နေ၀န်းနီတို့က သူများ စကားလုံးယူသုံးပြီးခပ်တည်တည် ဖြီးတော့မယ်မထင်လိုက်ပါနဲ့….။ စကားလုံး အသစ် ဆန်းသစ်ချိန်မရလို့ လူသိများပြီးသားစကားလုံးကိုပဲ ယူသုံးလိုက်မိတာပါ….။ စကားလုံးပိုင်ရှင်ဆရာကြီး ကိုလည်း ဒီနေရာကနေပဲ ခွင့်တောင်းလိုက်ပါတယ်…။ ခွင့်မပြုလည်း ယူသုံးပြီးပြီ… ဖြစ်ပါတယ်….။ အဟင့် စိတ်ညစ်လိုက်တာ…။
ခေါင်းစဉ်တော့ ယူသုံးလိုက်ပါပြီ…။ ရင်ခုန်သံနည်းနည်းမြန်သည် …..တဲ့..။ အဲ နေ၀န်းနီတို့ အသက် 40 ကျော်မှ ရင်ခုန်နေတယ်ဆိုပြီး ကြီးမှ ၀က်သက်ပေါက်တယ်လို့ မထင်လိုက်ပါနဲ့ဦး…။ နေ၀န်းနီ ရင်ခုန်နေတာက အဲဒိနှလုံးသားကိစ္စ အတွက်ရင်ခုန်နေတာမဟုတ်ပါဘူးဗျာ…။
မနက်ဖြန် ကိုယ်တိုင် မပါဝင် မဲပေးခွင့် မရတဲ့ ရွေးကောက်ပွဲ ကို ဘယ်လို အဖြေထွက်လာမလဲဆိုတာ တွေးနေရင်းနဲ့ ရင်ခုန်သံ က အချိန်နဲ့ အမျှ မြန်လာလို့ပါ….။ ကိုယ့်မျက်စေ့ ရှေ့မှာမဟုတ်တဲ့ ရာနှုန်းအနည်းငယ်လေး အတွက်သာလုပ်မဲ့ ရွေးကောက်ပွဲကို မင်းနှယ် ဘာပြုလို့ ရင်ခုန်နေရသလဲ ဆိုတာ မမေးကြပါနဲ့…။ နေ၀န်းနီတို့ လူမျိုးက တစ်ခုခု အသစ်ပြောင်းလဲ ဖို့ အင်မတန် ၀န်လေးတတ်တဲ့ လူမျိုးဗျ….။ ဒါဖြင့်ရင် 1990 တုန်းကတော့ ဘာဖြစ်လို့ တစ်ဘက်သတ်ဖြစ်သွားသလဲ လို့ မမေးနဲ့ဦး …။ အဲဒိတုန်းက လတ်လတ်ဆတ်ဆတ် ဖြုတ်ချခံထားရတဲ့ ပါတီနဲ့ ယှဉ်ကရတာ…။ အာဏာရနေတဲ့ အဖွဲ့ အာဏာလက်ကိုင်ရှိတဲ့ အဖွဲ့မဟုတ်ဘူး….။ ပြိးတော့ လတ်လတ်ဆတ်ဆတ် ရထားတဲ့ ဒါဏ်ရာတွေကလည်း ကျက်သေးတာမဟုတ်ဘူး…။ ခုလိုအခြေအနေ မျိုးနဲ့ မဟုတ်ဘူး…။ ခုတော့ ကြားနေရတဲ့ သတင်းတွေက နားမသက်သာဘူး…။ ဘယ်နေရာမှာ ဘယ်လိုလုပ်နေတာ …။ ဘယ်နေရာမှာတော့ ဘယ်လိုညစ်လိုက်တာ…။ မဲဆွယ်ပွဲ တောင်မှ ဘယ်သင်းချိုင်းသွားလုပ်လုပ်လို့ ပြောတဲ့ သူတောင်းစားကပြော ….။ ရင်မောရပါဘိ…..။ ဒီလိုသာဆိုရင်….။ အင်း……နောက်နှစ်ဆယ်လေးနာရီဆိုရင်တော့ ပြောင်းလဲမှဲကို လက်ခံမဲ့ ပြောင်းလဲချင်စိတ်ရှိတဲ့ လူဦးရေ မြန်မာပြည်မှာ ဘယ်လောက်ရာခိုင်နှုန်းရှိနေပြီလဲ သိရတော့မယ်…။ 24 နာရီ……….. ရင်ခုန်စွာနဲ့ စောင့်ရဦးမှာပေါ့လေ…………။

About naywoon ni

naywoon ni has written 439 post in this Website..

နေ၀န်းတော့ နေ၀န်းပဲ..။ ဒါပေမဲ့ ရဲရဲနီနေတဲ့ အရှေ့ဘက်မိုးကုပ်စက်ဝိုင်းကထွက်ပေါ်လာကာစ နေ၀န်းနီ........... CJ # 7272010