မီဒီယာသမားများဟာ အပြောသမားတွေတဲ့လား

ကြောင်လေးMarch 31, 20121min832

မီဒီယာသမားများဟာ အပြောသမားတွေတဲ့လား

ကြောင်လေး  မိတ်ဆွေတစ်ယောက်နဲ့ အခြေအတင်စကားဆွေးနွေးပွဲလေးတစ်ခု ဖြစ်ခဲ့ပါတယ်။

သူပြောတာက မီဒီယာသမားတွေဟာ လက်ရှိအစိုးရရဲ့ မကောင်းကြောင်းတွေကို ဆီလို အပေါက်ရှာပြီး လိုက်ပြောနေပါတယ်တဲ့၊ ဒေါ်စုနဲ့ NLD ပါတီကိုတော့ အကောင်းပြောကြတယ်ပေါ့။ ဒေါ်စုရဲ့ပါတီ အာဏာရလာရင်ကော ဒီလိုပဲ မကောင်းပြောဦးမှာ လားတဲ့။

ကျနော်လည်း ဒီလိုပြန်ရှင်းပြပါတယ်။ မီဒီယာ သမားဆိုတာ လက်ရှိအစိုးရကို တမင်သက်သက် မကောင်းပြောတာတော့မဟုတ်ဘူး။ အမှားတွေ  အားနည်းချက်တွေ၊ လိုအပ်ချက်တွေကိုနည်းမျိုးစုံနဲ့ ထောက်ပြနေကြတာပါ။  နောင်အစိုးရတက်လာရင်လည်း၊

နောင်အစိုးရရဲ့ အမှားတွေ၊ အားနည်းချက်တွေ လိုအပ်ချက်တွေကိုထောက်ပြနေဦးမှာပဲ ဆိုတဲ့အကြောင်းပြန်ရှင်းပြပါတယ်။

ဒီတော့ သူက ဘာပြောသလဲဆိုတော့ အဲဒီလူတွေဟာ သူများအပြစ်ကိုလျှောက်ပြောနေကြတယ်၊ သူတို့ ကို ကိုယ်တိုင်လုပ်ခိုင်းရင်ကော လုပ်နိုင်ကြမှာလားတဲ့။  တကယ်တော့ အလုပ်မလုပ်တဲ့ အပြောသမား သက်သက်တွေပါတဲ့၊ သူတို့ တွေ ဒီလောက်တတ်နေရင် အပြောသက်သက်လုပ်မနေပဲ  နိုင်ငံရေး အုပ်ချုပ်ရေးတွေကို လက်တွေ့ဝင်လုပ်ကြပါလားတဲ့……..

ကျနော်ထပ်ရှင်းရပါတယ်။ မီဒီယာသမားဆိုတာ အပြောသမားမဟုတ်ပါဘူး၊ သူတို့ ရဲ့အလုပ်ကိုုက အမှားတွေကိုရှာဖွေထောက်ပြရမဲ့အလုပ်ပါ၊ အဲဒီလိုပြောနေတာကိုက သူတို့ အလုပ်လုပ်နေကြတာပါလို့၊ သတင်းသမားတွေကလည်း သတင်းတွေကိုလိုက်ရှာပြီးဖော်ပြနေကြတယ်၊ ကိုဇာဂနာတို့လို သဘင်သည်တွေဟာလည်း ပျက်လုံးတွေနဲ့ ထောက်ပြနေတယ်၊ စာရေးဆရာတွေလည်း ဝတ္ထုဇတ်လမ်းတွေနဲ့ ရေးပြနေတယ်၊ ကမ္ဘာမှာဖြစ်ပေါ်နေတာတွေ၊ကိုယ့်နိုင်ငံတွင်းမှာ ဖြစ်သင့်တာတွေကို ဗဟုသုတွေရအောင် ရေးသားပြနေကြတယ်၊ ဂီတသမားတွေက လည်းသီချင်းတွေထဲကနေ စိတ်ဓါတ်ရေးရာဆိုင်ရာတွေ နိုးကြားလာတောငါ ရေး/ဆိုပြနေတယ်၊ အဲဒါတွေဟာလည်း သူတို့ အလုပ်ကိုသူတို့ လုပ်နေကြတာပါလို့၊ အဲဒီလူတွေကို နို်င်ငံရေး၊ အုပ်ချုပ်ရေးဝင်လုပ်ခိုင်းရင်လဲ လုပ်ကြမှာမဟုတ်ပါဘူး…လို့ပြန်ချေပခဲ့ပါတယ်။

ရွာထဲက မီဒီယာသမားများ  အဲလိုအပြောခံရရင် ဘယ်လိုများချေပကြမလဲဗျာ။

next"ဆန္ဒမဲပေးချင်သော်လည်း ကျွန်တော်တို့ ရယက မှလက်မခံ" ကျွန်တော်က မန္တလေးမြို့ မဟာအောင်မြေမြို့နယ် ရတနာဘုမ္မိအရှေ့ရပ်ကွက် အကွက်(၅၄၁) မှာဖြစ်ပါတယ်။ ၂၀၁ဝ ရွှေးကောက်ပွဲတုန်းက ကျွန်တော်တို့အသက် ၁၈နှစ်ပြည့်ရန် လိုသေးသော်လည်း ရယက မှ ရတယ်ဟုဆိုပြီး မပေးမနေရ အိမ်တိုင်ရာရောက် နာမည်စာရင်း လာရောက်ကောက်ခံသွားပါသည်။ ယခုတစ်ခေါက် ရွှေးကောက်ပွဲတွင် ကိုယ်တိုင်ဆန္နဖြင့် ဆန္နမဲပေးချင်သော်လည်း ရယက မှ လုံးဝလက်မခံကြောင်း ရင့်ရင့်သီးသီး ပြောဆိုလေသည်။ ကျွန်တော်တို့နာမည်စာရင်း ပါမပါ သွားရောက်ကြည့်ရှုသောအခါ နာမည်မပါသဖြင့် မဲထည့်ချင်ကြောင်း၊ နာမည်စာရင်းပေးချင်ကြောင်း ပြောဆိုသောအခါ ကျွန်တော်တို့ရပ်ကွက် ဥက္ကဌ ဦးစိန်ဝင်း နှင့် အကွက် (၅၄၁) ဆယ်အိမ်ခေါင်း ဦးမြသောင်း တို့က မရဘူးလို့ ပြောဆိုခဲ့တယ်၊ စာရင်းပိတ်သွားပြီလို့လည်းပြောတယ်။ ၁၈.၃.၂၀၁၂ ညနေ ၄နာရီ တုန်းကဖြစ်တယ်။ ဒီနောက်ပိုင်း ဘေးပတ်ဝန်းကျင်မှ ပြောသံတွေကိုကြားနေရတယ် ကျွန်တော်တို့ သွားပြောတဲ့နေ့က တစ်ကယ်တမ်း စာရင်းမပိတ်သေးဘူးဆိုတဲ့အကြောင်းကို သ်လာခဲ့ရတယ်။ ဒါနဲ့ဒီနေ့ဘဲ ပြန်သွားပြောပြန်တယ် ကျွန်တော်လည်းမနက်ဖြန်မဲဆန္နပေးချင်တာနဲ့ သွားပြောတော့ ဥက္ကဌ ဦးစိန်ဝင်း နှင့် အကွက် (၅၄၁) ဆယ်အိမ်ခေါင်း ဦးမြသောင်း တို့က ကျွန်တော့်ကို အော်ငေါက်ပြီး "မင်းတို့ဘာလို့ အခုမှ လာပြောတာလဲ၊ ၂၄.၃.၂၀၁၂ က စာရင်းပိတ်သွားပြီ မရဘူး၊ မင်းတို့ တစ်ခြားရပ်ကွက်မှာ သွားပြောကြည့်" လို့ပြောတယ်။ ကျွန်တော်က "အဲဒီလိုရလား တစ်ခြားရပ်ကွက်မှာ သွားထည့်လို့ရလား?" လို့မေးတော့၊ "ဒါတော့မသိဘူုးလေ" ပြောပြီး ဟိုရပ်ကွက်လွှဲ ဒီရပ်ကွက်လွှဲနဲ့ ကျွန်တော်လည်း နောက်ဆုံးတော့ ဥက္ကဌကို တစ်ခွန်းဘဲမေးဖြစ်ခဲ့တယ် "ဟို ၁၈ရက်နေ့က ကျွန်တော်လာပြီး စာရင်းပေးတော့ ဥက္ကဌ ဦးစိန်ဝင်း နှင့် အကွက် (၅၄၁) ဆယ်အိမ်ခေါင်း ဦးမြသောင်း တို့ ကိုယ်တိုင်ပဲ "မရတော့ဘူး စာရင်းပိတ်ပြီပြောပြီး ဘာလို့လဲ အခု ဥက္ကဌ ပြောတော့ ၂၄.၃.၂၀၁၂ နေ့က စာရင်းပိတ်တယ်" လို့ပြောရတာလဲ လို့မေးတော့ ဥက္ကဌ က "လာမပြောနဲ့ ဘာမှလုပ်မပေးနိုင်ဘူး???????" ဆိုပြီးလှည့်ထွက်သွားတယ်။ ကျွန်တော်တို့လို ဆန္နမဲ ပေးချင်ပါသော်လည်း ဒီလို ညစ်ပတ်နေတဲ့ ရယက ဥက္ကဌ ဦးစိန်ဝင်းလိုမျိုး၊ ဆယ်အိမ်ခေါင်း ဦးမြသောင်း တို့လိုမျိုး လူမျိုးတွေရှိနေသရွှေ့ မဲဆန္နကြီးဟာ ဘယ်တော့မှ သန့်ရှင်းတဲ့မဲ ဆိုတာကြီး ဖြစ်လာမှာမဟုတ်ဘူးလို့ပြောချင်ပါတယ်။ ဒီလိုလူမျိူးတွေ နောက်ထပ်ရှိနေအုံးမယ် ဆိုရင်တော့ နောင်လာမယ့် ရွှေးကောက်ပွဲတွေ အတွက်တော့ အလားအလာကောင်းတွေ၊ စစ်မှန်တဲ့ မဲဆန္နတွေ ဘယ်တော့မှဖြစ်လာမှာ မဟုတ်ဘူးလို့ပြောပြချင်ပါတယ်....................

2 comments

  • surmi

    March 31, 2012 at 11:30 pm

    ငပိသယ်အိပ်နေလို. ဆားသယ်က ခွေးမောင်းနေရတာပါလို.ပြန်ပြောလိုက်မှာပေါ.ဗျာ ….။

  • Gipsy

    April 1, 2012 at 10:42 am

    ငပိသယ် နံနေလို့ သန့်ရှင်းရေးသမားက ရေဆေး သန့်စင်နေရတာမျိုး လေဗျာ…။

Leave a Reply