ကြားဖြတ်ရွေးကောက်ပွဲနောက်ဆုံးရသတင်းများ – (ပို့စ်ခွဲမတင်ပါနဲ့ – ဒီမှာတင်ပါ)

ကျေးဇူးပြုပြီး ကြားဖြတ်ရွေးကောက်ပွဲနောက်ဆုံးရသတင်းများ ကို comment တွင် သိသူများကတင်ပေကြပါ။ တခုတဲမှာ စုစုစီးစီး ဖတ်ချင်လို့ပါ။ ကျေးဇူးအထူးတင်ပါတယ်။

မှတ်ချက်။ ။ (ပို့စ်ခွဲမတင်ပါနဲ့ – ဒီမှာတင်ပါ)
လို့.. ခေါင်းစဉ်ထဲထည့်ပေးလိုက်ပါတယ်..။

— Kai —

213 comments

  • seaman

    April 1, 2012 at 6:48 pm

    Mizzima – News in Burmese
    ဦးအုန်းကြိုင်၏ ‘မဟာအောင်မြေ’

    မျိုးသန့် | ချင်းမိုင် (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ဝ၁ ရက် ၂၀၁၂ ခုနှစ် ၁၈ နာရီ ၄၂ မိနစ်

    ချင်းမိုင် (မဇ္ဈိမ)။ ။ မန္တလေးတိုင်း၊ မဟာအောင်မြေ မဲဆန္ဒနယ်မြေတွင် မဲရုံပေါင်း ၇၉ ရုံတွင် ၇ဝ ခန့် ရေတွက်ပြီး
    … ဖြစ်ရာ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ လွှတ်တော် ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင်က မိမိအနိုင်ရပြီဟု
    ပြောဆိုလိုက်သည်။

    “ကျနော့် မဲဆန္ဒနယ်မြေမှာ မဲရေတွက်တာ ပြီးသလောက် ရှိသွားပါပြီ။ မဲရုံ ၇၉ ရုံမှာ ၇ဝ လောက် ပြီးသွားပါပြီ။ ကျနော် ၉ဝ ရာခိုင်နှုန်းကျော်လောက် အပြတ်အသတ် အနိုင်ရနေပါတယ်။ မဲအရေအတွက်လည်း တော်တော် ကွာပါတယ်။ ၉၁ ရာခိုင်နှုန်းလောက် ကျနော်က အဲဒီလောက် အသာရပါတယ်” ဟု ဦးအုန်းကြိုင် မဇ္ဈိမကို ပြောသည်။

    မဟာအောင်မြေတွင် NLD ကိုယ်စားလှယ် ဦးအုန်းကြိုင်၊ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီမှ ဦးထွန်းကြည်၊ တသီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ ဖြစ်သည့် ဦးကျော်ကျော်၊ ဦးစိန်လှ၊ ဦးညွန့်ဦး၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဦးလှကိုတို့ ယှဉ်ပြိုင်ကြသည်။

  • seaman

    April 1, 2012 at 6:50 pm

    Messenger News Journal
    လှည်းကူးမြို့နယ်တွင် ထောက်ခံမဲ နှစ်သောင်းကျော်ဖြင့် အနိုင်ရထားပြီး ကျေးရွာများမှ မဲစာရင်း အတိအကျ တက်မလာသေးကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ဦးဖြိုးမင်းသိန်းကပြောသည်။

    ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း (၄၄)
    http://www.thithtoolwin.com
    ရှမ်းပြည်တောင်ပိုင်း၊ ကလောမြို့နယ်၊မဲဆန္ဒနယ်မြေ အောင်ပန်းမြို့တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် က မြို့ပေါ် ၁၂ရပ်ကွက်လုံးတွင် အပြတ်အသတ် အနိုင်ရရှိပါသည်။ ဟဲဟိုးမြို့တွင်လည်း NLD ကအပြတ်အသတ်အနိုင်ရရှိပြီး ဟဲဟိုးမြို့သူ မြို့သားများ အောင်ပွဲခံရန်စီစဉ်နေကြောင်းသိရပါသည်။

  • seaman

    April 1, 2012 at 6:52 pm

    The Voice Weekly
    မင်္ဂလာတောင်ညွှန့် မဲရုံ အမှတ် ၆ ၌ NLD ပါတီ အသာစီး ရရှိ

    ရန်ကုန်၊ ဧပြီ ၁ ( 6 : 43 PM )

    ရန်ကုန်တိုင်း ဒေသကြီး မင်္ဂလာတောင်ညွှန်မြို ့နယ် မဲရုံ အမှတ် ၆ ၌ NLD ပါတီမှ ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်းက ပြိုင်ဘက် ကိုယ်စားလှယ်လောင်းများကို ဆန္ဒမဲ ၂၀၀ဝ ကျော်ဖြင့် အသာစီး ရရှိခဲ့ကြောင်း အဆိုပါနေရာ၌ သွားရောက် သတင်းရယူခဲ့သူ The Voice Weekly သတင်းထောက် က သတင်းပေးပို့သည်။

    ရေတွက်ပြီးစီးခဲ့သော ဆန္ဒမဲ ရလဒ်များမှာ ဒီမိုကရက်တစ်ပါတီ ( မြန်မာ ) ကိုယ်စားလှယ်လောင်း ပါတီ ဦးသုဝေ ၂၈ မဲ၊မြန်မာ အမျိုးသား ကွန်ကရက် ပါတီ ကိုယ်စားလှယ်လောင်း ဦးကောင်းမြတ်ထွဋ် ၃မဲ၊အမျိုးသား ဒီမိုကရေစီ ပါတီသစ် ကိုယ်စားလှယ်လောင်း ဦးဖုန်းမြင့် ၈၅ မဲ၊အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ပါတီ ဒေါ်ဖြူဖြူသင်း ၂၂၁၃ မဲ၊ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါ်လဲ့လဲ့အေး ၁၁၆ မဲ တို့ဖြစ်သည်။

  • Foreign Resident

    April 1, 2012 at 6:53 pm

    ဒီညနေ မျက်နှာအတော်ပူခဲ့ရတယ်ဗျာ ။
    ဘာလို့လဲ ဆရာ ။
    မဲရုံမှာ မဲရေတွက်တာ သွားကြည့်မိလို့ပါခင်ဗျာ ။
    ဟား ဟား ဟား ။

  • Foreign Resident

    April 1, 2012 at 6:56 pm

    Eleven Media Group
    လက်ရှိအနေအထားများအရ နေပြည်တော်ရှိ မဲဆန္ဒနယ် အားလုံးတွင် NLD ပါတီမှ ကိုယ်စားလှယ်လောင်းများ အခြေအနေကောင်းလျှက်ရှိကြောင်း သတင်းရရှိသည်

  • seaman

    April 1, 2012 at 6:57 pm

    7Day News Journal
    Update 6:53 PM
    မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမှာ ၇၉ ရုံရှိသည့်အနက် ရေတွက်ပြီး မဲရုံ ၄ဝ ကျော်တွင် NLD မှ အပြတ်အသတ်အနိုင်ရကြောင်းသတင်းရရှိသည်။

  • Foreign Resident

    April 1, 2012 at 6:58 pm

    Shwe Myitmakha Media Group
    NLD Candidate U Sai Myint Maung likely to be won
    with high rate of vote in Lashio constituency,
    also from cantonment areas,
    reported by Aung Myint Myat Cho (Myitmakha)

    also from cantonment areas = စစ်တပ် ဒေသ မှာပါ အနိုင်ရရှိ ။

  • windtalker

    April 1, 2012 at 7:00 pm

    ကျွန်တော် သည်ကနေ ့မနက် ရနာရီ၅ဝ ခန် ့မှာ ၊ အလုပ်သွားရင်း ၊ မဲဝင်ပေးခဲ့ပါသည် ။ မဲစာရွက်အောက်ဆုံးအကွက် ဦးအုန်းကြိုင် ဆိုတဲ့ လူရိုးကြီး ကို ခြစ်ပေးခဲ့တာပေါ့ဗျာ ။ ထူးဆန်းတာတစ်ခုက ပြီးခဲ့တဲ့ ၂၀၁ဝ တုန်းက ကျွန်တော့်မိသားစု ၅ ယောက် ရှိခဲ့ရာ ၊ ၅ ယောက်လုံး မဲပေးဖို ့စာရင်းပါခဲ့ ၊ ပေးခဲ့ရပြီး ၊ ယနေ ့စာရင်းတွင်မူ ၊ လက်ရှိမိသားစု ၅ ယောက် မှာ ၁ ယောက် က အပြင်သွားနေသည်မှာကြာပြီဖြစ် ကို ၊ လက်ရှိမိသားစုထဲမှ နေထိုင်နေသည့်တစ်ယောက် မှာ နာမည်ပါမလာဘဲ ၊ အပြင်သွားနေသည့် တစ်ယောက်မှာမူ မဲပေးရန် စာရင်းပါရှိနေသည် ကို အံ့ဩစွာတွေ ့ခဲ့ရသည် ။ ထို ့ကြောင့် ၃ မဲသာ ပေးခဲ့ရသည် ။ ထို ့အပြင် ၊ ကျွန်တော်တို ့ရပ်ကွက်ထဲမှ မိသားစုသုံးယောက်မှာ တစ်ယောက်မှ နာမည်ပါမလာသည် ကို ဖြေရှင်းချက်တောင်းနေသည် ကို လည်းတွေ ့ရှိရပါသည် ။

    • htoosan

      April 1, 2012 at 7:11 pm

      ဒါတောင် ဒီလောက်ပြတ်နေတယ်နော် ကိုပေ။။
      ကိုခင်ရီ အလုပ်မလုပ်ဘူးဆိုတာ ပေါ်တာပေါ့ ။ သတင်းစာထဲမှာတော့ သန်းခေါင်စာရင်းတွေ မှတ်ပုံတင်တွေ လုပ်ပေးနေရတာ အမော ။

  • seaman

    April 1, 2012 at 7:00 pm

    Yangon Press International
    တနင်္သာရီတိုင်း လောင်းလုံမြို့နယ် ရေတွက်ပြီး မဲစာရင်းများ
    ဧပြီ ၁၊ ၂၀၁၂ ၊ ညနေ ၆နာရီ ၅၆ မိနစ်

    NLD USDP ပယ်မဲ
    ချောင်းဖျားကြီးကျေးရွာ ၆ရ ၄၄
    … ဝါးမကိုက် ၄၆ ၁၈
    စွန်းကြီး ၉ ၁၉
    ၁၀၄ တပ်ရင်း ၁ ၁၀၆
    ညောင်ပင်ဆိပ် ၉ရ ၇
    မဲမော် ၁၅ဝ ၅၀
    တောကျဲ ၁၇၂ ၅၈
    ပြင်ကြီးကျွန်း ၁၁ ၁၂
    ကထောင်းနီ ၂၄ဝ ၄၀
    ဖားအောက်ပြင် ၃၀၆ ၂၂
    ရဘဲ ၁၂၃ ၈၁
    ပန်းစိတ် ၉ရ ၃၆
    ကရင်ကြီး ၁၉၆ ၂၃၅ ၂၇
    ပန်းတင်အင်း ၇၁ဝ ၅၃ ၃၂
    ရှမ်းမော် ၁၃ ၆၅

    ………………..
    နောက်ဆုံးထပ်တိုးကျေးရွာ

    သဘော့ဆိပ် ၈၇ဝ ၄၂
    ပြင်ကြီး ၅၃၄ ၁၆

    ………………………………

    လတ်တလောနောက်ဆုံးအခြေအနေ
    မဲရုံ စုစုပေါင်း – ၁၀ရ ရုံတွင် ၇၄ ရုံ ရေတွက်ပြီး ရလဒ်
    NLD – 27448
    USDP- 4770

    Yangon Press International

  • Foreign Resident

    April 1, 2012 at 7:01 pm

    Shwe Myitmakha Media Group
    NLD Announced that theirCandidates Won in By-election in theses constituencies;
    1) Kaumhu – Daw Aung San Su Kyi
    2) Pyin Oo Lwin – U Kyaw Thiha
    3) Magway – U Myint Thein
    4) Mandalay / Ma Har Aung Myay – U Ohne Kyine
    5) Dagon Sate Kan – Dr Myo Aung
    6) Mingalar Taung Nyunt – Daw Phyu Phyu Thin
    7) Pwint Phyu – Dr Aaung Moe Nyo
    8) Kyoon Su –
    9) Laung Lone – U Aung Soe
    10) Sagine – U Khin Maung Soe
    11) Pa le – Daw Khin San Hlaing
    12) Pakhotekyu – U Pite Ko
    13) Nay Pyi Daw / Dakhana Thiri – U Nyan gan linn

    As incoming results, NLD won in these constituencies;
    Bago Division, Kawa,
    Mandalay Division, Kaukpandaung,
    Yangon Division, HLegu, Mayankone.

    List are as below;
    14)U Myo Khine from Kawa
    15)Dr Zaw Myint Maung from Kauk pa daung
    16)U Phyo Min Thein from Hlegu
    17)Daw May Win Myint from Mayankone
    18)Daw Myint Myint San (Daw Cho) from Wakhama
    19) Dr Tin Htay Aung from Yayzacho likely to be won

  • htoosan

    April 1, 2012 at 7:05 pm

    ကွန်ဂရက်ကျုူုလေးရှင်း မဲထည့်ကြသူများ
    ကွန်ဂရက်ကျူလေးရှင်း ဒေါ်အောင်ဆန်းစုကြည်
    ကွန်ဂရက်ကျူလေးရှင်း NLD
    ကွန်ဂရက်ကျူလေးရှင်း အစိုးရ
    ယခုအထိ အေးချမ်းစွာ ပြီးဆုံးမှုအတွက် အားလုံးကိုကျေးဇူးတင်ပါသည် ။

    ကချင် ပြည် နယ်တွင် မဲပေး ခွင့် ရရေး ရှေ့ တစ်ပတ် အတွင်း ဆန္ဒပြ ကြမည် ဟု သိရသည်။
    ကချင် ပြည်သူ လူထု အားထောက်ခံ သောအားဖြင့် ရန်ကုန်၌လည်း ဆန္ဒပြ ကြမည်။

    တက်မတော့ အများကြီးမထောင်မိကြပါစေနှင့်။

  • နေဝန်းနီ

    April 1, 2012 at 7:06 pm

    မကွေးမြို့၌

    ၁) ရန်မျိုးလုံရပ်ကွက်တွင် NLD ၅၆၄ မဲ၊ ပြည်ခိုင်ဖြိုး ၈ဝမဲ။
    ၂) မြို့ဟောင်းမဲရုံ ၂ တွင် NLD ၅၆၉ မဲ၊ ပြည်ခိုင်ဖြိုး ၅၅ မဲ။
    ၃) ရန်မျိုးအောင်ရပ်ကွက်တွင် NLD ၇၀၈ မဲ၊ ပြည်ခိုင်ဖြိုး ၄၅ မဲ။
    ၄) မင်းရွာ(တောင်ရွာ)တွင် NLD ၁၆၂ မဲ၊ ပြည်ခိုင်ဖြိုး ၇၂ မဲ။
    ၅) ပုထိုးစမ်းရွာတွင် NLD ၂၅၈ မဲ၊ ပြည်ခိုင်ဖြိုး ၈၉ မဲ။
    ၆) မြင်သာရပ်ကွက် မဲရုံ ၄ တွင် NLD ၂၃ဝ မဲ၊ ပြည်ခိုင်ဖြိုး ၄၄ မဲ။
    ၇) ရွာသစ်မဲရုံ ၉ တွင် NLD ၁၇၉ မဲ၊ ပြည်ခိုင်ဖြိုး ၅၁ မဲ။
    ၈) ခိုင်ရွာတွင် NLD ၂၀၅ မဲ၊ ပြည်ခိုင်ဖြိုး ၁၂ဝ မဲ။
    ၉) မယ်လှတောင်ရွာတွင် NLD ၅၇၅ မဲ၊ ပြည်ခိုင်ဖြိုး ၂၈၆ မဲ။
    ၁၀) မြင်ကင်းရပ်ကွက်တွင် NLD ၇၀ဝ မဲ၊ ပြည်ခိုင်ဖြိုး ၆၁ မဲ။
    ၁၁) မြို့ဟောင်းမဲရုံ ၂ တွင် NLD ၄၆၃ မဲ၊ ပြည်ခိုင်ဖြိုး ၄၁ မဲ။
    ၁၂) ရှားဇောင်းကန်ရွာတွင် NLD ၆၅၂ မဲ၊ ပြည်ခိုင်ဖြိုး ၁၀၃ မဲ။
    ၁၃) ကျောက်ကုန်းရွာတွကင် NLD ၅၇၆ မဲ၊ ပြည်ခိုင်ဖြိုး ၂၈၆ မဲ။
    ၁၄) သိဂါင်္မဲရုံ (၃) တွင် NLD ၆၃၄ မဲ၊ ပြည်ခိုင်ဖြိုး ၂ဝ မဲ။
    ၁၅) သိင်္ဂါမဲရုံ (၄) တွင် NLD ၄၈ရ မဲ၊ ပြည်ခိုင်ဖြိုး ၃၅ မဲ။
    ၁၆) သိဂါင်္မဲရုံ (၁) တွင် NLD ၈၆ရ မဲဖြင့် နိုင်။
    ၁၇) သိင်္ဂါမဲရုံ (၂) တွင် NLD ၅၉၂ မဲ၊ ပြည်ခိုင်ဖြိုး ၆၈ မဲ။
    ၁၈) လင့်ငင်ရွာတွင် NLD ၄၂၉ မဲ၊ ပြည်ခိုင်ဖြိုး ၁၂ မဲ။
    ၁၉) ကန်သာယာမဲရုံ (၃) တွင် NLD ၁၄၃၄မဲ၊ ပြည်ခိုင်ဖြိုး ၁၆၅ မဲ။
    ၂၀) ကန်သာယာမဲရုံ (၂) တွင် NLD ၉၁၅ မဲ၊ ပြည်ခိုင်ဖြိုး ၁၁ဝ မဲ။
    ၂၁) ကန်သာယာမဲရုံ (၁) NLD ၆၆၆ မဲ၊ ပြည်ခိုင်ဖြိုး ၇၅ မဲ။
    ၂၂) ရန်မျိုးလုံရပ်ကွက်တွင် NLD ၅၇၄ မဲ၊ ပြည်ခိုင်ဖြိုး ၈၃မဲ။
    ၂၃) မြို့ဦးရပ်ကွက်တွင် NLD ၄၅ရ မဲ၊ ပြည်ခိုင်ဖြိုး ၄၆ မဲ။
    ၂၄) မကွေးမြို့ပေါ် စုပေါင်းအိမ်ရာတွင် NLD ၃၂၆ မဲ၊ ပြည်ခိုင်ဖြိုး ၄၁ မဲ။
    ၂၅) မြေနီကုန်းရွာလေးတွင် NLD ၅၃၃ မဲ၊ ပြည်ခိုင်ဖြိုး ၄၅ မဲ။

    https://www.facebook.com/ElevenMediaGroup

  • Foreign Resident

    April 1, 2012 at 7:09 pm

    အင်းးးးးးး မအံ့ဩတော့ပါဘူးလေ ။

    ဒီပြိုင်ပွဲဟာ ဒေါ်စု ရဲ့ NLD နှင့်
    စစ်တပ် ရဲ့ ကြံ့ဖွတ် ပြိုင်တာမှ မဟုတ်တော့တာ ။
    တရား မျှတမှု နှင့် မ တရားမှု ။
    ဖိနှိပ် ခံ နှင့် ဖိနှိပ် သူ ။ ပြိုင်ကြသလို ဖြစ်နေတာကိုး ။

    ဒီ အဖြေပဲ ထွက်တော့မှာပေါ့ ။
    ဒီ အဖြေပဲ ထွက်သင့်တာပေါ့ ။

    • အိမ်လွမ်းသူ

      April 1, 2012 at 7:14 pm

      ဟုတ်ပ အဘဖော ရေ။ အရမ်းမှန် တဲ့အတွက် လက်မတွေ အများကြီး ထောင်သွားပါတယ်။

      • အိမ်လွမ်းသူ

        April 1, 2012 at 7:45 pm

        ကြံ့ဖွတ် တကောင်အထဲ့ ဝင်ပြီး အနီတွေ ပေနေတယ်ဟေ့။ ကိစ္စ မရှိပါဘူး ( There is no invention to cure the jealously since beginning of mankind ) ဆိုတော့………..

  • ko Kyaing

    April 1, 2012 at 7:09 pm

    from The Voice

















    မန်တလေးတိုငျးဒသေကွီး


    ဦးကြောျကြောျ (တသီး) – မသိရသေး
    ဦးညှနျ့ဦး (တသီး) – မသိရသေး

    *(မဲရုံနှဈရုံ ရလဒျ)

    (တံတားဦး)

    ဒေါျခငျသန်တာ (NLD)

    (မိတ်ထီလာ)











    (ဇမ်ဗူသီရိ)

    ဒေါျစန်ဒာမငျး(NLD) – ၁၀၄ရ မဲ

    *(မဲရုံသုံးရုံ ရလဒျ)

    (ပုဗ်ဗသီရိ)

    ဦးဖွိုးဇယြောသောျ(NLD)
    ဦးသာဌေး(USDP)

    (ဒက်ခိဏသီရိ)


    (ဥတ်တရသီရိ)



    အမြိုးသားလှတျတောျ

    မဲဆန်ဒနယျအမှတျ (၄)











    (ပခုက်ကူ)

    ဦးပိုကျကို (NLD)


    အမြိုးသားလှတျတောျ

    (မဲဆန်ဒနယျအမှတျ၃)
















    အမြိုးသားလှတျတောျ

    (မဲဆန်ဒနယျအမှတျ ၇)



























    အမြိုးသားလှတျတောျ

    (မဲဆန်ဒနယျအမှတျ ၃)


    (မဲဆန်ဒနယျအမှတျ ၇)
















  • Foreign Resident

    April 1, 2012 at 7:11 pm

    Eleven Media Group
    မြောင်းမြမဲဆန္ဒနယ်တွင်မဲအရေအတွက် လေးပုံသုံးပုံရေတွက်ပြီးချိန်၌
    ဒေါက်တာဖြိုးကိုကိုတင့်ဆန်းသည် NLD မှ ဦးမန်းဂျော်နီအား မဲအပြတ်အသတ်ရှုံးနိမ့်ထားခြင်းကြောင့် ကျန်မဲများအားလုံရရှိသည့်တိုင် အနိုင်မရတော့ဘဲ ရှုံးနိမ့်သွားကြောင်းသိရသည်။

    • htoosan

      April 1, 2012 at 7:44 pm

      . ငါ့ ငါးထောင်တန်တွေပြန်ပေး ……
      ဟီးဟီး (ဖြိုးကိုကိုတင့်ဆန်း ငိုသံ)
      ဟီး ဟီး (လူထုရီသံ) ။။။

  • Foreign Resident

    April 1, 2012 at 7:21 pm

    CJMyanmar
    ရေဦးမဲဆန္ဒနယ်တွင် NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ်လောင်း ဒေါက်တာမြင့်နိုင်က
    ၈၅ ရာခိုင်နှုန်းဖြင့် အနိုင်ရရှိသွားကြောင်း
    ရေဦး မြို့ခံတစ်ဦးမှ CJMyanmar သို့ သတင်းပေးပို့ပါသည်။

  • Foreign Resident

    April 1, 2012 at 7:23 pm

    Popular Myanmar News Journal
    နေပြည်တော်ကောင်စီနယ်မြေ ဒက္ခိဏသီရိမြို့နယ်တွင် မဲရုံစုစုပေါင်း ၁ရ ရုံရှိသည့်အနက် ရန်အောင်မြင် မဲရုံတစ်ရုံသာ ရှုံးနိမ့်ပြီးကျန်မဲရုံများတွင် အနိုင်ရရှိသည်ကြောင့် ၎င်းနယ်မြေကိုယ်စာလှယ်မှာ NLD ပါတီမှ ကိုနိုင်ငံလင်း ဖြစ်လာမည်ဖြစ်သည်။

  • ကိုရင်မောင်

    April 1, 2012 at 7:24 pm

    ဝမ်းသာတယ်ဟေ့…..ဒို့ခွတ်ဒေါင်းကြီးအပြတ်အသတ်နိုင်နေပြီဟေ့..ဟေ့ဟေ့

  • Foreign Resident

    April 1, 2012 at 7:25 pm

    Popular Myanmar News Journal
    နေပြည်တော်ကောင်စီနယ်မြေ ဇဗ္မူသီရိ မြို့နယ် တွင်ဝင်ရောက် ယှဉ်ပြိုင်သော NLD ပါတီ မှ ဝင်ရောက်ယှဉ်ပြိုင်သော ဒေါ်စန္ဒာမင်း သည် မဲရုံစုစုပေါင်း ၃၈ ရုံ ရှိသည့် အနက် လတ်တလော ၂၃ ရုံ မဲစာရင်းရေ တွက်အပြီးတွင် မဲရုံ ၂ဝ တွင် အနိုင်ရရှိကာ မဲရုံ ၃ ရုံတွင်ရှုံးနိမ့်ထားေ ကြာင်း ဒေါ်စန္ဒာမင်း၏ ကိုယ်စားလှယ်ဖြစ်သူ စိုင်းဝင်းနိုင်ဦးမှ Popular News သို့သတင်းပေးပို့သည်။

  • Foreign Resident

    April 1, 2012 at 7:28 pm

    Messenger News Journal
    ပုဗသီရိမြို့နယ်တွင် ဦးဖြိုးဇေယျာသော် အနိုင်ရ

    • နေဝန်းနီ

      April 1, 2012 at 7:42 pm

      အဘဖောရေ….. အဲဒိသတင်းကိုစောင့်နေတာဗျ…။ အဲဒါမှ …………။…….. နိုင်ပြီ ဒို့ဗမာနိုင်ပြီ ဒီမှာကော်နက်ရှင်နှေးနေတာ ဘာမှဖွင့်မရဘူး…။ ဒီကောင်တွေ ရှုံးလို့ တွက်ထားပြီသား…။

  • Foreign Resident

    April 1, 2012 at 7:29 pm

    Messenger News Journal
    ဇမ္ဘူသီရိမြို့နယ်တွင် မဲရေတွက်မှု မပြီးသေးဘဲ ရေတွက်ပြီးသမျှမှာ NLD ပါတီမှ ဒေါ်စန္ဒာမင်း အနိုင်ရရှိနေကြောင်းသိရသည်။

  • seaman

    April 1, 2012 at 7:36 pm

    Messenger News Journal
    ပုဗသီရိမြို့နယ်တွင် ဦးဖြိုးဇေယျာသော် အနိုင်ရ

  • seaman

    April 1, 2012 at 7:37 pm

    The Voice Weekly
    ပြည်ခိုင်ဖြိုး ပါတီ ကြိုတင်မဲများ NLD နှင့် NDF ပါတီ ပူပေါင်း ကန့်ကွတ်

    ပုသိမ်၊ ဧပြီ ၁ ( 7 : 19 PM )

    ဧရာဝတီတိုင်းဒေသကြီး၏ မြို ့တော် ပုသိမ်မဲဆန္ဒနယ်တွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီမှ ရရှိထားသော ကြိုတင်မဲ ၁၂၀ဝ ကျော်အား အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်နှင့် အမျိုးသား ဒီမိုကရေစီ အင်အားစု ကိုယ်စားလှယ်လောင်းများက ပူးပေါင်း ကန့်ကွတ်ကြောင်း အဆိုပါ မဲဆန္ဒနယ်၌ သွားရောက် သတင်းရယူနေသူ The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

    ပုသိမ် အခြေစိုက် တပ်ရင်း ၄၂၄ ပေးပို့လာသော ဆန္ဒမဲ ၁၂၀ဝ ကျော်တွင် တာဝန်ခံ၏ လက်မှတ် ပါရှိသော်လည်း နာမည် ပါရှိမှုမရှိသဖြင့် ယင်းသို့ ကန့်ကွတ်ရခြင်း ဖြစ်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

  • Foreign Resident

    April 1, 2012 at 7:37 pm

    Messenger News Journal
    ဥတ္တရသီရိမြို့နယ်တွင် NLD ပါတီမှ ဦးမင်းသူ အနိုင်ရရှိ။

    Messenger News Journal
    ပုဗသီရိမြို့နယ်တွင် ဦးဖြိုးဇေယျာသော် အနိုင်ရ

    Messenger News Journal
    နေပြည်တော် ဒက္ခိဏသီရီမြို့နယ်တွင် NLD ပါတီမှ ဦးနိုင်ငံလင်း အနိုင်ရရှိ။

    Messenger News Journal
    ဇမ္ဘူသီရိမြို့နယ်တွင် မဲရေတွက်မှု မပြီးသေးဘဲ ရေတွက်ပြီးသမျှမှာ
    NLD ပါတီမှ ဒေါ်စန္ဒာမင်း အနိုင်ရရှိနေကြောင်းသိရသည်။

    Shwe Myitmakha Media Group
    နေပြည်တော်မှာ ကိုမင်းသူက လွဲရင် ကျန်တဲ့ NLD ကိုယ်စားလှယ် ၃ ဦးစလုံး
    မဲအပြတ်အသတ်နဲ့ အနိုင်ရရှိကြောင်း မြစ်မခ သတင်းထောက်က သတင်းပေးပို့ပါတယ်။

    Shwe Myitmakha Media Group
    ဧရာဝတီတိုင်း ရေကြည် မဲဆန္ဒနယ် ၂ က NLD အမတ်လောင်း ဒေါက်တာလှမြတ်သွေး
    အနိုင်ရရှိပြီ ဖြစ်ကြောင်း သိရှိရသည်။

    Shwe Myitmakha Media Group
    ဧရာဝတီတိုင်း၊ ဖျာပုံမှာလည်း NLD ကိုသိမ်းဆွေ အနိုင်ရရှိပြီး၊
    မော်လမြိုင်မြို့တွင်လည်း ဒေါ်ခင်ဋ္ဌေးကြွယ်အနိုင်ရရှိလျက်ရှိပြီး၊
    သုံးခွမြို့နယ်တွင်လည်း ဒေါ်စုစုလွင် အနိုင်ရရှိလျက်ရှိကြောင်း
    မြစ်မခ သတင်းထောက်များမှ သတင်းပေးပို့လျက်ရှိသည်။

  • seaman

    April 1, 2012 at 7:39 pm

    7Day News Journal
    Update 7:18 PM
    မင်္ဂလာတောင်ညွန့်မြို့နယ်တွင်ရှိသော ရပ်ကွက် ၂ဝ တွင် မဲရုံ ၆၈ ရုံရှိရာ ၅၉ ရုံတွင် NLD အနိုင်ရပြီဖြစ်ကြောင်း မင်္ဂလာတောင်ညွန့် NLD ရွေးကောက်ပွဲအောင်နိုင်ရေးအဖွဲ့မှ သတင်းထုတ်ပြန်သည်။

  • seaman

    April 1, 2012 at 7:39 pm

    Myanmar News Now
    နေပြည်တော် ဒက္ခိဏသီရိမြို့နယ်တွင် NLD ပါတီမှ အနိုင်ရရှိသွားပြီဖြစ်ပြီး မြို့နယ် ရွေးကောက်ပွဲကော်မရှင်တွင် အတည်ပြုလက်မှတ်ထိုးရန်စောင့်ဆိုင်းနေပြီဖြစ်သည်။

    ၎င်းမဲဆန္ဒနယ်တွင် မဲပေးခွင့်ရှိသူ ၁၆,၄၆၉ ဦးရှိပြီး NLD ၇,၄၅၃ မဲ နှင့် ကြံ့ခိုင်ရေးပါတီမှ ၄,၁၇၃ မဲရရှိခဲ့သည်။ ၃၂၈ဝ မဲအသာဖြင့် NLD ကအနိုင်ရခဲ့ပြီး အခြားမဲများမှာ ပယ်မဲများနှင့် မဲလာမပေးကြသူများရှိသည်ဟု NLD အောင်နိုင်ရေးအဖွဲ့ဝင်များကပြောသည်။

    မဲရုံ ၁ရ ရုံရှိသည့်အနက် ရန်အောင်မြင်မဲရုံမှလွဲ၍ ကျန် ၁၆ ရုံတွင် NLD မှ အနိုင်ရရှိခဲ့သည်။

  • Foreign Resident

    April 1, 2012 at 7:40 pm

    Yangon Press International
    တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံမြို့နယ်
    မဲရုံ ၁၀ရ ရုံရှိသည့်အနက် ၉ရ ရုံရေတွက်ပြီးချိန်တွင်
    NLD ၃၂,၇၇၄ မဲ၊ ကြံ့ခိုင်ရေး ၅၉၈၁ မဲရရှိနေသည်။

  • seaman

    April 1, 2012 at 7:42 pm

    7Day News Journal
    update : 7:38 PM
    လာရှိုးမြို့ ထောက်ပိုု့တပ်ရင်း ၆၂၆ မှ ကြိုတင်မဲ ၅၆ရ မဲရှိရာ မဲပုုံးပွင့်နေသဖြင့် ကော်မရှင်က ပယ်မဲအဖြစ်သတ်မှတ်လိုုက်ကြောင်း သိရသည်

  • Foreign Resident

    April 1, 2012 at 7:44 pm

    7Day News Journal
    Update 7:32 PM
    စစ်ကိုင်းမြို့တွင် NLD ပါတီ ၇၅ ရာခိုင်နှုန်းဖြင့် နိုင်ရရန် သေချာနေပြီဖြစ်ကြောင်း
    စစ်ကိုင်းမြို့နယ်အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကပြောသည်။
    မဲရုံ ပေါင်း၁၀ဝတွင်၉၃ရုံတွင်မဲအပြတ်အသတ်နှင့်အနိုင်ရပြီး
    ကျန် မဲရုံတစ်ဆယ်ကျော်မှာ မဲရေတွက်နေဆဲဖြစ်သည်။

    Popular Myanmar News Journal
    မရမ်းကုန်း မြို့နယ်တွင်
    NLD ပါတီမှ ကိုယ်စားလှယ်လောင်း ဒေါ်မေဝင်းမြင့် ရရှိသည့် မဲအရေအတွက်
    များနေသည့်အတွက် မိမိအနေဖြင့် စိတ်ပျက် မိကြောင်း
    တကယ်တမ်း မိမိ ရှုံးနိမ့်ခဲ့မည်ဆိုပါက ယင်းအရှုံးပေါ် မည်သို့မျှ မပြောလိုပါကြောင်း
    မရမ်းကုန်းမြို့နယ် ပြည်ခိုင်ဖြိုးပါတီ ကိုယ်စား လှယ်လောင်း ဦးရဲထွဋ်က
    ယနေ့ည ရနာရီင်္ ၁၅မိနစ်တွင် ပေါ်ပြူလာနယူးစ်
    ၏ ဖုန်းဖြင့်ဆက်သွယ် မေးမြန်းမှုအား ဖြေကြားသည်။

    CJMyanmar
    ကန့်ဘလူမြို့နယ်၊ ထန်းကုန်းကျေးရွာတွင် ယနေ့နံနက်ပိုင်း ၈ နာရီခန့်က မဲရုံသို့ မဲလာပေးသူ မောင်ရန်နိုင်စိုးသည် လျှို့ဝှက်ဆန္ဒပြုခန်းအတွင်း၌ မဲဆန္ဒလက်မှတ်ပေါ်တွင် NLD ပါတီဘေးမှ အမှန်ခြစ်ပြီး မဲပုံးအတွင်းသို့ မထည့်မီ မဲရုံမှူး ဦးမောင်မောင်ခင် ထံ “ပယ်မဲဖြစ်မည်စိုး၍ သူမဲပေးသည်မှာ မှန်မမှန် ကြည့်ပေးရန်” သွားရောက်ပြသရာ မဲရုံမှူးက “၎င်းအား ရန်စ၊ စော်ကားသည်” ဟုယူဆပြီး
    အဆိုပါ မောင်ရန်နိုင်စိုးအား ဖမ်းဆီးရန် မဲရုံလုံခြုံရေးတာဝန်ယူထားသူများအား ညွှန်ကြားခဲ့ကြောင်း ကြားသိရသည်။
    ၂ နာရီခန့်အချုပ်အနှောင်ခံရပြီးနောက်
    မြို့နယ် NLD တာဝန်ရှိသူများက လာရောက် ကြားဝင်ဆောင်ရွက်ပေးမှပင် အဆိုပါ မောင်ရန်နိုင်စိုးမှာ ပြန်လွတ်မြောက်လာရကြောင်းသိရသည်။

  • seaman

    April 1, 2012 at 7:46 pm

    Mizzima – News in Burmese
    NLD မှ ၂ရ နေရာ ဦးဆောင်အနိုင်ရနေ

    မဇ္ဈိမသတင်းဌာန တနင်္ဂနွေနေ့၊ ဧပြီလ ဝ၁ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃၅ မိနစ်

    ရေတွက်ပြီးစီးသွားသည့် မဲရုံအများစုတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD မှ အနိုင်ရရှိလျက်ရှိကြောင်း မဇ္ဈိမ က စုံစမ်းသိရှိရသည်။ အောက်ပါမဲဆန္ဒနယ်မြေ ၂ရ ခုတွင် ရေတွက်ပြီးသမျှမဲရုံအများစုတွင် NLD က မဲအသာဖြင့် ဦးဆောင်လျက်ရှိသည်။

    မွန်ပြည်နယ်မှ မော်လမြိုင်၊ ရှမ်းပြည်နယ်မှ ကလောနှင့် လားရှိုး၊ ရန်ကုန်တိုင်းအတွင်းမှ ကော့မှူး၊ မင်္ဂလာတောင်ညွှန့်၊ မရမ်းကုန်း၊ လှည်းကူး၊ ဒဂုံဆိပ်ကမ်း၊ ခရမ်းသုံးခွ၊ မန္တလေးတိုင်းအတွင်းမှ မဟာအောင်မြေ၊ ပြင်ဦးလွင်၊ နေပြည်တော် ဒက္ခိဏသီရိနှင့် ဇမ္ဗူသီရိ၊ စစ်ကိုင်းတိုင်းမှ ပုလဲနှင့် ရေဦး (နှင့် တန့်ဆည်၊ ငန့်ဘလူ၊ ကျွန်းလှ)၊ ဧရာဝတီတိုင်းမှ
    ရေကြည်၊ မအူပင်၊ ဖျာပုံနှင့် မြောင်းမြ၊ မကွေးတိုင်းမှ ပခုက္ကူ၊ ပွင့်ဖြူနှင့် မကွေး၊ ပဲခူးတိုင်းမှ တောင်ငူ၊ လက်ပံတန်းနှင့် ကဝ၊ တနင်္သာရီတိုင်းမှ ကျွန်းစုနှင့် လောင်းလုံမြို့နယ်များ ဖြစ်ကြသည်။

    မဲရေတွက်ရရှိမှု အသေးစိတ်ကို ဆက်လက်စုံစမ်းဆဲဖြစ်သည်။

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 1, 2012 at 7:47 pm

    နိုင်ဂျ နိုင်ဂျ
    ကိုယ့်ဖာသာနိုင်ဂျ
    မနက်ဖြန်ကြမှ ငါ့ ကြက်ဖွတ် နိုင်ဒယ်လို့ လေဒီယိုဂနေ ကြေညာဗျစ်မယ်
    ပုံ
    သန်းရွှေ

  • Foreign Resident

    April 1, 2012 at 7:47 pm

    Face Book ပေါ်မှာကော
    မြန်မာပြည် နေရာ အနှံ့ မှာကော
    ပြည်သူလူထု တရပ်လုံး
    စတင် အောင်ပွဲခံနေကြပါပြီ ။

    Landslide Victory ပါ ။
    အနိုင်ဟာ ပြတ်သားလာပါပြီ ။

  • Foreign Resident

    April 1, 2012 at 7:51 pm

    အမှန်က အမေစု နှင့် NLD ရဲ့ ပြတ်သားတဲ့ အနိုင်ကို ဂုဏ်ပြုတဲ့အနေနှင့်
    အစိုးရက မနက်ဖြန်ကို အစိုးရ ရုံးပိတ်ရက် လုပ်ပေးသင့်တယ် ။
    ဟီဟိ ။

  • seaman

    April 1, 2012 at 7:52 pm

    Yangon Press International
    ပုသိမ်တွင် ဒီချုပ် နိုင်ခြေများနေဟု ပုသိမ်မြို့ ဒီချုပ် အောင်နိုင်ရေး အဖွဲ့ဝင်များက ပြော။

    ဧပြီ ၁ ၊ ၂၀၁၂၊ ည ရ နာရီ ခွဲ

    ယခုချိန်ထိ ရေတွက်ပြီးသမျှမဲများအရ ပုသိမ်မြို့တွင် ဒီချုပ် မှ အောင်နို်င်ရေး အဖွဲ့ဝင်များက ပြောသည်။ ရာခိုင်နှုန်း ၇ဝ ဝန်းကျင်ရထားပြီဟု ဝင်လာသည့် စာရင်းများကို ကိုးကားကာပြောဆိုသည်။

    အခြားသိရှိရသည့် မဲဆန္ဒနယ်များမှာ မြောင်းမြတွင်လည်း ဒီချုပ်နိုင်ရန် သေချာသလောက်ရှိနေသည်ဟု YPI သတင်းထောက်က သတင်းပေးပို့သည်။

  • htoosan

    April 1, 2012 at 7:53 pm

    ကိုဘုန်းကျော် တော့ ဆိတ်သတ်နေလောက်ပြီ… 😀

    • ကိုရင်မောင်

      April 1, 2012 at 8:03 pm

      ဘုန်းကျော်ရေ မင်းကြားတယ်မို့လား…..
      မင်္ဂလာအပေါင်းနဲ့ပြည့်စုံတဲ့ညပါဘဲကွယ်….

  • Foreign Resident

    April 1, 2012 at 7:57 pm

    Popular Myanmar News Journal

    နေပြည်တော်ကောင်စီနယ်မြေတွင်
    NLD ပါတီမှဝင်ရောက် ယှဉ်ပြိုင်သော
    ” ကိုယ်စားလှယ် ၄ ဦးစလုံး ” က
    ” မြို့နယ် ၄ မြို့နယ် စလုံး ” တွင် အနိုင်ရရှိ သွားပြီဖြစ်ကြောင်း
    နေပြည်တော်၏ NLD အသိုက်အဝန်းမှသတင်းပေး ပို့ခဲ့သည်။

  • MTY

    April 1, 2012 at 8:00 pm

    ဝမ်းသာပါတယ်။
    အားလုံးအေးအေးချမ်းချမ်းပြီးသွားတာ
    ပိုဝမ်းသာတယ်။

  • seaman

    April 1, 2012 at 8:02 pm

    Mizzima – News in Burmese
    မိတ္ထီလာတွင်လည်း NLD ဦးဆောင်နေ

    လင်းဘိုဘို | ရန်ကုန် (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ဝ၁ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၃ရ မိနစ်

    မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်တွင် မဲရေတွက်မှု မပြီးဆုံးသေးသော်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကိုယ်စားလှယ် ဦးဝင်းထိန်က ပြိုင်ဘက်အားလုံးကို အပြတ်အသတ် အနိုင်ရရှိထားကြောင်း သိရသည်။

    NLD ပါတီမှ ဦးဝင်းထိန်က မဲအရေအတွက် ၅ ထောင်ကျော် ရရှိနေပြီး မဲအရေအတွက် ၁,၆ဝဝ သာရရှိသည့် ကြံ့ခိုင်ရေးပါတီအမတ်လောင်းကို အပြတ်အသတ် ဦးဆောင်နေကြောင်း၊ NLD မှ နှုတ်ထွက်ပြီး တသီးပုဂ္ဂလအဖြစ် မိတ္ထီလာနယ်တွင် ဝင်ရောက်ယှဉ်ပြိုင်သည့် ပါတီဝင်ဟောင်း ဒေါ်မြင့်မြင်အေးမှာ မဲအရေအတွက် စုစုပေါင်း ၆ဝ ခန့်သာ ရရှိသေးကြောင်း သိရသည်။၊

    အလားတူ မကွေးမြို့နယ်ကိုယ်စားပြုယှဉ်ပြိုင်သည့် NLD ကိုယ်စားလှယ် ဦးမြင့်သိန်း အနိုင်ရရှိပြီဖြစ်ကြောင်း အဖွဲ့ချုပ်ရုံးက ထုတ်ပြန်ကြေညာသည်။

  • seaman

    April 1, 2012 at 8:03 pm

    Mizzima – News in Burmese
    မြောင်းမြမှာလည်း နိုင်နေပြီဟု NLD ဆို

    မျိုးသန့် | ချင်းမိုင် (မဇ္ဈိမ) တနင်္ဂနွေနေ့၊ ဧပြီလ ဝ၁ ရက် ၂၀၁၂ ခုနှစ် ၁၉ နာရီ ၄၉ မိနစ်

    မြောင်းမြမြို့နယ် မဲဆန္ဒနယ်တွင်လည်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ၏ ကိုယ်စားလှယ်လောင်း မန်းဂျော်နီ အနိုင်ရရှိသည်ဟု မြောင်းမြမြို့နယ် NLD ရွေးကောက်ပွဲအောင်နိုင်ရေး အဖွဲ့ဝင် ဦးဝင်းရွှေက မဇ္ဈိမကို ပြောသည်။

    “ဒီမှာဗျာ နိုင်တယ်ဆိုတော့ ကျနော်တို့လူတွေ ပျော်ကြရွှင်ကြပေါ့။ ကျနော်တို့ နိုင်သွားပါပြီ ကော်မရှင်မှာ လက်မှတ်ထိုးဖို့ပဲ ကျန်ပါတော့တယ်” ဟု ပြောသည်။

    မြောင်းမြမြို့နယ်အတွင်း မဲရုံပေါင်း ၂၂ရ ရုံရှိသည့်အနက် မဲရုံ ၄ ရုံသာ NLD ကိုယ်စားလှယ်လောင်းအတွက် ဆန္ဒမဲအရေအတွက် ရရှိမှုနည်းပြီး ကျန်မဲရုံများတွင် “မဲရုံတရုံချင်း မဲရုံတရုံချင်း ကျနော်တို့ အနည်းဆုံး ၅ဝ အကွာနဲ့ နိုင်ပါတယ်၊ ၅ဝဝ ကျော်အကွာလောက်ကနေ နိုင်တဲ့ မဲရုံတွေလည်း ရှိပါတယ်” ဟု ဦးဝင်းရွှေက မဇ္ဈိမကို ပြောသည်။

    မြောင်းမြမြို့နယ်တွင် ကြံ့ခိုင်ရေးပါတီမှ ဦးဖြိုးကိုကိုတင့်ဆန်း၊ NLD မှ မန်းဂျော်နီ၊ အမျိုးသားဒီမိုကရေစီ အင်အားစုပါတီမှ ဦးအောင်မျိုးလှိုင်တို့ ယှဉ်ပြိုင်ကြသည်။

  • အိမ်လွမ်းသူ

    April 1, 2012 at 8:03 pm

    ကဲ့ NLD ကိုယ်စားလှယ် တွေရေ ပြည်သူတွေ ဘက်ကတော့ တာဝန်ကျေသွားပါပြီ။ ခင်ဗျား တို့ဘက်ကတာဝန် ကျေဖို့ပဲ လိုတော့တယ်။ Hearted Congratulation to all of you !!!!!!!!!!!!!

Leave a Reply