မင်္ဂလာပါ ခင်ဗျာ ။
31.3.2012 မတ်လနောက်ဆုံးရက် စနေ နေ့ ည ဘောလုံးပွဲတွေ ကို ကြည့်ရှုအားပေးကြမယ့် ဘောလုံးဝါသနာရှင်များအတွက် ကျွန်တော် အုန်းစားပြီး ပို့ စ်တစ်ခု တင်လိုက်ပါပြီ ။ အင်္ဂလန်မှ ကြိုက်တယ် လို့ ဆိုလာတဲ့ မွေးနေ့ ရှင် ကိုကိုကြောင်အတွက် အင်္ဂလန် ၂ပွဲ ရွေးတင်လိုက်ပါပြီ ။
ပွဲစဉ်များနဲ့ အချိန်များကတော့
ပရီးမီးယားလိဂ်
8.30 (၁၅)အက်စတွန်ဗီလာ – ချဲဆီး(၅)
8.30 (၉)အဲဗာတန် – ဝက်ဘရွန်း(၁၄)
8.30 (၁၃)ဖူဟမ် – နော့ဝစ်(၁၁)
8.30 (၂)မန်စီးတီး – ဆန်းဒါးလန်း(၈)
8.30 (၁၈)ကျူပီအာ – အာဆင်နယ်(၃)
8.30 (၁၉)ဝီဂန် – ဘော်တန်(၁၇)
စီးရီးအေ
10.30 (၇)ကာတားနီးယား – အေစီမီလန်(၁)
1.15 (၁၇)ပါးမား – လာဇီယို(၃)
ဘွန်ဒက်လီဂါ
8.00 (၆)လီဗာကူဆင် – ဖရိုင်းဘတ်(၁၃)
8.00 (၇)ဝါဒါဘရီမင် – မိန့် ဇ်(၁၂)
8.00 (၁၁)နုရင်ဘတ် – ဘိုင်ယန်မြူးနစ်(၂)
8.00 (၁၈)ကိုင်ဇာစလော့တန် – ဟမ်းဘတ်(၁၆)
8.00 (၁၅)အော့ဘတ် – ကိုလုံး(၁၄)
11.00 (၁၇)ဟာသာဘာလင် – ဝုဘတ်(၉)
လာလီဂါ
10.30 (၁၈)ရေဆင်း – ဂရာနာဒါ(၁၇)
10.30 (၁၉)ဂီဂျွန် – ဇာရာဂိုဇာ(၂၀)
12.30 (၆)အိုစာစူနာ – ရီးရဲမက်ဒရစ်(၁)
2.30 (၂)ဘာစီလိုနာ – ဘီဘာအို(၁၁)
2.30 (၄)မာလာဂါ – ဘက်တစ်(၁၅)
…………………
အက်စတွန်ဗီလာ(၁၅) – ချဲဆီး(၅)
ပထမအကျော့ ချဲဆီးအိမ်ကွင်းမှာ 31.12.2011 တုန်းက ကန်ခဲ့တုန်းက အက်စတွန်ဗီလာ က ၃-၁ နဲ့ နိုင်ခဲ့ပါတယ် ။
အက်စတွန်ဗီလာ အခုပွဲမကန်ခင် ကစားခဲ့တဲ့ငါးပွဲမှာ
ရှုံး ၊ နိုင် ၊ သရေ ၊ သရေ ၊ ရှုံး
အာဆင်နယ် ၃-၀ အက်စတွန်ဗီလာ
အက်စတွန်ဗီလာ ၁-၀ ဖူဟမ်
ဘလက်ဘန်း ၁-၁ အက်စတွန်ဗိလာ
ဝီဂန် ၀-၀ အက်စတွန်ဗီလာ
အက်စတွန်ဗီလာ ၀-၁ မန်စီးတီး
ချဲဆီး အခုပွဲမကန်ခင် ကစားခဲ့တဲ့ ငါးပွဲမှာ
နိုင် ၊ သရေ ၊ ရှုံး ၊ နိုင် ၊ နိုင်
အေပိုး ၀-၁ ချဲဆီး (ချန်ပီယံလိဂ်)
ချဲဆီး ၀-၀ စပါး
မန်စီးတီး ၂-၁ ချဲဆီး
ချဲဆီး ၅-၂ လက်စတာ ( အက်ဖ်အေ )
ချဲဆီး ၄-၁ နာပိုလီ (ချန်ပီယံလိဂ်)
အက်စတွန်ဗီလာ ရဲ့ ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Given
နောက် Lichaj, Cuellar, Collins, Warnock
လယ် Albrighton, Herd, Gardner, Ireland
ရှေ့  Agbonlahor, Heskey
ချဲဆီး ရဲ့ ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Cech
နောက် Ferreira, Luiz, Terry, Cole
လယ် Mikel, Meireles
လယ် Ramires, Mata, Kalou
ရှေ့  Torres
အက်စတွန်ဗီလာ ဟာ ပြီးခဲ့တဲ့ငါးပွဲမှာ သွင်းဂိုး၂ဂိုးဘဲ ရှိခဲ့ပြီး ပေးဂိုး၅ဂိုး ရှိခဲ့ပါတယ် ။ အက်စတွန်ဗီလာ ရဲ့ အဓိက တိုက်စစ်မှူး “ဒါရင်းဘန့် ” ဒဏ်ရာရကတဲက ဗီလာ ရှေ့ တန်း အလုပ်မဖြစ်တော့ပါ ။
ချဲဆီး ကတော့ နည်းပြ “ဒီမက်တီယို” ရဲ့  ဦးဆောင်မှုနဲ့ ၇ ပွဲကန်ပြီးခဲ့ရာမှာ ၅ ပွဲ နိုင် ၊ ၁ ပွဲ သရေ ၊ ၁ ပွဲ ဘဲရှုံးတဲ့အထိ ရလဒ်ပိုင်းကောင်းမွန်လာတာကို တွေ့ ရပါတယ် ။
အထူးသဖြင့် ပြီးခဲ့တဲ့ကြားရက် ချန်ပီယံလိဂ်ပွဲစဉ် အေပိုး ကို သူ့ အိမ်ကွင်းမှာ ၁ ဂိုး / ဂိုးမရှိ နဲ့ နိုင်ခဲ့တဲ့အထိ ၊ ရှေ့ လယ် နောက် အထူးကောင်းမွန် တိုးတက်လာတာကို တွေ့ ရပါတယ် ။
သည်ပွဲမှာ အာရှဘူကီများရဲ့ ဖွင့်ဈေးများကို ကြည့်မိရာ
နံနက်အစောပိုင်းတုန်းက ချဲဆီး သရေဆိုရင် အပြည့်ရှုံးဖွင့်ရာကနေ ၊ နေ့ လည်ပိုင်းမှာ ချဲဆီး တစ်ဂိုးသွင်းရင် ၅၀ အနိုင်ထိ ဈေးပြောင်းသွားတာ ကို တွေ့ ရပါတယ် ။
သည်ဘက်မှာတော့ ချဲဆီး တစ်ဂိုးသွင်းရင် ၈၀ အနိုင်ဖွင့်လာပါတယ် ။
အဲဒါကိုသုံးသပ်ကြည့်ရာမှာ သရေရှုံးအနေအထားမှာ သည်ဘက် က ဈေးဖွင့်လာတာ ဖြစ်နိုင်ပါတယ်။
နောက်ပြီး အာရှဘူကီများထံမှာလဲ ချဲဆီးအားပေးသူ များလွန်းလို့ ဖြစ်ပါတယ် ။
အက်စတွန်ဗီလာ ရဲ့ လက်ရှိအနေအထားဟာ အမှတ်ပေးဇယား တန်းဆင်းဇုန်က ၃သင်းအထက် ၈ မှတ်အကွာမှာ ရပ်တည်နေပါတယ် ။
ချဲဆီး ရဲ့ အနေအထားကတော့ လက်ကျန်ပွဲစဉ်တိုင်းကို အနိုင်ကန်ထားပါမှ ၊ နောက်နှစ် ချန်ပီယံလိဂ်ဝင်ခွင့် ရမှာပါ ။ ဒါတောင် အပေါ်က စပါးခြေချော်ဦးမှ ။
ဆိုတော့က သည်ပွဲမှာတော့ ၊ ပကျော့ရှုံးကြွေးကို ပြန်ဆပ်နိုင်တဲ့ ၊ အိမ်ရှင်အသင်းထက် ခြေအများကြီးပိုကောင်းတဲ့ ၊ ချန်ပီယံလိဂ်ဝင်ခွင့်အတွက် အနိုင်တွေလိုအပ်နေတဲ့
“““ ချဲဆီး ””” အသင်း တစ်ဂိုးအသာလောက်နဲ့ နိုင်ခြေရှိတယ် လို့ ပြောချင်ပါတယ် ။
သူသာ တစ်ကယ်ခြေစွမ်းအမှန်နဲ့ ကန်ခဲ့မယ်ဆိုရင် ၂-၀ ဖြစ်ဖို့ မခက်ပါဘူး ခင်ဗျာ ။
…………………
ကျူပီအာ(၁၈) – အာဆင်နယ်(၃)
သည်ပွဲကတော့ အာဆင်နယ် တစ်ကယ်ကန်မှာလား ၊ ဘူကီတွေအလိုကို ဖြည့်မှာလား သတိထားရမယ့် ပွဲပါ ။
ကျူပီအာ အခုပွဲမကန်ခင် ကစားခဲ့တဲ့ငါးပွဲမှာ
ရှုံး ၊ နိုင် ၊ ရှုံး ၊ သရေ ၊ ရှုံး
အာဆင်နယ် အခုပွဲမကန်ခင် ကစားခဲ့တဲ့ငါးပွဲမှာ
နိုင် ၊ နိုင် ၊ နိုင် ၊ နိုင် ၊ နိုင်
ကျူပီအာ ဟာ တန်းဆင်းဇုန် သုံးသင်းထဲမှာ အပေါ်ဆုံးရောက်နေတဲ့ အသင်းဖြစ်ပြီး အဆင့်၁၉ က ဝီဂန်နဲ့ အမှတ်တူ ၊ အဆင့်၂၀ က ဝုဗ် ထက် ၃ မှတ် အသာ ပါ ။
အာဆင်နယ် ကတော့ အဆင့်၎ နေရာက စပါးထက် ၃မှတ်အသာ နဲ့ အဆင့်၃ နေရာမှာ ရပ်တည်နေတာပါ ။ တစ်ကယ်လို့ ဒီပွဲမှာ အာဆင်နယ် ရှုံးခဲ့ရင်တောင် ၊ အဆင့်၎ နေရာက စပါး နိုင်ခဲ့ရင်တောင် ၊ အာဆင်နယ် က စပါး ထက် ဂိုးကွာခြားချက် အသာရထားတာမို့ ၊ အဆင့် ၃ နေရာမှာဘဲ ရပ်တည်နေမှာပါ ။
ကျူပီအာ ရဲ့ ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Kenny
နောက် Young, Onuoha, Ferdinand, Taiwo
လယ် Barton, Derry, Diakite, Mackie
လယ် Wright-Phillips
ရှေ့  Zamora
အာဆင်နယ် ရဲ့ ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Szczesny
နောက် Sagna, Koscielny, Vermaelen, Gibbs
လယ် Arteta, Song
လယ် Walcott, Rosicky, Gervinho
ရှေ့ Van Persie
ပထမအကျော့ အာဆင်နယ် အိမ်ကွင်းမှာ ကန်ခဲ့တုန်းက အာဆင်နယ် က ၁-၀ နဲ့ နိုင်ခဲ့ပါတယ် ။
ကျူပီအာ ဟာ ရလဒ်ကောင်းဖို့ အတွက် ကစားသမားအသစ်များခေါ်ပြီး နည်းပြအသစ် မာ့ဟု ကို ခန့် ထားခဲ့ပေမယ့် ၊ မာ့ဟု လက်ထက်မှာ နှစ်ပွဲဘဲ အနိုင်ရသေးပါတယ် ။ နိုင်ခဲ့တဲ့ နှစ်ပွဲ ကလဲ အိမ်ကွင်းမှာ
“ ချဲဆီး ” ကို ၁-၀ ၊ “ လီဗာပူး ” ကို ၃-၂ နဲ့ နိုင်ခဲ့တာပါ ။
အာဆင်နယ် က တော့ ပရီးမီးယားလိဂ်ဘဲ ကန်စရာရှိပြီး ၊ အဆင့်၃နေရာ ကို မြဲဖို့ ဘဲ ကန်သွားရတော့မယ့် အနေအထားပါ ။
သည်ပွဲမှာ အာရှဘူကီများက နံနက်ပိုင်းမှာ အာဆင်နယ် တစ်ဂိုးသွင်းရင် ၅၀ အနိုင်ဖွင့်ထားပေမယ့် နေ့ လည်ပိုင်းမှာတော့ အာဆင်နယ် တစ်ဂိုးသွင်းရင် သရေဘဲ ဖြစ်သွားပါတယ် ။
သည်ဘက်မှာတော့ အာဆင်နယ် တစ်ဂိုးသွင်းရင် ၂၀ အနိုင် ဖွင့်လာပါတယ် ။
နောက်ဆုံးငါးပွဲဆက်တိုက် နိုင်ခဲ့တဲ့ အာဆင်နယ် ကို ရှောင်ဖို့ ဆိုတာ တော်တော် ခက်ခဲပေမယ့် ၊ နည်းပြကြီး မာ့ဟု ရဲ့ ကျူပီအာ ဟာ အိမ်ကွင်းမှာ ချဲဆီး ၊ လီဗာပူး လို အသင်းမျိုးတွေ ကို အနိုင်ကန်ပြထားတာ ကို ကြည့်ရင် ၊ ကျူပီအာ ဟာ အသင်းကြီးတွေ နဲ့ တွေ့ ရင် ခြေစွမ်းပိုကောင်းတာ ကို ကောက်ချက်ချလို့ ရပါတယ် ။
သည်ပွဲမှာ တစ်ဂိုးသွင်းရင်တောင် အပြုံးသိပ်ပျက်စရာ မရှိတဲ့ ၊ သရေ ဆိုရင် အပြည့်ပျော်ရမှာ ဖြစ်တဲ့ ၊ တန်းဆင်းဇုန်ကနေ ရုန်းကန်လာမယ့်
“““ ကျူပီအာ ””” ကို လက်တွဲရင် ပျော်ရွှင်ရဖို့ ၈၀% သေချာပါတယ် ။
…………………
ဘာစီလိုနာ(၂) – ဘီဘာအို(၁၁)
ဘာစီလိုနာ အခုပွဲမကန်ခင် ကစားခဲ့တဲ့ငါးပွဲမှာ
သရေ ၊ နိုင် ၊ နိုင် ၊ နိုင် ၊ နိုင်
ဘီဘာအို အခုပွဲမကန်ခင် ကစားခဲ့တဲ့ငါးပွဲမှာ
နိုင် ၊ သရေ ၊ ရှုံး ၊ ရှုံး ၊ နိုင်
ဘာစီလိုနာ ရဲ့ ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Valdes
နောက် Alves, Mascherano, Pique, Puyol
လယ် Xavi, Busquets, Iniesta
ရှေ့ Fabregas, Messi, Pedro
ဘီဘာအို ရဲ့ ဖြစ်နိုင်ဖွယ် ကစားသမားများမှာ
ဂိုး Iraizoz
နောက် Iraola, Martinez, Amorebieta, Aurtenetxe
လယ် De Marcos, Iturraspe, Herrera
ရှေ့  Susaeta, Llorente, Muniain
သည်နှစ်သင်း တွေ့ ဆုံခဲ့မှုများမှာ
Nov 6, 2011 Athletic Bilbao 2 – Barcelona 2
Feb 20, 2011 Barcelona 2 – Athletic Bilbao 1
Jan 5, 2011 Athletic Bilbao 1 – Barcelona 1 (ဘုရင့်ဖလား)
Dec 21, 2010 Barcelona 0 – Athletic Bilbao 0 (ဘုရင့်ဖလား)
Sep 25, 2010 Athletic Bilbao 1 – Barcelona 3
သည်နှစ်သင်း ဟာ ဒီနှစ် စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲမှာ ကန်ကြရမယ့် နှစ်သင်းပါ ။
ဘာစီလိုနာ ကော ဘီဘာအို ပါ ပြီးခဲ့တဲ့ ဗုဒ္ဓဟူး ၊ ကြာသပတေးညတွေမှာ ချန်ပီယံလိဂ် နဲ့ ယူရိုပါလိဂ် ပွဲစဉ်များကို အဝေးကွင်းတွေမှာ ကန်ခဲ့ကြရတာမို့ နှစ်သင်းစလုံး ပွဲပန်းမှုရှိနေမှာ အမှန်ပါဘဲ ။
ဈေးအနေအထားအရ အာရှဘူကီများက ဘာစီလိုနာ ၂ဂိုးသွင်းရင် ၅၀ အရှုံးဖွင့်ထားတာကို ဒီဘက်မှာ ဘာစီလိုနာ နှစ်ဂိုး သွင်းရင် ၉၀ အရှုံးဖွင့်လာပါတယ် ။
ဈေးအနေအထားအရ ကြည့်ရင် ဘီဘာအို ကို ခေါ်ထားတာပါ ။
လက်ရှိအခြေအနေအရ လာမယ့် အပတ်ထဲမှာ နှစ်သင်းလုံး ချန်ပီယံလိဂ်နဲ့ ယူရိုပါလိဂ် ပြန်ကစားကြရမှာမို့ ၊ သည်ပွဲကို ထိန်းကန်လာနိုင်ပါတယ် ။
ဘာစီလိုနာ ဟာ ခြေစွမ်းဘယ်လောက်ကောင်းမွန်နေပါစေ ၊ သည်နှစ် စပိန်လာလီဂါ ချန်ပီယံ ဖြစ်ဖို့ ဆိုတာတော့ မလွယ်တော့ပါဘူး ။
ဘီဘာအိုကတော့ သည်ညပွဲနဲ့ လက်ကျန်ပွဲတွေ မှာ ကာလာလှ မှ ယူရိုပါလိဂ်ဝင်ခွင့်လောက် ရမှာပါ။
စပိန်ဘုရင့်ဖလား ဗိုလ်လုပွဲမှာ လဲ ကန်ကြရမှာ ဆိုတော့ ၊ သည်နေ့ ည ပွဲမှာ နှစ်သင်းစလုံး သွေးတိုးစမ်းရုံလောက် ကစားကြမယ့်အနေအထားရှိပါတယ် ။
သူတို့ တွေ့ ဆုံခဲ့မှုတွေကို ကြည့်ရင်လဲ ဘာစီလိုနာ ဂိုးပြတ်နိုင်ခဲ့တာ ဆိုလို့ ၃-၁ တစ်ပွဲဘဲ ရှိပါတယ်။
သည်ပွဲမှာ ဘာစီလိုနာ နိုင်ရင်တောင် ဂိုးပြတ်မယ် လို့ မထင်မိတဲ့အတွက် ၊ ၂ ဂိုးပြတ်နဲ့ နိုင်ရင်တောင် အမြတ်ကျန်နေသေးတဲ့
“““ ဘီဘာအို ””” ကို အားပေးရင် ပျော်ကြရမှာပါ ။
…………………
ကျန်ပွဲများမှ ထပ်မံတွေ့ ရှိခဲ့သော ပွဲစဉ်များကို ညမှ ကွန်မင့်ဖြင့် ထပ်မံ ရေးပါမည် ။
……. အားလုံး အောင်မြင်ပါစေ …….

About မောင် ပေ

မောင် ပေ has written 396 post in this Website..