သင်ခန်းစာ

manawphyulayMarch 31, 20121min883

ကြေးမုံရိပ်တွင် အရိပ်ထင်

ငါ ပြုံးပြသော်
သူက တန်ပြန် ပြုံးလေသည်။
ငါကမဲသော်
ငါကဲ့သို့လျှင်၊ မဲ့ဟန်ဆင်၍
သူပင် တုံ့ပြန်တတ်လေသည်။
သစ်သားဘောင်ခတ်၊ ဤမှန်ချပ်သည်
စိတ်ဓာတ်မပါ၊ သညာမရှိ
သတိမဖက်၊ အသက်ဝိညာဉ်
ကင်းလွတ်စဉ်လျှက်၊ တုံ့ပြန်ချက်သည်
ငါ့အတွက် သင်ခန်းစာပါတကား။

3 comments

  • snow white

    March 31, 2012 at 2:42 pm

    ညီမအမေဆိုအမြဲပြောလေ့ရှိ တယ် မကောင်းသောစိတ်မွေးတဲ့သူ မကောင်းကြံတဲ့သူတွေ ဘယ်တော့ဖြစ်ဖြစ်မျက်နှာမှာပေါ်တယ်တဲ့လေ မှန်ကြည်ရင်ကိုယ့်ရုပ်ကိုုကိုယ်စစ်လို့ရတယ်နော် မျက်နှာက ကြည်လင်နေတာနဲ့ မျက်နှာကအမြဲပုပ်ပုပ်နေတဲံသူနဲ့မတူဘူးနော် မှန်ကဘယ်တော့မှမလိမ်ဘူး ကိုယ့်ရုပ်ကိုအမှန်အတိုင်းဘဲပေါ်တယ်လေ

  • Thit Sar Lin

    April 2, 2012 at 9:34 am

    မှန်ပါ၏…
    မကောင်းတာလုပ်လျှင် အဲဒီဒဏ်ကိုမလွဲမသေပြန်ခံရမှာကတော့အသေချာပဲဗျို့….
    သူမကောင်းလို့ကိုယ်မကောင်းတာမျိုးတော့ မဖြစ်အောင်ကိုနေနေရပါတယ်..
    လူအများစုရဲ့စိတ်နေစိတ်ထားကလည်း သူဘက်ကမကောင်းလျှင် ကိုယ့်ဘက်ကလည်း sorry ပဲ..
    ပြောရမလိုပါပဲ..ကိုယ်ကိုတိုင်လည်းဒီလိုစိတ်ထားမျိုးထားပါခဲ့ပါတယ်..
    အခုမမ..မနောရေးသွားသလိုပဲ ဒီအသက်မရှိတဲ့ သစ်သားမှန်ချပ်ကြီးကိုကြည့်ပြီးတော့တောင်မှ
    ကိုယ်တိုင်ကပြုံးရင်ပြုံးလိုက် မဲ့ရင်မဲ့ လိုက်ဖြစ်နေသေးတာပဲ…ဘာပဲဖြစ်ဖြစ်ပါ
    အခုလိုမေ့နေတဲ့အကြောင်းအရာလေးတခုကို မမမနောက ပြန်သတိပေးနေတဲ့အတွက်
    ကျေးဇူးအထူးတင်မိပါတယ်…………
    မမ မနောတယောက်လည်း ကျန်းခန့်သာလို့မာပါစ….

  • bluerose

    April 2, 2012 at 4:07 pm

    လုပ်ငန်းခွင်ထဲဝင်ကာစကတော့မျက်နှာက
    ကြည်နေသေးတယ်
    နောက်ပို်င်းတဖြည်းဖြည်းနဲ့စူပုပ်ပုပ်ဖြစ်လာသလိုပဲ
    ခုဆိုအတတ်နိုင်ဆုံးစိတ်ကိုလျှော့တယ်
    ပြီးတော့ထိုင်တဲ့နေရာမှာမှန်လေးတချပ်ထောင်ထားတယ်
    စိတ်နဲနဲညစ်လာရင်မှန်ကြည့်ပြီးပြုံးပြလိုက်တယ်
    မျက်နှာကိုအမြဲတမ်းချိုနေအောင်မှန်လေးတချပ်ကတော့
    တကယ့်လမ်းမှန်ပို့ပေးနိုင်ပါတယ်
    😳

Leave a Reply