““မျှော်လင့်မိတဲ့ ..ကျေးဇူးတင်ပါတယ် ””

 

 

 

 

 

 

 

 

ကျူပ်ဆိုတဲ့ကောင်ကလဲ တော်တော့ကိုယ်  ကံမကောင်းနိုင်တဲ့ကောင်
ဘာတွေကံမကောင်းတာလဲလို့မမေးနဲ့ လူတစ်ကာ နှစ်လုံး ချဲ ကံစမ်းမဲ တွေပေါက်လိုက်ကြတာနှစ်လုံးလဲနှစ်လုံးမို့
ချဲလဲ ချဲမို့လို့ ကံစမ်းမဲဆိုလဲကံစမ်းမဲမို့လို့  ကျုပ်ဖြင့် တစ်သက်နဲ့ တစ်ကိုယ်တစ်ခါဘူးမှ မပေါက်ခဲ့ဘူး  အဲဒါပေမယ့်
ဒုက နဲ့တွေ့မယ့်နေရာတို့ ပြသနာဖြစ်တဲ့နေရာတို့ ဆို့ရင်တော့ မဲနှိုက် ရွေးကြပြီဟေ့ဆို့ မပူနဲ့ ကျုပ်ထိပ်ဆုံးကပေါက်
တော့တာပဲ ဒါကြောင့် ဘယ်နေရာရောက်ရောက် အကြောင်းတိုက်ဆိုင်လို့ မဲနှိုက်ပြီးရွေးကြပြီဟေ့ဆို ကျုပ်က ဒုက
ရောက်မယ့်နေရာဆို ဘော်လံတီယာ ထွက်လိုက်တာပဲ ကျုပ်က ကိုယ့် ကံတရားကိုယ်သိနေတယ်လေ။
တစ်ခါများဆို လူတစ်ထောင်လောက် ပန်ကာတွေမီးပူတွေ  တီဗွီကြီးတွေ မဲဖောက်ကြသည် အမြင့်ဆုံးမဲက ၂၁လက်မ တီဗွီ  စက်ရုံကြီးတစ်ခုလုံးရှိ  လူတစ်ထောင်လောက် မဲတွေ  ဝိုင်းနှိုက် ကြသည် မည်သူမျှမပေါက်ကြ
နောက်ဆုံးလူအနေနဲ့  ကျုပ်နဲ လုံခြုံရေးဝန်ထမ်း နှစ်ဦးထဲသာ ကျန်တော့သည် လုံခြုံရေးဝန်ထမ်းက မဲဖောက်တဲ့
နေ့ မှာခွင့်ယူထားသည် ဒါဆိုကျုပ်တစ်ဦးတည်သာကျန်သည် မဲနှိုက်ပြီးသည့် ဝန်ထမ်းတစ်ထောင်လောက်ကလဲ
စိတ်ဝင်တစ်စား စောင့်ကြည့်နေကြသည် သူတို့လဲ ရင်တမမ ကျုပ်လဲ ရင်တမမမဲလိပ်က နှစ်လိပ်ထဲကျန်တာပဲလေ   ။။ ဒီလောက်လူတစ်ထောင်လောက်ဝိုင်းနှိုက်တာတောင် မပေါက်ကြတာ ကျုပ်ပေါက်ဘို့ကသေချာသွားပြီလေ
မဲလိပ်ထည့်ထားတဲ့ ဖလားလေးထဲကိုကြည့်လိုက်တော့ တီဗွိံပေါက်မဲတစ်စောင်နဲ့ ကျန်တဲ့တစ်စောင်က ပန်ကာ
ပေါက်မဲတစ်စောင် ဖြစ်တဲ့မဲလိပ်လေး နှစ်လိပ်က ကျုပ်ကိုပြောင်ပြနေသလိုပဲဒီတစ်ကြိမ်တော့ကံကောင်းနိုင်ပြီလေ
ကျုပ်လဲ မျက်စိ စုံမှိတ်ပြီးနှိုက်လိုက်သည် အသာလေးဖြေကြည်လိုက်တော့                ဟင်းဟင်း …ထုံစံအတိုင်းကျုပ်ပေါက်
မဲက ပန်ကာပါပဲ တီဗွီပေါက်မဲကြီးက ဟိုလုံခြုံရေးဝန်ထမ်း ရသွားလေပြီး စိတ်ဝင်တစား စောင့်ကြည့်နေကြတဲ့
ဝန်ထမ်းတွေဟာ ကျုပ်ရဲပေါက်မဲကိုကြေငြာ လိုက်စဉ်မှာ သူတို့ တွေရဲ့ တအံတဩ  ဟာ ခနဲ ရေရွတ်သံကြီးဟာ
ကြယ်လောင်စွာ ထွက်ပေါ်လာပါတော့တယ်  ဒီလောက် နှစ်လိပ်ထဲ ကျန်တဲ့မဲ ကိုတောင် တီဗွီမဲကို ပေါက်အောင်
မနှိုက် နိုင်ရကောင်းလားလို့ တဖွဖွပြောနေကြတဲ့ ဝန်ထမ်းတွေကြားမှာကျုပ် မအံဩတော့ပါ ကျုပ်ကံအကြောင်းကျုပ်သိနေတယ်လေ။
ဒီလိုနဲ့ပဲကျုပ်လဲ ကံစမ်းမဲ ဆိုတာကြီးကို သိပ်မယုံခြင်တော့  ကံစမ်းမဲ ဆိုတာကြီးနဲ့ ဝေးအောင်ရှောင်နေတတ်လာ
ပြီလေ ကျုပ်ကံကလဲ ဟိုဟာလောက်တောင်မှ မချွန် တာကိုဗျ။။
ကံစမ်းမဲကို မယုံတော့ဘူး ဆိုပေမယ့် ကျုပ်ကံစမ်းမဲတွေနဲ့တည့်တည့်တိုးရမယ့်အဖြစ်က ရှိလာခဲ့ပြန်တယ်လေ
ကျုပ်က အရက်သောက်တယ်ဗျ  အရက်သောက်တဲ့သူတစ်ယောက်အနေနဲ့ ဘောလုံးပွဲတွေ ရှိတဲ့ အချိန်ဆိုရင် ကံစမ်းမဲနဲ့ ပြန်ပြန်ဆုံရတတ်တာပါပဲ အရက် နဲ့ဘောလုံးပွဲ  ပြီးတော့ကံစမ်းမဲ ဘာဆိုင်သလဲ လို့တော့
မထင်လေနဲ့ဗျို့  ဆိုင်တယ်ဗျ  ။။။။။။။
တစ်နေ့ အိမ်ကပုလင်းလက်ကျန်ကိုကြည့်ပြီး အရက်သမားစံချိန်တိုင်းကြည့်တော့ အတန်ငယ် လိုအပ်နိူင်
တာနဲ့  ဝယ်နေကြဆိုင်ဘက် ထွက်လာခဲ့တယ် ဆိုင်ရောက်တော့ ကောင်တာနောက်က ချာတိတ်က
‘’ထုံးစံအတိုင်ပဲ လားအကို””

“’ အေးကွာ  ထုံစံအတိုင်ပဲ ပေး “”

““ဒါပေမယ့် ဒီနေ့လာတဲ့ ပစည်းက အသစ်ချတာအကိုရ  ကံစမ်းမဲပါတယ် အကို””

““ပါလဲမပေါက်ပါဘူးကွာ ငါ့အကြောင်းငါသိပါတယ် ရော့ပိုက်ဆံ””
အိမ်ဘက်ခပ်သုတ်သုတ်ပြန်လာခဲ့လိုက်တယ် အိမ်ရောက်ရင် အမြည်းကလုပ်ရအုံးမှာလေ
ကျုပ်လဲအိမ်ရောက်တာနဲ့ ခပ်သုတ်သုတ် အမြည်းလုပ်ပြီး ဇရက်မင်းစည်းစိမ် ကျလိုက်တာများ ဝယ်လာတဲ့
အရက်တစ်လုံးလဲပြောင်လေတော့သည် အတန်ငယ်ထက် ပိုသော တော်တော်လေးရေချိန်ကိုက်ခြင်းသို့ရောက်
လေသော် အိပ်ပျော်လေတော့၏ ။။
မနက်တွင်ကား
တစ်မနက်လုံးခေါင်းတွေကိုက်၏ ဖြေစရာကားမရှိတော့ ညထဲကပြောင်လေပြီ အရက်ပုလင်းကိုကြည့်ပြီး စိတ်ပျက်ရ၏                            စိတ်ထဲမှလဲ ဒီမျှ အရက်နာကျတတ်သော အရက်အားမသောက်တော့ဟုဆုံးဖြတ်မိလေသည်
ထိုအချိန်ကျမှ အရက်ပုလင်းကိုကြည့်ရင်း ဆိုင်ကကောင်လေးပြောသော အရက်ပုလင်းအဖုံးမှ ကံစမ်း
မဲကိုအမှတ်ရလေသည် အင်း ဒီတိုင်းထားမယ့်အတူတူ အဖုံးထိပ်ကဖော့ပြားလေးခွာကြည်ရန်စိတ်ကူးရလေ
သံချွန်တစ်ချောင်းရှာကာ ဖော့ပြားကိုခွာသည် အတွင်းမှာ ဘာများေပေါက်နေမလဲ အတန်ငယ်ရင်ခုန်ုမိလေသည်
ဖော့ပြားလေးကွာထွက်လာလေသော် အောက်ဖက်တွင် (၁၀၀၀)ကျပ်ဟုရေးထားသည်ကိုတွေ့ရသဖြင့် အရက်နာ
ကျတာပင်ပျောက်သကဲ့သို တော်တော်ပျော်မိလေသည် အရက် တစ်ပုလင်းကား(၁၁၀၀)ပေးရသည် ယခုကား
တစ်ထောင်ကံစမ်းမဲပေါက်သဖြင့် တစ်ရာသာရှုံး၏     ရှုံးသည်ဟုလဲမဆိုသာ အရက် အလကားသောက်ရသကဲ့
သို့ ဖြစ်လေပြီ      ဒီတစ်ကြိမ်တွင်မတော့ ကျုပ် ကံစမ်းမဲနဲ့ အကျိုးပေးလေပြီလား    မပြောတတ်။။
စောစောက အရက် မသောက်ဟု ဆုံးဖြတ်ချက်ချမှတ်ချင်းအားပြန်လည် ပြင်ဆင်ရန် စဉ်းစားရလေပြီ
ဒီငွေတစ်ထောင်ကြီး    ဒီတိုင်းထားလိုက်ရင်နှမျှောစရာ  မထူးပါဘူး နောက်တစ်ရာစိုက်ပြီး နောက်တစ်လုံး
ထပ်ဝယ်ရမည်     ဒီလိုနဲ့ ညနေပိုင်း အရက်ပုလင်းရောင်းတဲ့ဆိုင်သွားကာ ပေါက်မဲအဖုံးလေးပြပြီးငွေတစ်ရာ
စိုက်ကာ     နောက်တစ်လုံးထပ်ဝယ်လိုက်ရသည် အင်းဒီ ပုလင်းမှာလဲ မဲပေါက်ရင်ပေါက်နေနိုင်သည်
အိမ်ရောက်ရောက်ခြင်း   တစ်ခြားဟာမလုပ်အား ပုလင်းအဖုံးကိုအရင်ဖွင့်ရသည်  ဒီတစ်ခါတော့ ဘာပေါက်
မည်မသိ ဖော့ပြားလေးခွာလိုက်တော့  လားလား ငွေ (၅၀၀)ပေါက်မဲပါသည် အင်းဒီတစ်ခါတော့ယခုပုလင်း
ကုန်လျှင် ေငွေ(၆၀၀)ထပ်စိုက်ပြီးဝယ်ရပေတော့မည်   အံမယ် တယ်ကံကောင်းတဲ့ ငါပါလားဟုလည်း မန်တက်
လာမိသည် ယခင့်ယခင်က ဒီလောက်မကောင်းခဲ့တဲ့ကံ  ဒီတစ်ခါတော့ ဒင်းဘာတတ် နိုင်အံနည်း ကျွန်နုပ်ရှေ့
မှောက် ဒူးထောက်ရခြေပြ နောက်တစ်ရက် ငွေ(၆၀၀)စိုက်ကာထက်ဝယ်သည် ဒီတစ်ပုလင်းလဲ ငွေ(၂၀၀)
ထပ်ပေါက်သည် ဒီလောက်လဲမဆိုသေး ပေါက်တာပဲတော်လှပြီ  ဟိုးတုန်က တစ်ခါမှမပေါက်ခဲ့ဘူးတဲ့ မဲ
ဒီ အရက်ထုတ်လုပ်တဲ့လူတွေကျေးဇူးကြောင့်    ပေါက်ခဲ့ရခြေပြီ နောက်ရက်တွင် ငွေ(၉၀၀)စိုက် ခါ ထပ်ဝယ်သည်  ။။။

အောင်မယ်  ဒီတစ်ခါလဲ ငွေ(၅၀၀) ထပ်ပေါက်သည်  ဒီလောက်တော့ မဆိုးလှ  ကံတက်နေခြေပြီ
ကံတက်လာပြီသာ ဆိုရတယ် လူကတော့မသက်သာ တစ်နေ့တစ်နေ့ အရက်နာကျတာနဲ့ အဆင်မပြေလှ
အလုပ်ထဲမလဲ အရက်နံထောင်းထောင်းနှင့် လူအပေါင်းနှာခေါင်းရှုပ်ကြသည် တစ်နေကုန်ခေါင်းတစစ်စစ်
ကိုက်လှသည် ဒီပေါက်မဲလေးကြောင့်သာ အားတင်းသောက်နေရတာ လူကသိပ်မဟန်နိုင်ခြင် ဒီနေ့တော့
မသောက်ပဲနေမှကောင်းမည်ထင်၏ ဒါပေမယ့် ဟို(၅၀၀)ပေါက်မဲလေးက နှမျှောစရာ ။။။
မဖြစ် ဒီတိုင်းသာေပေါက်လိုက် သောက်လိုက်ဖြစ်နေလျှင် ကျုပ် မျိုးကန်းတော့မည်  ဒီတစ်ခေါက်ဝယ်တဲ့
ပုလင်းတွင်း ပေါက်မဲ မပါပါစေနဲ့ ဆုတောင်းနေရသည်  ကံဆိုးသည်လားကံကောင်းသည်လားမသိနိုင်တော့
ငွေ(၁၀၀၀) ထပ်ပေါက်နေပြန်ပါပေါ့  အင်းထပ်ကြိတ်ရအုံးတော့မှာပဲ လူလဲ သောက်ရလွန်းလို့ မနက်ဆို
မထနိုင် နီးစပ်ရာလူ ခေါ်ပြီး အသုပ်ကလေးဖြစ်ဖြစ် မုန့်ဟင်းခါးလေးဖြစ်ဖြစ် ဝယ်ခိုင်းပြီးမြန်မြန်စားလိုက်မှ
ထူနိုင် ထနိုင်သည် ရင်တွေက တလှပ်လှပ် မဖြစ်ခြေ ဒီတစ်လုံး ဝယ်သောာက်ရင် ကံစမ်းမဲက ကျေးဇူးတင်ပါတယ်
ဆိုတဲ့စာတမ်းလေးပဲလိုခြင်တော့သည်  ဒီလိုပိုက်ဆံနဲနဲ ထပ်စိုက်ပြီးသောာက်လို့ရအောင်ထည့်ထားတဲ
ကံစမ်းမဲဆိုတာကြီးကိုမုန်းခြင်လာပြီ  ကြာလျှင်ကျုပ် သောက်ရင်းနဲ့ သေဘို့သာာရှိတော့သည်  ဒီကံစမ်းမဲ
ထည့်တဲ့လူတွေကတော့ သူတို့ပစည်းရောင်းရရေးအတွက် လူတွေကို နည်းနည်းခြင်းစီကံစမ်းမဲပေးပြီး
မြူဆွယ်နေေလေပြီ  ဒီတစ်တစ်လုံး ဝယ်ရင်တော့ တစ်သက်လုံးမပေါက် ခဲ့ဘူးလို့  လိုခြင်ခဲ့တဲ့ ကံစမ်းမဲ
လဲ မလိုခြင်တော့  ပိုက်ဆံရှိရင်ဝယ်သောက်လိုက်မည် မရှိရင်ထိုင်နေလိုက်ရုံပေါ့ ခုတော့ဒီလိုမဟုတ်
သူ့မဲကြီးပေါက်တိုင်း  မဲကို နှမျှောတာနဲ့ ဝယ်ဝယ်သောာက်နေရတယ်လေ။။
ဆိုင်ကိုသွားသည်  ပုလင်းအဖုံးက ပေါက်နဲ (၁၀၀၀) ကိုပြသည် တစ်ရာတန်လေးတစ်ရက်ထပ်ပေးပြီး
တစ်လုံးဝယ်လာသည်  အိပ်ရောက်တော့ ပုလင်းဖွင့်ကာထိုင်သောက်နေလိုက်သည် တော်ပဟ
ဒီကံစမ်းမဲ ဖွင့်မကြည့်တောဘူး ဟုအပြီးတိုင်ဆုံးဖြတ်လိုက်ကာ နေ၏ ထိုင်သောက်ရင်းနှင့်ရေချိန်လွန်လေသော်
လူ့သဘာဝက ပေါ်လေတော့သည် မကြည့် ဘာနဲ့ဆိုကြည့်ခြင်းသည် မပြောပါနဲ့ဆိုပြောခြင်သည် အခုလဲ မကြည့်
ဟုဆုံးဖြတ်ထားသော်လဲ စိတ်ကမနေနိုင် အလွန်ကြည့်ခြင်လှလေသည် အနီးနားသံချွန်တစ်ခုရှာကာ ပုလင်းအဖုံး
ရှိ ဖော့ပြာလေးကိုခွာသည် တစ်ချက်ထဲနဲ့မကွာ မူးနေလို့ဖြစ်မည် နောက်တစ်ခါအားစိုက်ခွာသည် စိတ်အတွင်းမှလဲ
ကြိတ်ခါဆုတောင်းမိသည် ကျေးဇူးတင်ပါတယ်ပဲဖြစ်ပါစေ ဟုတ်တယ် ကျေးဇူးတင်ပါတယ် ဆိုမှသာ ကျုပ် ဒီဝတ်ကကျွတ်မှာလေ အဖုံးလေးကွာလေသော် ကျုပ်မဝံမရဲဖြစ်နေသေးသည် ကြည့်ရင်ကောင်းမလား လွင့်ပစ်လိုက်ရင်ကောင်းမလား စိတ်ထဲ ဒွိဟဖြစ်နေလေသည် အိုမထူးပါဘူး ကြည့်လိုက်တာကောင်းမည်
လက်ထဲဆုပ်ကိုင်ထားသော ပုလင် အဖုုံးလေးအား ပေါက်မဲ မဟုတ်ပါစေနှင့် ဟု အကြိမ်ကြိမ်ဆုတောင်းရင်း
လက်တွင်းမှ အသာယာဖြေကြည့်လေသော် ……..။။
ဟုတ်ကဲ့ ကျွန်တော် ဒီနေ့ ထိကံကောင်းနေပါကြောင်း…………။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ဘီလူး။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။

 

11 comments

  • fatty

    March 31, 2012 at 9:39 pm

    ကောင်းသဗျာ ကျွန်တော်ကမတွေ့မိတာကြာလို့မျှော်နေတာဗျ။ အရေးကောင်းတာနဲ့ ကျနော်တောင်
    ကံစမ်းမဲနှိုက်ချင်စိတ်ပေါက်မိသဗျာ။ မသောက်ဘဲဒီအတိုင်းကြီးဖေါက်ပြီးကံစမ်းရမှာကလည်းအခက်နော်
    ဘယ့်နှယ်လုပ်ရပါ့ … ။

    • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

      April 1, 2012 at 6:25 pm

      ကိုဖက်ကကံစမ်းမဲဖောက်သောက်တာကကျွန်တော်သောက်ပေးမယ် အလကားသာတိုက်…

  • Khaing Khaing

    March 31, 2012 at 9:58 pm

    Thanks U ပါ ကိုဘီလူးကြီးရေ ကံစမ်းမဲတွေမျှော်ရင်းနဲ့ ရောဂါတွေရလိမ့်မယ်နော်……..

  • padonmar

    March 31, 2012 at 10:26 pm

    ကိုဘီလူးလက်ရာလေးတွေ မျှော်နေတာ ခုမှပဲပေါ်လာတော့တယ်။
    ကျေးဇူးတင်ပါသည်ကို ကျေးဇူးတင်ချင်တာ ကိုဘီလူးက ဆင်ခြင်မိလို့သာပါ။
    တဖြည်းဖြည်းနဲ့ နစ်သွားတဲ့သူတွေ အများကြီးပါပဲ။

    • “ဘီလူးကြီး”ogre

      April 1, 2012 at 7:32 pm

      ရေးချင်ပါတယ် ဗျာ
      အိမ်မှာရေးရတော့ ကွန်ပြူတာကသေးပြီး အားမရ ဘူး
      တစ်ပါတ်တစ်ပုဒ်လောက်တော့ တင်မယ်စိတ်ကူးပါတယ်
      မန်းဂေးဇက်ကို သံယောဇဉ်မှ မဖြတ်နိုင်ပဲကိုဗျ ..အင်း ဒွတ်ခဒွတ်ခ 😉 🙂

  • ဗိုက်ကလေး

    April 1, 2012 at 3:18 pm

    လူးလူးလေး
    ပူတူးလေး
    အရက်သမားလေး
    မသေသေးဘူးလား အဲလေ..ဘယ်တွေပျောက်နေတာလဲလို ့
    😀

    • “ဘီလူးကြီး”ogre

      April 1, 2012 at 7:34 pm

      တားတား မတေ သေးပါဘူး
      ကပေါက်ဖော် တစ်ဖြစ်လဲ ဗိုက်ကလေးရယ်
      ကတွတ်ပီနဲ့ရောအဆင်ပြေရဲလား 🙂 🙂

      • windtalker

        April 2, 2012 at 7:21 pm

        ကတွတ်ပီ က အားရှိ သူ ့နှစ်လုံးပြူးကြီး ကို ပြောင်းဆေးခိုင်းလွန်းလို ့တဲ့ ။ ကျုပ် တို ့ဗိုက်ကလေး ခင်ဗျာ… ပူထူနေပြီ ပြောတာဘဲ ။ အလုပ်များပုံ ကို ပြောပါတယ် ။ ဟီဟိ

  • a me

    April 1, 2012 at 5:27 pm

    အမလေး ဆေးရုသာ ရောက်သွားမယ် တသတ်လုံးပေါက်မှာ မဟုတ်ဘူး

  • ကြောင်ကြီး

    April 1, 2012 at 9:48 pm

    probability ဖြစ်တန်စွမ်းအရပြောရင် ဥပမာ သုံးလုံးချဲထီမှာ ပေါက်ဂဏန်းသည် ၉၉၉ခုမှာ တခုပဲရှိတယ်။ မပေါက်ဂဏန်းကြတော့ ၉၉၉မှာ ၉၉၈ ရှိနေတယ်။ နှစ်ကြိမ်ဆက်တိုက်ဖြစ်ဖို့ဆိုရင် အဲဒီ ၉၉၈x၉၉၈ ဖြစ်သွားပြီ။ ဒါကြောင့်မို့ (စိတ်ခံစားချက်ကိုဖယ်ထားနိုင်ရင်) ကံစမ်းမဲပေါက်တဲ့အခါ နောက်တကြိမ်ပိုရနိုးနိုးနဲ့ ချက်ခြင်းထပ်မလုပ်တာ အမှန်နိုင်ဆုံးပဲ။ သို့ပေသိ ဖဲရိုက်တဲ့အခါကြတော့ နိုင်ချိန်မှာ ဖိထိုးတတ်၊ ရှုံးချိန်မှာ လျော့ထိုးတတ်မှ ကိုယ့်အတွက်ကျန်တာ တွေ့ရပြန်တယ်။ အဲဒါကြတော့ ဖြစ်တန်စွမ်းတွက်ချက်မှုနဲ့ လွဲပြန်ရော.. တလောကတင် သတင်းမှာ လောင်းကစားသမားတဦး လပိုင်းအတွင်း ဒေါ်လာသန်းချီတဲ့ blackjack ဖဲနိုင်တာ လေးငါးကြိမ်မက ဖြစ်လို့ ကာစီနိုဝိုင်းတွေ စိတ်ညစ်နေကြတယ်။ ဘာပဲဖြစ်ဖြစ် အများစုကတော့ ပေါက်တဲ့ပမာဏများရင် နောက်တကြိမ်ထိုးငွေကို ဂရုမပြုတော့ပဲ ဆက်တိုက်ထပ်ထိုးကြမှာပဲ၊ နည်းတဲ့အခါလည်း မမှုလောက်လို့ သိမ်းမထားဘဲ မျှော်လင့်ချက်နဲ့ ဆက်တိုက်ထိုးတာပဲ။။ ဒါနဲ့ပဲ လောင်းကစားဒိုင်တွေ ချမ်းသာနေဂျတာ….။

  • char too lan

    April 2, 2012 at 9:28 pm

    ဟာ ရီ ယာ !! ဟာ ရီ ယာ !! ဟာ ရီ ယာ !! ဟာ ရီ ယာ !!
    ရွှေငါး မတ်ခ်တူး !! ရွှေငါး မတ်ခ်တူး !! ရွှေငါး မတ်ခ်တူး !!
    ဟာ ရီ ယာ !! ဟာ ရီ ယာ !! ဟာ ရီ ယာ !! ဟာ ရီ ယာ !!
    ရွှေငါး မတ်ခ်တူး !! ရွှေငါး မတ်ခ်တူး !! ရွှေငါး မတ်ခ်တူး !!
    😛 😛 😛 😛 😛

Leave a Reply