သံလွင်မြစ်ရဲ့မြစ်လက်တက်ကို ရွာသားများအားအလည်ခေါ်ရင် ဆွေးနွေးရင်း….(ဒီနေ့ ဧပရယ်အစမှာ သတင်းကောင်းကြားရပါစေ) နမ့်တိန်းချောင်းသို့ရှုခင်းအလှများခံစားရင်း

တဂျီးမင်းတရားရေဒီတစ်ခါပုံကြီးကြီးမမြင်ရရင်ပြန်ဖျက်ပေးပါနော်…….

အားလုံးကို လည်လည်ခေါ်ခဲ့တယ် ရှမ်းပြည်သား (တောင်ပိုင်း)

14 comments

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 1, 2012 at 12:58 am

    ဂီဂီရေ….. ဂျပွန်က ကွန်ကွန်ကောင်းရင် ပုံကြီးကြီးကိုကလစ်နှစ်ချက်နှိပ်ရင်မြင်ရမှာပါ ဂီဂိဆီကပဲဒေါင်းပြီး
    ပြန်တင်ပေးပါဦး………
    ရွာသားများ ဓါတ်ပုံကိုသေချာမမြင်ရရင်ဖြင့် Facebook က yeesatayout.aloshithi မှာပြန်တင်ပေးထားပါ
    တယ် ………..

  • Mလုလင်

    April 1, 2012 at 1:04 am

    သာယာလိုက်တာ ကွာ … အဲလို ရှုခင်းမျိုး … ကို PC ထဲမှာ သိမ်းထားလိုက်တာ …

    • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

      April 1, 2012 at 1:19 am

      ကိုလုလင် အကြီးကြီးမြင်ရလား …
      ကွန်နက်ရှင်စုတ်လို့….. ဖေ့ဘွတ်ခ်ကလည်းတင်မရဘူး
      အခုတဂျီးမင်းရဲ့ဆာဖာကိုပါမကျေနပ်လို့ပြန်တင်နေတယ် အကြီးကြီးတွေ

      • Mလုလင်

        April 1, 2012 at 1:41 am

        သေးသေးလေးပဲ မြင်ရတယ် .. medium,large ဘာရွေးလိုက်လဲ ဟေ ..

        • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

          April 1, 2012 at 1:56 am

          large နဲ့တင်တယ် တေးတေးပဲရတယ် တဂျီးမင်းကတူများကိုပဲမြစ်လောက်ပဲမှတ်လေရော့
          လားမသိ ဒါနဲ့များ ဘယ်လိုသာယာတယ်ပြောပါလိမ့်ချာလုရယ်…. စိတ်ပိန်ပါတယ်ဗျာ……

  • ကိုယ့်လူရေ..
    တိန်းချောင်းက လင်းခေးမှာများ ရိုက်ထားတာလားမသိဘူး
    အရင်ကတော့ နွေရာသီဆို လူတစ်ရပ်စာလောက်ပဲ နက်တယ်.. လင်းခေးက ရေရှားတော့ တိန်းချောင်းကိုပဲ အားပြုပြီး ချိုးနေရတာလား… မိုးတွင်းဆိုရင်တော့ ဝါးနှစ်ပြန်လောက်တောင် နက်သကွဲ့.. ရေကလဲ နောက်ကျိနေတာပဲ.. တစ်ခါကများဆိုရင် ကျားသေတစ်ကောင်တောင် ချောင်းရေနဲ့ မျောပါလာပြီး မြို့လည်ကောင် လာသောင်တင်နေသေးတယ်..

    ဂလောက်ပဲ တော်ဘီကွယ်.. လင်းခေးကို လွမ်းသလိုလိုတော့ရှိသား
    ခုတော့လဲ ကျွန်းတောကြီးတွေက တောင်ကတုန်းတွေဖြစ်ပြီး ကြက်ဆူပင်တွေနဲ့ ဝေဆာလို့၊ ကျွန်းပင်ကြီးတွေကတော့ နမ့်စန်မှာ တောင်ပုံရာပုံနဲ့ အသက်မဲ့ လှဲလျောင်းနေပါရော့လားကွယ်..

    • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

      April 1, 2012 at 3:14 am

      ဦးရှုံးကလဲပေါ်လိုက်ပျောက်လိုက်လိပ်ခေါင်းကျနေတာပဲ
      အဲဒါလင်းခေးမဟုတ်ဘူး နမ့်စန်ကြိုးတံတားကြီးကိုပဲဟာ…. ဟိုဘက်ကတံတားနှစ်ခါကြိုးတော့
      ယာယီတံတားထိုးတဲ့နေရာဗျ…….. လင်းခေးမှာ ယင်းတွေမှမရှိဘဲ…
      အားပေးတာကျေးကျေးနော် ပုံကြီးတွေကြည့်လို့ရရဲ့လား….. ပုံကြီးသပ်သပ်ပြန်တင်ပေးထားတယ်
      နောက်ထပ်ပုံတွေလည်းထပ်တင်ဦးမယ်……. စောင့်ကြည့်ပေးပါဦး အလွမ်းပြေပေါ့ ပိုလွမ်းသွား
      ရင်တော့တတ်နိုင်ဘူးရယ်နော်…… အလိုလေး စန်မောင်းတေရောက်နော်…. ခါ့ခိုက်နွမ်းရောက်ခ
      ….ခလိုကွာခိုက်နွမ်းနော့…. ပေါရှူံး……..ယူလီကင်ဝမ်ပါနော်…….

  • Khaing Khaing

    April 1, 2012 at 6:29 pm

    မောင်လေးခ မနက်ကကြည့်ပြီးသားဆိုတော့ အခုတော့ မမန့်တော့ဘူးလို့ ဒါ့ပုံတွေထပ်ကြည့်သွားတယ် ….
    အောက်ဆုံးပုံက အမျုးိတွေနဲ့တူတယ်နော် ….. သာယာအေးချမ်းတဲ့မြို့မှာနေတော့ တော်တော်ကို စိတ်ချမ်း သာမှာပဲ …..

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 1, 2012 at 6:44 pm

    အလိုလေးမခိုင်ရယ် မြို့ကအေးချမ်းသလောက် ပြိုင်စံမပေါ်တိုင်စံကျော်နိုင်ငံတော်ကတောင်လက်ဖျားခါ
    လောက်တဲ့အတိုင်အတောအတော်ထူတဲ့မြို့ပါဗျာ……ခုကမြို့ပြင်ခြောက်မိုင်လောက်ထွက်နေလို့
    စိတ်အေးလက်အေးရှိတာ ….. ကျွန်တော်တောင်အိမ်မှာနေရင် အပြင်ကိုမထွက်ဘူး… အင်တာနက်ကလူတွေနဲ့ပဲအဆက်အဆံလုပ်တယ်… မြို့ထဲထွက်ရင်စကားမပြောလို့ဆိုပြီးထတိုင်နေမှာစိုးလို့.
    ကျွန်တော်က….ဒီလိုသာယာတဲ့နေရာလေးတွေပဲသွားလည်ရတာဝါသနာပါတယ်လေ….
    တစ်ချို့ကျွန်တော်ရောက်ဖူးတဲ့နေရာတွေဆို သွားဖို့အဆင်မပြေသေးလို့……အဆင်ပြေရင်ဓါတ်ပုံထပ်ရိုက်ပြီး
    ရွာသားတွေကိုဓါတ်ပုံထဲကနေအလည်ခေါ်ပါဦးမယ်……..
    အမျိုးတွေကတော့အားကြီးပဲ…. ပုံတွေတင်လိုက်ရင်သူကြီးဆာဖာအယ်ရာတွေတက်ကုန်မှာစိုးလို့မခိုင်ရေ…
    ချစ်တဲ့မှောင်လေး…အသားနဲနဲမဲသွားလို့နွေဆိုတော့လေ…. မဲနေရာကနေနဲနဲပိုမဲပြီးနက်သွားလို့မှောင်သွားတယ်…… မမကြီးကိုချစ်တဲ့….. မောင်ရှမ်း….စိုင်းရေ…ခေါ်လဲ
    စိတ်ဆိုးပါဘူးနော်.

  • Khaing Khaing

    April 1, 2012 at 9:16 pm

    မောင်လေးခရေ အမကိုနောက်ဆို ရှမ်းသံလေးနဲ့ reply လုပ်ပေးပါလား …. ဂေဇက်မှာ အခြောက်သံတွေ မပီကလာပီကလာသံတွေကများတယ် …. ရှမ်းသံနဲ့စကားလုံးလေးတွေတင်ရင် မောင်လေးခက တစ်မျိုးပေါ်ပြူလာဖြစ်မလားလို့ကွယ် ….. အပြင်ကလူတွေနဲ့စကားမပြောချင်ရင်လည်း မမတို့နဲ့စကားပြော ကြတာပေ့ါ …. မမမှာ လားရှိုးကညီမလေးအသိတွေရှိတယ် …. မမကောင့်ပေးထားမယ် ဂျီးဒေါ်အကောင့် ပါကွယ် akhaing.t@gmail.com

    • ဦးဦးကောလ ဟာလ

      April 1, 2012 at 9:50 pm

      ရှမ်းသံနဲ့ရီပလိုင်းမလုပ်ခင်ရှမ်းစကားနဲနဲသင်ပေးဦးမှရမှာပေါ့……
      ရှမ်းသံနဲ့တကယ်ပြောရင်မခိုင်တို့ချာချာလည်သွားမှာပေါ့မခိုင်ရယ်……
      မခိုင်ကို @ထားတယ်နော်…. ကျွန်တော်ကရှမ်းမဟုတ်ပေမယ့် ရှမ်းလိုပအို့ဝ်လိုဓနုလိုတတ်ပါတယ်
      ဒီလူမျိုးတွေပြောတဲ့ဗမာစကားနဲ့မခိုင်ကိုပြောရင်မခိုင်နားလည်ပါ့မလားမသိဘူးနော်….
      တို့များရှမ်းကိုချစ်တတ်ရင်လေ တို့ရှမ်းတွေကလည်းထပ်တူထပ်မျှပါနော်…..
      နန်းတို့ပြည်မကြီးကလူတွေကလေ..စိုင်းတို့လိုတောင်ပေါ်သားတွေအပေါ်ဆိုရင်..
      ရှမ်းတွေပြောတဲ့စကားမျိုးနဲ့ပြောရင်ပိုပြီးမပီကလာပီကလာအသံထွက်တယ်လေ မမခိုင်ရဲ့……
      ရှမ်းစကားလေးတွေသင်ကြမယ်ဆိုတဲ့ပို့စ်လေးတစ်ခုတင်ပေးမယ် ဝင်ဖတ်တိုင်းကွန်မန်းလေးချန်ပေးပါ….. အခြေခံစကားပြောနည်းလေးတွေသင်ပေးပါ့မယ်……
      နန်းကိုခင်တဲ့ စိုင်း…. စကားမစပ် မခိုင်ရေ….. သင့်ကိုကျွန်ုပ်ချစ်ပါတယ်ဆိုတာကို
      ရှမ်းလို ဟောဝ်ဟာ့ခ်ဆူ(ဟောင်းဟတ်ဆူ)မြန်မာတွေကြားတဲ့အသံပေါ့နော်…..တဲ့နော်…… အစလေးသင်ထားပေးတာပါ…..တာ့တာ

      • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

        April 1, 2012 at 10:05 pm

        ဟာဦးငယ် ဘယ်ပျောက်နေတာလဲ… ဟိုတစ်နေ့ကအိမ်လာတော့လည်း ခရီးသွားတယ်ပြောလို့
        ရှမ်းစကားသင်ပေးမယ်ဆို ကျွန်တော်လည်းသင်တန်းလာတက်ဦးမှပါ……
        ဦးကောကိုကျွန်တော်ကများများရေးပါဆိုဦးကောတစ်ခုလောက်ပဲရေးပြီးပျောက်သွားတယ်နော်…
        ဦးငယ်ပဲခေါ်တော့မဗျာ…. ဦးငယ်..ဘယ်သွားနေတာတုန်းအိမ်လာလည်ဦးလေ…အမေတို့တော့
        ခရီးသွားနေတယ် နောက်နှစ်ရက်သုံးရက်မှပြန်ရောက်မယ်တဲ့…. အမေတို့မရှိတုန်းဦးငယ်ရယ်
        ကျွန်တော်ရယ် ဧဒင်မှာဘီယာလေးသွားဆွဲကြရအောင်ဗျာ………. နောက်ဆိုသွားသောက်လို့ရ
        မှာမဟုတ်ဘူး သိတယ်မလားဦးငယ်ဆရာမအကြောင်းကို…..ဦးငယ်ရဲ့ဆရာတောင်အခုဆေးလိပ်
        ကိုအမိန့်အရဖြတ်ထားရတယ်….. မမကြီးခိုင်ရေ ဦးငယ်အဲလေ ဦးဦးကောလဟာလပြောသလိုပဲဗျ…
        ဓနုတွေရဲ့ဗမာစကားနဲ့ပြောရင်မခိုင်တို့ရွာလည်သွားနိုင်လောက်ရဲ့ ရှမ်းသံနားထောင်ချင်ရင်
        မမကြီးခိုင်ကို ပြောပါ့မယ်…. မမခိုင်ကိုကျွန်တော်…နာမည်ရင်းနဲ့addထားတယ်နော်…ဦးငယ်
        နော် …. ကြီးကောင်ကြီးမားနဲ့ရွာသူတွေကိုဂျီတော့မှာလိုက်အက်ထားတယ်…ကျွန်တော်..အန်
        တီလေးနဲ့တိုင်ပြောမှာ….. မနက်ဖြန်ဦးငယ်အိမ်ကိုလာလည်မယ်…ထက်ထက်ရှိတယ်မဟုတ်လား။ ယောက္ခမကြီး။

        • Khaing Khaing

          April 3, 2012 at 10:32 pm

          မောင်လေးခ အမလည်း ဦးဦးကောလဟာလကကို ဦးငယ်လို့ခေါ်မယ်နော် …. ရှမ်းစကားသင် ပေးမယ်ဆိုတော့ ဝမ်းသာပါတယ် ….. ဘာသာစကားအသစ်ကိုသိရတာပေ့ါ …. ကဲ မောင်လေးခရေ ဦးငယ်ကတော့မခိုင်ကို ဟောဝ်ဟာ့ခ်ဆူ လို့သင်ပေးထားတယ် နောက်တစ်ခါ မခိုင်ကို ပြောချင်ရင် အဲလိုသာပြောနော် ရွာထဲကလူတွေလည်းမသိတော့ဘူးပေ့ါ …… မခိုင်မကျေနပ်တာတစ်ခုရှိသေးတယ် ဘာတဲ့ ဦးငယ်ကို ယောက္ခမကြီးဟုတ်လား မခိုင်ကို ဘယ်နားသွားထားလိုက်ပြီလဲ …. အသစ်မြင်တော့အဟောင်းမေ့တာလား ……. ဦးလေးရေ ရှမ်းစကားသင်မယ့်ပို့စ်လေးတွေကို မခိုင်မန့်ဖြစ်အောင်မန့်ပါမယ် သိချင်တာလေးတွေလည်း အားလုံးမှတ်ထားပါ့မယ် ……

          ခင်မင်ရင်နှီးစွာဖြင့်
          Khaing Khaing

  • ကြက်ဖင် ( အကယ်ဒမီ ) ( ကျား )

    April 1, 2012 at 11:44 pm

    ညီငယ်လေး
    သံလွင်မြစ်ဘေးက အမြှောက်မှန်ပြီး ငုတ်တိုဘဲကျန်တဲ့
    သစ်တစ်ပင်ရဲ့ ပုံကို သဂျီးက ဆယ်ဒေါ်လာလောက်ပေးလိမ့်မယ်]
    လက်တို့လိုက်

Leave a Reply