မြန်မာပြည်သို့ပြန်မည်ဖြစ်၍ အွန်လိုင်း အမေးအဖြေများ ခေတ္တအနားယူခြင်း

ယနေ့ မြန်မာပြည်သို့ ထွက်ခွာရတော့မည်

ဦးဇင်းရဲ့ မြန်မာပြည်နဲ့ သီရိလင်္ကာတို့ရဲ့ ရှင်ပြုရဟန်းခံ၊ သာသနာရောက်ရှိပုံ၊ ယဉ်ကျေးမှုဓလေ့ ထုံစံစဉ်လာတို့ကို နှိုင်းယှဉ်တင်ပြပေးဖို့ ဒေါက်တာကျမ်းအတွက် တင်ထားတာကို (14.03.2012) ရက်နေ့က ဒေါက်တာအကြိုတန်း M.phil ကျမ်းအကျဉ်းချုပ်သွားတင်ပြရာ အဆင်ပြေတာနဲ့ M.phil ရော Ph.D ကျမ်းပါဆက်လက် ပြီးမြောက်အောင်ရေးရန်အတွက် မြန်မာပြည်နဲ့ဆိုင်ရာ စာအုပ်တွေသွားဝယ်ဖို့ ခွင့်တစ်လခွဲတောင်းတဲ့အခါ ဆရာက ခွင့်ပြုလိုက်ပါတယ်။ သီရိလင်္ကာနိုင်ငံမှာ ဒေါက်တာကျမ်းပြီးထိဆို (၅)နှစ်ကျော် နေရဦးမှာမို့ အမိမြန်မာပြည်ကို ပြန်ခွင့်ရတဲ့အခါ ဝမ်းသာနေတာတော့ အမှန်ပါပဲ။

မြန်မာပြည်ကို April (၂)ရက်နေ့၊ နေ့ခင်း(၁၁)နာရီအချိန်တွင် ရောက်ရှိမှာဖြစ်ပြီး May (၁၅) ရက်နေ့ထိနေရမှာမို့ မြန်မာပြည်ရောက်တုန်း ဦးဇင်းရဲ့ အွန်လိုင်းမှာရေးထားသမျှ စာတွေနဲ့ ဂျာနယ်မှာ ရေးပေးတဲ့စာတွေကို ဓမ္မဒါန စာအုပ်ထုတ်ဝေပေးခဲ့ဖို့လည်း စဉ်းစားထားပါတယ်။ အဲဒါလည်း စာအုပ်အလှူရှင်တွေပေါ်လာရင် အခမဲ့ထုတ်ဝေပေးခဲ့ပြီး ဖြန့်ချီပေးခဲ့ပါဦးမယ်။ ဒါမှ တစ်စုတစ်ဝေးတည်း အေးဆေးဖတ်ရမှာဖြစ်သလို အွန်လိုင်းမသုံးသူတွေလည်း ဖတ်ကြရမှာပါ။ အဲဒါမှလည်း ဦးဇင်းတို့ရဲ့ လူမျိုးတွေ သိသင့်သိထိုက်တာလေးတွေ သိရှိပြီး မရှင်းတာလေးတွေ ရှင်းလင်းသွားကြကာ လုပ်သင့်တာတွေ လုပ်နိုင်သွားကြလိမ့်မယ် ထင်ပါတယ်။

ဦးဇင်းမြန်မာပြည်နေစဉ် တစ်လခွဲအတွင်း အွန်လိုင်းပေါ်တွင် အမေးအဖြေများ ပြုလုပ်ပေးခြင်း၊ ပညာပေးဗဟုသုတစာပေများ ရေးသားပေးခြင်းတို့ကို ပြုလုပ်ပေးနိုင်လိမ့်မည် မဟုတ်ပါ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ ဦးဇင်းလုပ်စရာတွေများနေတာကြောင့် မအားတာကတစ်ကြောင်း၊ အားတဲ့အချိန် အွန်လိုင်းသုံးဖို့ကလည်း ကိုယ်ပိုင်မရှိတော့ သုံးဖို့အဆင်မပြေတာကတစ်ကြောင်းဆိုတော့ gmail စစ်ချိန်လောက်သာ အားလျှင် သုံးဖြစ်ပါလိမ့်မယ်။ ဒါကလည်း အခြေအနေအရမို့ မေးလ်လည်း စစ်ဖြစ်ချင်မှ စစ်ဖြစ်မှာပါ။

ဦးဇင်းကို သိချင်တာများ မေးချင်ပါက gmail မှာ မေးလ်ပို့ထားနိုင်ပါတယ်။ ဦးဇင်း အင်တာနက်သုံးခွင့်ရတာနဲ့ ပြန်လည်ဖြေကြားပေးသွားပါမယ်။ တကယ်လို့ အရေးကြီးတာများ သိချင်တယ်ဆိုပါက ဦးဇင်းကို ဖုန်းနဲ့ဆက်သွယ်လို့လည်း ရပါတယ်။

မြန်မာပြည်တွင် နေထိုင်ကြတဲ့ ဒကာ၊ ဒကာမများအနေနဲ့လည်း ဦးဇင်းကို မိမိဆွေမျိုးသားချင်းကဲ့သို့ သဘောထားပြီး ဦးဇင်းမြန်မာပြည်လာတဲ့အခါလေး သိချင်တာများ မေးချင်လို့ဖြစ်စေ၊ မြင်ဖူးချင်လို့ဖြစ်စေ၊ ဦးဇင်းတည်းမဲ့ကျောင်းကို လာရောက်၍လည်းကောင်း၊ ဦးဇင်းအပြင်တစ်နေရာရာမှာ ရောက်နေတဲ့အချိန် အပြင်မှာတွေ့ချင်ရင်လည်းကောင်း ဖုန်းနဲ့ဆက်သွယ်နိုင်ပါတယ်။

ဦးဇင်းတည်းမဲ့ကျောင်းကတော့

ဓမ္မဥယာဉ်ကျောင်း၊
ဗိုလ်ချုပ်ပြတိုက်နဲ့မျက်နှာချင်းဆိုင်။
ဗဟန်း၊ ရန်ကုန်။

ဖုန်း-01-430216
09-5065559
09-73148701
09-6450214

ဒီဖုန်းတွေကိုဆက်ရင်တော့ ဦးဇင်းနဲ့တိုက်ရိုက်မတွေ့တောင် ဘယ်လိုထပ်ဆက်သွယ်ရမလဲဆိုတာ သိရပါလိမ့်မယ်။ ဦးဇင်းကိုယ်ပိုင်ကိုင်မဲ့ ဖုန်းကတော့ 09-43910411 (တစ်ခါသုံးကဒ်ဖုန်းပါ)

ဦးဇင်းရဲ့ စာဖတ်ပရိသတ်အားလုံးတို့အား ကိုယ်စိတ်နှစ်ပါးချမ်းသာပြီး လိုရာဆန္ဒပြည့်ဝကြပါစေလို့ ဆုတောင်းမေတ္တာပို့သလျက် အွန်လိုင်းမှ ခေတ္တ  ခွဲခွာလိုက်ပါဦးမယ်။

အရှင်ကောမလ(ခ)ဆန်နီနေမင်း

sanninaymin@gmail.com

09-43910411

ခေတ္တ၊ မြန်မာပြည်။