ကြားဖြတ်ရွေးကောက်ပွဲ ကို အင်တာနက် ကနေ Up To Date ကြည့်နှိုင်ပြီ ….။ (TV CHANNEL )

ေမွာ္ဆရာMarch 31, 20121min1787

အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံရပ်ခြား ရောက်နေသူမြန်မာများ ကြားဖြတ်ရွေးကောက်ပွဲကို အင်တာနက်မှ တိုက်ရိုက်ကြည့်ရှုနှိုင်ပြီလို့ စကိုင်းနက် မီဒီယာ မှ ဆိုပါတယ်..။
စကိုင်းနက် Up to Date Channel ဟာ ဧပြီ ၁ ရက်နေ့မှာ ကျင်းပမယ့် ကြားဖြတ်ရွေးကောက်ပွဲအား မြန်မာစံတော်ချိန် မနက် ရ နာရီမှ စတင်ပြီး တိုက်ရိုက်ထုတ်လွှင့်ပေးနေမှာဖြစ်ပြီး အင်တာနက်မှလဲ တိုက်ရိုက်ကြည့်ရှုနှိုင်အောင် ဆောင်ရွက်ထားပါတယ်လို့ ဆိုပါတယ်.။
ကြည့်ရှုရန်အတွက် TVU Player Software ကို ဒေါင်းလော့ချ အင်စတော့လုပ်ရပါမယ်။ TVU Player လို့ Address bar မှာ ရိုက်ထည့်လိုက်ရုံနဲ့ ဒေါင်းလော့ချလို့ရတဲ့ website ကို တန်းရောက်သွားပါလိမ့်မယ် .. မရရင်တော့ ဒေါင်းလော့ ချပါ။ဖိုင်ဆိုက်က 5.379 Mb ရှိပါလိမ့်မယ် ..။နိုင်ငံခြားကွန်နက်ရှင်နဲ့ဆိုရင်တော့ အေးဆေးလေးပေါ့ ..။
ပြီးရင် အင်စတောလုပ် Channel Name ကို 99221 ဒါမှမဟုတ် UP TO DATE လို့ ရိုက်ထည့်လိုက်ရင် ရပြီလို့တော့ စကိုင်းနက်က ပြောနေပါတယ်..။ မြန်မာ့ ကွန်နက်ရှင်နဲ့ ရမရ / နောက် စကိုင်းနက်က လွှင့်နေတဲ့ တခြားလိုင်းတွေကို ဖမ်းကြည့်လို့ ရမရကတော့ ကျွန်တော် အခုလောလောဆယ် စမ်းနေဆဲမို့လို့ မပြောနှိုင်သေးပါဘူး..။။ နောက်မှ Up Date ထပ်လုပ်ပေးပ့ါမယ်..။
သူကြီးတို့ ၊ ဦးကြောင်တို့ ဂီဂီတို့ ကြားဖြတ်ရွေးကောက်ပွဲကို တိုက်ရိုက်ကြည့်နှိုင်လောက်ပြီ ထင်တယ်…။အခြေအနေလေးကိုလဲ ကွန်မန်းပေးခဲ့ကြပါဦး ….။

7 comments

  • ကိုရင်မောင်

    March 31, 2012 at 9:07 pm

    မှော်ဆရာရေ ဒေါင်းလော့တော့လုပ်ထားလိုက်ပြီ
    ကျေးဇူးဘဲနော်…..

  • linnyones

    March 31, 2012 at 10:52 pm

    တိုက်ရိုက်အစဉ်လေး ကိုတော့ အွန်လိုင်း ကနေ ကြည့်ချင်သပါ့ ဗျာ ။
    ဒါပေမယ့် မနက်ဖြန်ကျရင် ကိုနတ်ရှင် ကြီး ကောင်းပါ့မလားလို့ စိတ်ပူနေတာ ………

  • ကြောင်ကြီး

    March 31, 2012 at 11:36 pm

    ဆော့ဖ်ဝဲကို အင်စတောလုပ်ရမယ်ဆိုလို့ အခြားဆိုက်တခုခုကနေပဲ စောင့်ကြည့်ပါ့မယ်ကွယ်..။ ပြည်တွင်းမှာရှိတဲ့ရွာသားများလည်း အန်အယ်လ်ဒီဌာနချုပ်ကို သွားပြီး မဲအနို်င်အရှုံးစာရင်း သွားအားပေးဂျပါအုံး။ ရုံးရှေ့မှာ အယ်လ်စီဒီဖန်ပြားချပ်ကြီး တပ်ပြီး တနာရီခြား မဲသတင်း ထုတ်ပြန်ပေးမယ်လို့ အင်တာနက်မှာ ဖတ်ရဒယ်။ အဲဒီမသွားနိုင်လည်း မိမိနဲ့နီးစပ်ရာ မြို့နယ်ရုံးများမှာ စုဝေးအင်အားပြဂျပါ..။ ကျုပ်တို့ကို ဆယ်စုနှစ်ပေါင်းများစွာ အနိုင်ကျင့်ဗိုလ်ကျလာတဲ့သူတွေ မျက်ခုံးမွှေးပေါ် စင်္ကြန်လျောက်ပြရတာ ဘယ်လောက် အရသာရှိလိုက်မလဲ…

  • water-melon

    April 1, 2012 at 8:44 am

    ဟေး ဒို့အရေး ဒို့အရေး ဒို့အရေး
    NLD အနိုင်ရမည်
    အမေစုကျန်းမာပါစေ

  • myohtat

    April 1, 2012 at 9:58 am

    ကိုမှော်ရေ … အထူးဘဲကျေးဇူးတင်ပါတယ်ဗျာ …
    နောက်လည်း .. အဆင်ပြေတာလေးတွေတင်ပေးပါအုံး …

  • Burmese or Chinese

    April 1, 2012 at 3:11 pm

    ကျေးဇူးတင်ပါတယ် ကိုမှော်ရေ ကျွန်တော် တိုင်းတစ်ပါးမှာ ကျောင်းတက်နေရလို ့

Leave a Reply