ငှက် 2.0

ムラカミMarch 31, 20123min17333

 

wildlife ပြောင်းရိုက်ရန် လုံးဝ စိတ်ကူးမရှိပါ…

 

သို့သော် ..ငှက်ကိုတွေ့ရင် ငှက်ကို ရိုက် ကြွက်ကိုတွေ့ ကြွက်ကိုရိုက်တတ်သော ကျနော့် စရိုက်အရ …

ဆန်တိုရီနှင့် လိုက်သည်ဟု ဆြာလင်းဝေပြောသော မယ်ညိုငှက် တွေ တွေ့တုံး ရိုက်နှက်ဖြစ်ပါသည်…

 

ရှု စားအားပေးတော်မူကြပါ ..ပိတ်သတ်ကြီးခင်ညား..

 

 

ကျုပ်လေ ကျုပ် …. စိုင်ပဲပစ်ချင်တာပါဂျာ…

 

 

1

 

 

2

 

3

 

4

 

5

 

6

 

7

 

8

 

 

9

 

10

 

 

 

သိမ်းငှက်လိုလို ဘာလိုလို အမွေးထိုးထိုးထောင်ထောင် လေးတွေက အကောင်ငယ်လေးတွေဗျ …. ဆက်ရက်လောက်ပဲ ရှိတဲ့ အရွယ်တွေပါ….

အရွယ်ရောက်ပြီး အကောင်တွေကတော့ ခိုထက်နည်းနည်းကြီးတယ်ခင်ဗျ….

ပုံတွေ ကြီးလိုက်ငယ်လိုက် ဖြစ်နေတာတော့ … ခွင့်လွှတ်ပါဗျ ….

 

ဒီပိုစ့် ကို လနော်ဗို အိုင်ဒီယာပက်   .. ပေါ်က တင်ပါသည်ဗျ…

 

 

ခင်တဲ့

ဂီ

 

33 comments

  • water-melon

    March 31, 2012 at 1:35 pm

    ှုှဌက်တွေများ ကြော်စားပြီး
    ထန်းရည်လေးနဲ့မြည်းလိုက်ရရင်
    တော်တော်ကောင်းမှာဘဲ
    ရန်ကုန်ရောက်မှ သင်မှာမယ်
    ဆရာတွေတော်တော်ပေါနေပြီ 😀

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    March 31, 2012 at 1:42 pm

    ဟင်းဟင်းငွင်းငွင်းသူပဲတင်နိုင်သတဲ့လား သများလဲမကြာခင်တင်ပြမယ် ။ လူပုံရေပုံရှုခင်းပုံ မကြာမှီလာမည်မျှော်…………………..
    လနိုဗိုအိုင်ဒီယာပက်ကဘယ်ကကြော်ငြာဝင်ရပြန်သဒုံးဂီရဲ့ သများသူ့ကိုအကြံပေးတဲ့ပို့စ်တင်ပြီးပြီနော်။
    ဖတ်တာမဖတ်တာဂီဂိအပိုင်း သများကသူတင်ခိုင်းလို့တင်နေပြီ……….. လူဇိုးကြီး……..
    နောက်တီးနောက်တောက်ဂိုဏ်းသား………ပြည်သူ့ချဉ်ဖတ်…….. တပ်မ၇၇…. ယာကူဇာဂီဂီရဲ့…
    ခေါင်းဆောင်ကြီး….. ရှမ်းပြည်သား(တောင်ပိုင်း)

    • Khaing Khaing

      March 31, 2012 at 6:45 pm

      ဖရဲမ ညည်းပညာတွေသင်ထား ပြီးရင် နာ့ကိုဒါ့ပုံရိုက်ပေး ….

      မိုင်ဆွန်ခရေ ရေပုံလေးတွေကိုတော့မတင်ပါနဲ့ကွယ် လေးပေါက်တို့ ဖရဲမတို့ ကိုစိန်သော့တို့ နှိပ် စက်လို့ ဒီမှာ ရေတွေကိုကြည့်ပြီး ရင်ထဲမှာ ကလိကလိဖြစ်နေတာ အခုတူက သများကို ရေပုံတွေ တင်ပြီး ထပ်နှိပ်စက်ဦးမှာပေ့ါလေ …. နှိပ်စက်လေသတည်း … လူပုံတွေဆို တို့ပုံတွေမပါစေနဲ့နော် ….

      ကိုဂီ အခုလိုပုံလေးတွေတင်ပေးတာ ကြည့်သွားပါတယ် ကိုဂီတစ်ခါတင်တဲ့ငှက်ပုံတွေ နဲ့တူနေသလားလို့နော် …. ကိုဂီရေ နောက်တစ်ခုပြောဦးမယ် ကိုဂီပို့စ်တွေမှာ ကြော်ငြာတွေပါ သလိုပဲနော် (ဒီပိုစ့် ကို လနော်ဗို အိုင်ဒီယာပက် .. ပေါ်က တင်ပါသည်ဗျ…) သများတို့လို မျက်နှာမွဲ ဝယ်မသုံးနိုင်တဲ့လူတွေက ကိုဂီအဲလိုလေးတွေ ကြော်ငြာလိုက်ရင် လိုချင်လာတယ် အားလည်းငယ်လာတယ်ကိုဂီရဲ့ နွားကိုပလာတာ ကျွေးသလိုဖြစ်နေသလားလို့ …. ခစ်ခစ်ခစ် (အလကားမစဘူးနော် တစ်ကယ် တစ်ကယ်ကြောတာ)

  • manawphyulay

    March 31, 2012 at 3:31 pm

    ဒီပိုစ့်ကို acer Latop ပေါ်က ကြည့်မြင်သွားပါသည်…. ငှက်တွေလည်း ကြော်စားဖို့ ယူသွားပါသည်။

    • Swal Taw Ywet

      April 1, 2012 at 5:04 am

      Me too,
      ဒီပိုစ့်ကို H P Compaq ( Presario CQ 61 ) ပေါ်က ကြည့် သွားပါသည်…
      I like the most No 6.
      Dear Ko Gi,
      Many thanks for your sharing.

      With respect,
      Swal Taw Ywet.

  • ချစ်ရင်ထူးနှစ်

    March 31, 2012 at 4:56 pm

    အားပေးသွားပါတယ် ခင်ဗျာ..
    ကိုဂီ လည်း ပျောက်တယ်နော်.

  • မှော်ဆရာ

    March 31, 2012 at 5:36 pm

    တတိယပုံကို အကြိုက်ဆုံး ။
    နာမည်လေးတောင် ပေးထားသေး ..
    မောင် KTV မဝင်နဲ့နော်တဲ့ … 🙂

  • ဆူး

    March 31, 2012 at 5:51 pm

    ပုံ ရ ၈ မမြင်ရဘူး ဟုတ်လားတော့ မသိဘူး။
    ဒီမှာ မပေါ်ဘူး နံပါတ်ပဲ ပေါ်တယ်။
    ငှက်တောင် အလွတ်မပေးဘူး လိုက်ရိုက်တာ.. လက်သွေးနေတာလား.. အလှူနေ့ကျရင် ရွာသူတွေကို လှအောင် မရိုက်နိုင်ရင် ရွာသူတွေ ဝိုင်းရိုက်ကြလိမ့်မယ်။ ဒါဗြဲ.. 😀

    • ကိုရင်မောင်

      March 31, 2012 at 7:13 pm

      ဂိဂိရဲ့ငှက်လေးတွေကြော်စားသွားပါတယ်..
      စကားမစပ်..ဆူးမမရေအလှူငွေထည့်ချင်လို့ဘယ်လိုပို့ရမလဲ
      ပြောပြစေချင်ပါတယ်.. koyinmaung874@gmail.com

      • ဆူး

        April 2, 2012 at 1:45 pm

        ကိုရင်မောင် အီးမေး ပို့ထားပါတယ် ရမရ သိချင်ပါတယ်။

        • ကိုရင်မောင်

          April 2, 2012 at 4:36 pm

          ဟုတ်ကဲ့…အီးမေးရရှိသွားပါပြီ
          ကျေးဇူးပါဆူးမမရေ…

  • အံစာတုံး

    March 31, 2012 at 7:45 pm

    ကိုဂီရေ …
    အနော်လည်း အားပေးတွားဒယ်နော် …
    ဒါနဲ့ .. နံပါတ် ၂ ပုံက ဘီလို ရိုက်နှက်ထားတာလဲဂျ ..
    အပေါ်စီးက ဆိုတော့လေ …

    • ဖားသက်ပြင်း

      March 31, 2012 at 7:47 pm

      ရလွှာ က ကျနော့်အခန်းက ရိုက်ထားတာပါ..
      😀

      • အံစာတုံး

        March 31, 2012 at 8:10 pm

        သိပါဘူးဂျာ …
        ဟယ်ရီတော်ပရာနဲ့ ရိုက်ထားတာလားလို့ …
        အဟီး … 😀

  • Khin Latt

    March 31, 2012 at 7:47 pm

    အောင်မာ …. အောင်မာ …
    လူတွေကို များ ငှက်မမြင်ဘူး သူတွေ ထင်ပြီး ရွှီးချင်တိုင်း ရွှီးလို့ ရမယ်ထင်လို့လား။
    အနီးဆုံး ၂ပုံ – ပုံ(၁) နဲ့ (၂) ကိုဘဲ ယှဉ်ကြည့်ဦး။
    တစ်ကောင် က နှုတ်သီး ရှည်ရှည် နဲ့ အမွေးပွပွ၊ အမြှီးပြား၊ နောက်တစ်ကောင် က နှုတ်သီးအတို နဲ့ အမွေးတို၊ အမြှီးချွန်
    ဒါကို နာမည်တစ်မျိုးထဲ ရောပေးထားတယ်။ 😆

  • MaMa

    March 31, 2012 at 8:49 pm

    နာဂိုယာ ရောက်နေပြီ ဟုတ်စ
    (ကျုပ်လေ ကျုပ် …. စိုင်ပဲပစ်ချင်တာပါဂျာ…)
    ဆိုတော့ ငှက်က ပြောသွားတယ် ….
    နာ့ကိုပစ်နိုင်တာပဲ ကျေးဇူးတင်ဦး …. တဲ့ 😀

  • တာတီး

    March 31, 2012 at 8:57 pm

    အကောင်ကြီးကြီးက ချိုးငှက်ပါ
    အသေးကတော့ နာမူတိ…ခိခိ

  • metallic

    March 31, 2012 at 11:00 pm

    ဒုတိယပုံလှ၏
    တတိယပုံက ငှက်ကိုတောင်ပံလှုပ်သွားအောင် တုတ်နဲ့ထိုးလိုက်တာလားဟင် း)
    ဓာတ်ပုံပညာတော့နားမလည်ဘူး
    ပုံတွေအကုန်တော့ ကြည့်ကောင်းတယ်လို့ခံစားရတယ်
    ကျေးဇူးတင်၏

  • pooch

    March 31, 2012 at 11:28 pm

    ဒီတခါ ငှက်ကို အာရုံသိပ်မလာဘူး။ ခလုတ်ပဲ နှိပ်တတ်တဲ့သူက ဝေဖန်တာဆိုတော့ နည်းနည်းတော့သီးခံပါအေ။ 😆

    ဓာတ်ပုံပြပွဲတခုကို ကြည့်ဖူးလို့ ။
    ပြောဖူးပါတယ်။ ငှက်တကောင် အားနဲ့ မာန်နဲ့ ဆန်တက်ပြီး ပျံနေတဲ့ ပုံ ။ မျက်စိထဲက ခုထိကို မထွက်နိုင်ဘူး။ ဒါကြောင့်မို့ ခုငှက်က မတိုးဘူးဖြစ်နေတယ်။ :mrgreen:

    ဟိုတခါ ပြတဲ့ nikkon ကြီး ကို မျက်စိမှိတ်ပြီး ရှိတာတွေ ပေါင်နှံရောင်းချပြီး ဝယ်ပစ်လိုက်ပြီ :mrgreen:
    အဲ့ဒါ မျောက်အုန်းသီး ရသလို ဖြစ်နေလို့ …

    • Foreign Resident

      April 1, 2012 at 6:11 am

      Nikon ဘာ လဲဟင် ??? 😛

      • pooch

        April 2, 2012 at 12:41 pm

        ဟဲ …ဟဲ… အဘဖော ဟုတ်ပါတယ် nikkon ဝယ်လိုက်တာပါ။ Nikon မဟုတ်ပါဘူး။
        ဘာဖြစ်လို့လဲ ဆိုတော့ ဧပရယ် ၁ ရက်နေ့မို့ပါ။
        မာကတ်တာကြီးကတော့ သတိပဲ ကြီးသလား သူကပဲ fool နေကြမို့လား မသိဘူး။ လွတ်သွားတယ်။ အဘဖောနဲ့ဆို ဒီတခါ ၅ ယောက်လောက် fool သွားပါတယ်။ ရွာထဲက ၂ ယောက်လောက်မိသွားပါတယ်။ ဟီး ….. :mrgreen:

  • kai

    April 1, 2012 at 3:30 am

    ဂီဂီကို.. ဒေါင်းတွေရိုက်ပေးဖို့.. တိုက်တွန်းချင်တယ်..။
    ဒေါင်းကို.. နိုင်ငံတော်တိရိစ္ဆာန်ဖြစ်အောင်.. တွန်းချင်လို့..။

    ဆိုတော့..
    ပြန်လှည့်ရရင်..
    ပုံ၁ ကြိုက်တဲ့သူဟာ.. ရည်မှန်းချက်ကြီးကြီးထားသူဖြစ်မယ်..
    ပုံ၂ ကြီုက်တဲံသူဟာ.. အပေါ်ရောက်အောင်မြင်တယ်လို့ ခံယူထားသူဖြစ်မယ်..
    ပုံ၃ ကြီုက်သူဟာ.. ချစ်သူရည်းစားရှိသူ/ထားဖို့ကြံနေသူဖြစ်မယ်.
    ပုံ၄ ကြိုက်သူဟာ… အဖော်ကို မျှော်နေသူ.. လွတ်လပ်နေသူ.. ရှာနေသူဖြစ်မယ်..
    ပုံ၅ ကြိုက်သူဟာ.. လွမ်းဆွေးနေသူဖြစ်မယ်..။ (ずっと.. 覚えているよ .. ဖြစ်နေသူတွေ) 😆
    ပုံ ၆ ကြိုက်သူကတော့.. လွတ်လပ်ခြင်းကို အလိုရှိသူဖြစ်မယ်..။

    ငှက်ဗေဒင်ဟုခေါ်ပါသည်..။ :mrgreen:

    • Swal Taw Ywet

      April 1, 2012 at 5:10 am

      Great…
      ပုံ ၆ ကြိုက်သူကတော့.. လွတ်လပ်ခြင်းကို အလိုရှိသူဖြစ်မယ်..။
      Only in one post-
      1> We can see beautiful photos of bird.
      2> We can get a free fortune teller.
      Really thank you.

      With respect,
      Swal Taw Ywet.

    • ဖားသက်ပြင်း

      April 2, 2012 at 12:50 pm

      キジ လို့ခေါ်တဲ့ အရှေ့ကျွန်း မျိုးရင်း green pheasant ရိုက်ဖြစ်အောင် ရိုက်ပါ့မယ် သဂျီးရယ်…
      ဘတ်ထ်..
      လက်တလောကတော့ SA.KU.RA ကို ပရိုင်ရော်တီ အမြင့်ပို့ထားပါတယ်…

      😀

      P.S ငှက်ဗေဒင် မှန်မမှန်တော့ မပြောတတ်ပေမယ့် ပုံ-၅ ကတော့ ကျနော် ကိုယ်တိုင်
      အနှစ်သက်ဆုံးပုံပါ

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 1, 2012 at 4:06 am

    ဒဂျီးမင်းဒါဆိုကျွန်တော်ပုံသုံးကိုကြိုက်လိုက်မယ်
    တခါထဲကြော်ငြာဝင်ပြောမယ်နော်…..
    သင်္ကြန်လည်စရာသူငယ်ချင်းမရှိပါ ချစ်သူရည်းစားလည်းမရှိပါ….
    ထို့ကြောင့် အခါကြီးရက်ကြီးများနှင့် ပွဲတော်ရက်များတွင် အတူတူကဲ၍တူတူလည်ရန်
    ချစ်သူရည်းစားတစ်ယောက်(ဖြူဖြူချောချော၊လှလှပပ)(ကိုရီးယားက Girls` Generation)မှ ကောင်မလေး
    များကဲ့သို့သော ချစ်ချစ်လေးတစ်ဦးအလိုရှိသည်………
    CV formများကို…… ရည်းစားတစ်ယောက်အလိုရှိသည် ဆိုတဲ့ဖေ့ဘွတ်ခ်နိမ်းလေးမှာ ဆက်သွယ်ယူနိုင်ပါ
    သည်။…..
    ပုံ…ရှမ်းပြည်သား…………. မျက်နှာမဲငမွဲ….

    • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

      April 1, 2012 at 4:07 am

      မှတ်ချက်ခါးဖက်၍ဆိုင်ကယ်အတူစီးနိုင်သူဖြစ်ရမည်။

      • Swal Taw Ywet

        April 1, 2012 at 5:14 am

        Dear ….မိုင်ဆွန်ခ,
        Don’t worry.
        I know whom can help you.
        Please contact to Water Melon.
        OK?
        🙂

        with respect,
        Swal Taw Ywet.

        • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

          April 1, 2012 at 6:19 am

          အောင်မငီး မလုပ်ပါနဲ့ကိုစွယ်တော်ရယ်….
          ဒေါ်ဖြဲက ကျွန်တော်ကိုချော်ဆွဲလို့
          အတော်ကဲတယ်ဆိုပြီး ရှိတဲ့အထုပ်လေးကျွတ်သွားပါဦးမယ်ဗျာ…..
          ပုဆိုးကပုံစကိုပြန်ထုပ်ထားတာပြောတာနော….
          ခနနေတကယ်လာဆွဲမယ်ဆို မောင်ရှမ်းတို့မြန်မာပြည်
          အမျိုးသားရေးရာမရှိသေးဘူးဗျ။

  • Foreign Resident

    April 1, 2012 at 6:09 am

    ” ဒီပိုစ့် ကို လနော်ဗို အိုင်ဒီယာပက် ပေါ်က တင်ပါသည်ဗျ ”
    ဟင် ဆရာဂီ နှင့် အဘ နှင့် တူသွားပြီ ။
    အဘ လည်း Lenovo Idea Pad Y 570.
    😛

  • Mon Kit

    April 2, 2012 at 2:33 pm

    ငှက်လေးတွေနဲ့ ထပ်တူ Lonely ခံစားသွားရပါသည်……
    တူယှဉ်တွဲ ပုံလေးတွေလဲ ရိုက်ပေးပါ………

    • ဖားသက်ပြင်း

      April 2, 2012 at 2:43 pm

      Pic No.3 က စုံတွဲလေဗျာ..
      😀

  • Shan Gyi

    May 10, 2012 at 10:21 am

    အမည်သညှာ
    ဆရီဂါဟု
    သမုတ်လိုပါသည်

Leave a Reply