သူများတွေလို ဖူန်ခေါ်လာရင်သီချင်းသံလေးကြားရအောင်.
တစ်လ 2000 ပေးပြီး ဆတ်ဆတ်ဆော့ဆော့လုပ်မိပါတယ်
လုပ်ပြီး 10ရက်လောက်နေတော့ သီချင်းသံပျောက်သွားရော
ခုတော့ သီချင်းသံမကြားရတာ 1လ ကျော်ပြီ
သူတို့ကို4ခါလောက်အကြောင်းကြားတော့လဲ လုပ်ပေးပါမယ်တဲ့
စိတ်မရှည်တာနဲ့ မသုံးချင်တော့ဘူးဗျာ ပိတ်ပေးပါတော့ဆိုပြီးအကြောင်းကြားထားတာ
ခုတော့ မပိတ်တဲ့ အပြင် 2000ကျပ်တိတိ တီကတဲဖြတ်ချသွားပြန်ရော
သီချင်းသံလဲမထွက်ပဲနဲ့
စိတ်လေတယ်
ဒါနဲ့ ဖုန်းဆက်ပြောတော့လဲ ကြိုးစားပေးပါမယ်တဲ့..
ဆိုတော့ သူကကြိုးစားပေးမယ်သာပြောနေတာ မရရင် လစဉ် 2000ဖြတ်ခံနေရမှာလားဆိုတော့
သူတို့လဲမသိဘူးတဲ့. ဘာကြီးလဲဗျာ
နည်းပညာမနိုင်ရင်လဲ လုပ်မစားပါနဲ့
ဝန်ဆောင်မှု့မရပဲနဲ့ အလကားနေရင်း တစ်လ 2000 ဖြတ်နေမယ်ဆို ဟုတ်သေးဘူးထင်တယ်
ခုတော့ လုပ်မိတဲ့ ကျွန်တော့ အမှားပါ
မောင့်အပြစ်နဲ့မောင်သာရှိပါစေတော့
နောင်လာနောင်သားများ မမှားရအောင် အသိပေးပါ၏

About မုန်းအောင်ချစ်

Anaconda MMT has written 5 post in this Website..