ဒီးဒုတ်ရေတံခွန်စမ်းနှင့်ပါတ်ဝန်းကျင်အလှအပများ

1 အပေါ်စီးက မြင်ရတဲ့ရေပြာစမ်းအလှ
2 ရေတံခွန်အရှိန်ကြောင့် လှိုင်းတွေတောင်ထနေပါတယ်
3 အရှေ့ဘက်ကျောက်ဆောင်နဲ့မြင်ကွင်းလှလှ
4 အရှေ့ဘက်ကျောက်တောင်တွေကြားက ရေပြာပြာ(နည်းနည်းလေးတော့နက်တယ်)
5 အရှေ့ဖက်ခြမ်းရေထဲကနေမြင်ရတဲ့ရေတံခွန်
6 ရှေ့တည့်တည့်ကျောက်ဆောင်ပေါ်က မြင်ရတဲ့ရေတံခွန်
7 ရေတံခွန်အလည်ခေါင်က သဘာဝကျောက်တုံးကြီး(ဘာလေးကပ်နေလဲမသိဘူးနော်)
8 မော့ကြည်တော့ ကျောက်ဆောင်ကြီးက ကိုယ့်ခေါင်းပေါ်မှာ
9 ကျောက်ဆောင်တွေကြားက တသွင်သွင်စီးနေတဲ့ရေ
10 သဘာဝရေအိုင်ငယ် ဆင်းစိမ်နေလို့ကတော့ ဇိမ်ဘဲ
11 ကျောက်ဆောင်ပေါ်ကနေမြင်ရတဲ့ ရေတံခွန်တောင်ဘက်ခြမ်းအလှ
12 ဒိုင်ဗင်ထိုးမလို့ ထင်တာဘဲရပ်နေပုံက ခပ်မိုက်မိုက်
13 ထူးဆန်းတဲ့ပုံသဏ္ဍာန်နဲ့ကျောက်တုံးကြီး
14 အပေါ်ဘက်ကိုမော့ကြည့်တော့ အမြင့်ကြီးဘဲဗျာ

15 ပြာလဲ့စိမ်းပြာလှိုင်း

15 ပြာလဲ့စိမ်းပြာလှိုင်း

17 ရေတံခွန်အစ အကျ လှလှ
18 အပေါ်စီးကမြင်ရတဲ့ကြည်လင်တဲ့ရေပြာပြာ
19အပေါ်စီးမြင်ကွင်း

 

20 ရေလည်ခေါင်ကကျောက်ဆောင်ကြီးနဲ့ ရေးကစားနေတဲ့လူတွေ(ပျော်စရာ)

           “ဒီးဒုတ်ရေတံခွန်စမ်းရေပြာနဲ့ပါတ်ဝန်းကျင်အလှများ”

 

ဒီးဒုတ်ဂူကိုရောက်လိုက်တာတစ်ခေါက်။

ဓါတ်ပုံတွေတင်လိုက်တာပိုစ်လေးငါးခုမက။

တကယ်ပြောရရင်ရိုက်စရာတွေကလဲများလှပါတယ်။

အဲတော့ရိုက်ခဲ့တာတွေကလဲအများကြီး။

အတူသွားသူငါးယောက်ထဲမှာကျနော်ကလက်အဆော့ဆုံးလို့ထင်မိပါတယ်။

မြင်သမျှကလဲရိုက်ချင်စရာကိုးဗျာ။

ရေတံခွန်မရောက်ခင်ရေသံတွေတဝေါဝေါကြားနေပြီဆိုကတဲ့က စိတ်ကမရိုးမရွ။

အောက်ကိုငုံ့ကြည့်တော့ရေတံခွန်မမြင်ရအောင်အပင်တွေကအုပ်ဆိုင်း။

တကယ်ရေတံခွန်နားကိုအရောက် ကြည်လင်ပြာလဲ့နေတဲ့ ရေပြင်ကြီးကိုလဲမြင်ရရော

လမ်းမှာ ပင်ပန်းလို့မောနေတာတွေတောင်ဘယ်ပျောက်မှန်းမသိအောင် ဇောတွေကပ်

လို့တဖျပ်ဖျပ်နဲ့ပုံတွေနှိပ်မိပါတော့တယ်။

ရေတံခွန်ထဲမှာလဲကိုယ့်ထက်အရင်ရောက်သူကတပုံကြီး။

လူငယ်တွေချည်းပါဘဲ။

ပျော်လို့ပါးလို့ရေကူးကြ ဒိုင်ဗင်ပစ်ကြနဲ့တကယ့်ကိုပျော်စရာ။.

အရှေ့ဖက်မှာရော အနောက်ဖက်မှာရော ကျောက်ဆောင်တွေက ဝန်းရံထားတော့အေးမြ။

ရေတံခွန်ကစီးဆင်းလာတဲ့ရေကကြည်လင်စိမ်းမြ။

အစကတော့ရေထဲမဆင်းဘူးလို့စိတ်ကူးပေမယ့် ရေထဲမဆင်းရင်စိတ်တိုင်းကျပုံမရ။

လဲစရာကလဲအပိုမပါ။

နောက်ဆုံးတော့ပေါင်လောက်ရှိတဲ့ရေထဲရောက်သွားတာပါဘဲ။

ရေထဲကနေရိုက်။

ပြီးရင်အလည်ခေါင်က ကျောက်တုံးပေါ်တက်ရိုက်။

ပြီးတော့ အရှေ့ဘက်အစွန်ဆုံးက ဆိုင်ကလေးရှေ့ကကျောက်တောင်အမြင့်ပေါ်တက်ရိုက်။

ဝါးလုံးတန်းလေးကိုကိုင်လို့ပေါ့။

နေပူမှန်းလဲမသိ၊လိမ့်ကျမှာလဲစိတ်ထဲမရှိ။

စိတ်တိုင်းကျရိုက်နှက်ပြီးတော့မှာ ညီလေးဂီရဲ့စကားလေးက ခေါင်းထဲရောက်လာပါတယ်.။

မောထှာ မောထှာအေ……………………………………

မောထှာအေ……………………..

မောထှာအေ……………………………..

မောထှာအေ…………………………..

မောလိုက်ထှာအေ……………

 

အဲတော့ ဒီလှပတဲ့ပုံတွေရလာပါတယ။်

ကဲအားရပါးရခံစားပေတော့။

နောက်ပိုစ်မှာ ဒီပုံတွေရအောင်ဘယ်လိုတက်ရိုက်တယ်ဆိုတာလာပါမယ်။

 

 

ကိုပေါက်လမ်းသလားရင်းလက်ဆော့တော့ ရလာတဲ့အတွေးပါးပါး။

(2-4-2012)

 

 

19 comments

  • water-melon

    April 4, 2012 at 8:30 am

    မောထှာ မောထှာအေ………
    မောထှာအေ……………………
    မောထှာအေ…………………
    မောထှာအေ……………… ရေရေလည်လည်ကိုမောနေပြီ ပြန်စဉ်းစားလိုက်တော့လဲ
    ပျော်စရာကောင်းလိုက်တာ

    ဖိနပ်ကပျက်
    မောကမော
    ချစ်သူမပါတော့
    ဒီရေတံခွန်ထဲ ဖရဲပက်လက်မျော

    • Khaing Khaing

      April 4, 2012 at 9:42 am

      ဖရဲမ နာပြောသားပဲ နာနဲ့အတူတူသွားပါမယ်ဆို ခုတော့ ခံပေ့ါအေ … နာပါရင် ညည်းဖိနပ်မပါ တောင်နာက ထမ်းခေါ်သွားမှာပေ့ါ ….

      လေးပေါက်ရေ နှိပ်စက်ပါ များများလေး ကင်မလာ ၂ လုံးနဲ့ ပုံ တစ်ရာကျော်ရိုက်ထားတာ မကုန် မချင်းတင်ပါချင့် …

      ဒီပုံတွေက ပိုပြီးတော့ စိတ်ဝင်စားဖို့ကောင်းတယ် …….. ရေစိမ်ချင်လာပြီနော် ……….

      • water-melon

        April 4, 2012 at 6:08 pm

        နောက်တခါကျရင်
        အတူတူစိမ်မယ်နော်
        နှမတော်ခိုင် :mrgreen:

    • အံစာတုံး

      April 4, 2012 at 10:26 am

      မောလာတဲ့ ဖရဲ …
      မျောလာတဲ့ ဖရဲ …
      လျှောမလာဘဲ
      ပြန်တော်တော့ ပြန်လာနိုင်ခဲ့ …
      ဟဲ့ .. ချစ်သူ မပါရအောင် .. ညည်းကို ကြိုက်သူရော ရှိလို့လားဟဲ့ …
      😀 😀

      • water-melon

        April 4, 2012 at 6:11 pm

        အမလေး အချင်းချင်းခွတ်ရသလားဟဲ
        ချစ်သူတော့မရှိဘူးအေ့
        အပျင်းပြေတွဲနေတဲ့ စော်လေးငါးယောက်တော့ရှိတယ်
        လိုချင်ပြောလေ
        ပါဆယ်ပို့လိုက်မယ် 😀

  • kai

    April 4, 2012 at 8:44 am

    ရေကဘာလို့စိမ်းပြာနေသလည်း.. သိချင်သား..
    ဘယ်သူမှမသိရင်.. တက္ကသိုလ်တခုခုက.. ဓါတ်ခွဲခန်းပို့.. စမ်းသပ်သင့်တယ်..။

    မတော်…
    ကမ္ဘာမှာမတွေ့သေး..ဒါမှမဟုတ်.. ရှားပါး.. သတ္တုဓါတ်စင်တွေ့ရင်တော့.. 😆

  • ကိုခိုင်ရေ
    အဲဒီရေတွေက ဘိုလိုတော့ကောပါး မြန်မာလိုတော့ ဒုတ္ထာဆိုတဲ့ ဓါတ်တစ်မျုးိပါဘို့များပါတယ်။
    ဒါကြောင့်အပြာရောင်သန်းနေတာပါ။
    အဲဒီမေမြို့ပါတ်ဝန်းကျင်တစ်ဝိုက်ကထုံးဓါတ်လဲများပါတယ်။
    ဒါကြောင့် လဲရေကပြာနေတယ်ထင်ပါရဲ့။
    နောက်တစ်ခါသွားရင်ရေခပ်ပြီးယူခဲ့မယ်နော်။

    • အံစာတုံး

      April 4, 2012 at 10:31 am

      သဂျီးပြောမှ သေချာပြန်ကြည့်မိတယ် ..
      တစ်ချို့ပုံထဲမှာ ရေက စိမ်းပြီး ..
      တစ်ချို့ပုံထဲမှာ ရေက ပြာနေတယ် ..
      လေးပေါက် … အဲဒါ ဒါ့ပုံကြောင့်လား ..
      ဂယ်လားဗျ …

      မတော် အဲဒီအောက်မှာ ရတနာသိုက်ကြီး ရှိနေမှဖြင့် …
      အင်း .. ကျုပ် ငဠုန်မောင်မောင် လည်း အဲဒီနေရာကို
      သွားပြီး လေ့လာကြည့်ဦးမှ …

      တကယ် ရတနာသိုက်ရှိခဲ့ရင်တော့ လေးပေါက်ကို မေ့ပါဘူး …
      အမှတ်ကို မရမှာ ကျိမ်းသေတယ် … 😀

  • ဖားသက်ပြင်း

    April 4, 2012 at 9:02 am

    ဒါဆို ..CuSO4 ကော့ပါးတူး ဆာလဖိတ် ပေါ့..
    အဲ့ဒါ ဆေးဘက်ဝင်တယ် ခည …
    အရေပြားမှာ ဖြစ်တဲ့ မှိုရောဂါ (ယားနာတစ်မျိုး)အတွက်
    အလွန်ကောင်းတယ် လို့ အဆိုရှိရဲ့…

    ဖန်ဆေးရည် အနေနဲ့ သုံး လေ့ရှိတယ် ဖတ်ဖူးတယ်….
    လူမကုဖူးပေမယ့် .. ငါးတော့ ကုဖူးတယ်…ဗျာ..
    ငါးတွေမှာ ဖြစ်လေ့ရှိတဲ့ white-spot ခေါ်တဲ့ မှိုရောဂါ တစ်မျိုးအတွက်
    သုံးဖူးတာပါ…

    ဒါပေမယ့် တခုလေး ..Copper ion တွေက ပြင်းတယ်ဗျ …
    အဲ့သည့်က ရေထဲမယ် ဘယ်လောက် ပျော်ဝင်နေတယ်
    ဘယ်လောက် ပြင်းတယ် မသိဘူးဆိုတော့ …
    အဲ့လို ရေဆင်းချိုးတာ အန ္တရာယ်မှ ကင်းရဲ့လား မဆိုနိုင်…
    ဆေးကုသတဲ့ဘက်မှာ သုံးတဲ့ CuSO4 က low concentration
    လည်းဖြစ်ပီး dosage နဲ့လည်း သွားတာဆိုတော့ ….

    ကော့ပါးရေ ပြင်းပြင်းများ သောက်မိလို့ကတော့ …အင်း ….
    E.Coli လောက်တော့ သေမပေါ့လေ. ..

    (အန်ကယ်ဒုံ ကိုစောင့်နေပါတယ်….)

    ဒက်ဂလောက် …ဒက်ဂလောက်…

    အားပေးသွားပါတယ်လေးပေါက်ရေ..
    မန်းလေးကနေ ဘာနဲ့ ဘယ်လောက်ကြာ သွားရတယ် ဆိုတာလေး
    သိချင်သားဗျာ …..(လာဖို့ ချိန်ချင်လို့ရယ်ပါ..)

  • Mon Kit

    April 4, 2012 at 9:43 am

    ပုံလေးတွေ ကြည့်ရင် စိတ်ချမ်းသာလိုက်တာရှင်…
    စိတ်ထဲ အေးချမ်းသွားတာဘဲ…….

  • မန်းလေးကနေ ရဲရွာအဝင်လမ်းထိ 16မိုင်
    ရဲရွာအဝင်မှ ရေတံခွန်နားအထိ 14မိုင်
    စုစုပေါင်းမိုင် သုံးဆယ်။
    ကားဖြင့်ဆိုပါက တစ်နာရီခန့်။
    ဆိုင်ကယ်ဖြင့်ဆိုပါက တစ်နာရိခွဲ။
    (လမ်းမနားလျှင်)
    တောင်တက် ခရီး ရေတံခွန်သို့ မိနစ် နှစ်ဆယ်။
    ဒီးဒုတ်ဂူသို့သွားမည်ဆိုင်လျှင်နောက်ထပ်မိနစ်နှစ်ဆယ်။
    ဂလိုဆိုလျှင်မှန်းလို့ရမည်ထင်ပါ၏။

    • weiwei

      April 4, 2012 at 9:55 am

      နောက်အပါတ်ထဲမှာ မန်းလေးကို ခဏရောက်ဖြစ်မယ် … ကျွန်မအဖေကို အဖော်စပ်ကြည့်လို့ သူစိတ်ဝင်စားမယ်ဆိုရင်တော့ ဒီးဒုတ်ကိုရောက်ချင်ရောက်သွားနိုင်ပါတယ် …

  • TTNU

    April 4, 2012 at 9:59 am

    ဒီလောက်ဝေးတဲ့ခရီးကို ပင်ပင်ပန်းပန်းသွား၊
    ဓာတ်ပုံကောင်းလေးတွေ ကြိုးကြိုးစားစားရိုက်။
    မောထှာမေထှာ အကြိမ်ကြမ်အော်။
    ဒီလိုလူကို မှ ဂဇက်ကကြယ်၄လုံးမပေးရင်….

    မန ္တလေးသားချင်း ပို့ပေးနေတာမဟုတ်ဘူးနော် :mrgreen:

  • bo bo

    April 4, 2012 at 2:14 pm

    တို့လဲတစ်ခေါက်လောက်သွားဦးမယ်ရောက်ဖူးတယ်ရှိအောင်လို့။

  • moe moe

    April 4, 2012 at 2:40 pm

    လေးပေါက်ရေ……….ရေတံခွန်ရဲ့အပေါ်က လှိုင်ဂူလေးရှိသေးတယ်လေ မရိုက်ခဲ့ဘူးလား?
    ရှေ့ဘက်ခြမ်းကလေ ၊လှိုင်ဂူထဲမှာ ဘုရားဆင်းတုတော်လေး တစ်ဆူရှိတယ်။အဲဒီလှိုင်ဂူကို ကျွန်တော်ဓါတ်ပုံ(၂)ခါသွားရိုက်တာ ပုံမပေါ်ဘူးဗျာ၊လေးပေါက်ရိုက်ခဲ့တယ်ဆိုရင် ပုံပေါ်လား လည်းသိချင်ပါတယ်။

  • Ma Ei

    April 4, 2012 at 4:02 pm

    ကျောက်တုံးတွေနဲ့ ခရီးကြမ်းကိုကြောက်လို့ ရောက်ဖြစ်မယ်မထင်တော့ပါ…
    ဓါတ်ပုံကြည့်ပြီးဘဲ စိတ်ရောက်လိုက်တော့မယ်…
    အပင်ပန်းခံပြီး သွားရိုက်ကြသူများကို ကျေးဇူးတင် အားပေးပါ၏…

  • လမ်းအသွားမှာတော့ တကယ်ပန်းပါတယ်။
    သို့သော် ရေပြာစမ်းရောက်တာနဲ့အမောတွေပျောက်ပါတယ်။

Leave a Reply