ငွေသွင်းပြီး ခရီးလွန်နေတဲ့ FTTH ကို ဘယ်သူ တာဝန်ယူပြီးဆက်လုပ်မှာလဲ…………………………..

sterMarch 31, 20121min450
FTTH Connection အတွက် ZTE ONT and Set Top Box

FTTH (Fiber To The Home) connection တွေကို ၂၀၁၁ခုနှစ် ဇန်နဝါရီလက အရှိန်အဟုန်နဲ့ နယ်မြေအလိုက် ကုမ္ပဏီ(၃) ခုက တာဝန်ယူပြီး Promotion ကာလအတွက် ကနဦးတပ်ဆင်ခ နဲ့ နှစ်စဉ်ကြေး- ၈၁၀,၀၀ဝကျပ် ကို Alpha Channelက အိမ်တိုင်ရာရောက် လိုက်လံကောက်ယူပြီး (၂) လအတွင်း လိုင်းတွေဆွဲ၊ စက်တွေလာတပ်နဲ့ Connection စမ်းသပ်စတင်လွှတ်တာအောင်မြင်ခဲ့ပါတယ်။ လစဉ်ကြေးကတော့ အသုံးပြုတဲ့ Service Plan အလိုက် သပ်သပ်ထပ်ပေးရမှာပေါ့။

ဒါပေမယ့် စမ်းသပ်ပြီးတာနဲ့ လိုင်းတွေ ပြန်ပိတ်လိုက်တာ (၁)နှစ်ကျော်လာပေမယ့် Connection ပြန်မရတော့ဘဲ၊ အရင်ကုမ္ပဏီတာဝန်ယူလုပ်နေတဲ့နေရာမှာ လှိုင်သာယာ(FMI)နယ်မြေအတွက် Eliteကုမ္ပဏီနဲ့ ပြန်ပြောင်းပြီး လုပ်ကိုင်စေတယ်လို့သိရတယ်။ အခုအချိန်ထိလည်း ဘာမှ ရေရေရာရာမသိရသေဘူး။ ငွေသွင်းခဲ့တဲ့ ကုမ္ပဏီကို ဆက်ပြီး follow up လုပ်ပေမယ့် သူတို့လည်း Elite ကစက်တွေပြန်လဲတပ်ဆင်မယ်၊ ဒါပေမယ့် အဆင်သင့်မဖြစ်သေးလို့ ဆိုတဲ့ အခြေအနေကိုဘဲ သိရပါတယ်။

ကျွန်တော်တို့မှာတော့ ပိုက်ဆံ ၈သိန်းကျော်သွင်းပြီး တီရှပ်တစ်ထည်(ငွေသွင်းစဉ်က လက်ဆောင်ပေးခဲ့တဲ့)၊ ငွေလက်ခံဖြတ်ပိုင်းတစ်ခုနဲ့ ဘယ်ကုမ္ပဏီကို ဆက်ပြီး စုံစမ်းရမယ်မသိဘဲ ယောင်ချာချာကျန်ခဲ့ပါတယ်။ အခြား Internet Service တွေလည်း သူ့တက်ငါ Promotion အပြိုင်အဆိုင် ဈေးသက်သက်သာသာနဲ့ ပေါ်လာနေပေမယ့်ငွေသွင်းထားတာလေးလည်း ပြန်ထုတ်မရ၊ Connection ကလည်းမရနဲ့  ………… …………….

မှတ်ချက်။   ။ Fortune ကတာဝန်ယူတဲ့ အချို့နယ်မြေတွေတော့ ရတယ်လို့ကြားပါတယ်။