မြန်မာပြည်မှာခုတလောနာမည်ကြီးနေတဲ့PRIVATE SCHOOL ရဲ့လိမ်ညာမှုုုုုုုုုု

လင်းဝေJune 11, 20101min14010

အလုပ်အကိုင်ရှားပါးလို့ အလုပ်လုပ်ချင်နေသူတွေကို အနိုင်ကျင့်နှိပ်စက်နေတာတွေကို အသည်းယားလွန်း မခံရပ်နိုင်လွန်းလို့ မေးလ်ထဲရောက်လာတာလေး ကူးပြီး တင်ပေးလိုက်ပါတယ်။ တကယ်ကို စိတ်ကုန်ဖို့ကောင်းတဲ့ Law Inforcement ပါပဲ။

ကိုယ်ချင်းစာစိတ်မရှိသူတွေကလည်းလုပ်ပဲ လုပ်ရက်နိုင်လွန်းကြတယ်။ ဟိုတစ်လောက လည်း “ဖြိုးဓန” ဆိုလား အကြော်သည်ကုလားက

မြန်မာ ကလေးတွေကို နှိပ်စက်ပြီး အလုပ်မှာ ခိုင်းတာလည်း ဘာမှ ကိုမဖြစ်တာ။

အခုလည်း ဒီ သောက်သုံးမကျတဲ့ မဟာမြကျွန်းသာ ဆိုတာ ပိုင်တာက ကုလား။

သူ့အောက် က ကောင်တွေက ဘာကြောင့်များ လုပ်ပေးနေကြသလဲမသိဘူး။ ပေးတဲ့ လခ ကလည်း အစိုးရ အလုပ် လခ ကမှ ပိုများဦးမယ်။

မြန်မာပြည်မှာခုတလောနာမည်ကြီးနေတဲ့PRIVATE SCHOOL ရဲ့လိမ်ညာမှုုုုုုုုုု

*private school တွေဖွင့်တော့ M.Sc M.A
ရထားတဲ့မိန်းကလေးတော်တော်များမျ

ားဝမ်းသာကြပါတယ်။
private school တွေကM.Sc M.A ရထားတဲ့သူတွေကိုဆရာမအဖြစိ study guide အဖြစ်ခန့်မယ်လို့ seven days news ဂျာနယ်မှာ
အတိအလင်းပြောထားတာကိုဖတ်ခဲ့ရလို့ပါ။ အဲဒီထဲမှာကျွန်မလဲတစ်ယောက်အပါအဝငိဖြစ်ခဲ့ပါတယ်။
ကျွန်မကM.Sc ရထားတဲံသူကိုး။

မဟာမြကျွန်းသာ(MMAC)ဆိုတဲ့ကျောင်းကM.Sc M.Aတွေကိုဆရာမအဖြစ် study guide အဖြစ်ခေါ်ပါတယ်။ကျွန်မလဲဝင်လျှောက်ဖြစ်ပါတယ်။
ဆရာမအဖြစ်အရွေးခံရပါတယ်။
အရမ်းနာမည်ကြီးနေတဲ့ကျောင်းမို့အရမ်းအထင်ကြီးပြီးလျှောက်ခဲ့တာပါ။နေစရာစားစရာပေးပြီးလစာကို45000မှ80000ထိပေးမယ်လို့ပြောခဲ့ပါတယ်။
ကျွန်မတို့လိုပညာသာတတ်ပြီးကိုယ့်ဝမ်းစာကိုကိုယ့်ဘာသာရှာစားနေရတဲ့မိန်းကလေးတွေအတွက်တော့မဟာ့မဟာအခွင့်အရေးပါပဲ။
ဒါပေမယ့်ဒါတွေကအိမ်မက်ပဲဖြစ်ခဲ့တာ။
အလုပ်လျှောက်လွှာကိုလက်ခံတဲ့နေရာက ၆မိုင်ခွဲမှာရှိတဲ့မူကြို တစ်ခုမှာပါ။
မူကြိုကလဲစင်ကာပူသင်ရိုးအတိုင်းသင်တဲ့မူကြိုမို့အထင်ကြီးစရာအင်မတန်ကောင်းပါတယ်။
မူကြိုတောင်ဒီလောက်အဆင့်မြင့်ရင် private school ကပိုတောင်သားနားမယ်လို့ထင်ခဲ့ပါတယ်။
ဒါနဲ့ပဲကျွန်မအရွေးခံရပါတယ်။

အလုပ်အတွက်စာချုပ်ချုပ်ရမယ်လို့ပြောပါတယ်။
တလကို45000နဲ့၃နှစ်စာချူပ်ရပါတယ်။စာချူပ်ထဲမှာလဲကျောင်းသားတွေနဲ့ပတ်သက်တဲ့အချက်တွေသာပါပြီးသင်ကြားရေးတာဝန်ခံဆရာမ
ဆိုတဲ့ရာထူးနဲ့ချူပ်တာပါ။စာချူပ်ချူပိပြီးတာနဲ့မြရိပ်မာလာဆိုတဲ့အဆောင်ကိုခေါ်သွားပါတယ်။
အဲဒီမှာစပြီးတွေ့တာပါပဲ။

ေ၁၀ဝပတ်လည်တောင်မရှိတဲ့ခြံဝင်းထဲမှာနှစ်ထပ်တိုက်၂လုံး ၊ဂိုထောင်လိုလိုအခန်း၂ခန်း၊စာသင်ဆောင်၂ခုနဲ့ရေကန်၁ကန်တွေ့ရပါတယ်။
နှစ်ထပ်တိုက်၂လုံးကတော့ကျောင်းသူတွေနေတဲ့အဆောင်ပါ။ဂိုထောင်လိုလိုအခန်းကတော့ဆရာမများအတွက်ဖြစ်ပါတယ်။
ဂိုထောင်တခုမှာဆရာမ၄ယောက်နေရပါတယ်။မိုးတွင်းရောက်ရင်ခုတင်ခြေထောက်ထိရေမြှုပ်တဲ့အခန်းတွေပါ။
ကျွန်မတွေ့ခဲ့ရတဲ့ဖိနှိုပ်မှုနဲ့ချူပ်ချယ်ခံရမှုများကိုအောက်မှာဆက်ရေးထားပါတယ်။
(၁)တိုးတတ်နေတဲ့ခေတ်ထဲမှာသတင်းစာမဖတ်ရဘူးတဲ့။
(၂)ရေဒီယိုနားမထောင်ရဘူးတဲ့။
(၃)MP3 MP4 လက်ကိုင်ဖုန်းသုံးခွင့်မပြုဘူးတဲ့။
(၄)မိမိမိသားစုအသိုင်းအဝိုင်းက မိမိထံသို့ဖုန်းဆက်ခွင့်မရှိပါတဲ့။လာရောက်တွေ့ခွင့်မရှိပါတဲ့။
(၅)သန့်ရှင်းရေးနဲ့ပန်းပင်ရေလောင်းတာကိုအလှည့်ကျလုပ်ရပါတယ်။
(၆)ညဘက်ရေတင်တာကိုအလှည့်ကျစောင့်ရပါတယ်။(့ကျောင်းသူများရဲ့ရေချိုးခန်းထဲကိုထည့်တာပါ)
(၇)ကျောင်းသူများရဲ့အခန်းကိုroom service ဝင်ပေးရပါတယ်။
(၈)ဂိတ်ပေါက်စောင့်ရပါတယ်။
(၉)ဆရာမများတနေ့ကိုရေတခါပဲချိုးရမယ်လို့စည်းကမ်းထုတ်ထားပါတယ်။ရေချိူးရတဲ့နေရာကိုပြောပြပါမယ်။

လူနှစ်ရပ်လောက်ရှိတဲ့ရေကန်နဲ့ခြံစည်းရိုးအုတ်နံရံကြားလူတကိုယ်ဝင်စာရှိတဲ့နေရာမှာချိုးရတာပါ။
လူနှစ်ရပ်လောက်ရှိတဲ့ရေကန်မှာရေကတစ်တောင်လောက်ပဲရှိတာကိုပုံးမှာကြိုးတပ်ပြီးငင်ချိုးရတာပါ။
မျက်နှာသစ်ဖို့ရေကအမှိုက်တွေနဲ့သံချေးရေပါ။တစ်နှစ်ပတ်လုံးမိုးတွင်းကလွဲလို့ကျန်တဲ့အချိန်တွေမှာဒီလိုပဲသုံးရပါတယ်။
ဒါဟာလိမ်ညာမှုပါပဲ။

ဒါဟာအိမ်ဖော်တွေလုပ်ရတဲ့အလုပ်မျိူးတွေပါ။ဆရာမဆိုတဲ့နာမည်တပ်ပြိးအိမ်ဖော်လုပ်ခိုင်းတာပါ။
စာချုပ်မှာမပါတဲ့အချက်တွေကိူအခိုင်းခံရပေမယ့်စာချုပ်ဆိုတာကြီးကိုကြောက်လို့မထွက်ရဲတဲ့သူတွေအများကြီးပါ။
မဟာမြကျွန်းသာဆိုတဲ့ဒိprivate school ကပညာတတ်အမျိုးသမီးတွေကိုပြင်ပနဲ့အဆက်အသွယ်ဖြတ်တောက်ပြီး
အကျဉ်းချကျွန်ပြုထားတာပြည်တွင်းလူကုန်ကူးမှုလို့တောင်ပြောလို့ရပါတယ်။
တိူုးတက်နေတဲ့နည်းပညာခေတ်ကြိးထဲမှာသတင်းစာမဖတ်ရဆိုတာတော်တေ်ာဆိုးဝါးတဲ့အချက်ပါ။
စီးပွားရေးအရကြည့်ရင်လဲပိုက်ဆ့ရစရာရှိတဲ့ကျောင်းသူတွေကိုတော့ကောင်းကောင်းထားပြီးပိုက်ဆံပေးရမယ့်ဆရာမ(တနည်းဝန်ထမ်း၊
အလုပ်သမာ)ကိုတော့ဖိနှိပ်ထားတာအရင်းရှင်စနစ်ကိုကျင့်သုံးတာပါပဲ။

အရမ်းကောင်းပြီးအဆင့်မြင့်ပါတယ်လို့နာမည်ကြီးနေတဲ့မဟာမြကျွန်းသာprivate school ကိုတော့ပညာတတ်မိန်းကလေးများမလျှောက်မိပါစေနဲ့။
အမှားကြီးမှားမှာစိုးရိမ်လို့ပါ။ နီးစပ်ရာသူငယ်ချင်းများကိုပြောပြပြီးforward လုပ်ပေးကြပါလို့အကူအညီတောင်းပါတယ်။
ကျေးဇူးတင်ပါတယ်။

Aye Min Soe

Phyo Mauk
Logistician
Bogale
Myanmar Red Cross Societies
09 855 3282

10 comments

  • Shwemannmay

    June 11, 2010 at 3:29 am

    အဲ
    တကယ်အဲလို ကြီးလား ။ တကယ်သာဆိုရင်တော့မမိုက်ဖူးပဲ

  • yannaingech

    June 11, 2010 at 5:33 am

    မိသားစုနဲ့အဆက်အသွယ်မလုပ်ခိုင်းဘူးဆိုကတည်းက ဖိနှိပ်ညှင်းပမ်းမှုတစ်ခုဖြစ်နေပါပြီ။ ကျန်နေသေးတဲ့ ဆရာမများ ကံမဆိုးကြပါစေနဲ့…

  • kopauk mandalay

    August 21, 2010 at 3:55 pm

    ရေးတာတွေသာ တစ်ကယ်အမှန်ဆိုရင်
    နောက်အလုပ်လျှောက်မယ်ဆိုရင် ငါးစာကိုသာမကြည့်ဘဲ ငါးမျှားချိတ်ပါ မပါကိုပါသေချာကြည့်ပါလို့ဘဲ
    အကြံပေးချင်ပါတယ်။

  • annku7781

    September 11, 2010 at 8:37 pm

    ပုံနဲ ့ရောတင်ရင် ပို ့ဒ်ကအသက်ပိုဝင်မယ်ထင်တယ်
    တရားဥပဒေဘောင်ထဲကနေ ပိုပြီး လုပ်ဆောင်လို့ ကောင်းမယ်ထင်တယ်နော်

  • ဆူး

    September 12, 2010 at 5:27 am

    ကြားရတာ စိတ်မကောင်းလိုက်တာ.. ဒီလိုမျိုးတွေ ကြုံနေရရင် ဘယ်လို ကိုင်တွယ်ဖြေရှင်းမလဲ တိုင်စရာ တောစရာ မရှိကြတော့ဘူးလား ဟိုတခါကလည်း ဖြိုးဓန အကြော် နေရာက အလုပ်သမား ကို နိပ်စက်တာ မေးတခါရသေးတယ် အဲဒါမျိုးတွေ လုပ်နေရင်တော့ ဒီပိုင်ရှင် ကုလား သူ ကုလား နိုင်ငံသာ ပြောင်းနေခိုင်းပေတော့။

  • leonus007

    February 10, 2011 at 3:40 am

    ကြားရတာ တကယ်ပဲစိတ်မကောင်းစရာပါပဲ။ ဒါပေမဲ့ ဒီလိုပြောယုံလေးနဲ ့တော့ ဘာထူးလာမှာလဲ။ ကိုယ့်လို မျိုး နောက်လူ တွေ မခံရအောင် Forward Message လောက်နဲ ့ဆိုရင်တော့ အဲဒီ Private School လုပ်ချင်တာလုပ်နေတာကို လျစ်လျူ ရှု ပေးနေသလိုပဲ။ ဒီတော့ အဲဒီမှာ ဖြစ်နေတဲ့ အခြေအနေ တွေကို ဓါတ်ပုံရိုက်မှတ်တမ်းနဲ ့သေသေချာချာလုပ်ပြီး ဒီ website ပေါ်တင်လိုက်ပါလား ။ စာချုပ်ဆိုတာလဲ သိပ်ကြောက်နေဖို ့မလိုပါဘူး MA M Sc တွေကို အိမ်ဖော်လို ခိုင်းနိုင်တဲ့ အချက်တွေကို သဘောတူ လက်မှတ်ထိုးထားရင်တော့မသိဘူးပေါ့။ မဟုတ်လို ့ကတော့ မတရား တဖြင့် ခိုင်းတာပဲ ပြန် ခုခံ လို ့ရနိုင်ပါတယ်။ ခုန ကပြောခဲ့သလို ကိုယ့် ဘက်မှာ သက်သေ ဓါတ်ပုံ၊ စာရွက်စာတမ်းတွေ နဲ ့ခိုင်ခိုင်လုံလုံ ရှိရင်တော့ မီဒီယာတွေ အနေနဲ ့လဲ ရေးရဲ မှာပါ။ သတ္တိရှိရှိ၊ ဉာဏ်ရှိရှိ တုံ ့ပြန်လိုက်ရင် အောင်မြင်သွားမှာပါ။ တခြား လူတွေလဲ ဘေးကင်းသွားမှာပေါ့။

  • shwe

    February 10, 2011 at 4:38 am

    ရာထူးက Study Guide ဆိုရင် အထက်က တာဝန်တွေက သန့်ရှင်းရေး နဲ့လုံခြုံရေး တာဝန်တွေဖြစ်လို့ လုပ်စရာမလိုပါဘူး ။

    Hall Tutor တာဝန်ပါ ယူရတယ် ဆိုရင်တော့ အထက်က တာဝန်တွေမှာတာဝန်ကျသူတွေ ကို ကြီးကြပ်ပေးယုံပါပဲ . စာချုပ်လက်ခံရှိတယ် ဆိုရင်တော့ ပြန်စစ်ဆေးကြည့်ပါ. ။ Salary ၄၅၀၀ဝ ကလည်း Just Tutor Salary in government ပါ .တကယ်ဖြစ်နေတာဆိုရင်တော့ ဒီတိုင်းတော့မနေသင့်ပါဘူး

  • teacher

    February 10, 2011 at 8:59 am

    ဒီလိုမျိုးတကယ်ရှိသလား။ သင်တန်းအာဏာပိုင်တွေက မြန်မာမဟုတ်ဖူးလား ။

  • ကိုသင်း

    January 24, 2013 at 9:56 pm

    အဲ့ဒိကျောင်းက ကြော်ငြာနဲ့ ပေါက်နေတာ
    ဘာအဆင့်မှမရှိဘူး
    ကျောင်းသားမိဘတွေ သတိထားသင့်တယ်
    နာမည်ကြိး ဘော်ဒါတော်တော်များများဟာ
    ဂုဏ်ထူးရဖို့အတွက် ကလေးတွေကို. အတင်းအကျပ်
    ရိုက်နှက်ပြိး စာကျက်ခိုင်းနေတာများတာပဲ
    ကလေးတွေရဲ့ လူမှုအခွင့်အရေးတွေ ဆုံးရှူံးနေရတယ်
    ကျွန်တော်သိတဲ့ ကျူရှင်ဘော်ဒါတစ်ခုဆိုရင် တည်ထောင်
    တဲ့သူက စာရေးစာဖတ်တောင်မတတ်ဘူး ဒါပေမဲ့
    သူဆိုရင်ကလေးတွေက အရမ်းကြောက်တယ်
    လက်ထဲကြိမ်လုံးကိုင်ပြိး ဘယ်စာကိုဘယ်အချိန် ဘယ်နှစ်
    နာရိအတွင်းရ ရမယ်ဆိုပြိးကျက်ခိုင်းတယ် မရ ရင် အသေ
    ရိုက်တယ် ကလေးရဲ့ ဉာဏ်ရည်ကို မတိုင်းတာပဲ ကြိမ်လုံးစွမ်းပြနေတာ (သာကေတ ၈-ရပ်ကွက်ထဲမှာ
    ရှိတယ်) အရိုက်အနှက် အလွန်ကောင်းတဲ့အတွက်
    နှစ်စဉ်အောင်ချက်ကောင်းပါတယ်။

  • uncle gyi

    January 24, 2013 at 11:24 pm

    ကြားဖူးတယ်
    တကယ်လားဘာလားတော့မသိဖူး
    တကယ်ဆိုဘယ်လိုလုပ်လို့ရမယ်ဆိုတာသိတဲ့သူများလမ်းညျွှန်ပေးသင့်ပါတယ်

Leave a Reply