သစ်ရွက် အချဉ်ဖောက်ခြင်း

Wai Aung Chan MyoApril 2, 20121min1464

သစ်ရွက် အချဉ်ဖောက်ခြင်း

  • အရွက်အချဉ်ဖောက်ခြင်းကို ဆောင်းအကုန်နွေအကူး မနက်စောစောတွင် လုပ်ဆောင် သင့်သည်။ မိုးတွင်းတွင် မလုပ်ဆောင်သင့်ပေ။ အဘယ်ကြောင့်ဆိုသော် အသီး၊ အရွက် များပေါ်ရှိ တဆေးနှင့် ဘက်တီးရီးယားများ၊ ပိုးမွှားများသည် မိုးရေနှင့်အတူ ပါသွားသော ကြောင့်ဖြစ်သည်။
  • အချဉ်ဖောက်မည့် အပင်များကို မနက်ခင်း နေမွန်းမတည့်မီ ခူးဆွတ် အချဉ်ဖောက်ရ၏။ ထိုအချိန်သည် အာဟာရဓါတ်များ ပြည့်ဝသည့်အချိန်ဖြစ်သည်။ အပင်များတွင် အသား အမျှင်များ ကြီးထွားချိန်နှင့် အဆီအသား ရွေ့လျားစီးဝင်ချိန်ရှိသည်။
  • အရွက်အချဉ်ဖောက်ခြင်းမှာ အရွက်များထံမှ ဟော်မုန်းနှင့်ကလိုရိုဖီးရယူခြင်း ဖြစ်သည်။ အချဉ်ဖောက်၍ ရသည့်အပင်များမှာ ဘိစပ်ပင်၊ ပဲမျိုးနွယ်ပင်၊ သခွါး၊ ဖရုံ၊ ကျောက်ဖရုံ၊ ဘူး၊ မျှစ်စို့၊ မုန်လာရွက်၊ ကတတ်ပင်၊ ကန်ဇွန်း၊ ဟင်းနုနွယ် စသော အပင်များသာမက မိမိဒေသ နီးစပ်ရာသဘာဝပေါက်ပင်များမှ ဉာဏ်ရှိသလို ခူးဆွတ်အချဉ်ဖောက်နိုင်သည်။
  • အရွက်များကို မနက်စောစောခူးဆွတ်ပြီး ရေမဆေးရပါ။ အောက်မှ အခင်းပေါ်ဖြန့်၍ အရွက်များကို စဉ်းနီတုံးပေါ် တင်၍ နုပ်နုပ်စင်းပါ။ အရွက်များမှ အရည်ထွက်လာသည် အထိ စဉ်း၍ သကြားညိုကို အရွက်ပမာဏ၏ သုံးပုံတစ်ပုံမှ တစ်ဝက်ခန့် ရော၍မွှေပေးပါ။
  • ထို့နောက် စဉ့်အိုးထဲသို့ ဖိသိပ်ထည့်ပါ။ စဉ့်အိုး၏ သုံးပုံတစ်ပုံခန့် အပေါ်ပိုင်းကို အနည်း ငယ်ချန်၍ ဖိသိပ်ထည့်ပါ။ အပေါ်မှသကြားထပ်ဖြူးပါ။ ပြီးလျှင်အိုးထိပ်ဝကို အဝတ်ပါးဖြင့် ကြိုးချည်ပြီး အမှောင်နှင့် အေးသောနေရာတွင် ၁ပတ်၊ ၁ဝရက်ခန့် ထားပါ။

ဆေးဖြန်းနည်းမှာ အပေါ်မှ ထမင်းအချဉ်ဖောက်ရည်ကဲ့သို့ပင် ဖြစ်သည်။

ဆက်ရန်ရှိသည်။

4 comments

  • ကိုရင်မောင်

    April 2, 2012 at 11:08 pm

    အားပေးနေပါတယ်ဆက်ရေးပါခင်ဗျာ…..
    စောင့်မျော်နေပါတယ်….

    • Wai Aung

      April 3, 2012 at 12:22 pm

      ဟုတ်ကဲ့ပါ
      အခုလိုအားပေးတဲ့အတွက် ကျေးဇူးအများကြီးတင်ပါတယ်
      နောက်ထပ် သစ်မွှေးနဲ့ပတ်သတ်ပြီး နည်းပညာပိုင်းဆိုင်ရာတွေ ထပ်တင်သွားပါအုံးမယ်။
      ခင်မင်တဲ့
      ကိုဝေအောင်

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 3, 2012 at 12:15 am

    အဖော်မရှိဘူးဆိုပြီးအားမငယ်ပါနဲ့နော်…. ဒီရက်ပိုင်းရွေးကောက်ပွဲနဲ့ရွာထဲခြေရှုပ်နေကြလို့ပါ….
    အားပေးနေပါတယ်… ပညာရပ်တွေကိုဖြန့်ဝေပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်…..
    နောက်ကျမှမန့်ဖြစ်လိုက်လို့လည်း…အားနာမိပါတယ်……

    • Wai Aung

      April 3, 2012 at 12:30 pm

      ရပါတယ်ဗျား
      အခုလိုအားပေးတာပဲ ကျေးဇူးတင်ပါတယ်
      နောက်ဒီထက်ပိုပြီး အားစိုက်ထုတ်သွားပါ့မယ်။
      ခင်မင်လျက်
      ကိုဝေအောင်

Leave a Reply