ပြည်တော်ပြန်မယ်ထွေး နန်းတက်မှအေး Suu

ကြားဖြတ်ရွေးကောက်ပွဲ မနက်ဖြန်စတော့မယ်၊ ကြိုတင်များလည်း ပေးနေဂျပြီ။ အချိန်နီးကပ်လာတာနဲ့အမျှ ကြံ့ဖွတ်များ၏ မဲခိုးမဲလိမ်မှုများ ပို၍သာတိုးလာနေသည်။ အန်အယ်လ်ဒီ ရွေးကောက်ပွဲအလွန်မှာ မဲမသမာမှုများကို ကိုင်တွယ်ဖြေရှင်းဖို့ အဆင့်သင့်ပြင်ထားပါ။ အခုလို စုစုပေါင်း ၅%လောက်ရှိတဲ့ ထိုင်ခုံအရေအတွက်ကိုတောင် ညစ်နေရင် ၂၀၁၅ခုနှစ် အဆုံးအဖြတ် အထွေထွေရွေးကောက်ပွဲမှာ ဘယ်လိုကြုံတွေရမလဲဆိုတာ စဉ်းစားစရာမလိုတော့ဘူး။ အန်အယ်လ်ဒီအနေနဲ့ အညစ်ခံရလို့ ဆုံးရှုံးသွားတဲ့ မဲဆန္ဒနယ်များအတွက် အလျှော့မပေး ဈေးမဆစ်တမ်း ခိုင်ခိုင်မာမာ ရင်ဆိုင်သွားဖို့လိုတယ်။ ပြောသာပြောရတယ် ပွဲမစခင်ထဲက စစ်ကိုင်းဖက်မှာ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်တဦး အပယ်ခံရလို တဂိုးအသွင်းခံရပြီးသွားပြီ။ ဒေါ်စု မိုးလားကဲလားပြောသာနေတယ် ဘာမှ မယ်မယ်ရရ ကန့်ကွက်လုပ်ဆောင်နိုင်တာ မတွေ့ရပါ။ ဒီပုံစံအတိုင်းဆို ကြေငြာချက်ထုတ် သတင်းစာရှင်းလင်းပွဲလုပ်နဲ့ပဲ ပြီးသွားဖို့များတယ်။ လူကြီးတွေပြောတဲ့ လင်ဆိုးမယား တဖားဖား ဖြစ်မှန်းမသိ ဖြစ်နေမှာစိုးပါတယ်။ ကွာလည်းမကွာနိုင် အရိုက်ခံရတော့ အရပ်ကြားအောင် အော်ပြောဆဲဆို ဒါနဲ့ပဲ အချိန်တန်တော့ လင်အရက်သမား မူးလာရင် အရိုက်ခံရ… ထပ်သတိပေးပါရစေ.. အညစ်ခံရတဲ့ နယ်မြေများကို ခွဲဝေယူဂျစို့လို့ ကမ်းလှမ်းလာရင် လက်မခံဖို့ အရေးကြီးတယ်။ မဲခိုးမှုများကို ကော်မရှင်ရုံးမှာတိုင်ချက်ဖွင့်တာနဲ့ ရပ်မနေပါနဲ့။ သူတို့ညစ်ရင် အချိန်ဆွဲရင် အယင်ရွေးကောက်ပွဲ မဲလိမ်မဲမသမာမှုများကို ပြန်လည်ဖော်ထုတ်ပါ။ လက်ရှိဘာကောင်ညာကောင်ဆိုသူများရဲ့ တရားဝင်မှုကို ပြန်ဆန်းစစ်ပါ။ အန်အယ်လ်ဒီအနေနဲ့ သိပ်နိုင်ငံရေး အပေးအယူ ကျားကွက်ရွှေ့လွန်းရင် ဒီမိုကရက်လှုပ်ရှားမှု တပ်ဦးအနေအထား လက်လွတ်သွားမယ်၊ ပါတီပြင်ပ လှုပ်ရှားသူအစုအဖွဲ့များရဲ့ ယုံကြည်ကိုးစားမှု ဆုံးရှုးသွားလိမ့်မယ်။ အတွင်းစည်းလမ်းရွေးထားလို့ နိုင်ငံရေးပါတီအလုပ် စကားပြောနေရတာ နားလည်နိုင်ပေမဲ့ ဒီမိုကရေစီလှုပ်ရှားမှုပင်မရေစီးကြောင်းကနေ အလှမ်းကွာ မသွားဖို့လိုတယ်။ ပြည်သူလူထုဆိုတာ အားထားဂရုပြုစရာဖြစ်ပေမဲ့ တကယ်တမ်းအရေးကြုံလာရင် မယ်မယ်ရရ အားကိုးလို့မရဘူး။ ၈၈အရေးတော်ပုံကာလ သိန်းသန်းချီတဲ့လူအုပ် စစ်အာဏာလည်းသိမ်းရော ကြက်ပျောက်ငှက်ပျောက် ပျောက်ကုန်ဂျတာ သတိရပါ။ သဘောထား သိပ်ပျော့ပြောင်း ညှင်သာလွန်းရင် ပြည်သူလူထုအကြား စည်းရုံးရေးခရီး ချောမွေ့နိုင်ပေမဲ့ နောက်တဆင့်တက် တောင်းဆိုတဲ့အခါ ကိုယ့်ဘေးမှာ ဝန်းရံကာကွယ်ပေးမည့်သူများ နည်းပါးသွားလိမ့်မယ်။ ဒေါ်စုရဲ့ ဦးဆောင်မှုစွမ်းရည်ကို အခုကြားဖြတ်ပွဲက စိန်ခေါ်ထားတယ်။ လူထုနှစ်သက်လက်ခံမှုမှာ ရာနှုန်းပြည့်အောင်မြင်ပါ၏..အဲဒီထက်ပိုလို့ ဒေါ်စုဘာလုပ်ပေးနိုင်မလဲ.. ကြုံလာတော့မဲ့ မဲခိုးမှု ပြသနာတွေကို ဘယ်လိုကျော်လွှားပေးမှာလဲ…ပရိတ်သတ်အားလုံး စိတ်လှုပ်ရှားစွာနဲ့ စောင့်ကြည့်နေကြပါတယ်။

11 comments

  • တာတီး

    March 31, 2012 at 8:34 pm

    ဟုတ်ပါတယ် ဒီညတော့ အိပ်လို့ရမယ် မထင်မိပါဘူး ဦးကြောင်ကြီး ရာ၊
    မျက်စိကို ဇွတ်အတင်းမှိတ်ပြီး အဆင်ပြေသွားမှာပါ ၊
    အဆင်ပြေမှာပါ၊ ကံကောင်းတော့မှာပါ..နဲ့ မှာပေါင်းများစွာ ဖြစ်နေမိပါတယ်။

  • ကိုရင်မောင်

    March 31, 2012 at 9:29 pm

    ပထမတုန်းကတော့ဒီလောက်အမတ်နေရာလေးကြားဖြတ်ရွေးကောက်တာအရေးမကြီးပါဘူးထင်နေတာ
    စည်းရုံးရေးခရီးလဲတွေ့ရောလွတ်တော်ထဲရောက်လာယင်သူတို့ဘက်ကလူတွေပါစိတ်မချရဘူး
    ဖြစ်နေတယ်ထင်ပါ့…တော်တော်ကြောက်နေပုံရတယ်….

  • padonmar

    March 31, 2012 at 9:56 pm

    ဦးကြောင်
    ဒါ တဘောင်လား။ရှယ်ပဲ။

  • kai

    April 1, 2012 at 2:40 am

    အရာရာဟာ အတိုက်အခံရှိမှ..တိုးတက်တာပါ..
    ဒါမှအပြန်အလှန်ထိမ်းညှိလို့ကောင်းတာပေါ့…

    အတိုက်အခံက.. ဥပဒေပြုရေးမှာ.. အင်အားမရှိသလောက်ဖြစ်နေတော့… ပြည်ခိုင်ဖြိုးပါတီဝင် ဖြစ်(ဖူး)တဲ့ဝန်ကြီးတွေကိုယ်တိုင်.. ကိုယ့်ပါတီကိုယ် ချနင်းဆဲဆိုပြောနေရတာတွေဖြစ်ကုန်တာ.. မြင်ရမှာပါ..။
    ဒါက.. ပါတီအတွက်ရော..နိုင်ငံအတွက်ပါ မကောင်းပါ…

    သဘောက..
    ဒေါ်စုနဲ့.. အင်အားစုများနန်းတော်ထဲ ဝင်ကိုဝင်ရမယ်ဖြစ်ပါကြောင်း..။
    ဒီအတွက်.. ပြည်ခိုင်ဖြီုးပါတီဝင်များကိုယ်တိုင်.. ပါဝင်ကူညီကြစေလိုကြောင်း… :mrgreen:

    • Khin Latt

      April 1, 2012 at 4:11 am

      အဲဒီ အချိန်ကျရင် “သာကူး” လို့ အပြောရဘူးနော် သူကြီး။
      “ပေါင်းကူး” တယ်လို့ ပြောပါ။

      ဒီတော့ မိမိကိုယ်ကို အမှန်တကယ် အစွမ်းအစရှိရှိ လုပ်ကိုင်နိုင်သူ လို့ ယုံကြည်ချက် ရှိသူများ ဒေါ်အောင်ဆန်းစုကြည် ကို ပူးပေါင်းပါ။
      ဒေါ်အောင်ဆန်းစုကြည် ကို ဆန့်ကျင် နေသော သူများအားလုံး သည် ကိုယ့်ခွန်ကိုယ့်အား ကိုယ့်ဉာဏ်စွမ်းကို မသုံးနိုင်၍ လက်နက်ပြ အကြမ်းဖက်ရန်ကိုသာစိတ်ဝင်စားသော အာဏာရှင်များ သာဖြစ်မည်ဟု အတပ် စွပ်စွဲ လိုက်ပါသည်။
      မိမိ ကိုယ်ကိုစမ်းစစ် ၍ ကိုယ့်အရည်အချင်း ကို ယုံကြည်ပါက ကိုယ့်သမိုင်းကြောင်း ကောင်းစေဖို့ ပြည်သူတွေ အတွက် ရပ်ပေးကြပါရှင့်။
      အားလုံးကို ကျေးဇူးတင်ပါတယ်။

      ပြီးရင် ကျွန်မတို့ ရွာမှ အတိုက်အခံ ကောင်းသူ ကကြောင်ကြီး ကိုပါ လွှတ်တော်ထဲ ကို ပစ်ပေးလိုက် ပါရစေ။
      ပြည်တော်ပြန် ကြောင်ကြီး လွှတ်တော်ထဲမှာ တီး။ 😀

      • zay yar tun

        April 2, 2012 at 10:42 am

        ထောက်ခံတယ်မခင်လတ်ရေ။ ကြောင်ကြီးရေးထားတာလဲ မှန်ပါတယ်၊ပညာတတ်ညဏ်အမျှော်အမြင်ရှိသူတွေက
        ကြောင်ကြီးလိုဘဲတွေးနေကြပါတယ်။သူဘာတွေလုပ်နိုင်မလဲ၊လုပ်မလဲပေါ့လေ၊ခေါင်းမာပြီးလွဲမှာလဲစိုးရိမ်ပါတယ်။
        သများအမှားကိုချည်းထောက်ပြပြီး၊အမှားကိုဘယ်လိုပြင်မလဲကောင်းအောင်လုပ်မဲ့နည်းပါချပြနိုင်မှလူတော်ဖြစ်မှာ
        ပါ။အမှားထောက်တာကတော့သူလိုကိုယ်လိုလုပ်နိုင်သူတွေချည်းပါဘဲ။အကျိုးရှိပြီးထင်သာမြင်သာရှိတဲ့အလုပ်တွေ
        လုပ်ပြနိုင်ပါစေလို့ ….

  • ဗိုက်ကလေး

    April 1, 2012 at 3:25 pm

    မဲပေးပါမယ်ဆိုမှ NLD မဲစာရွက်တွေ ဖယောင်းသုတ်ထားကြသတဲ့
    ကောင်းကြသေးရဲ့လား အရပ်ဂဒို ့ရဲ့

    • Khin Latt

      April 1, 2012 at 6:37 pm

      ရွှေအကြောင်း ဖယောင်း သက်သေတဲ့။
      Facebook ထဲမှာ တွေ့တာ။
      အမှန်က ရွှေခွပ်ဒေါင်း ကို ညွှန်းတာပါ။
      သို့သော် လည်း … အဟိ 😆

      • ဗိုက်ကလေး

        April 1, 2012 at 7:07 pm

        မဲစာရင်းရလဒ်တွေ ထိုင်စောင့်ရင်း သုံးယောက်ပေါင်း ဆွဲဖြစ်ခဲ့တာပြောတယ်..
        အော်ပီကျယ်ကြီးတို ့ကို လေးစွားသွားပြီ ဂျီးဒေါ်ရေ

  • char too lan

    April 1, 2012 at 7:30 pm

    အာဇာနည် ထွန်းအိန်ဒြာဗိုလ် လူမင်း သျှီ နှင့်တခြားအနုရှင်ပညာရှင်တွေ မနေ့ညက တောင်ညွန့်မှာမဲဆွယ်သွားကြတယ်လို့ကြားတယ် လူတော်တော်စည်ကားသွားတယ်ဆိုပဲ ….
    အဲ့ဒါကြားပီး ရင်တွေခုန်နေတာ ညနေရုံးပြန်ကတည်ူက တောင်ညွန့်တစ်ရပ်ကွက်လုံး ခွတ်ဒေါင်းတွေနဲ့နီရဲနေတာ တွေ ့ခဲ့ရတာ ကြက်သီးမွှေးညှင်းများတောင်ထပါတယ် … 😀

  • a latt kaung

    April 1, 2012 at 10:01 pm

    အဲဒါတဘောင်ပါ။ မူကွဲတော့ရှိပါတယ်။
    ၁။ ကျောက်သားတွေ မို့မောက်လာ။
    သာသနာတော် တစ်ဝက်ခရီးမှာလ မင်းဆိုးညစ်တွေ ထွက်ပြေးရရှာ။
    ရွှေပေးလို.မရ၊ ငွေပေးလို.မရ။
    ပြည်တော်ပြန် စုငယ်ထွေး၊ နန်းတက်မှ အေးမည်ပလေး။ ။ (ယောမင်ကြီး ဦးဖိုးလှိုင်)

    ၂။ သာသနာ တဝက် ခရီးမှာလေ
    မြန်မာတွေ ကနက်ထီးတွေနဲ့
    ပျက်စီးဖို့ အရေးကြုံ
    ရွှေပေးလို့သူ မယုံ ငွေပေးလို့ သူ မယုံ
    နယ်ကုန်အောင် ပျက်သည့် အရေး
    ဘုရားတွေ ရွှေရင်မောက်ပါလို့
    လမ်းတွေ အတွင်တွင် ဖောက်ရင်ဖြင့်
    ပြည်တကာ ဝင်ကာ နှောက်လိမ့်မယ်
    ပြည်တကာ ဝင်ကာ မနှောက်ရအောင်
    ပြည်တော်ပြန် မယ်ထွေး
    နန်းတက်မှအေး …..။
    (ယောမင်ကြီး ဦးဖိုးလှိုင်)

Leave a Reply