ဈေးတွေကျတော့မယ်

ShwemannmayJune 11, 20101min634

အာဆီယံနိုင်ငံ အချင်းချင်း တစ်နိုင်ငံမှ တစ်နိုင်ငံသို့ တင်သွင်းသော သတင်းပြန်ကြားရေးနှင့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ပစ္စည်းများ၏ အခွန်အား သုညရာခိုင်နှုန်း အထိ လျော့ချပြီးဖြစ်ကြောင်းနှင့် သို့သော် ယင်းတို့အနက် ဂျပန်၊ ကိုရီးယား၊ တရုတ်၊ အိန္ဒိယ စသော အာဆီယံပြင်ပနိုင်ငံများမှ တင်သွင်းသော ပစ္စည်းများ မပါဝင်ကြောင်း သိရှိရသည်။ ယင်းကဲ့သို့ ICT ပစ္စည်းများ ကို သွင်းကုန်ခွန် လျှော့ချပေးသည့် အစီအစဉ်မှာ E-Asean Framework Agreement အရ ဖြစ်လာခြင်းဖြစ် ပြီး ၂၀၀ဝ ပြည့်နှစ် နိုဝင်ဘာလတွင် လက်မှတ်ရေးထိုးခဲ့သော စတုတ္ထအကြိမ်မြောက် အာဆီယံအလွတ် သဘောအစည်းအဝေးမှ ဆင်းသက် လာခြင်းဖြစ်ကြောင်း သိရှိရသည်။

အဆိုပါ စာချုပ်အရ သတင်း ပြန်ကြားရေးနှင့် ဆက်သွယ်ရေး နည်းပညာဆိုင်ရာ ကုန်ပစ္စည်းများ (ICT Products) အပေါ် စည်းကြပ်သည့် အကောက်ခွန်နှုန်းကိုမူ မူလ အာဆီယံအဖွဲ့ဝင် ခြောက်နိုင်ငံက ၂၀၀၃၊ ၂၀၀၄၊ ၂၀၀၅ ခုနှစ်များ တွင်လည်းကောင်း၊ အဖွဲ့ဝင်သစ် လေးနိုင်ငံက ၂၀၀၈၊ ၂၀၀၉၊ ၂၀၁ဝ ခုနှစ်တို့တွင် လည်းကောင်း အဆင့် သုံးဆင့်ခွဲ၍ ဖယ်ရှားပေးရမည်ဖြစ်ကြောင်း သိရှိရသည်။ ”အခု ၂၀၁ဝ ပြည့်နှစ် ဇန်နဝါရီလကတည်းက အာဆီယံအဖွဲ့ဝင် ၁ဝ နိုင်ငံစလုံးက သတင်းပြန်ကြားရေးနဲ့ ဆက်သွယ်ရေးနည်းပညာဆိုင်ရာ ကုန်ပစ္စည်းတွေအပေါ်မှာ အကောက်ခွန်နှုန်းကို သုညရာခိုင်နှုန်း အထိ လျှော့ချထားပြီးပါပြီ။ HS 2007 Version အရဆိုရင်တော့ မြန်မာနိုင်ငံရဲ့ သတင်းပြန်ကြားရေး နည်းပညာဆိုင်ရာ ပစ္စည်းများ (ICT Products) အရေအတွက်မှာ အမျိုးပေါင်း ၃၀၅ မျိုးလောက်ရှိပါတယ်။ AFTA (Asean Free Trade Area) အစီအစဉ်အရ ဆိုရင် ပထမခြောက် နိုင်ငံက၂၀၁ဝပြည့်နှစ်မှာ ကုန်ပစ္စည်းတွေအပေါ် စည်းကြပ်တဲ့အကောက်ခွန် ကို သုညရာခိုင်နှုန်း လျှော့ရမှာပါ။ ဒါပေမယ့် E-Asean မူဘောင် စာချုပ်အရ အခု ကင်းလွတ်ခွင့်ပေးတဲ့ ICT ပစ္စည်းတွေကို ၂၀၁ဝ အထိ မစောင့်ဘဲ ၂၀၀၃၊ ၂၀၀၄၊ ၂၀၀၅ သုံးကြိမ်ခွဲပြီး လျှော့ချခဲ့တယ်။ အခု ကျန်တဲ့ လေးနိုင်ငံကလည်း ၂၀၁၅ ခုနှစ်အထိ မစောင့်တော့ဘဲ E-Asean မူဘောင် သဘောတူစာချုပ်အရ ၂၀၀၈၊ ၂၀၀၉၊ ၂၀၁ဝ မှာ သုံးကြိမ် ခွဲပြီး လျှော့ပေးတာပါ”ဟု အာဆီယံ ကုန်သွယ်ရေးဆိုင်ရာ ကျွမ်းကျင်သူ အငြိမ်းစား ညွှန်ကြားရေးမှူးချုပ် တစ်ဦးက ပြောပြခဲ့သည်။

သို့သော်ယင်းကဲ့သို့ အကောက်ခွန် ကင်းလွတ်ခွင့်ရရှိသည့် ပစ္စည်းများမှာ အာဆီယံနိုင်ငံများ၏ မူရင်း ထုတ်ကုန်ဖြစ်ရန် လိုအပ်ကြောင်း၊ သတ်မှတ်ထားသော ပင်ရင်းဒေသ စည်းမျဉ်းများ Rules of Origin (ROO) နှင့် ညီညွတ်ရန်လိုအပ်ကြောင်း သိရှိရသည်။

အလားတူပင် ယခုတစ်ပတ်အတွင်း အကောက်ခွန်သက်သာ ကင်းလွတ်ခွင့်ဆိုင်ရာ ပင်ရင်းဒေသ ထောက်ခံချက်လက်မှတ် ထုတ်ပေးမှုမှာ စုစုပေါင်းစောင်ရေ ၂၃၅ စောင် နှင့် တန်ဖိုး အမေရိကန်ဒေါ်လာ ၈၂၅၁၂၁၈ ဒသမ ၈၅ ဒေါ်လာ ရှိကြောင်း သိရှိရသည်။

eleven ကပါ။

4 comments

  • Shwemannmay

    June 11, 2010 at 5:21 am

    မေ့သွားလို ့အဲဒါ eleven journal ဆိုက်ကပါ။

  • ghost

    June 11, 2010 at 6:02 am

    အေး………….တို ့မြန်မာကတော့ country origin ထွက် တာလူဘဲရှိတယ် အဲဒါဘဲ ဈေးကျမယ်

  • wailynnoo

    June 11, 2010 at 8:58 am

    ဒါဆို computer တွေ ဈေးချိုချိုနဲ့သုံးရမှာပေါ့။

Leave a Reply