Mandalay NLD မဲဆွယ် စည်းရုံးရေး လှုပ်ရှားမှုများ ဓါတ်ပုံများ 31/03/2012

pyiminluMarch 31, 20124min37015

၃ရ လမ်း ပေါ်တွင် တွေ့ရစဉ်။

 

 

၂၆ နှင့် ၇၈ လမ်းဒေါင့် မီးပွိုင့်တွင် တွေ့ရစဉ်

 

15 comments

  • ဗိုက်ကလေး

    March 31, 2012 at 3:15 pm

    လန်ထွက်နေတာပဲနော့..
    အားကျသဗျာ..

    အဲ..အဲ.
    အပေါ်ကရေရင် ဆယ့်တစ်ပုံမြောက်မှာ ကျုပ်ဘော်ဒါ အူးပေရဲ့ ပထမဇနီးပဲဗျ
    ခလေးနှစ်ယောက်နဲ ့အားပေးနေတာများ အားရစရာ

  • water-melon

    March 31, 2012 at 4:01 pm

    ဒီနေ့မနက်လဲ
    ၃၅လမ်းမပေါ်လဲအပြည့်ဘဲ
    နောက်ကနေတက်လာကျတာ
    ဓာတ်ပုံတော့မရိုက်တော့ပါဘူးဗျာ
    အားပေးတာဘဲကောင်းတယ်
    ကြားရတာတော့ ဧပြီ၁ရက်နေ့ည မန်းလေးကိုပတ်မယ်ကြားတယ်

  • kai

    March 31, 2012 at 4:28 pm

    နိုင်မှာပါ..
    နိုင်ရင်.. အပျော်လွန်ပြီး.. “တက်မထောင်ကြဖို့”လိုတယ်လို့.. ပြောချင်ပါတယ်..။
    စည်းကမ်းလည်းရှိကြစေချင်ပါတယ်..။
    တကယ့်ပွဲက.. ၂၀၁၅မှာဖြစ်ကြောင်းပါနော…။
    ==

    “ကျနော်တို့ ဗမာတွေမှာ စောက်ကျင့်တခုရှိတယ်။
    ဘာစောက်ကျင့်တခုရှိသလည်းဆိုရင် ဒါကလည်းဘဲ ကျနော်တို့
    ကျွန်ဖြစ်ခဲ့ကြရတဲ့အတွက် ဖြစ်ချင်ဖြစ်မယ်။ ကျနော် ဂျပန်ခေတ်တုန်းက
    ပုသိမ်ဖက်ကို သွားတဲ့အခါ လှေပြိုင်ပွဲတ်ခုရှိတယ်။
    လှေပြိုင်ပွဲလုပ်ခဲ့တယ်။ လှေပြိုင်ပွဲလုပ်တဲ့အခါမှာ ဘာဖြစ်သလည်းဆိုတော့
    လှေတွေ ပြိုင်လိုက်တာ နှစ်စင်းပြိုင်တဲ့အခါမှာ နိုင်တဲ့အစင်းက
    ပန်းတိုင်မရောက်သေးဘူး။ ရှေ့ကို နဲနဲရောက်တယ်ဆိုရင်ဘဲ တက်ထောင်တယ်။
    ကြွားတာ ကြွားတာ။
    တခါ ရှုံးတဲ့အနောက်က နေတဲ့လှေကလည်းဘဲ
    ပန်းတိုင်မရောက်သေးဘူး။ ကြိုးစားချင် ကြိုးစားနိုင်သေးတယ်။
    မကြိုးစားတော့ဘူး။ ရှုံးတော့မှာပါပဲကွာဆိုပြီး ခြေပစ်လက်ပစ်နဲ့
    တယ်မခတ်ချင်တော့ဘူး။”

    ဗိုလ်ချုပ်အောင်ဆန်း

    • myanmarcitizen

      March 31, 2012 at 4:58 pm

      ဟုတ်တယ်။ လှည်လည်တဲ့နေရာမှာလဲ စည်းကမ်းတကျ၊ စည်းစည်းလုံးလုံးနဲ့သွားလာကြပါလို့ တိုက်တွန်းချင်ပါတယ်။ ကိုယ့်အတွက်နဲ့ တခြား လေးစားအပ်တဲ့သူတွေ မျက်နှာမပျက်စေရအောင် ဂရုစိုက်ကြပါ။ အခု အချိုပွဲလေးနဲ့ (သဂျီးပြောသလို “တက်မထောင်ကြဖို့”) နဲ့ နောက်လာမယ် တကယ့်ပွဲကြီးအတွက် ယခုမှစပြီး ပြင်ဆင်ကြစေလိုကြောင်း စေတနာမောင်း ခတ်လိုက်ပါတယ်။ ဒူ … ဒူ … ဒူ 🙂

  • Swal Taw Ywet

    March 31, 2012 at 5:01 pm

    Yes, I agreed with U Kai.
    NLD SHOULD TO keep / save / hide energy for upcoming races.
    This is not a final match, it is just starting.
    Please follow the rules as much as we can.
    Need to be united.
    Hope for the best, prepare for the next.
    Let’s try our best for our mother land.

    With respect,
    Swal Taw Ywet.

  • ဆူး

    March 31, 2012 at 5:49 pm

    ဒီမြို့နယ်က နက်ဖန် မဲ မထည့်ရဘူး ဆိုတော့ မဲဆွယ်ရေးသမားတွေ ဒီနားတောင် ခြေဦး မလှည့်ကြတော့.. မမြင်ရဘူး ဖြစ်နေတယ်။ အိမ်ရှေ့မှာ အဲလို ဖြတ်သွားရင် သိပ်ကောင်းမှာပဲ.. ထွက်ကြည့်ချင်လို့။

  • အံစာတုံး

    March 31, 2012 at 8:08 pm

    ဘယ်နေရာကြည့်ကြည့်
    NLD က အားရစရာ …
    အနော်တို့ ရန်ကုန်မှာလည်း ဒီအတိုင်းပဲ …
    ခွပ်ဒေါင်းအလံတွေ ပလူပျံနေတာပါပဲ …
    လူတွေအားလုံးက ဒေါ်စုမှ ဒေါ်စုပဲဗျို့ …
    သေချာပါတယ် ..
    ဒီကြားဖြတ်ရွေးကောက်ပွဲမှာ မဲဘယ်လောက်ညစ်ညစ် ဒေါ်စုနိုင်မှာပဲ …

  • အိမ်လွမ်းသူ

    March 31, 2012 at 8:09 pm

    အခုတလော ဒီလိုပုံတွေ မြင်ရတာ မြန်မာလူမျိုးတွေ အမျိုးသားရေးစိတ်ဓတ် တက်ကြွမှူ့ကတော့ အားရစရာပဲဗျာ။ ဒီလို ညီညွတ်မှူ့မျိုးကို စည်းကမ်းရှိရှိ နဲ့ အသုံးချသွားရင် မြန်မာပြည်ကြီး မဝေးတဲ့ အနာဂတ် မှာတိုးတက် လာမှာ မြေကြီးလက်ခတ် မလွဲဘူး ဗျို့။

  • MaMa

    March 31, 2012 at 9:31 pm

    ရန်ကုန်မှာလည်း ကိုယ့်မျက်စေ့ရှေ့မှာ မြင်မြင်သမျှ …..
    ရေခဲချောင်းရောင်းတဲ့ ပုံးကလည်း NLD တံဆိပ်လေးနဲ့
    ဆိုက်ကားတွေမှာလည်း NLD တံဆိပ်လေးနဲ့
    ထီရောင်းတဲ့ လှည်းတွေလည်း NLD တံဆိပ်လေးနဲ့
    ပစ္စည်းတင်တဲ့ လှည်းတွေမှာလည်း NLD တံဆိပ်လေးနဲ့
    ပြည်သူတွေအတော်များများလည်း အဝတ်အစား၊ ဦးထုပ်တွေမှာ NLD တံဆိပ်လေးနဲ့ ချည်းပဲ။
    🙂

  • padonmar

    March 31, 2012 at 10:34 pm

    တက်မထောင်ဖို့လိုပါတယ်။ရှေ့ဆက်ရမယ့် ခရီးက အဝေးကြီးကျန်ပါသေးတယ်။

  • ko jooy

    April 1, 2012 at 12:26 am

    ကျွတော်တို ့မန်လေးကတော့ အားပေးကြမ်းပါတယ်။ အောင်ပွဲ ခံ လို ့လှည် ့လည်ရင်လည်း စည်းကမ်းတကျ လေးလှည် ့လည်စေချင်ပါတယ်။ ဒါမှမန်လေးသားတွေ ဘယ်လိုစည်းစည်းလုံးလုံးရှိတယ် ဆိုတာပြရမှာ။ NLD နဲ ့မန်လေး မန်လေး နဲ ့NLD အမြဲလက်တွဲစည်းလုံးမည်။

  • snow white

    April 1, 2012 at 10:59 am

    ပြည်သူလူထုကတော့
    အမေစု မှအမေစုဖြစ်နေကျတယ်နော် အမေစုလည်းအားတက်ပြီးတော့အနိုင်ရရင်တော့
    ပြည်သူတွေဒီထက်မကပိုပျော်တဲ့ပုံတွေတွေ့ရအုုံးကျိန်းသေတယ်နော် စည်းလုံးမှုလည်း ဒီထက်မကရှိပါစေလို့ ဆုတောင်းပေးပါတယ် အမေစုလည်းကျန်းမာ သက်ရှည် ပါစေ

  • Maung Dae`

    April 1, 2012 at 11:54 am

    စည်းကမ်းရှိစေချင်ပါတယ်.. သေချာပေါက် နိုင်မှာပါ.. မန္တလေးက နဂိုကမှ ဆိုင်ကယ်တွေရှုပ်ရတဲ့အထဲ ကိုယ့်ပါတီ အင်အားပြတာတစ်ခုအတွက်နဲ့ တစ်ခြားပြည်သူတွေ လမ်းတွေပိတ်ကုန်တာ.. သွားရေး လာရေး အဆင်မပြေတာတွေ မဖြစ်စေချင်ပါဘူး.. ဘယ်လောက်ပဲ အားပေးပါစေ အဲ့ဒါမျိုးတွေကြုံလာရင် ကျွန်တော်လဲ ဒေါသထွက်မိပါတယ်.. ကိုယ်က အရေးတကြီး သွားစရာရှိ လမ်းတွေကပိတ်.. တော်တော် စိတ်ကသိကအောက်ဖြစ်မိပါတယ်..

Leave a Reply