အမိန် ့ဆိုတော့ တပ်ထဲမှာ လုပ်ရတာပဲ။

ခြေလျှင်တပ်က စစ်သားတွေက ကျနော်တို ့ထက်ပိုဆိုးတယ်။ လူတွေရုပ်ကလည်း စုတ်ပြတ်သတ်နေတာပဲ။ ပညာကလည်းမဲ့။ ဂွင်ကလည်းမရှိတော့ အတော်လေးကို ဆင်းရဲလှပါတယ်။ သူတို့တွေ ကျနော်တို ့တပ်မှာ ခဲယမ်းမီးကျောက်လာထုတ်ပြီးဆိုရင် အမြန်လိုချင်ရင် ဂိုထောင်မှုးတွေကို လာဘ်ထိုးရတယ်။ မထိုးရင် တပ်ရှေ  ့မှာ သုံးလေးရက် အိပ်ပေတော့ပဲ။ ဒီဂွင်ကလည်း တစ်လမှာတစ်ခါတောင်မရပါဘူး။ စစ်သားအားလုံးက ငမွဲဆိုတော့ ဘယ်မှာလဲ ငွေ။ ပေးစရာကို မရှိကြဘူး။

တစ်ခါတလေ ကျနော်တွေးမိတယ်။ ရှေ  ့တန်းမှာ လူသတ်ဓားပြတိုက်နေတဲ့ ရဲဘော်တွေရှိတယ်။ ရွာတွေကို မီးရှို  ့တဲ့ရဲဘောတွေရှိတယ်လို ့ကြားဘူးတယ်။ အပြင်မှာ ကျနော်တော့ တစ်ခါမှမတွေ ့မိပါဘူး။ ရှေ  ့တန်းမှာ ရန်သူနဲ ့တိုက်ကြတော့ဆိုတော့ အနဲအများတော့ရှိမှာပဲ။ သူပုန်လည်း ဖြစ်တာပဲ။

တပ်နဲ ့ပက်သတ်ပြီး စိတ်မကောင်းဖြစ်မိတဲ့ စကားတစ်ခုရှိတယ်။ စစ်ခွေးသားက စစ်ခွေးစကားပြောတယ်ဆိုပြီး ကျနော့်ကို  ကျပ်မပြည့်တဲ့နိုင်ငံရေးသမားတချိူ  ့က မှတ်ချက်ပေးတာကိုတွေ ့ဘူးတယ်။

ကျနော့်အဖေဟာ ဘယ်သူ ့ကိုမှ မသတ်ခဲ့ဘူး။ မုဒိမ်းမကျင့်ခဲ့ဘူး။ မခိုးခဲ့ဘူး။ ဘာ့ကြောင့်များ ကျနော့်ကို ဒီလိုစကားပြောလဲမသိဘူး။

တစ်ခါမှ စစ်သားဆိုတဲ့လူနဲ ့စကားမပြောဘူးတဲ့လူတွေက စစ်တပ်မကောင်းကြောင်း ပြောတာကိုတော့ အတော်အံ့ဩမိတယ်။ ကျနော်ဟာ စစ်တပ်ထဲမှာ မမွေးခင်ကတည်းက နေလာခဲ့တဲ့လူတစ်ဦးပါ။ သူများတွေဟာ တပ်ထဲရောက်မှ ပဲစားတာပါ။ ကျနော်က အမေ့ဗိုက်ထဲမှာ နေတုန်းကတည်းက ကုလားပဲစားလာတဲ့လူတစ်ယောက်ပါ။ တပ်ထဲကအကြောင်းကို ကျနော်ကောင်းကောင်းသိပါတယ်။

၈၈ နဲ  ့ ၂ဝဝ၇-တုန်းက ပြည်သူနဲ ့သံဃာကို သတ်ခဲ့လူတွေဟာ ခြေလျှင်တပ်က စစ်သားတွေပါ။ သူတို ့က အမိန် ့ပေးရင် ဘယ်သူမဆိုသတ်ဖို ့ဝန်လေးတဲ့သူတွေမဟုတ်ပါဘူး။ စစ်သားတွေကိုခွဲခြားကြည့်ဖို ့တော့လိုပါတယ်။

နောက်ပြီး တပ်ထဲက တပ်မှုးတွေနဲ ့ရဲဘော်တွေ အရမ်းဆင်းရဲနေချိန်မှာ တစ်ချိူ  ့သော ဗိုလ်ချူပ်တွေနဲ ့သူတို ့အပေါင်းအပါတွေ ချမ်းသာနေတာက အင်မတန်ရုပ်ဆိုးပါတယ်။ ဝန်ကြီးတွေဆိုရင် အရမ်းချမ်းသာပါတယ်။ ဒီလိုဖြစ်နေတာဟာ တပ်ထဲက ရဲဘော်တွေကို အတော်စော်ကားရာရောက်တယ်။ အထက်က ငတ်ပြတ်နေတဲ့ စစ်အရာရှိကြီးတွေဟာ ဒီကိစ္စကို မသိဘူး မထင်ကြပါနဲ ့။ နိုင်ငံရေးသမားတွေထက်တောင် ပိုသိပါတယ်။ သူတို ့အချင်းအချင်းကြားထဲမှာ ကွာဟမှု ဘယ်လောက်ကြီးလဲဆိုတာကို သူတို ့ပဲ သိပါတယ်။

ဦးသိန်းစိန်မိန် ့ခွန်းထဲမှာ ပြောတဲ့ တိုင်းရင်းသားလူငယ်လေးတွေကို လက်တော့ကိုင်လို ့ရအောင်လုပ်ပေးမယ်လို ့ပြောတော့ ကျနော်ရီနေမိတယ်။ သူတို ့တော့မသိဘူး ။ ကျနော့်သူငယ်ချင်းစစ်ဗိုလ်တစ်ယောက် ယနေ ့အထိ လက်တော့ကိုယ်ပိုင်မရှိသေးပါဘူး။ တိုင်းရင်းသားလူငယ်တွေအစား တပ်ထဲက ရဲဘော်တွေနဲ ့သားသမီးတွေကို လက်တော့မပေးပါနဲ ့။ ဒက်စ်တော့သုံးလေးလုံးလောက် တပ်ထဲက လူတွေသုံးလို ့ရအောင် အရင်ပေးစေချင်ပါတယ်ဗျာ။ ဦးသိန်းစိန်လည်း စစ်သားပဲဆိုတော့ ကိုယ့်လူတွေကို အရင်ဦးစားပေးပေါ့။

ဆင်းရဲလှတဲ့ စစ်သားတွေဟာ အရမ်းကိုထွက်ချင်နေတယ်။ သူတို ့ကို ကြိုက်တဲ့အချိန်မှာ ထွက်ခွင့်ပေးဖို ့လိုအပ်နေပြီ။ ယနေ ့အပြောင်းအလဲကာလမှာ လစာတိုးပေးလည်း ခဏပါပဲ။ သူတို့မှ မလုပ်ချင်တဲ့ကိစ္စကို အတင်းလုပ်ခိုင်းလို ့မရပါဘူး။

တပ်ထဲမှာ ဖြစ်ပျက်နေတဲ့ အခြေအနေတွေကို နိုင်ငံရေးသမားတွေနဲ ့တိုင်းရင်းလက်နက်ကိုင်အဖွဲ ့က ခေါင်းဆောင်တွေ သဘောပေါက်ဖို ့လိုအပ်နေတယ်။ အပြန်အလှန်နားလည်မှု ့နဲ ့လေးစားမှု ့ကို ပြဖို ့လိုအပ်နေတယ်။

အထူးသဖြင့် ပြည်သူက စစ်တပ်ကို မုန်းတီးစိတ်ကြီးလာအောင် နိုင်ငံရေးသမားတွေအားလုံး မလုပ်မိဖို ့အတွက် ရည်ရွယ်ရင်း ဒီစာကိုအဆုံးသတ်ချင်ပါတယ်။

မြန်မာနိုင်ငံတော်ကြီး သာယာဝပြောပါစေ။

8 comments

  • kai

    March 31, 2012 at 11:45 am

    မိတ်ဆွေ ချင်းတိုင်းရင်းသားတယောက်ပြောတာ.. သတိရမိတယ်..
    စစ်တပ်ကိုမုန်းတယ်..စစ်သားကိုမုန်းတယ်အော်နေပြီး..
    မြန်မာ့တပ်မတော်ကြီးတခုလုံး.. ပင်လယ်ထဲမောင်းချလို့မှာ မရတာနော် ..တဲ့..။

    ဟုတ်ပါတယ်..
    မြန်မာ့တပ်မတော်မှာ စစ်သည်အင်အား ၃သိန်းကျော်တော့ရှိတယ်တဲ့..။ (၄သိန်းများလားတောင်မသိ..) 😆
    တပ်မိသားစုနဲ့.. ဆွေမျိုးအဆက်အနွယ်တွေပေါင်းရင်… ၁ဝသန်းအသာလေးရှိပါတယ်..။

    စစ်တပ်ဆိုတာ.. တိုင်းပြည်တခုမှာ.. မရှိလို့မရတာလည်းမဟုတ်…။
    မြန်မာပြည်လို အနေအထားမှာ.. စစ်တပ်ဟာ.. အင်မတန်ကို ပရိုဖက်ရှင်နယ်ဖြစ်ဖို့လိုတာပါ..။

    ဆိုတော့…
    ယူအက်စ်က.. ရီပါ့ဗလစ်ကန်င်ခေါင်းဆောင်မက်ခ်ကိန်းပြောတဲ့အတိုင်းပါပဲ..
    မြန်မာစစ်တပ် ပရိုဖက်ရှင်နယ်ဖြစ်ဖို့လိုပါတယ်.။
    ပရိုဖက်ရှင်နယ်စစ်သားတွေဟာ.. နိုင်ငံရေးထဲ.. ဝင်မရှုပ်ပါဘူး.။ Civilအုပ်ချုပ်ရေး.. အရပ်ဖက်ကိစ္စတွေ ဝင်မပါပါဘူး..
    အင်မတန်ကျစ်လစ်တဲ့.. စည်းကမ်းရှိတဲ့.. တပ်ဝင်းထဲ.. အဆင့်အတန်းမြင့်မြင့်.. ဘားတိုက်နဲ့.. ရာရှင်နဲ့..အဆောင်နဲ့..အိမ်နဲ့.. ဘဝအာမခံချက်အပြည့်နဲ့..နေတာပါ…။
    ( ပြောရရင်. ကမ္ဘာအင်အားအကြီးဆုံး.ဖြစ်တယ်ဆိုတဲ့.. . ယူအက်စ်စစ်တပ်ကို..မြို့ထဲ.. သေနတ်ကြီးတွေကိုင်ရက်သားနဲ့.. တခါမှ(တခါမှ) မတွေ့ဖူးပါ)

    ဆိုတော့..
    ယူအက်စ်က.. ဆီနိတ်တာမက်ခ်ကိန်းပြောထားတဲ့အတိုင်းပါပဲ..
    မြန်မာစစ်တပ်ကြီးပရိုဖက်ရှင်နယ်ဖြစ်လာအောင်.. သူတို့ကူညီပါလိမ့်မယ်..။
    မြန်မာစစ်သားတွေ.. နောင်မကြာတဲ့နှစ်တွေမှာ.. ကုလသမဂ္ဂမှာ.. တလ ဒေါ်လာထောင်ချီနဲ့.. အင်မတန်ကောင်းတဲ့လေ့ကျင့်စွမ်းရည်..။ လက်နက်တွေနဲ့. ငြိမ်းချမ်းရေး ကာကွယ်သူတွေဖြစ်ပါလိမ့်မယ်..။

    မပြောမရှိပါနဲ့.. ။ မြန်မာစ်တပ် ပရိုဖက်ရှင်နယ်ဖြစ်လာမဲ့.. ဖြစ်နိုင်တဲ့.. လမ်းစကို မြင်နေရပါပြီ..။
    ကဲ.. စစ်သားများတို့ရေ…
    မြန်မာပြည်မှာ.. ဒီမိုကရေစီအစိုးရဖြစ်အောင်သာ..
    အားစိုက်လုပ်ပေးကြ..နေကြပါလို့..

    ဧပြီ၁ရက်နေ့ဆို မဲပေးရတော့မယ်..
    အဲဒီမဲကို.. တပ်မတော်ခေါင်းဆောင်တွေပြောတဲ့အတိုင်းပေးလိုက်ပါ..။
    တပ်မတော်ဖခင်ရဲ့သမီးခေါင်းဆောင်တဲ့..ပါတီကို မဲပေးလိုက်ပါ..။
    ဒါဟာ.. ပထမခြေလှမ်းဖြစ်ပါတယ်.။
    ခရီးဝေးကြီးကို.. အဲဒီခြေလှမ်းနဲ့..စရပါမယ်..။
    :mrgreen:

  • laypai

    March 31, 2012 at 12:42 pm

    ထောက်ပို့ တပ် ဝန်ထမ်း ထော နေတာ ကို သဘော မကျဆုံးပဲ။
    ( သူများ ကြီးပွားတာ မနာလို ဖြစ် စိတ်နဲ့ လုံးဝ မဟုတ်ရ ပါ။ )
    တပ်ကြပ် တောင် တော်တော် ထော တာ ဗျာ။ အဲဒီ တပ်ကြပ်ရဲ့ အိမ်၊ ထောက်ပို့ က ဗိုလ်တယောက်ရဲ့ အိမ် မျက်စိ အောက်တင် ဖြတ် သွား လာ တွေ့ နေ ရတော့ မြွေမကြောက် ကင်းမကြောက် ထင်းခွေ စားနေရတဲ့၊ ထင်းခွေ နေကြ တဲ့ စစ်သား မယားတွေ အတွက်ရော ချို့ချို့ တဲ့တဲ့ နဲ့ နေထိုင် စားသောက်နေရတဲ့ စစ်သားမိသားစုတွေ ကို ပို သနားတယ်။
    စဉ်းစား ကြည့် လေ။
    ထောက်ပို့ တပ် ထော တယ် ဆို တာ စစ်သား အချင်းချင်း တွေ ရဲ့ စားနပ် ရိပ်ခါ နဲ့ ရပိုင်ခွင့် တွေ ကို ခေါင်းပုံ ဖြတ်ပြီး ချမ်းသာနေတာ ဆို တော့……..။

  • 007James

    March 31, 2012 at 3:46 pm

    တပ်ထဲမှာကွာခြားတာတော့မှန်ပါတယ်။သကြီးပြောသလို ပရော်ဖက်ရှင်နယ်army ဖြစ်လာရင်အကောင်းဆုံးပါ။ဘာပဲဖြစ်ဖြစ် ခြေလျှင်တပ်ကတော့ သနားစရာအကောင်းဆုံးပါ။

  • ba gyi

    March 31, 2012 at 6:01 pm

    တစ်ချို့ကိစ္စတွေက မှန်မမှန်မသိပါ၊သို့သော် တပ်သားတွေဆင်းရဲတာ၊စီနီယာဗိုလ်မှုးတစ်ချို့က။ ဗိုလ်ကလေးတွေအပေါ်ခေါင်းပုံဖြတ်တာတွေရှိနေစဲပါ၊ တစ်ချို့ဝက်မွေးဘို့ဝက်ဘိုးတော့ချပေး တယ်၊ ဝက်ခြံ၊အစာဘိုးမလာက်လို့ အောက်ကဗိုလ်ကြီးတွေစိုက်လုပ်ရတယ်၊ပြန်ပေးမယ်ဆိုပြီးတောင်းရခက်လို့မတောင်းရဲပဲရှော်လိုက်ရတာမျိုးတွေရှိနေတယ်၊စစ်သားတွေဟာလည်းပြည်သူတွေပါပဲ၊အိမ်မှာရေခဲသေတ္တာတော့ရှိပြီး အဲသည်အထဲစိုစိုပြေပြေမထည့်နိုင် ဟန်ပြစစ်ဗိုလ်တွေအများကြီးပါဗျာ၊ သင်တန်းတက်ပြီးစရိတ်ပြတ်လို့ မိဘထံ စရိတ် ပြန်တောင်းရတဲ့အဖြစ်တွေမနဲပါဘူး ၊ပြည်သူ့တပ်မတော် မို့ပြည်သူနဲ့ထပ် တူဒုက္ခခံနေရပြီး၊ပြည်သူနဲ့တစ်သားထဲကျလာရင်ပြည်သူအများ ကတပ်မတော်သားတွေ ဒုက္ခကိုမျှဝေခံစားကြမှာပါ၊အရေးဆိုပေးကြမှာမလွဲပါဘူး။
    ဒုက္ခသည်ချင်းရိုင်းပင်းတဲ့သတ္တိရှိဘို့လိုပါတယ်၊ဒါဆိုပူးပေါင်းပြီးအားလုံးကောင်းအောင်လုပ်လို့ရပြီပဲ၊သည် ရွေးကောက်ပွဲမှာတော့ ဖိအားမရှိပဲကိုယ်ကျိုက်ရာပါတီမဲပေးခွင့်ရှိတယ်လို့တော့ အဲ ကြားရတယ်၊စစ်တပ် ဟာပြည်သူကြားမှပေါက်ဖွါးလာတာမို့၊ပြည်သူသာလျှင်အမိ၊အဘပါလို့ခံယူချက်ပြောင်းပြီး၊ပြည်သူ့ဒုက္ခကို
    ကိုယ့်ဒုက္ခလို့လက်တွေ့ဆောင်ရွက်လာရင်ပြည်သူကချစ်ပြီးသားပါဗျာ။တပ်သားမို့အမိန့်ကြောက်ရလို့ မပြောရဲလည်း၊မှန်ကန်တဲ့ပြည်သူ့ကိုယ်စားလှယ်တွေပြောပေးမှာပါ၊ပြည်သူအပေါ်သာသစ္စာစောင့်သိပါဗျား
    မေတ္တာဆိုတာလေ ရောင်ပြန်ဟပ်ပါတယ်။

  • snow white

    April 5, 2012 at 12:04 pm

    စစ်အကြောင်းတော့နားမလည်ဘူး ဒါပေမယ့်လာဖတ်သွားတယ်နော် စစ်သားဘဝလည်းမလွယ်သလို ပြည်သူ တွေလည်း ဆင်းရဲနေတာပါဘဲ အားလုံးကျန်းကျန်းမာမာနဲ့ အေးချမ်းတဲ့ဘဝလေးရကျပါစေ

  • snow white

    April 5, 2012 at 12:11 pm

    စစ်အကြောင်းတော့နားမလည်ဘူး ဒါပေမယ့်လာဖတ်သွားတယ်နော် စစ်သားဘဝလည်းမလွယ်သလို ပြည်သူ တွေလည်း ဆင်းရဲနေတာပါဘဲ အားလုံးကျန်းကျန်းမာမာနဲ့ အေးချမ်းတဲ့ဘဝလေးရကျပါစေချမ်းသာကျပါစေနော်

  • etone

    April 5, 2012 at 3:32 pm

    ကိုဘုန်းကျော်ရေ …. ။ ဆန်းတော့ ဆန်းနေပါပြီ .. .တပ်နဲ့ပဲ ဆိုင်မလား … နယ်မြေနဲ့ပဲ ဆိုင်မလား ။

    ကျွန်မသိရသလောက် … ရာထူးမြင့်လာလျှင် မြင့်လာသလို အကျိုးခံစားခွင့်တွေရှိပါတယ် … ။
    တိုက်ခန်း (တပ်ပြင်ပမှာနော်) ရတာမျိုး ကားရတာမျိုး … အရင်က ဆယ်လူလာခေတ်က ဆယ်လူလာတွေရတာမျိုး …. တစ်ခုပြီး တစ်ခု ရပါတယ် … ။ ဗိုလ်မှုကြီး အဆင့်လောက်ဆိုလျှင်တော့ … အတော်မိုက်နေပြီ .. ။

Leave a Reply