ကြားဖြတ်ရွေးကောက်ပွဲနောက်ဆုံးရသတင်းများ – (ပို့စ်ခွဲမတင်ပါနဲ့ – ဒီမှာတင်ပါ)

ကျေးဇူးပြုပြီး ကြားဖြတ်ရွေးကောက်ပွဲနောက်ဆုံးရသတင်းများ ကို comment တွင် သိသူများကတင်ပေကြပါ။ တခုတဲမှာ စုစုစီးစီး ဖတ်ချင်လို့ပါ။ ကျေးဇူးအထူးတင်ပါတယ်။

မှတ်ချက်။ ။ (ပို့စ်ခွဲမတင်ပါနဲ့ – ဒီမှာတင်ပါ)
လို့.. ခေါင်းစဉ်ထဲထည့်ပေးလိုက်ပါတယ်..။

— Kai —

213 comments

  • Foreign Resident

    April 1, 2012 at 6:11 pm

    CJMyanmar
    ဇေယျာသော်

    နေပြည်တော် ပုဗ္ဗသီရိမြို့နယ် မဲရုံ ၈၄ ရုံရှိသည့်အနက် မဲရုံ ၃ဝ ရေတွက်ပြီးရာ မဲရုံ ၂၈ ရုံ၌ NLD လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေယျာသော် (ခ) ဦးဇေယျာသော် အနိုင်ရရှိနေကြောင်း CJMyanmar မှ သတင်းရရှိသည်။

  • Foreign Resident

    April 1, 2012 at 6:13 pm

    မြန်မာ ရွေးကောက်ပွဲ သတင်းအချက်အလက်
    မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် NLD မှ ဒေါ်ဖြူဖြူသင်း အနိုင်ရပြီဖြစ်ကြောင်း သိရသည်။

  • seaman

    April 1, 2012 at 6:15 pm

    Popular Myanmar News Journal
    နေပြည်တော်ခရိုင်တွင် ပြည်ခိုင်ဖြိုးပါတီ ဝဏ္ကကျော်ထင်- စည်သူ-ဦးသာဌေး နှင့် NLD ပါတီ အဆိုတော် ဇေယျာသော် တို့ ဝင်ယောက် ယှဉ်ပြိုင်အရွေးချယ်ခံသည် ပုဗ္မသီရိမြို့နယ်တွင် မဲရုံ ၈၂ ရုံရှိပြီး ရွာသစ်ကျေးရွာနှင့် မော်တော်ယာဉ်ဝင်း (ဒေသအခေါ်) တို့တွင် NLD
    ပါတီက ရှုံးနိမ့်ခဲ့ပြီး ရေပြာကြေးရွာတွင် NLD က ၆၀၉ မဲ ပြည်ခိုင်ဖြိုးက ၁၀၉ မဲ သပြေတမ်းကျေးရွာ မဲရုံ (၁) တွင် NLD ၃၅ရ မဲ ပြည်ခိုင်ဖြိုးက ၁၇၁ မဲ မဲရုံ(၂) တွင် NLD ၄၄၆ မဲ နှင် ပြည်ခိုင်ဖြိုး ၁၁၂ မဲရရှိ ထားပြီးဖြစ်ကြောင်း Popular News သတင်းအဖွဲသို့ နေပြည်တော် ကိုယ်စားလှယ် အသိုက်အဝန်းကသတင်းပေးပို့သည်။

  • seaman

    April 1, 2012 at 6:15 pm

    Popular Myanmar News Journal
    နေပြည်တော်ခရိုင်တွင် ပြည်ခိုင်ဖြိုးပါတီ ဝဏ္ကကျော်ထင်- စည်သူ-ဦးသာဌေး နှင့် NLD ပါတီ အဆိုတော် ဇေယျာသော် တို့ ဝင်ယောက် ယှဉ်ပြိုင်အရွေးချယ်ခံသည် ပုဗ္မသီရိမြို့နယ်တွင် မဲရုံ ၈၂ ရုံရှိပြီး ရွာသစ်ကျေးရွာနှင့် မော်တော်ယာဉ်ဝင်း (ဒေသအခေါ်) တို့တွင် NLD
    ပါတီက ရှုံးနိမ့်ခဲ့ပြီး ရေပြာကြေးရွာတွင် NLD က ၆၀၉ မဲ ပြည်ခိုင်ဖြိုးက ၁၀၉ မဲ သပြေတမ်းကျေးရွာ မဲရုံ (၁) တွင် NLD ၃၅ရ မဲ ပြည်ခိုင်ဖြိုးက ၁၇၁ မဲ မဲရုံ(၂) တွင် NLD ၄၄၆ မဲ နှင် ပြည်ခိုင်ဖြိုး ၁၁၂ မဲရရှိ ထားပြီးဖြစ်ကြောင်း Popular News သတင်းအဖွဲသို့ နေပြည်တော် ကိုယ်စားလှယ် အသိုက်အဝန်းကသတင်းပေးပို့သည်။7Day News Journal
    Update 6:08 PM
    နေပြည်တော်၊ ဒက္ခိဏသီရိမြို့နယ်တွင် မဲရုံစုစုပေါင်း ၃၆ ရုံရှိသည့်အနက် ၁ရ ရုံကို ရေတွက်ရာ NLD က ၁၆ ရုံတွင်အနိုင်ရ။

  • seaman

    April 1, 2012 at 6:18 pm

    The Voice Weekly
    ဒဂုံဆိပ်ကမ်းတွင် NLDက ၆၅ ရာခိုင်နှုန်းအနိုင်ရထားဟုဆို
    ရန်ကုန် ဧပြီ ၁ (6:10)
    ဒဂုံဆိပ်ကမ်းမြို့နယ် NLDမှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမျိုးအောင် ပြတ်သားသော ရလဒ်ဖြင့် အနိုင်ရရှိသွားပြီဖြစ်၍ ယုဇန ဥယျာဉ်မြို့တော်တွင် NLD ကို ထောက်ခံသူများ အောင်ပွဲ ခံနေကြ သည်ဟု မြို့နယ် အောင်နိုင်ရေးကော်မတီဝင်တစ်ဦးက The Voice သို့ အတည်ပြု ပြောကြားသည်။
    ယခုသတင်းရေးသားချိန် ၆ နာရီ ၁၁ မိနစ်အထိ ရပ်ကွက် နှစ်ခုနှင့် ရွာတစ်ရွာ တို့မှ ရလဒ်ကို မရသေးသော် လည်း ကျန် ကျေးရွာနှင့် ရပ်ကွက် ၁၃ ခုတွင် NLD က အနိုင်ရရှိထားပြီး မဲဆန္ဒနယ် တစ်ခုလုံးရှိ စုစုပေါင်း မဲ၏ ၆၅ ရာခိုင်နှုန်းကို ရထားပြီဖြစ်ရာ သေချာသွားပြီဖြစ်ကြောင်း ဒဂုံဆိပ်ကမ်း NLD ရုံးအဖွဲ့မှူး ဦးထွန်းဝက ဆိုသည်။

  • Foreign Resident

    April 1, 2012 at 6:21 pm

    ဓါတ်ပုံလေးတစ်ခုမှာ
    ရပ်ကွက် နာမည်က မင်းလမ်း တဲ့
    အမေစု = ၁၃၄၀
    ကြံ့ = ၁၀၂ တဲ့
    ပြီးတော့ ” သနားတယ်ဟေ့ ” တဲ့

    အင်းးးးးးးး
    ခံသာအောင်လုပ်ကြပါကွယ်တို့ ။
    ရန်သူ မမွေးကြပါနှင့်တော့ ။
    နိုင်ရင် တော်ရောပေါ့ကွယ် ။
    လျှောက်ရမယ့်လမ်းက အရှည်ကြီးရယ် ။
    တက် မထောင်ကြပါနှင့် ။

  • seaman

    April 1, 2012 at 6:21 pm

    Yangon Media Group
    လှည်းကူးမြို့နယ်တွင် မဲရုံပေါင်း ၁၂ဝ ရှိသည့် အနက် မဲရုံ ၈ဝ ခန့်တွင် မဲစာရင်းရေတွက်ရာတွင် NLD ပါတီက အသာရရှိထားကြောင်း သတင်းရရှိသည်။ ကျန်မဲရုံများတွင် မဲစာရင်းများကိုရေတွက်လျက်ရှိကြောင်း သိရသည်။

  • Foreign Resident

    April 1, 2012 at 6:22 pm

    Election News Update:
    မကွေးပွင့်ဖြူ မြို ့နယ် မှ NLD ကိုယ်စားလှယ် Dr. အောင်မိုးလွင် မဲရုံ ၃ဝ ကျော်တွင် အားလုံးနိုင်ကြောင်း NLD ဗဟိုအောင်နိုင်ရေးအဖွဲ့မှ သိရှိရသည်။
    Ref:Election Monitoring Network.88

  • seaman

    April 1, 2012 at 6:22 pm

    Yangon Press International
    လတ်တလော မဲရေတွက်နေသည့် ရလဒ်များ

    ဧပြီ ၁၊ ၂၀၁၂ (YPI)

    ဇဗ္ဗူသီရိမြို့နယ်၊

    ဓနသိဒ္ဓိ ၁ – NLD ၈၁၅
    USDP ၄၅၀

    ဓနသိဒ္ဓိ ၂ – NLD ၇၉၇
    USDP ၄၇၂

    သပြေကုန်း ၁ – NLD ၃၅၅
    USDP ၇၁

    သပြေကုန်း ၂ – NLD ၆၀၈
    USDP ၂၀၄

    ရွှေကြာပင် – NLD ၉၁၈
    USDP 685

  • Foreign Resident

    April 1, 2012 at 6:23 pm

    Eleven Media Group
    မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ်တွင် NLD ပါတီမှ ဦးအုန်းကြိုင် က အနိုင်ရရှိသွားကြောင်း သိရှိရသည်။

  • seaman

    April 1, 2012 at 6:23 pm

    The Voice Weekly
    စစ်ကိုင်းတိုင်း ဒေသကြီး ပုလဲ မဲဆန္ဒနယ်၌ NLD နှင့် ကြံ့ခိုင်ရေး ပါတီဝင်များ ခိုက်ရန် ဖြစ်ပွား

    ပုလဲ၊ ဧပြီ ၁ ( 6 : 05 PM )

    စစ်ကိုင်းတိုင်း ဒေသကြီး ပုလဲမြို ့နယ်ရှိ ညောင်တုန်း ကျေးရွာတွင် NLD နှင့် ကြံ့ခိုင်ရေး ပါတီဝင်များ ခိုက်ရန် ဖြစ်ပွားခဲ့ရာ ကြံ့ခိုင်ရေး ပါတီဝင် တစ်ဦးသေဆုံးခဲ့ကြောင်း အဆိုပါ နေရာသို့ သွားရောက် သတင်း ရယူနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

    ယမန် ( မတ်လ ၃၁ ) ရက်နေ့ညက ညောင်တုန်းရွာရှိ ဗီဒီယို ရုံတွင် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ကြံဗီဒီယိုကို ပြသခဲ့ရာ NLD ပါတီဝင် လူငယ်များက သွားရောက် မပြသရန် တားမြစ်ခဲ့ရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး NLD ပါတီဝင် လူငယ်တစ်ဦး ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ကာ ပြည်ခိုင်ဖြိုး ပါတီဝင် လူငယ်တစ်ဦးမှာ ဓါးထိုးခံရ၍ သေဆုံးခဲ့ကြောင်း The Voice Weekly သတင်းထောက်က ထပ်မံသတင်းပေးပို့သည်။

  • Foreign Resident

    April 1, 2012 at 6:23 pm

    Shwe Myitmakha Media Group
    NLD won in Oat Twin, Bago Division.

  • seaman

    April 1, 2012 at 6:24 pm

    The Voice Weekly
    စစ်ကိုင်းတိုင်း ဒေသကြီး ပုလဲ မဲဆန္ဒနယ်၌ NLD နှင့် ကြံ့ခိုင်ရေး ပါတီဝင်များ ခိုက်ရန် ဖြစ်ပွား

    ပုလဲ၊ ဧပြီ ၁ ( 6 : 05 PM )

    စစ်ကိုင်းတိုင်း ဒေသကြီး ပုလဲမြို ့နယ်ရှိ ညောင်တုန်း ကျေးရွာတွင် NLD နှင့် ကြံ့ခိုင်ရေး ပါတီဝင်များ ခိုက်ရန် ဖြစ်ပွားခဲ့ရာ ကြံ့ခိုင်ရေး ပါတီဝင် တစ်ဦးသေဆုံးခဲ့ကြောင်း အဆိုပါ နေရာသို့ သွားရောက် သတင်း ရယူနေသော The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

    ယမန် ( မတ်လ ၃၁ ) ရက်နေ့ညက ညောင်တုန်းရွာရှိ ဗီဒီယို ရုံတွင် ဒေါ်အောင်ဆန်းစုကြည်၏ လုပ်ကြံဗီဒီယိုကို ပြသခဲ့ရာ NLD ပါတီဝင် လူငယ်များက သွားရောက် မပြသရန် တားမြစ်ခဲ့ရာမှ ခိုက်ရန်ဖြစ်ပွားခဲ့ပြီး NLD ပါတီဝင် လူငယ်တစ်ဦး ဦးခေါင်းတွင် ဒဏ်ရာရရှိခဲ့ကာ ပြည်ခိုင်ဖြိုး ပါတီဝင် လူငယ်တစ်ဦးမှာ ဓါးထိုးခံရ၍ သေဆုံးခဲ့ကြောင်း The Voice Weekly သတင်းထောက်က ထပ်မံသတင်းပေးပို့သည်။

    NLD ပါတီမဲအများစု ရရှိသည့်အတွက် လူအများပျော်မြူးနေကြစဉ်
    မရမ်းကုန်းမြို့နယ် အမှတ်(၇) ရပ်ကွက်ရှိ မဲရုံ အမှတ်(၁)တွင် NLD ပါတီမှ၆၈ရ မဲ ပြည်ခ…ိုင်ဖြိုးမှ၁၄၃မဲ၊ မဲရုံ(၂)တွင် NLD ပါတီမှ ၄၇၉မဲ ပြည်ခိုင်ဖြိုးမှ ၆၉မဲ မဲရုံ(၃) NLD မှ ၂၃ရမဲ ပြည်ခိုင်ဖြိုးမှ ၁၄၁မဲ၊ မဲရုံ(၄) တွင် NLD မှ ၉၀၊ ပြည်ခိုင်ဖြိုး ၁၀၂၄မဲ ရရှိနေကြောင်းသိရသည်။ အမှတ်(၃)ရပ်ကွက်ရှိ မဲရုံ(၅)တွင် NLD ပါတီမှ ၇၈၄မဲ၊ ပြည်ခိုင်ဖြိုးမှ ၁၁၈မဲ၊ မဲရုံ(၁၀)တွင် NLD ပါတီမှ ၅၇ရမဲ ပြည်ခိုင်ဖြိုးမှ ၁၆၆မဲ၊ မဲရုံ(၁)တွင် NLD ပါတီမှ ၆၈၆မဲ၊ ပြည်ခိုင်ဖြိုးပါတီမှ ၁၂၁မဲ၊ တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်း ဦးခင်လှိုင်မှ ရမဲ၊ NDFမှ ၆မဲ၊ ဦးရဲမင်းသိမ်းမှ ၃မဲ ရရှိပြီး စုစုပေါင်းပယ်မဲ ၅၃မဲ အနက် NLD ပါတီမှ ပယ်မဲ ၃၅မဲ ရှိကြောင်းသိရသည်။

  • Foreign Resident

    April 1, 2012 at 6:25 pm

    ******** VIP *******
    Election News Update:
    နေပြည်တော်ခရိုင် ဥတ္တရသီရိမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်လောင်း
    ဦးမင်းသူဟာ ဒီနေ့ နေ့လည်အထိ မဲအပြတ်အသတ် နိုင်နေသော်လည်း မဲရုံပိတ်ခါနီးအချိန်တွင် ဘယ်ကမှန်း မသိသည့် မဲများ ရောက်ရှိလာသည့်အတွက် ယခုအချိန်တွင် မဲများကို ပြန်လည် စစ်ဆေးနေတာ ဖြစ်ပါသည်။
    Ref:Election Monitoring Network.88

  • seaman

    April 1, 2012 at 6:26 pm

    Mizzima – News in Burmese
    ဖျာပုံ မဲရေပြီးသမျှ NLD အရှုံးမရှိ

    မျိုးသန့် | ချင်းမိုင် (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ဝ၁ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ဝ၅ မိနစ်

    ဖျာပုံမြို့နယ်တွင် ရေတွက်ပြီးသမျှ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ အပြတ်အသတ် အနိုင်ရရှိနေသည်ဟု NLD ဖျာပုံမြို့နယ် ရွေးကောက်ပွဲ အောင်နိုင်ရေး ကော်မတီဝင် ကိုဇေယျာက မဇ္ဈိမကို ပြောသည်။

    ရေတွက်ပြီးသွားသည့် ရွာပေါင်း ၂ဝ လုံးတွင် NLD ကိုယ်စားလှယ်လောင်း ဦးသိန်းဆွေ အနိုင်ရနေပုံကို “ကျနော်တို့ ရှုံးနေတာ တခုမှ မရှိသေးဘူးခင်ဗျာ့။ အကုန်လုံး အနိုင်တွေချည်းပါပဲ။ စုစုပေါင်း ရွာ ၂ဝ လောက် အတည်ပြုပြီးတာ အကုန်လုံး နိုင်နေပါတယ်။ အပြတ်အသတ်ကို နိုင်နေပါတယ်။ ၉ဝ ရာခိုင်နှုန်းလောက်ကို နိုင်နေပါတယ်” ဟု မဇ္ဈိမကို ပြောသည်။

    ဧရာဝတီတိုင်း၊ အထက်လွှတ်တော် မဲဆန္ဒနယ် အမှတ် ၁ဝ တွင် အကျုံးဝင်သည့် ဖျာပုံခရိုင်၏ ကျေးရွာအုပ်စုပေါင်း ၅၂ အုပ်စုတွင် ရွာပေါင်း ၃၀ဝ ကျော် ရှိပြီး ဒေးဒရဲ ခရိုင်တွင် ကျေးရွာအုပ်စု ၉၃ အုပ်စုတွင် ကျေးရွာပေါင်း ၁၉ဝ ရှိသည်။ ဖျာပုံခရိုင်တွင် ၂၀၁ဝ ရွေးကောက်ပွဲကာလက မဲဆန္ဒပေးခွင့်ရှိသူ ၁၉၀,၀၀ဝ ကျော်ရှိနေပြီး ဒေးဒရဲခရိုင်တွင် ၁၄၀,၀၀ဝ ကျော် မဲပေးခွင့်ရှိသည်ဟု ရွေးကောက်ပွဲ ကော်မရှင်က ထုတ်ပြန်သည်ဟုလည်း သိရသည်။

    ဖျာပုံမဲဆန္ဒနယ်တွင် NLD မှ ဦးသိန်းဆွေ၊ ခေတ်သစ်ပြည်သူ့ပါတီမှ ဦးကျော်လင်း (ခေါ်) ဦးသန်းဌေး၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေးပါတီမှ ဦးမင်းသိန်းလှ၊ ကြံ့ခိုင်ရေးပါတီမှ ဦးအေးကြိုင်တို့ ယှဉ်ပြိုင်နေသည်။

  • seaman

    April 1, 2012 at 6:26 pm

    Mizzima – News in Burmese
    NLD claims wins in 12 constituencies in unofficial results
    6:30 p.m.

    The NLD party says based on the voting in various constituencies it has achieved victory the following townships:

    … Kawhmu
    Pale
    Dagon Seikkan
    Kyunsu
    Hlegu
    Mayangon
    Mingalar Taung Nyunt
    Pyin Oo Lwin
    Pwint Phyu
    Khayan Thongwa
    Maha Aung Myay (Mandalay)
    Kalaw

  • Foreign Resident

    April 1, 2012 at 6:26 pm

    CJMyanmar
    နေပြည်တော်မှ လေးနေရာအနက် NLD မှ ဦးနိုင်ငံလင်း (ဒက္ခိဏသီရိမြို့နယ်)နှင့် NLD မှ ဦးမင်းသူ (ဥတ္တရသီရီ မြို့နယ်) တို့အနိုင်ရရှိသွားကြောင်းသိရသည်။
    NLD မှ ဦးဇေယျာသော်(ပုဗ္ဗသီရိမြို့နယ်)နှင့် NLD မှ ဒေါ်စန္ဒာမင်း(ဇမ္ဗူသီရိမြို့နယ်)တို့၏ ရလဒ်များမှာ ရေတွက်ဆဲဖြစ်သည်။
    ဦးဇေယျာသော် အခြေအနေကောင်းနေသည်

  • seaman

    April 1, 2012 at 6:27 pm

    Popular Myanmar News Journal
    မင်္ဂလာတောင်ညွန့်မြို့နယ် ကန်တောင်ရပ်ကွက်တွင် NLD – ၁၁၈၅၊ USDP – ၁၄၆၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) – ၁၈၊ အမျိုးသားဒီမိုကရေစီပါတီသစ် – ၄၊ မြန်မာအမျိုးသားကွန်ဂရက်ပါတီ – ၂

  • Foreign Resident

    April 1, 2012 at 6:28 pm

    Eleven Media Group
    ရေတွက်ပြီးမဲစာရင်းများအရ ပြင်ဦးလွင်မဲဆန္ဒနယ်တွင် NLD ပါတီက USDP ပါတီအား မဲပေါင်းနှစ်သောင်းကျော်ဖြတ်ထားပြီဟု သိရသည်။

  • Foreign Resident

    April 1, 2012 at 6:29 pm

    DVB TV News
    နေပြည်တော် ၊ ဒက္ခိဏသိရီ၊ NLD ဦးနိုင်ငံလင်း မဲရုံ ၁ရ ရုံမှာ ၁၆ရုံနိုင်ပြီဖြစ်လို့ အနိုင်ရရှိကြောင်း သတင်းရရှိ

  • Foreign Resident

    April 1, 2012 at 6:29 pm

    CJMyanmar
    ယခုအချိန်ထိ ရရှိသော သတင်းအရ ကျောက်ပန်းတောင်းတွင် NLD မှ ဒေါက်တာ ဇော်မြင့်မောင်က မဲအရေအတွက် ၂၀၀၀ဝ (နှစ်သောင်း)ကျော်အသာဖြင့် အနိုင်ရလျက်ရှိပြီး
    ပြင်ဦးလွင်တွင် NLD မှ ဦးကျော်သီဟက မဲအရေအတွက် ၃၀၀၀ဝ (သုံးသောင်း)ကျော်အသာဖြင့် အနိုင်ရလျက်ရှိကြောင်း CJMyanmar က စုံစမ်းသိရသည်။
    (အဆိုပါနေရာများတွင် မဲရေတွက်မှုများ မပြီးဆုံးသေးပါ)

  • seaman

    April 1, 2012 at 6:30 pm

    7Day News Journal
    update 6:27 pm
    ပုုပ္ဗသီရိမြို့နယ်တွင် မဲရုုံစုုစုုပေါင်း ၈၂ ရုုံရှိပြီး မဲပေးနိုုင်ခွင့်ရှိသူစုုစုုပေါင်း ငါးသောင်းလေးထောင်ရှိကာ လက်ရှိမဲရေတွက်မှုအရ NLD က ၉ ၉ ၉ ၈ မဲ၊ ပြည်ခိုုင်ဖြိုးက ၇၅၆၈ မဲ ရရှိနေသည်။

  • seaman

    April 1, 2012 at 6:32 pm

    Popular Myanmar News Journal
    မင်္ဂလာတောင်ညွှန့်မြို့နယ် ဖဆပလ ရပ်ကွက် မဲရုံ အမှတ်(၁)တွင် NLD ပါတီမှ ၉၄၃မဲ၊ USDP ပါတီမှ ၁၈၁မဲ၊ DPNI ပါတီမှ ၃၁မဲ၊ ဦးကောင်မြတ်ထွဋ် မှ ၂မဲ၊ ဦးဖုန်းမြင့်မှ ၆မဲ၊ ရရှိပြီး မဲရုံအမှတ်(၂)တွင် NLD ပါတီ မှ ၁၀၂၈မဲ၊ USDP ပါတီ မှ ၁၀၆မဲ၊DPNI ပါတီမှ ၃၂မဲ၊ ဦးကောင်းမြတ်ထွဋ်မှ ရမဲ၊ ဦးဖုန်းမြင့်မှ ရမဲ ရရှိပြီး၊ မင်္ဂလာတောင်ညွှန့်မြို့နယ် ကန်တော်လေး အနောက် မဲရုံအမှတ်(၁)တွင် NLD ပါတီမှ ၇၄၆မဲ၊ ပြည်ခိုင်ဖြိုး ပါတီမှ ၇ဝမဲ ရရှိလျက် ရှိကြောင်း သိရသည်။

  • Foreign Resident

    April 1, 2012 at 6:32 pm

    Eleven Media Group
    နေပြည်တော် ပုပ္ဗသီရိမြို့နယ်တွင် လက်ရှိ မဲစာရင်းရေတွက်မှုအရ NLD ပါတီမှ ကိုယ်စားလှယ်လောင်း ဦးဇေယျာသော်က ၉၉၉၈မဲ ဖြင့် ၇၅၆၈မဲ ရရှိထားသော ပြည်ခိုင်ဖြိုးပါတီ ကိုယ်စားလှယ်ကို အနိုင်ရရှိနေကြောင်းသိရှိရသည်။

  • seaman

    April 1, 2012 at 6:33 pm

    The Voice Weekly
    မန္တလေး မဟာအောင်မြေ၌ NLD အပြတ်အသတ် အနိုင်ရရှိဟုဆို

    မန္တလေး၊ ဧပြီ ၁ ( 6 : 26 )

    မန္တလေးတိုင်း ဒေသကြီး မဲဆန္ဒနယ်များတွင် လွှတ်တော် ကိုယ်စားလှယ်လောင်းများ အများဆုံး ဝင်ရောက် ယှဉ်ပြိုင်သည့် မဟာအောင်မြေမြို ့နယ် မဲရုံပေါင်း ၇၉ ရုံတွင် မဲရုံ ၇ဝ ၏ မဲများကိုရေတွက်ပြီးစီးခဲ့ပြီ ဖြစ်ရာ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် NLD ပါတီမှ မဲအပြတ်အသတ် အနိုင်ရရှိခဲ့ကြောင်း အဆိုပါ နေရာ၌ သွားရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

  • seaman

    April 1, 2012 at 6:34 pm

    Popular Myanmar News Journal
    မင်္ဂလာတောင်ညွန့်မြို့နယ် သိမ်ဖြူမီးရထား(၁)မဲရုံတွင် NLD – ၁၉၃၊ USDP – ၂၃၊ ဒီမိုကရက်တစ်ပါတီ(မြန်မာ) – ၅၊ အမျိုးသားဒီမိုကရေစီပါတီသစ် – ၁

  • Foreign Resident

    April 1, 2012 at 6:35 pm

    Shwe Myitmakha Media Group
    ” အနိုင်ရရှိပြီးဖြစ်ကြောင်း ”

    အနိုင်ရရှိသွားသော အန်အယ်ဒီအမတ်အမည်စာရင်း
    ကော့မှူးမြို့နယ်မှ ဒေါ်အောင်ဆန်းစုကြည်
    ဒဂုံဆိပ်ကမ်း ဒေါက်တာမျိုးအောင်
    မင်္ဂလာတောင်ညွှန် ဒေါ်ဖြူဖြူသင်း
    ပွင့်ဖြူ ဒေါက်တာအောင်မိုးညို
    ကျွန်းစုမှ …..
    မကွေးမြို့ မှ ဦးမြင့်သိန်း
    မန္တလေး။ မဟာအောင်မြေ ဦးအုန်းကြိုင်
    လောင်းလုံမှ ဦးအောင်စိုး
    စစ်ကိုင်းမြို့မှ ဦးခင်မောင်စိုး
    ပုလဲမြို့မှ ဒေါ်ခင်စန်းလှိုင်
    ပုခုက္ကူမြို့မှ ဦးပိုက်ကို
    ပြင်ဦးလွင်မှ ဦးကျော်သီဟ၊
    နေပြည်တော် ဒက္ခိနသီရိမှ ကိုနိုင်ငံလင်းတို့

    အနိုင်ရရှိပြီးဖြစ်ကြောင်း NLD ပါတီမှ သိရှိရသည်။

  • seaman

    April 1, 2012 at 6:36 pm

    Yangon Press International
    မော်လမြိုင်တွင် နိုင်ပြီ ဟု အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်ဆို

    ဧပြီ ၁ ရက်၊ ၂၀၁၂ ခု၊ ညနေ ၆ နာရီခွဲ

    မော်လမြိုင်တွင် အန်အယ်လ်ဒီ ပါတီကိုယ်စားလှယ် ဒေါ်ခင်ဋ္ဌေးကြွယ် နိုင်နေသည်ဟု ထောက်ခံသူများ အားပြောကြားသည်။

  • Foreign Resident

    April 1, 2012 at 6:39 pm

    Yangon Press International
    မော်လမြိုင်တွင် နိုင်ပြီ ဟု အန်အယ်လ်ဒီ ကိုယ်စားလှယ်လောင်ဆို
    ဧပြီ ၁ ရက်၊ ၂၀၁၂ ခု၊ ညနေ ၆ နာရီခွဲ
    မော်လမြိုင်တွင် အန်အယ်လ်ဒီ ပါတီကိုယ်စားလှယ် ဒေါ်ခင်ဋ္ဌေးကြွယ် နိုင်နေသည်ဟု ထောက်ခံသူများ အားပြောကြားသည်။

  • seaman

    April 1, 2012 at 6:40 pm

    Mizzima – News in Burmese
    NLD ၁၂ နေရာ အနိုင်ရနေ

    မဇ္ဈိမသတင်းဌာန တနင်္ဂနွေနေ့၊ ဧပြီလ ဝ၁ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၃၂ မိနစ်

    မဲရုံများ ညနေ ၄ နာရီတွင် ပိတ်ပြီးနောက် မဲများရေတွက်လျက်ရှိရာ မဇ္ဈိမက စုံစမ်းရရှိထားသည့် သတင်းများအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီမှ အောက်ပါ မဲဆန္ဒနယ်များတွင် အနိုင်ရရှိထားပြီးဖြစ်ကြောင်း သိရသည်။

    ရန်ကုန်တိုင်းအတွင်းမှ ကော့မှူး၊ လှည်းကူး၊ မရမ်းကုန်း၊ မင်္ဂလာတောင်ညွန့်၊ ဒဂုံဆိပ်ကမ်းနှင့် ခရမ်းသုံးခွ၊ မန္တလေးတိုင်းအတွင်းမှ မဟာအောင်မြေနှင့် ပြင်ဦးလွင်၊ တနင်္သာရီတိုင်းမှ ကျွန်းစု၊ စစ်ကိုင်းတိုင်းမှ ပုလဲ၊ ရှမ်းပြည်နယ်မှ ကလောနှင့် မကွေးတိုင်း ပွင်ဖြူမြို့များ ဖြစ်ကြသည်။

    မဲရရှိမှုအရေအတွက်အား ဆက်လက်စုံစမ်းဆဲ ဖြစ်သည်။

  • Foreign Resident

    April 1, 2012 at 6:40 pm

    Messenger News Journal
    ဒဂုံဆိပ်ကမ်းတွင် NLD ပါတီ အပြတ်အသတ် အနိုင်ရ

  • seaman

    April 1, 2012 at 6:41 pm

    7Day News Journal
    Update 6:36 PM
    မြောင်းမြို့နယ် ရွေးကောက်ပွဲတွင် မြို့ပေါ်နှင့် ကျေးရွာအုပ်စုမဲရေတွက်မှုအခြေအနေများကို ညနေ ၆း၃ဝ နာရီအချိန်တွင် သိရှိရသည်မှာ မြို့ပေါ်မဲရေတွက်မှုကို မသိရှိရသေးသော်လည်း ကျေးရွာအုပ်စုပေါင်း ၁၁၄ ခုအနက် မဲရေတွက်ပြီးသည့် ကျေးရွာအုပ်စု ၃ဝ တွင် NLD ကအနိုင်ရရှိထားပြီး ၄၊ ၅ ခုလောက်တွင်သာ ရှုံးနိမ့်ကြောင်း မြောင်းမြမြို့ NLD အောင်နိုင်ရေးကော်မတီအဖွဲ့ဝင်တစ်ခုကပြောသည်။

  • Foreign Resident

    April 1, 2012 at 6:41 pm

    Shwe Myitmakha Media Group
    လားရှိုးမြို့တွင်လည်း NLD ကိုယ်စားလှယ် ဦးစိုင်းမြင့်မောင်မှာ မဲအရေအတွက်ကောင်းပြီး နိုင်ချေရှိကြောင်း၊ တပ်မဲမှားတွင် အန်အယ်ဒီပါတီမဲများ ပါဝင်ကြောင်း
    မြစ်မခသတင်းထောက် အောင်မြင့်မြတ်ချိုက သတင်းပေးပို့သည်

  • seaman

    April 1, 2012 at 6:43 pm

    Messenger News Journal
    မြောင်းမြမြို့နယ်တွင် NLD ပါတီမှ ဦးမန်းဂျော်နီ အနိုင်ရ

  • Foreign Resident

    April 1, 2012 at 6:43 pm

    Shwe Myitmakha Media Group
    ဆက်လျက်ပြီး ဝင်လာသော မဲရလဒ်များအရ

    ပဲခူးတိုင်း၊ ကဝ
    မန္တလေးတိုင်း ကျောက်ပန်းတောင်း
    ရန်ကုန်တိုင်း လှည်းကူး
    ရန်ကုန်တိုင်း မရမ်းကုန်းမြို့နယ်တို့တွင်လည်း
    အနိုင်ရရှိသွားကြောင်း အန်အယ်ဒီရုံးမှ သိရှိရသည်။

  • seaman

    April 1, 2012 at 6:43 pm

    Mizzima – News in Burmese
    မအူပင်နှင့် ဒက္ခိဏသီရိမှာလည်း NLD ဦးဆောင်နေ

    လင်းဘိုဘို | ရန်ကုန် (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ဝ၁ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၃၄ မိနစ်

    ဧရာဝတီတိုင်း၊ မအူပင်မြို့နယ်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD လွှတ်တော်ကိုယ်စားလှယ် ဦးစိန်ဝင်းဟန်(ခ) ဦးစိန်ဝင်း က ရေတွက်ပြီး မဲရုံ ၁၂ ရုံတွင် ၁၁ ရုံ နိုင်နေပြီ ဖြစ်သည်။

    နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင်လည်း ရေတွက်ပြီးမဲရုံ ၁ရ ရုံအနက် NLD လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်း ၁၅ ရုံတွင် အနိုင်နေပြီး ဆက်လက်ရေတွက်နေရာမှာ မဲပေါင်း ၄,ဝဝဝ (လေးထောင်) ကျော် ရှေ့က
    ပြေးနေသည်

  • Foreign Resident

    April 1, 2012 at 6:44 pm

    Messenger News Journal
    မြောင်းမြမြို့နယ်တွင် NLD ပါတီမှ ဦးမန်းဂျော်နီ အနိုင်ရ

  • seaman

    April 1, 2012 at 6:45 pm

    Messenger News Journal
    လှည်းကူးမြို့နယ်တွင် ထောက်ခံမဲ နှစ်သောင်းကျော်ဖြင့် အနိုင်ရထားပြီး ကျေးရွာများမှ မဲစာရင်း အတိအကျ တက်မလာသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဖြိုးမင်းသိန်းကပြောသည်။

  • seaman

    April 1, 2012 at 6:47 pm

    Yangon Media Group
    ဒေါ်အောင်ဆန်းစုကြည် အနိုင်ရသဖြင့်ကော့မှူးမြို့ တစ်မြို့လုံးလမ်းများ ပိတ်သည်အထိ ပြည်သူများ အောင်ပွဲခံနေကြကြောင်းသိရသည်။
    ‘‘အခု ကော့မှူးမြို့နယ်မှာ ရှိတဲ့ရွာတွေက ကားတွေ ထော်လာဂျီတွေနဲ့ တက်လာကြပြီး အောင်ပွဲခံနေကြတာ ဘယ်မှ သွားလို့မရတော့တဲ့ အနေအထားဖြစ်သွားပြီ’’ ဟု ကော့မှူးမြို့နယ်တွင်
    သွားရောက်သတင်းရယူနေသည့် ရန်ကုန်မီဒီယာဂရုပ် သတင်းထောက်မှ သတင်းပေးပို့သည်။

Leave a Reply