အောင်ပွဲ ခံနေကြပြီဟေ့

ဂ်စ္စူApril 1, 20122min43641


ဓာတ်ပုံ Reuters

ဒီအောက်ကပုံတွေကတော့ ကိုအောင်မျိုးလွင်ရဲ့ဖေ့စ်ဘွတ်က လို ့ပြောပါတယ်..
ကျနော်က ဧရာဝတီက ယူလာတာပါဗျာ။

ဒီအောက်ကပုံတွေက AP ကပါဗျို ့

ကလိန်ကကျစ်၊ညစ်နည်းပေါင်းစုံနဲ ့ အမှန်ခြစ်လို ့မရအောင် ဖယောင်းသုတ်ထားတာတွေ၊
သေရွာကလူတွေရဲ့နာမည်တွေ ထည့်ထားတာတွေ၊အသက်မပြည့်တဲ့ခလေးတွေထည့်ထားတာတွေ၊
မိသားစုစာရင်းဖျောင်ထားတာတွ၊မဲပေးလို ့မရအောင် အမျိုးမျိုး နှောင့်ယှက် လုပ်ကြံထားသမျှတွေအတွက်
သဲထဲရေသွန်သလို အရာမထင်ခဲ့ပဲ-
နောက်ဆုံးတော့ အပြတ်သတ်ပဲ ရှုံးခဲ့ကြပါပကောလားဗျို ့။
ကဲ..

ကျုပ်တော့…
ဒိုးမယ်..
လန်းမယ်..
ဖလန်းဖလန်း ထမယ်
သောက်မယ်..အဲ..အဲ..များကြီးသောက်ရင် မိန်းမဆူမှာစိုးလို ့..အာစွတ်လျှာစွတ် တစ်ဂွပ်..နှစ်ဂွပ်ပဲ
တစ်ဂွပ်ဆိုတာ ဘယ်လိုတစ်ဂွပ်လဲတော့ လာမမေးနဲ ့..ကွိ..ကွိ..

ခင်ဗျားတို ့လဲ ဘာလုပ်နေကြသတုန်း
ထ.က ကြပါတော့လား..လို ့

(စည်းကမ်းရှိရှိ အောင်ပွဲခံကြပါစို ့နော့)

 

 

41 comments

  • မိုက်ကယ်ဂျော်နီအောင်ပု

    April 1, 2012 at 7:49 pm

    ကျေနပ်မိပါတယ်

    • မိုက်ကယ်ဂျော်နီအောင်ပု

      April 1, 2012 at 7:57 pm

      အပေါ်ကဟာကတော့ ပို့စ်အသစ်ကလေးမှာ ဒီမိုကရေစီဆန်ဆန်
      ဦးဦးဖျားဖျားနေရာရအောင် ကလထိုင်ဝင်လုလိုက်ရလို့
      နည်းနည်းလေးဘဲရေးလိုက်တာပါ 😀 😀
      သက်ဆိုင်ရာဒေသခံတွေရဲ့ မိမိတို့နိုင်မဲများကို ဒေသအလိုက်
      မှတ်ယူတင်ပြကြတာ သိပ်ကောင်းပါတယ်
      အဲ့သည်အကြောင်းက မသမာတဲ့ ကြိုတင်မဲတွေကို ကာကွယ်ခြင်းတစ်နည်းလို့လည်း
      ထင်မိပါတယ်
      အထူးသဖြင့် ပါဝင်ဆင်နွှဲကြတဲ့ သူတွေအားလုံးကို မိမိတို့ကျရာနေရာမှ
      တိုင်းပြည်တွက် အလုပ်လုပ်သူများလို့ မှတ်ယူပါတယ်
      လောလောဆယ်တော့ ကိုယ်နိုင်တယ်ဘဲ မှတ်ယူနှင့်ကြပါဦးခင်ဗျ
      မနက်ဖြန် ဟိုငနွားတွေက တယ်လီဘေးချင်းထဲဂနေ
      ကြက်ဖွတ်နိုင်တယ်ဆိုပြီးဒလုပ်နေအုန်းမယ်
      ဟဲဟဲဟဲ
      အရဂါးနောက်ဒါ

      • မိုက်ကယ်ဂျော်နီအောင်ပု

        April 1, 2012 at 8:00 pm

        ဘယ်သူမှမရေးလို့ ဆက်ရေးပါတယ်
        ဟို အင်္ကျ ီအကျား အတွင်းခံဘောင်းဘီလက်ရှည် ဝတ်ထားတဲ့
        အင်္ဂလိပ်အဒေါ်ကြီးကလည်း ပျော်နေပုံဘဲ

        • ဗိုက်ကလေး

          April 1, 2012 at 8:04 pm

          ဘပုကော
          သူတို ့ကိုကြည့်ပြီး မပျော်ဘူးလားဗျ

  • htoosan

    April 1, 2012 at 8:08 pm

    ဗိုက်ကလေး .. ဩဇီ ဆိတ်သားဟင်း လှမ်းတောင်းလို်က်လေ..
    အခုဆို ကဘုန်းကျော် တောင်စောင်းမှာ ဆိတ် လို်က်ဖမ်းနေလောက်ပြီ..

  • အံစာတုံး

    April 1, 2012 at 8:09 pm

    ဟား … ဟား .. ဟား …
    ဘာလဲကွ .. ဒါပဲကွ …
    အဟေး .. ဟေး းးးးးးးး
    နိုင်ပြီကွ … နိုင်ပြီ … (အပြတ်အသတ်ပဲ)
    ခုတော့ ဘာတတ်နိုင်သေးကြလဲကွ …
    ဘယ်သူတွေ ဘယ်လောက်ယုတ်ပါစေ ..
    နောက်ဆုံးတော့လည်း ဒို့ခွပ်ဒေါင်း ပဲလေ …………

    ♫ .. ပျော်တယ်ဟေ့ .. ♫ .. ♪ .. ပျော်တယ် .. ♫ .. ♪ .. ဒို့ NLD နိုင်လို့ပေါ့ကွယ် .. ♫ .. ♪ ..

    😀 😀 😀 😀 😀

  • Don Juan Ronald

    April 1, 2012 at 8:16 pm

    နိုင် ငံ ခြား သား တွေ က မှန် တယ် ဆို ရင် အား ပေး ကြ တာ ဘဲ ။ အား တက် စ ရာ ကြီး ။

  • htoosan

    April 1, 2012 at 8:23 pm

    အူဒွန်ကြီး အားတက်လို့ဆိုပြီး ကြာဇံတွေ မြူစွမ်တွေ ဆေးရောင်စုံချယ်ပြီးကဲလိုက်ပါလား …
    အခွင့်အရေး ရတုန်း အကြောင်းပြ ကောင်းတုန်း ဆိုးထားလိုက်နော် 😀

  • ရွာစားကျော်

    April 1, 2012 at 8:40 pm

    ငါတို့က အောင်ပွဲခံနေတာ
    ပုလင်းတောင် ဖင်ကပ်ရောက်နေပေါ့ အေ့..
    ♫ .. ပျော်တယ်ဟေ့ .. ♫ .. ♪ .. ပျော်တယ် .. ♫ .. ♪ .. ဒို့ NLD နိုင်လို့ပေါ့ကွယ် .. ♫ .
    ချဗျာ ကို အံစာတုံး.. ခင်ဗျား အလှည့်

  • အိမ်လွမ်းသူ

    April 1, 2012 at 9:01 pm

    တို့ လဲ Black Label တစ်လုံးဝယ်ပြီး သူငယ်ချင်းတွေနဲ့ အောင်ပွဲခံ နေပြီးဗြို့။ မနက်ဖြန်တော့ MC ပဲဗျို့။ ဟိ ဟိ…………….Cheer !!!!!!!!!!!!!!!!!

  • chityimhtoo

    April 1, 2012 at 9:04 pm

    ပျော်စရာကြီးဟေ့ ရင်တထိတ်ထိတ်နဲ့ တစ်နေ့လုံး သတင်းစောင့်ကြည့်ရတာ …အဖွဲ့ချုပ်ရုံးရှေ့ရောက်တော့ ပိုတောင်ပျော်ဘို့ကောင်းသေးတယ်……ချီးယားးးးးးးးးးးးးးးးးးးးး

  • ကြောင်ကြီး

    April 1, 2012 at 9:10 pm

    ဗိုလ်ကြောင်ကြီးတဲ့ဟေ့… ဒိုင်းညှောင့်.. ဒက်ကလုပ် ဒက်ကလုပ် ဒက်ကလုပ်…

  • aye.kk

    April 1, 2012 at 9:20 pm

    ပြည်သူ ့ရင်ထဲ..
    ခွပ်ဒေါင်းပဲဟေ့..
    ရဲဝင့်ဖော်ထုတ်..
    အဟုတ်အောင်ပွဲခံနိုင်ပြီ..
    ပျော်သလားဟေ့မောင်တို ့..
    ပျော်သလားဟေ့မယ်တို ့..
    ပျော်တယ်ဟေ့..
    ပျော်တယ်ဟေ့..အားလုံးပျော်တယ်ဟေ့။။

  • ကိုရင်မောင်

    April 1, 2012 at 9:38 pm

    ပြောမပြတတ်အောင်ဝမ်းသာပါတယ်ဗျို့………

  • Thel Nu Aye

    April 1, 2012 at 10:06 pm

    ငိုချင်လောက်အောင်ပျော်မိပါတယ်။

    • Swal Taw Ywet

      April 1, 2012 at 11:00 pm

      I was cried when saw the news at Eleven FB,
      ပခုက္ကူမြို့ မှာ
      တပ်မ ၁၀၁ မဲရုံတွင် NLD ၆၇ဝ မဲ၊ ကြံဖွတ် ၃ဝ မဲ
      ခလရ ၂၅၉ မဲရုံတွင် NLD ၂၆၉ မဲ၊ ကြံဖွတ် ၂၃ မဲ
      most of the comments for that news showing the missing love between Military and Civilians.
      One day… not too far.. to reunite….
      Thanks for all.
      With respect,
      Swal Taw Ywet.

  • Khin Latt

    April 1, 2012 at 10:26 pm

    ပုံလေးတွေ ကိုကြည့်ပြီး အဲဒီထဲမှာ ဝင်နွှဲချင်လိုက်တာ။
    အမှန်တရား ကို မြင်နိုင်ကြပါစေ သက်ဆိုင်သူ အာဏာရှင်များ ရှင့်။ 👿

    မောင်ဗိုက် – တကယ်ဘဲ မိန်းမရနေတာလား ဟယ်။ 😉

    • Thel Nu Aye

      April 2, 2012 at 7:03 am

      မနေ့ညကသွားတာ ဘယ်လိုမှတိုးမရဘူး။ အားလုံးပျော်နေကြတာ။ သိတဲ့သူကော မသိတဲ့သူကော နှုတ်ဆက်ကြ သတင်းပေးကြ နဲ့ မျက်နှာမှာပျော်နေတဲ့အပျော်တွေက ၂၂ နှစ်ကြာ မှပြန်တွေ့ရတယ် အရီးလတ်ရယ်။ ဒီလိုဖြစ်လာဖို့ ၂၂ နှစ်စောင့်ခဲ့ရ တယ်။ မြန်မာတွေတော်တော် ဇွဲကောင်းတာပဲနော်။ ဂုဏ်ယူပါတယ်။

  • ချာလီဂဇက်ဒလဝမ်

    April 1, 2012 at 10:37 pm

    အားရစရာကြီးပါလား ၊ ဒီမှာစောင့်မနေပဲနဲ့ ထွက်ပြီး ကချင်လာပြီဝေ့ ၊
    ကိုဗိုက်ကြီး .. အဲ .. ကိုဗိုက်ကလေး ကကြရအောင်ဝေ့ ၊
    တူနယ် တဲ့နယ် ဗြောင်
    ဗေပုံ ပတ်ပုံ ပတ်ပုံ ပတ်ပုံ ဂျိ ။

  • သော်ကြီး

    April 1, 2012 at 10:48 pm

    နိုင်မယ်မှန်း သိလို့ မနေ့ကတဲက သောက်ထားတာ။ မနေ့က နဲနဲများသွားလို့ အခုထက်ထိ မသောက်ရသေး ဘူး။ မနေ့က သောက်ထားတာကိုဘဲ ဖြေနေရတယ်။ ဆိတ်သားဟင်း လေးရရင်ထည့်ပေးခဲ့ကြအုံး။ အမြည်း က ကြံ့ဖွတ်နဲ့ မြည်းနေရတာ သိပ်မကောင်းဘူး။

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 1, 2012 at 11:06 pm

    အူဗိုက်…အူဗိုက်ရှိလား…… ဂေ့….အေ့……
    အူဗိုက်…..နိုင်ဘီနော်ဒို့ဒွေနိုင်ဘီ….. မမူးသေးဘူး…. ကျွန်ဒေါ်မူးသေးဘူး….. အောင်ပွဲခံတာဒီလောက်နဲ့
    တော့မူးလို့ဖြစ်ဘူး….ဂေ့….အေ့….. တကယ်မူးနေပါ၏ မနေ့ညကအိပ်ရေးပျက်ခံကာစောင့်ကြည့်နေရသော
    ကြောင့်မူးနေပါ၏…. ကျွန်တော်ကအားလုံးထက်ကြိုအောင်ပွဲခံပြီးသားပါဗျ……. အောင်ပွဲခံဖို့စောင့်ရင်းစောင့်
    ရင်းဖြင့်မူးလို့လာ၏ ကီးဘုတ်နှင့်ထိဖို့တောင်လက်များကပ်နေပေသဖြင့်တော်တော်နှင့်စာရိုက်မရဘဲရှိပါ၏
    အိပ်ရေးပျက်တာများလာရင်လက်တွေခြေတွေကပ်သွားတတ်တဲ့ကိုယ်ခံအားတစ်မျိုးကျွန်တော့်မှာရှိတယ်
    ဘာပဲပြောပြောပါဗျာ….. နိုင်ပြီနိုင်ပြီဒို့တွေနိုင်ပြီ…..

  • shwe kyi

    April 1, 2012 at 11:15 pm

    ပုံတွေကြည့်ပြီး ကြက်သီးတောင်ထမိပါရဲ့။ အောက်ဆုံးက ပုံကတော်တော် good တယ်။
    ပျော်လိုက်တာ အန်တီစုရယ်။

  • shwe kyi

    April 1, 2012 at 11:20 pm

    အင် ဒုက္ခပါပဲအောက်ဆုံးပုံမဟုတ်ဘူးတော့။ connection ကမကောင်းဘူး။ အောက်ဆုံးရဲ့အပေါ်ကပုံ။

  • surmi

    April 1, 2012 at 11:26 pm

    သံသရာ ရဟတ်တပတ်လည်ပြီပေါ.ကွာ။
    ပျော်လွန်းလို. ဘာမှမပြောတတ်တော.ဘူး ……။

  • zaw min

    April 2, 2012 at 1:18 am

    ပြည်သူတွေရဲ့ နှလုံးသားထဲမှာ ထာဝရရှိနေတာက အမေစုပါ…စစ်မှန်တဲ့ ပြည်သူ့ ဆန္ဒကိုသာ လွတ်လပ်စွာ ရွေးချယ်ခွင့်ပေးမယ်ဆိုရင် ဘယ်အချိန်ပဲဖြစ်ဖြစ်၊ဘယ်နေရာမှာပဲဖြစ်ဖြစ် ထာဝရအနိုင်ရရှိနေမှာမလွှဲ၊မသွေပါပဲခင်ဗျာ….
    ယခုအချိန်ဟာ ကျနော်တို့အတွက် အလုံးစုံပျော်ရွှင်ခွင့်တွေရရှိသွားတာမဟုတ်သေးပါဘူး ၊ပထမခြေလှမ်းအတွက် အောင်မြင်မူပဲရှိပါသေးတယ် ၊နောက်ထပ်ကြိုးစားရအုံးမယ် ခြေလှမ်းတွေအများကြီးကျန်ပါသေးတယ် ၊နေပြည်တော်မှာ (၅)နေရာဝင်ရောက်ယှဉ်ပြိုင်တာ (၄)နေရာအနိုင်ရတယ်လို့သိရပါတယ်၊အထူးခြားဆုံးအောင်မြင်မူလို့ဆိုနိုင်ပါတယ်၊ ယခုရရှိတဲ့ အောင်မြင်မူတွေကို ဂရုစိုက်ပြီးထိမ်းသိမ်းသွားဖို့ အထူးလိုအပ်ပါတယ်။အဲဒီအောင်မြင်မူအပေါ်မှာသာယာနေလို့မပြီးသေးပါဘူး၊
    ယခုအနိုင်ရသွားတဲ့ ကိုယ်စားလှယ်တွေအားလုံးအတွက် ငါတို့ကို ပြည်သူတွေကတာဝန်တွေပေးလိုက်ပြီ၊ အဲဒီတာဝန်တွေကိုပြီးဆုံးအောင်ဆောင်ရွက်ရပါတော့မယ်ဆိုတဲ့ အသိ အမြဲရှိနေရပါမည်။

    • Foreign Resident

      April 2, 2012 at 4:26 am

      ကို zaw min ရေ
      ဘယ်လိုဖြစ်ပြီး
      ” နေပြည်တော်မှာ (၅)နေရာဝင်ရောက်ယှဉ်ပြိုင်တာ ၊ (၄)နေရာအနိုင်ရတယ်လို့သိရပါတယ် ”
      ဖြစ်ရတာတုန်း ။

      ယှဉ်ပြိုင်ရာ ၄၄ နေရာလုံး NLD နိုင်ပြီ

      မဇ္ဈိမသတင်းဌာန | တနင်္ဂနွေနေ့၊ ဧပြီလ ဝ၁ ရက် ၂၀၁၂ ခုနှစ် ၂၂ နာရီ ၄၅ မိနစ်

      ဧပြီလ ၁ ရက်နေ့တွင် ကျင်းပပြီးစီးသွားသည့် ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဝင်ရောက်ယှဉ်ပြိုင်ခဲ့သည့် ပြည်နယ်နှင့်တိုင်းအသီးသီးမှ မဲဆန္ဒနယ် ၄၄ နေရာလုံးတွင် အနိုင်ရရှိသွားကြောင်း NLD ရုံးချုပ်မှ သိရသည်။

      နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ယှဉ်ပြိုင်နေသော အဆိုတော် ဇေယျာသော် အနိုင်ရရှိကြောင်း နောက်ဆုံး သိရပြီးနောက် ၄၄ နေရာလုံး အနိုင်ရရှိသည်ဟု ဆိုနိုင်ခြင်းဖြစ်သည်။

      • ဗိုက်ကလေး

        April 2, 2012 at 11:42 am

        သဂျီး အိပ်မက်နဲ ့ ကွက်တိပဲဗျို ့

  • Foreign Resident

    April 2, 2012 at 4:23 am

    တရားမျှတမှုကို နေရာဒေသ လူမျိုး ဘာသာ မခွဲခြားပဲ
    လူတိုင်းက ချစ်တယ် ဆိုတာ သက်သေပါပဲ ။

    နှစ်ထပ် ရှိမှ မှတ်မိ မှာလား ၊ သုံးထပ် ရှိသွားအောင် ၂၀၁၅ မှာလဲ လာမယ် ။

  • MaMa

    April 2, 2012 at 8:03 am

    ကိုယ့်တိုင်းပြည်မဟုတ်ပဲ မုဒိတာပွား ပျော်နေကြသူများကို လေးစားမိပါတယ်။
    လူသားချင်း စာနာထောက်ထားတတ်တဲ့ စိတ်စေနတာတွေရဲ့ ပြယုဂ်တွေပါပဲ။ 🙂 🙂 🙂

  • kyeemite

    April 2, 2012 at 9:10 am

    ဘာမှတောင်မပြောတတ်တော့အောင်ပါဘဲ..တစ်ခုတော့ပြော
    လိုက်မယ် ဗိုက်ကလေးပေါက်ဖေါ်ရေ့..အရက်သွားသောက်ရင်
    နာ့ဂိုခေါ်အုံး..

  • Thit Sar Lin

    April 2, 2012 at 9:17 am

    ကြက်သီးတောင်ထ တယ်ဗျာ..ဓါတ်ပုံတွေကြည့်ပြီးတော့..
    ပြောမပြတတ်လောက်အောင်ပျော်မိတယ်ဗျာ…
    မနက်မိုးလင်းလို့ အွန်လိုင်းပေါ်မတက်ခင်ကတည်းက အမေစုအကြောင်းတွေကားပေါ်မှာပြောနေ ကြတယ်..NLD ကဘယ်လိုနိုင်တာတွေ…ဖယောင်းတွေနဲ့ အကျင့်ယုတ်တာတွေ..မဲရုံရှေ့မှာထိုင်စောင့်နေကြတာတွေ..အိုး အစုံပါပဲဗျာ
    အေး ကြားလိုက်မိတယ်ဆိုတိုင်း ကြက်သီးတွေထပြီးအတိုင်းမသိပျော်ရွှင်မိတာကတော့ အမှန်ပါပဲ
    အခုလဲ ဓါတ်ပုံတွေတွေ့ပြီး ပြောမပြတတ်အောင် ကြည်နူးဝမ်းသာဖြစ်မိတယ်ဗျာ…..

  • intro

    April 2, 2012 at 10:01 am

    အားလုံးနဲ့ထပ်တူပဲ ပျော်ရပါတယ်….

  • ဗိုက်ကလေး

    April 2, 2012 at 11:41 am

    ညက အောင်ပွဲခံလိုက်တာ နဲနဲများတွားလို ့ ခုမှ ထနိုင်တယ် 😆
    ဆိတ်သားဟင်းကျွေးမယ်ဆိုတဲ့ ကပုတ်ကျော်ကို ပြုတ်စားကြရအောင်ဗျို ့
    အေဘေးကြီး
    တစ်ကယ်လဲနိုင်ကော ဘယ်ချောင်သွားပုန်းနေလဲ မသိဘူး 😀

  • char too lan

    April 2, 2012 at 1:09 pm

    အင်း စည်းကမ်းရှိရှိအောင်ပွဲခံလိုက်တယ် အိမ်မှာမိသားစုခြောက်ယောက်
    ငါးကင်သုံးကောင်ဝယ် akon ရဲ့ Freedom သီချင်းအကျယ်ဂျီးနဲ့ မြည်းပီး အောင်ပွဲခံပစ်လိုက် တယ် …
    ဒီ post နဲ့ comment တွေမြင်ရကြည့်ရတာ ပိုပျော်ဖို့ကောင်းတယ်ဗျ 🙂

  • ဆူး

    April 2, 2012 at 2:00 pm

    ညက ရုံးချုပ်ရှေ့ကနေ အိမ်ပြန်ရောက်တဲ့ အထိ နေပြည်တော် ပုဗ္ဗသီရိမြို့နယ်တွင် ယှဉ်ပြိုင်နေသော အဆိုတော် ဇေယျာသော် သတင်းမကြားသေးလို့ အားလုံး စိတ်ပူပြီး စောင့်နေကြတာ တွေ့တယ်။
    ဒီမနက်မှ ဂျာနယ် အမြန်ဝယ်ပြီး သတင်းစောင့်ဖတ်လိုက်မှ နိုင်သွားပြီ ကိုး လုပ်ရတော့တယ်။

  • mg mg

    April 2, 2012 at 2:45 pm

    ဟေ့ကောင် ကြံ့ကြီး မင်းပြောတော့ ဖယောင်းသေချာသုတ်ထားတယ်ဆို။
    ငါလည်း လုပ်တာဘဲဖွတ်ကြီးရာ၊ မင်းလုပ်တဲ့ ဖျောက်ထားတဲ့မဲနဲ့ ကြိုတင်မဲကရော မဟန်ပါလားကွာ။

  • ဦးဦးပါလေရာ

    April 2, 2012 at 2:48 pm

    ပျော်တယ် ဆိုတဲ့စကားထက် ပိုပြီးပျော်တယ်…
    ကျေနပ်တယ်..
    အားရတယ်..
    သတ္တိရှိတဲ့ ရေရှည်ကြည့်တဲ့ ပြည်သူတွေ အစိုးရဝန်ထမ်းတွေ တပ်မတော်သားတွေကိုလဲ စိတ်ထဲက အကြိမ်ကြိမ်ချီးကျူးနေမိတယ်…
    ကျုပ်ကတော့ အယ်ကိုဟောနဲ့မတည့်လို့ တညအတွင်း ဘလက်ကော်ဖီသုံးခွက်သောက်ပြီး အောင်ပွဲခံပစ်တာ အခုထိ မအိပ်ချင်သေးဘူး..
    အော်.. ဘလက်ဆိုလို့ ကိုဘလက်ချောကြီးသတိရလိုက်တာ..။
    ပြည်သူ့အောင်ပွဲသံတွေပါတဲ့
    ချိုပေါ့ကျဆိမ့်ဆိမ့်လေး လုပ်ပါဗျို့…။

  • manawphyulay

    April 2, 2012 at 3:01 pm

    နောက်ဆုံးတော့ အောင်မြင်မှုကို ရရှိလာခဲ့ကြပြီပေါ့။ သွေးနဲ့ ချွေးနဲ့ ရင်းသွားကြတဲ့သူတွေလည်း တမလွန်ကနေ ဝမ်းသာကြည့်နဲ့ ကြည့်နေကြမယ်လို့ မြင်မိတယ်။

  • snow white

    April 2, 2012 at 4:21 pm

    ဟုတ်ပါတယ်
    တကယ်ကိုပျော်စရာနေ့လေးပါ 1.4.12ကိုဘယ်တော့မှာမမေ့ပါဘူး မနေ့ကတနေ့လုံးအွန်လိုင်းကနေ သူငယ်ချင်းတွေကိုမေးနေရတယ် ရင်တွေလည်းတကယ်ကိုတုန်နေရပါတယ် ည7နာရီလောက်မှသိရတယ် ကျမအလုပ်ကအပြင်နဲ့လည်း သိပ်အဆက်သွယ်မရတော့မေးရတာလည်း ခက်တယ်လေ ညအလုပ်လည်းပြန်ရော လမ်းမှာအော်ပြီးပျော်နေလိုက်ကျတာ အမေစုကျန်းမာပါစေ NLDနိုင်သွားပြီ အဲလိုကို ကားတွေလိုက်အော်နေ တာ တကယ်ကိုပျော်စရာနေ့လေးပါဘဲ

  • snow white

    April 2, 2012 at 4:32 pm

    ဟုတ်ပါတယ်
    တကယ်ကိုပျော်စရာနေ့လေးပါ 1.4.12ကိုဘယ်တော့မှာမမေ့ပါဘူး မနေ့ကတနေ့လုံးအွန်လိုင်းကနေ သူငယ်ချင်းတွေကိုမေးနေရတယ် ရင်တွေလည်းတကယ်ကိုတုန်နေရပါတယ် ည7နာရီလောက်မှသိရတယ် ကျမအလုပ်ကအပြင်နဲ့လည်း သိပ်အဆက်သွယ်မရတော့မေးရတာလည်း ခက်တယ်လေ ညအလုပ်လည်းပြန်ရော လမ်းမှာအော်ပြီးပျော်နေလိုက်ကျတာ အမေစုကျန်းမာပါစေ NLDနိုင်သွားပြီ အဲလိုကို ကားတွေလိုက်အော်နေ တာ တကယ်ကိုပျော်စရာနေ့လေးပါဘဲ လူတွေတော်တော်လေးကိုပျော်နေကျတယ် နော် အမေစုလည်း ဆက်လက်ပြီးတော့တိုင်းပြည်ကို တာဝန်ယူနိုင်သလို ကျွန်မတို့လည်း အမေစုနောက်မှာ အမြဲရှိနေပါတယ် အားကိုးပါတယ် အမေစုရယ်

  • jujuma

    April 2, 2012 at 5:03 pm

    ပျော်တယ်ဗျာ …

Leave a Reply