မန်း နဲ ့မြို ့မ ~ မြို ့မနဲ ့မန်း

ShwemannmayJune 11, 20101min572

မြို့မငြိမ်းနှစ်တစ်ရာပြည့် အထိမ်းအမှတ်အဖြစ် ပြုလုပ်ဆောင်ရွက်လျက်ရှိသော မြို့မငြိမ်းပုံတူ ကြေးသွန်းရုပ်တုမှာ ယခုအခါမြေပုံကြမ်းအဆင့် ပြီးစီးသွားပြီဖြစ်ရာ အဆိုပါ အဆင့်ပြီးစီးပါက ဖယောင်းပုံကြမ်း အဆင့်ကြေးသွန်းခြင်း အဆင့်များကို ဆက်လက် ဆောင်ရွက်သွားရန်ရှိကြောင်း သိရှိရသည်။
ပြည့်ဝမြန်မာမှု ကြေးသွန်းလုပ်ငန်းမှ ဦးလှမြင့်က”တစ်ဆခွဲလောက် လုပ်ကြည့်တဲ့အခါမှာ ဆရာမြို့မငြိမ်း ရဲ့ဟန်နဲ့အချိုးအစားက သိပ်ပြီး မကိုက်ညီသလို ဖြစ်နေတာကြောင့် လူအချိုးအစားရဲ့နှစ်ဆ အမြင့်ငါးပေလောက်ရှိတဲ့ အချိုးကိုပြောင်းလုပ် လိုက်ရတယ်။ အရုပ်အရွယ်အစား ကြီးလာတာမို့ ကြေးချိန်လည်းများ လာမှာပဲ။ ဖယောင်းပုံတူ လုပ်ပြီးချိန်လောက်မှကြေးချိန်ကို ခန့်မှန်းနိုင်ပါမယ်”ဟု ပြောကြား ပါသည်။
ရုပ်တုသွန်းလုပ်ပြီးစီးချိန်ကို ကန့်သတ်ထားခြင်း မရှိသောကြောင့် မည်သည့်အချိန်တွင် ပြီးစီးနိုင်မည်ဟု မပြောနိုင်သော်လည်း လက်ရာမြောက်စွာပြုလုပ်ရန်သာ စီစဉ်ထားသောကြောင့် စိတ်တိုင်းကျသည် အထိ ပြင်ဆင်ဆောင်ရွက်သွားမည် ဖြစ်ပြီး ရုပ်တုပြီးစီးပါက မန္တလေး မြို့မတူရိယာအသင်း၏ အသင်းခန်းမတွင် ထားရှိသွားမည်ဟု သိရှိရသည်။

eleven ဂျာနယ်မှာဖေါ်ပြထားတာပါ။ မြို ့မ ပာာ မန္တလေးရဲ  ့သင်္ကေတ ပါ။ မြို ့မငြိမ်းပာာလည်း ဂန္တဝင်တေးဂီတတွေကိုဖန်တီးခဲ့တဲ့ မန္တလေးသား အနုပညာရှင်ကြီးပါ။

ဒေသစွဲကြီးတယ်ပဲဆိုဆို မန္တလေးသူ မန္တလေးသားတွေက ဘယ်နေရာရောက်ရောက် ကိုယ့်မြိ ု  ့မန္တလေးကိုတော့မမေ့ကြပါဘူး။ အခုလို ရွှေမန်းသားမြို ့မငြိမ်းရုပ်ထုကို

မြိ ု ့မ အသင်းခန်းမမှာတင်ထားရုံမကပါဘူး။ နန်းရှေ ့က ပန်တျာကျောင်းမှာလည်း ထားသင့်တယ်ထင်ပါတယ်။ အဲလို ဆို ဦးစိန်ဗေဒါကြီးလည်း အဖေါ်ရသွားမှာပါ။

တစ်ယောက်တည်းမပျင်းတော့ဘူးပေါ့ 😀

2 comments

  • kopauk mandalay

    August 21, 2010 at 3:23 pm

    ကျနော်ကတော့ ဆရာငြိမ်းရုပ်ထုကို ထားနို်င် မထားနိုင်ဆိုတာထက် ဆရာငြိမ်း ဖြစ်ချင်လွန်းပါရဲ့နဲ့ ဖြစ်မသွားသော
    ကြားမသွားရသော မြန်မာသီချင်းကြီးများကို နို်င်ငံတကာ သုံး ပတ်ကားနုစ်များကို အသုံးပြုလို့
    ူတီးမူတ်သူ ရာပေါင်းများစွာ တူရိယာပေါင်းများစွာ ကို ပါဝင်တဲ့အသံစုံတီးဝိုင်းကြီးဖြင့် နိုင်ငံတကာမှာ လှည့်လို့ဖျော်ဖြေနေတယ်ဆိုတဲ့ သတင်းလေးကို ကြားချင် မြင်ချင်ပါတယ်။
    ဒါက မမြင်မမှီလိုက်ပေမဲ့ဆရာငြိမ်းသီချင်းများ ကို နှစ်သက်လွန်းသော သတိရတိုင်း ဆိုညည်းမိနေသော မန်းလေးသားတစ်ယောက်ရဲ့မြို့မအသင်းအပေါ်
    မှာ အားကိုးတကြီးနဲ့ပူဆာတယ်လို့သဘောထားလိုက်ပါနော်။

  • kai

    August 21, 2010 at 11:22 pm

    ကိုပေါက်ရေ..။
    သီချင်းတွေအကြောင်း တူရိယာတွေအကြောင်း သိပ်တော့ မသိပါဘူး။ ဒါပေမဲ့ ဂီတမိတ်ဆိုတဲ တီးဝိုင်းကြီးတော့ ယူအက်စ်ကို တက်ကသိုလ်တခုက ခေါ်လို့ရောက်လာဖူးတယ်။
    ဆန်ဖရန်လည်း ရောက်တယ်။ မနှစ်ကပဲ။
    http://www.gitameit.com/music/concerts/
    အဲဒီတုန်းက အယ်လ်အေကိုလည်းခေါ်ဖို့ ကြိုးစာကြည့်ဖူးတယ်။ သူတို့က လူများတာမို ့စရိတ်အရမ်းကုန်ပြီး အဆင်မပြေဖြစ်သွားတာ။ နောက်တချို ့ပြသနာလေးတွေလည်း ရှိသွားတာမို ့ပါ။
    တဖြည်းဖြည်းတော့ဖြစ်လာမယ်ထင်တာပါပဲ။

Leave a Reply