လှိုင်ထိပ်ခေါင်တင် ရဲ့ တေးထပ်

Mr. MarGaApril 2, 20121min834

တေးထပ်အကြောင်း မပြောခင် ကျွန်တော် ပေးထားတဲ့ tag ကို အရင် ရှင်းပါရစေ။

ဦးမာဃ စာတွေ ဖတ်ဖြစ်ပါတယ်။

တချို. စာတွေကျ ဖတ်ရုံတင်မဟုတ်ပဲ မှတ်ချင်လာတတ်တယ်။

အဲဒီလို စာမျိုးလေးတွေ ဒီထဲမှာ တင်ချင်လို့ ဒီ tag ကို ယူတာပါ။

ဦးမာဃ က သိပ်မဝင်ဖြစ်တော့ သူများတွေများ အဲဒီအဓိပ္ပါယ်ဆန်ဆန် ပေးပြီး တင်ထားလားတော့ မသိဘူးပေါ့။

တကယ်လို့ အဲဒီလို တင်ထားတဲ့ သူတွေ ရှိတယ်ဆိုရင်လဲ ဦးမာဃ က တောင်းပန်ပါတယ်ဗျာ။

အဲဒီ လူတွေ ဆီကနေလဲ ဒီနေရာ ကနေပဲ ခွင့်ပြုပါလို့ တောင်းဆိုပါတယ်။

ကဲ

တေးထပ် အကြောင်းလေး ဆက်ရအောင်ဗျာ

ဒီတေးထပ်ရဲ့ နာမည်ကိုတော့ ဦးမာဃ မသိပါဘူး(ဖတ်တဲ့ ဘုတ်အုပ်ထဲမှာ မပါဘူးလေ)

ဆရာ သော်တာဆွေ ရေးတဲ့ ကျွန်တော့်ဘဝဇာတ်ကြောင်း(၄) မှာ ဖတ်ရတာပ

သူ ကျောင်းဆရာလုပ်တုန်း ကဗျာစပ်နည်းသင်စဉ်က သုံးခဲ့တာလို့ ရေးထားပါတယ်။

ကဗျာက ကောင်းမကောင်းတော့ မသိဘူး သူသင်ပြီး မကြာမီမှာပဲ အဲဒီကျောင်းက ကျောင်းသူလေးသုံးယောက် လင်နောက်လိုက်သွားပါတယ်တဲ့။

အဲဒါနဲ့ နောက်တစ်ပုဒ်ကို ပြောင်းသင်ရတယ်ဆိုပဲ

အဲဒီကဗျာကတော့ အောက်ပါအတိုင်းပါပဲ

အပျိုဖော် ရွယ်မစေ့ခင်က

ငယ်ဓလေ့ ဂေါရီ

ဘယ်အလေ့ လောကီကို

ဇော မသီခင်က

စံပယ်ခက် နှစ်စုံပင်မှာ

မငုံခင်တုန်းက အစ၊

ပန်းဒွါရ ဆင့်စီငယ်

မပွင့်မီကာလ

ကျင့်ဝသီ စာဂနဲ

့ ခါ ပထမအရွယ်

ငယ်သွားတွေ ကြွေမလဲခင်က

မေအမြဲ ချစ်ဖို့ကြံရွယ်

ကလေးစိတ် ဓာတ်မပြယ်

ခပ်ငယ်ငယ် စာမတတ်ခင်က

ကညာနတ် တောင်းဆုပွေလီ

ကောင်းမှုစေတီ

စိတ်မှန်းနဲ့ မေကျောက်ချီသည်

သွေဖောက်ပြီ နိုင်ဘူးဖျာ့လေး။ ။

( သော်တာဆွေ ကျွန်တော့်ဘဝဇာတ်ကြောင်း(၄) စာပေလောကစာအုပ်တိုက် စာမျက်နှာ၁၂၈၇-၁၂၈၈)

ကဲ စာဖတ်သူတို့ရေ အဲဒီကဗျာကို ဖတ်ပြီးရင် သုံးသပ်ချက်လေးတွေ လုပ်ပါဦး

လှိုင်ထိပ်ခေါင်တင်ရဲ့ ကဗျာစွမ်းရည်ကတော့ အံ့မခန်း လို့ ပြောရမယ်ထင်တယ

မိန်းကလေးတွေရဲ့သဘာဝကို ကဗျာစာလုံး လှလှလေးတွေနဲ့ ယူသုံးသွားတာ သိမ်မွေ့လှပါတယ်။

အဲဒီတော့ ဦးမာဃလဲ အဲဒီကဗျာလေးကို ဘုတ်အုပ်ထဲ တို့လိုက်မိတယ်။

အခုတော့ ဘုတ်အုပ်ထဲကနေ ရွာထဲကို ပို့လိုက်ပြီဗျာ

ရွာထဲက အပျိုတွေတော့ ဘယ်လိုနေမယ်မသိဘူးနော်

 

လေးစားစွာဖြင့်

ဦးမာဃ (ခေတ္တ လူ့ပြည်)

4 comments

Leave a Reply