ဖွတ်ကျား Myanmar My Ringtunes service

သူများတွေလို ဖူန်ခေါ်လာရင်သီချင်းသံလေးကြားရအောင်.
တစ်လ 2000 ပေးပြီး ဆတ်ဆတ်ဆော့ဆော့လုပ်မိပါတယ်
လုပ်ပြီး 10ရက်လောက်နေတော့ သီချင်းသံပျောက်သွားရော
ခုတော့ သီချင်းသံမကြားရတာ 1လ ကျော်ပြီ
သူတို့ကို4ခါလောက်အကြောင်းကြားတော့လဲ လုပ်ပေးပါမယ်တဲ့
စိတ်မရှည်တာနဲ့ မသုံးချင်တော့ဘူးဗျာ ပိတ်ပေးပါတော့ဆိုပြီးအကြောင်းကြားထားတာ
ခုတော့ မပိတ်တဲ့ အပြင် 2000ကျပ်တိတိ တီကတဲဖြတ်ချသွားပြန်ရော
သီချင်းသံလဲမထွက်ပဲနဲ့
စိတ်လေတယ်
ဒါနဲ့ ဖုန်းဆက်ပြောတော့လဲ ကြိုးစားပေးပါမယ်တဲ့..
ဆိုတော့ သူကကြိုးစားပေးမယ်သာပြောနေတာ မရရင် လစဉ် 2000ဖြတ်ခံနေရမှာလားဆိုတော့
သူတို့လဲမသိဘူးတဲ့. ဘာကြီးလဲဗျာ
နည်းပညာမနိုင်ရင်လဲ လုပ်မစားပါနဲ့
ဝန်ဆောင်မှု့မရပဲနဲ့ အလကားနေရင်း တစ်လ 2000 ဖြတ်နေမယ်ဆို ဟုတ်သေးဘူးထင်တယ်
ခုတော့ လုပ်မိတဲ့ ကျွန်တော့ အမှားပါ
မောင့်အပြစ်နဲ့မောင်သာရှိပါစေတော့
နောင်လာနောင်သားများ မမှားရအောင် အသိပေးပါ၏

14 comments

  • ဗိုက်ကလေး

    April 2, 2012 at 5:35 pm

    မှောင့်အပြစ်နဲ ့ မှောင်သာ ရှိပါစေတော့လေကွယ် 😀
    ဟုတ်ဘူးဗျ အဲတာ မှောင်ကိုယ်တိုင်မှားတာ
    ကိုယ်လဲကြားရတာဟုတ်ပဲနဲ ့..အထွန် ့တက်ပြီးလုပ်တာလေ

  • kaung kin pyar

    April 2, 2012 at 5:39 pm

    ဟီး..ဟီး…။ ဒါတော့ မှောင့်ကိုအားနာနာနဲ့ပဲ ကိုဗိုက်ကလေးကို ထောက်ခံလိုက်ပါတယ်…။ ဟုတ်တယ်လေ…။ ဟိုဘက်လူသာသာယာယာရှိအောင်ပဲ ကိုယ်က ၂၀၀ဝ ကုန်ရတယ်။ ကိုယ်ကြားရတယ်ဆို တစ်မျိုးပေါ့…။ ဒါမျိုးတော့ လုပ်ဖို့ အစကတည်းက အစီအစဉ်မရှိပေါင်! 😀

  • Anaconda MMT

    April 2, 2012 at 5:46 pm

    မှားတဲ့ အခါလဲ မှားပေမပေါ့ဗျာ…

  • အိမ်လွမ်းသူ

    April 2, 2012 at 8:22 pm

    ကျွန်တော်က တော့ ခေါ်တဲ့လူကို အဲဒီလို သီချင်းသံအေးအေး လေးနဲ့ ဖျော်ဖြေတာ ကောင်းတယ် လို့ထင်တယ်။ ဘာဖြစ်လိုလဲ ဆိုတော့ လူကြီးဒေါသ ထွက်ပြီး ကိုယ့်ကိုဆူ မလို့ခေါ်ရင် သီးချင်းသံလေးကြားရင် နဲနဲတော့ ဒေါသပြေသွားမယ်ထင်တယ်၊ အကြံကြီးတယ် ဟိဟိ………………..

    • Thel Nu Aye

      April 2, 2012 at 9:08 pm

      အောင်မယ်လေး ဆူဆူညံညံသီချင်းသံထည့်ထားရင် သူမကိုင်မချင်းနားကိုအူနေတာပဲ။

      • ဆူး

        April 3, 2012 at 9:52 am

        အဲဒါ အမှန်ပဲ.. သူငယ်ချင်းဆီ ဖုန်းခေါ်လိုက်ရင် သီချင်းသံ ကြားရတာ နားကို ငြီးနေတာပဲ.. သူ့ဆီ ဆက်တိုင်း အဲဒီ အဆင့်ကို ကျော်ဖြတ်ရတာ တော်တော် အသည်းယားတယ်။ သီချင်း ပြောင်းပါ ပြောလည်းမပြောင်းဘူး။ အမြင်ကတ်လို့ သူ့ဖုန်းကို မခေါ်ဘူး အိမ်ဖုန်းခေါ်ပြီး မှာစရာ ရှိတာ မှာထားတယ် အဲလိုပဲ လုပ်တယ်။

  • ဖားသက်ပြင်း

    April 3, 2012 at 7:09 am

    ဖွ ဗျို့ ဖွ …. ၁၀၀%ထောက်ခံအားပေးနေတယ်…
    ဘာမှ မောင့် အပြစ်မဟုတ်ဝူး….
    😀
    ဟေ့ … ကတ်စတန်မာ ဆိုတာ ဘုရားကွ…အရှင်သခင်ကွ…

    အိုက်ဒလို ပိုက်ပိုက် ယူပီး ဝန်ဆောင်မှု ၆တလွဲလုပ်တဲ့ကောင်ဒွေ……
    သေမှ အေးမယ်….
    မသေရင်တောင် … လုပ်စားမရလောက်အောင် နာမည်ပျက် …
    ဖင်က အမြီးပေါက်သလိုကို ၆ရှက်ကွဲမှ အေးမယ်…….
    ချဉ်ပါတယ်အေ…
    ၆၃မကျတဲ့ ဘစ်ဇနက်မော်ဒယ်ချပြပြီး လုပ်စားတဲ့ကောင်တွေ …

  • char too lan

    April 3, 2012 at 9:22 am

    ရှိသေးတယ် မြန်မာမှာဒါမျိုးတွေအများကြီး နည်းပညာအကြောင်းပြစားနေတဲ့ တစ်နှပ်စားစောက်ကျိုးနဲပညာရှင်တွေလေ ….
    ရွှေဂုံတိုင်က နာမည်ကြီး Laptop Service တစ်ခုမှာ ကျနော့် hp လေးဝင်းဒိုးမတက်တော့လို့သွားပြမိပါတယ်
    မားသားဘောက်စ့်လဲရမယ် U$ 350 ကျမယ်တဲ့ ဟုတ်ကဲ့ ကျနော်အဲ့လောက်ပိုက်ဆံမရှိသေးတာနဲ့
    နောက်မှပဲ ပြန်လာပြင်လိုက်ပါ့မယ်လို့ ပြောတော့ ဘောင်ချာတစ်ရွက်ထုတ်ပေးတယ်
    Service Charges ၅၀၀ဝ ကျပ်တဲ့ … သွားပြတဲ့အတိုင်းဘာမှမထူးပဲ ပြန်ပေးလိုက်တာကို
    Service Charges ၅၀၀ဝ ယူရလောက်အောင် ငတ်နေပီလားမသိပါဘူးဗျာ…….

    • ဖားသက်ပြင်း

      April 3, 2012 at 9:47 am

      အဲ့ဒါတော့ နည်းနည်းလွဲနေတယ် ကို ချစ်ရင်ထူးရေ…
      အနည်းဆုံး သူက ခင်ဗျား လက်ပကျွတ် ဘာဖြစ်တယ်ဆိုတဲ့
      ရောဂါ အရင်းအမြစ်ကို ရှာဖွေးပေးတယ်လေဗျာ…
      ကုတာ မကုတာ ခင်ဗျားအပိုင်း လေ…

      သည်လိုမျိုး ဘယ်မှာ ဘာပျက်လို့ ဘာလုပ်ရမယ်ဆိုတဲ့
      ရောဂါရှာဖွေစမ်းသပ်မှုအတွက် ထိုက်သင့်တဲ့ အခကြေးငွေ
      ပေးရတာကိုတော့ အပြစ်မမြင်သင့်ဘူးဗျာ…
      ပရို တယောက်အနေနဲ့ …သင်ယူခဲ့ရတဲ့ ပညာတွေ
      သုံးရတဲ့ ပစ္စည်းတွေနဲ့ ..ကြာခဲ့တဲ့အချိန်တွေ အတွက်ပါ…

      ခင်တဲ့
      ဂီ

      • Thel Nu Aye

        April 3, 2012 at 6:09 pm

        ချာတူးလန်ပါဟ မောင်ဂီရဲ့။ သများတောင်မျက်စိလည်သွားလို့ အပေါ်အောက် ၃ ခါလောက်ဆင်းကြည့်လိုက်ရတယ်။

  • Anaconda MMT

    April 3, 2012 at 10:11 am

    ခုကိတ်စက သူတို့ဖက်က ချွတ်ယွင်းနေတယ်ဆိုရင်တောင်မှ
    ကာစတန်မာကို လေးစားတဲ့ အနေနဲ့သူတို့တင်ထားတဲ့ websit မှာ
    ဖြေရှင်းချက်လေးရေးတင်ထားသင့်တယ်လို့ထင်ပါတယ်
    ဘာလို့လဲဆို.အဲ့လိုဖြစ်နေတာ ကျွန်တော်တစ်ယောက်ထဲ မှမဟုတ်တာလေ

  • Onyx

    April 3, 2012 at 10:58 am

    အမလေး ဗျာ မောင်တို့က ဒီက Service တွေကိုများ ရုံလို့ နေ ။ ကွန်နက်ရှင်ကိစ္စ ၊ ဖုန်းကိစ္စ ။ တွေဒီလောက် ခံလာတာ အမှတ်သေးဘူးကိုး ။ အဲလိုပဲ ဘာလုပ်ပေးမယ်ဘယ်လို ဝင်ဆောင်မှုပေးမယ် နဲ့ လေဝန်ဆောင်မှု တွေ့ပဲ များနေတာကို အင်း ဒီလိုဆိုရင်တော့ စားဗစ် မဟုတ်ပဲ စားပစ် ဖြစ်နေတာပေါ့နော် ။

  • Shwe Tike Soe

    April 3, 2012 at 11:11 am

    မြန်မာ ရိမ်းကျူး ဆားဗစ်မမှားဘူး သုံးမိတဲ့ကျွန်တော်တို.မှားတာ… မသိဘူးလို.ပြောနေတာကို သုံးဖြစ်အောင်သုံးမိတဲ့ ကျွန်တော်တို. အားလုံးမှားနေကြတာပါဗျာ..
    ကဲအေးရော..

  • နွေဦး

    April 3, 2012 at 2:54 pm

    ရိုင်းတယ်ဆို ခွင့်လွတ်ပါဗျာ..
    ဗမာစကား ရှိပါတယ်..
    ရေအဆုံး ကုန်းတဝက်တဲ့..
    အခုတော့ခေတ်ပြောင်းသွားပြီ..
    ရေအဆုံး ကုန်း တဆုံးတဲ့..
    ခင်ဗျားတို့က ယုံပြီး သွားကုန်းတာကိုး..
    အခုတော့ တဆုံး…ပေါ့..

Leave a Reply