ရွေးကောက်ပွဲရလဒ် လှောင်ပြောင်ချက်လေးပါ……..။

Kaung Kin PyarApril 2, 20121min21827

Forward Mail တစ်ခုက ရတာပါ…..။ ရွာသူားများ ကြည့်ရအောင် ပြန်မျှလိုက်ပါတယ်…။ ဒီလို လုပ်သင့်မလုပ်သင့်ကတော့ ရွာသူားများပဲ ဆုံးဖြတ်ပေးကြပါတော့…။

 

 

 

 

27 comments

  • thuyaungmel

    April 2, 2012 at 5:28 pm

    ငယ်ငယ်တုန်းကလို ကစားလို့ နိုင်တာကျနေတာပဲ…. ကလေးအထာတွေ

  • ဗိုက်ကလေး

    April 2, 2012 at 5:31 pm

    တစ်ကယ်သနားလို ့နေမပေါ့ 😀
    စကားမစပ်…အဲလောက်ပေါ်တင်ကြီးတော့မကောင်းဘူးဗျ
    မကောင်းဘူးဆိုတာ သနားလို ့တော့မဟုတ်ပါဘူး..တော်ကြာ..အကျင့်ယုတ်ပြီးလာကိုက်နေမှာ စိုးမိတာပါ

  • kaung kin pyar

    April 2, 2012 at 5:32 pm

    ဟုတ်တယ်နော်….။ အမေစုကိုယ်တိုင် သိက္ခာရှိရှိ ယှဉ်ပြိုင်ဖို့၊ ရှုံးသွားတဲ့အဖွဲ့ကိုမလှောင်ဖို့ စာတောင်ထုတ်ခဲ့သေးတာပဲကို…။

  • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

    April 2, 2012 at 6:38 pm

    တက်ထောင်တဲ့ဘော်လီဘောဆိုရင်တစ်ဖက်ကပြန်ရိုက်ချတတ်သမို့ စိုးရိမ်မိသား…..
    အမေစုအမေစု..အမေစုကိုချစ်တယ်နဲ့ပါးစပ်ကတဖွဖွ…… ချစ်ရင်အမေစုစကားနားထောင်ကြပါလား….
    အင်တာနက်ပေါ်ပြန့်မှတော့လူမြင်ကပ်ပြီပေါ့…….. မတော်လို့ဟိုက…. စော်ကားပါတယ်လေးဘာလေးလုပ်
    လာရင်…… တမှုရှင်းရဖို့ထပ်တိုးဦးမယ်…… တော်တော်ပညာနဲတဲ့လူတွေ…..
    အမေ့စကားကိုနားမထောင်ကြတဲ့လူတွေ….. ဒါနဲ့များဘယ်လိုနောက်လိုက်ကောင်းပီသအောင်လုပ်ကြမှာပါ
    လိမ့်….လက်နဲ့ရေးခြေနဲ့ဖျက်တော့ဖြစ်ကုန်တော့မှာပဲ…… လူရိုသေတံစေမယ့်အဖြစ်မျိုးမလုပ်မိအောင်သတိ
    ထားကြပါ….. သူတို့ထထောင်တာအရေးမကြီးဘူး….. အမေ့သိက္ခာကိုချမယ့်အဖြစ်မျိုးဖြစ်နေပြီဒီလူတွေတော့…..
    ထုံးသုတ်တဲ့လက်ဖြတ်မယ့်အမိန့်ထုတ်ပြီးမှ…ကိုယ်တိုင်နန်းတော်နံရံကိုထုံးသုတ်မိလို့လက်ဖြတ်ရတဲ့အဖြစ်ကို
    လိုကြသလားဟေ့….. အမေကပန်ကြားလွှာထုတ်ထားတာနားမလည်ဘူးလား…….

  • Foreign Resident

    April 2, 2012 at 7:39 pm

    NLD က အကုန်လောက်နီးနီး နိုင်လု့ိ သိပ်ပျော်နေကြတယ်ပေါ့လေ ။
    အဘတော့ မပျော်ဘူး ။ ၆ဝ % လောက်ပဲ နိုင်စေချင်တာ ။

    အခုအချိန်မှာ ကြံဖွံ့တွေ ၂၀၁၅ အတွက် ဘာတွေကိုတွေးနေမယ်ထင်တုန်း ။
    ဒီအရှိန် အတိုင်း ဆက်သွားရင် ၂၀၁၅ မှာ ၉၅ % ရှုံးမယ် ဆိုတာ သူတို့ သိသွားပြီ ။

    အခု သူတို့ရှုံးတဲ့ ၄၄ နေရာလုံးက သူတို့ရဲ့ တကယ့် အမာခံနေရာတွေ ။
    အမာခံ နေရာတွေ မို့လို့ သူတို့ရဲ့ ဒိတ်ဒိတ်ကြဲ သမ္မတ ဝန်ကြီးတွေ ဝင်အရွေးခံခဲ့တာ ။
    အဲဒီ တကဲ့ အမာခံ နေရာတွေ မှာပါ ပက်ပက်စက်စက် ရှုံးခဲ့တော့ ၊
    ၂၀၁၅ မှာ သူတို့ လုံးဝ မျှော်လင့်ချက် မရှိတော့ဘူး ဆိုတာ သိသွားပြီ ။

    ကြံဖွံ့ အမတ်တွေ အကုန်လုံး ၂၀၁၅ မှာ
    အေးအေးဆေးဆေး လေးထွက်သွာကြမယ် ထင်လို့လား ။
    ခွေး တောင် ချောင်ပိတ်ရိုက်ရင် ပြန်ကိုက်သေးတာပဲ ။

    သူတို့ ဘာလုပ်ကြမယ်ထင်သလဲ ။
    ၁။ ဒေါ်စု ကို ရှင်းထုတ် မလား ။
    ၂။ စစ်တပ် အာဏာ သိမ်းမလား ။
    ၃။ သူတို့ အေးအေးဆေးဆေး လေး အရှုံးပေး ထွက်သွာကြမလား ။

    မတုံးကြပါနှင့် ရွာသူားတို့ ။ ဆင်ဆင်ခြင်ခြင် နေကြပါကွယ့် ။
    အန္တရာယ် အငွေ့အသက်လေးများ မရမိကြဘူးလား ။

    သူများ သွားသနားနေသေးတယ် ။
    ကိုယ့်အလှည့်ကြမှ လုံးတီး နှင့် ခြေကျင်း နှင့် ဖြစ်နေမယ် ။

    • Thel Nu Aye

      April 2, 2012 at 7:48 pm

      “အန္တရာယ် အငွေ့အသက်လေးများ မရမိကြဘူးလား ။”
      မရပါဘူး။ နိုင်ငံတကာနဲ့ထဲထဲဝင်ဝင်ဖြစ်လာလို့ မကြောက်တော့ဘူး။ ဖြစ်လာရင် အားကိုးစရာတွေရှိပြီ။ အရင်ကလိုတရုတ်ကြီးပဲအားကိုးစရာရှိတာမှမဟုတ်တာ။ အဘနော်။ သများတို့ပျော်နေတယ်။

      • Foreign Resident

        April 2, 2012 at 8:16 pm

        အင်း ကောင်းတယ် ပျော်ကြ မပြောတော့ဘူး ။
        မထူးပါဘူး ။ အဘ လည်း လိုက်ပျော်လိုက်တော့မယ် ။
        ဘာမှ မတွေးတော့ဘူး ။ 😛

        • thet pying phyo

          April 3, 2012 at 10:53 am

          Aba, it’s the best way!

        • အံစာတုံး

          April 3, 2012 at 11:56 am

          အဘဖော် ပြောသလိုဆို ..
          ၂၀၁၅ ကျရင် နောက်ကျတဲ့ ခြေထောက် သစ္စာဖောက် ဖြစ်မယ့် ကိန်းပဲ …
          အင်း .. လွယ်ဘူးရယ် …
          ခုတည်းက ကြိုတင် ကြံဆထားမှ တော်ကာကျမယ်ထင့်ပါ့ … 🙄

    • ဦးဦးပါလေရာ

      April 2, 2012 at 7:57 pm

      အဲဒါကိုပဲ ကျုပ်ပြောပြောနေတာပေါ့ ကိုဖေါရယ်။
      ကြံ့ဖွံ့ဆိုတာ လူတယောက်ထဲမဟုတ်ဘူး…
      အဲဒီထဲမှာ လူအမျိုးမျိုး သမိုင်းအမျိုးမျိုး သဘောထားအမျိုးမျိုးရှိကြတယ်။
      ပြီးတော့ ဘာပဲဖြစ်ဖြစ် သူတို့က လက်ရှိနော…

      • မိုင်ဆွန်ခ မင်္ဂလာတရာ;အော...........

        April 2, 2012 at 8:22 pm

        အဲဒါအဲဒါပဲနော်….. ဒို့သမ္မတကြီးကလည်း ဘယ်ကလာတာမို့တုန်းနော့လေ…..
        စဉ်းစဥ်းစားစားမလုပ်ကျတာကိုပြောပါတယ်…….

    • thet pying phyo

      April 3, 2012 at 9:34 am

      Aba, do you know, don’t you? Later they will join together with Amay Su. But we need to watch what things changed. I expect all will be almost good in the nearer future.

  • water-melon

    April 2, 2012 at 7:53 pm

    အမလေး ပျော်တာတောင် အေးအေးဆေးဆေးပျော်ရဘူးပေါ့
    အပျော်လွန်တော့ အပျက်ဖြစ်ကုန်ပြီ
    ဘာဘဲဖြစ်ဖြစ် ဝမ်းသာတယ်ဗျာ

  • ဦးဦးပါလေရာ

    April 2, 2012 at 7:59 pm

    ဒီပုံထဲကလှောင်ပြောင်မှု့ကိုတော့ သဘောမကျပါဘူး။
    ဒေါ်စုလဲ လုံးဝသဘောကျမှာမဟုတ်ဘူးလို့ ပြောရဲတယ်။

  • ချစ်ရင်ထူးနှစ်

    April 2, 2012 at 8:10 pm

    သိပ်မှန်ပါတယ်ဗျာ .. ထောက်ခံပါတယ် ဦးဦး Par Lay Yar .

  • TTNU

    April 2, 2012 at 8:56 pm

    ဒါကြောင့် နိုင်တတ်ဖို့ လိုတယ်လို့ ဒေါ်စု ကြိုမှာထားတာပေါ့နော်။
    ပျော်တာကိုလက်ခံပေမဲ့ ဒီလို ပုံစံမျိုးနဲ့ နှိမ့်မပြစ်သင့်ဘူးထင်ပါတယ်။
    ဟိုဘက်က ရောယောင်တွေ လုပ်လာကြရင် ကိုယ်တွေလို့ ထင်စရာဖြစ်လာနှိုင်ပါရဲ ့။

  • Swal Taw Ywet

    April 2, 2012 at 9:32 pm

    Dear Kaung Kin Pyar,
    Could you please request to delete this post ( To admin )?
    Most of us would like to follow our beloved leader Daw Aung San Suu Kyi’s request.
    In the military, The commander’s request is the ORDER.
    The order mean we MUST follow.
    Yes, we don’t like that photo.
    But showing that photo on MG also mean distribute to all readers of MG.
    Actually, Uncle FR already high light this one ( Without detail Photo ) in his comments.
    Please….

    Let’s try our best for our mother land.

    With respect,
    Swal Taw Ywet.

    • kaung kin pyar

      April 3, 2012 at 10:26 am

      Dear Swal Taw Ywet,
      I just want to inform all. That is a real things. That is a true. Not appalling evil spirit . Not the thing which is loathsome or detestable and queasy. 😀

      • Swal Taw Ywet

        April 3, 2012 at 11:04 pm

        ကောင်းကင်ပြာခင်ဗျား……
        “အဲဒီလိုလုပ်သင့်၊ မလုပ်သင့်ကတော့ ရွာသူရွာသားများပဲ ဆုံးဖြတ်ပေးကြပါတော့” ဆိုလို့ အကြံပြုလိုက်မိတာပါ။
        ကို Mလုလင် မန့်ထားခဲ့သလို “ လောဘတွေနဲနဲလျှော့ဖို့ ” ကျနော် မေ့သွားခဲ့လို့ပါခင်ဗျ။
        ဒီပို့စ်ကို ပြန်လည်ဖျက်သိမ်း ( Delete ) လုပ်ပေးစေလိုခြင်းရဲ့ အကြောင်းရင်းက

        ၁။ အဘ FR လို ကျနော်တို့ထက် ပိုပြီး အတွေ့အကြုံများ၊ အမြင်ကျယ်သူကိုယ်တိုင် ပါးပါးလေးဘဲထိပြီး သတိပေးထားခဲ့တဲ့ကိစ္စတစ်ခုမို့လို့ပါ။
        ၂။ ကျနော်တို့ ကောင်းကင်ပြာတို့ လေးစားချစ်ခင်ရတဲ့ အမေစုကိုယ်တိုင် ပန်ကြားလွှာထုတ်ပြီး သတိပေးနေရတဲ့ ကိစ္စမို့လို့ပါ။
        ၃။ သူကြီးကိုယ်တိုင် Sticky လုပ်ပေးထားတဲ့ “ ဒေါ်အောင်ဆန်းစုကြည် ရဲ့ပန်ကြားချက်” ကိုအပြည့်အဝ လိုက်နာစေချင်လို့ပါခင်ဗျ။

        အခု ဒီ comments တွေထဲမှာလည်း “ မရေးသင့်ဘူး ” လို့ဘဲ ဖေါ်ပြညွှန်းဆိုနေပါတယ်။
        ဦးဦးပါလေရာက “ အမေစုကိုယ်တိုင် သဘောကျမှာမဟုတ်ဘူးလို့ ပြောရဲတယ် ” တဲ့

        အမေစုကိုယ်တိုင် သဘောမကျနိုင်လို့ ပန်ကြားချက် ထုတ်ပြန် မေတ္တာရပ်ခံထားတဲ့ကိစ္စ တစ်ခုကို အမေစုကို ချစ်တယ် ဆိုတဲ့ကျနော်တို့ ဆက်လုပ်သင့်ပါသလား?

        ရေးတဲ့သူကရေးလို့ ရိုက်တဲ့သူက ရိုက်ပြီး Facebook, Forward mail တွေနဲ့ ဖွခဲ့တဲ့ကိစ္စတစ်ခုဟာ
        အခု MG စာမျက်နှာမှာပါ ရောက်လာခဲ့လို့ပါခင်ဗျာ။

        “ဟိုမှာ မီးလောင်နေတယ်၊ မယုံဘူးလား၊ ငါကိုယ်တိုင်လောင်နေပြီ၊ မင်းဆီကိုပါဆက်ကူးယူသွားဦး၊ ရော့…..” ဆိုသလို မဖြစ်သင့်တဲ့ အရာတစ်ခုက်ို မဖြစ်ဖြစ်အောင် လက်ဆင့်ကမ်း အားပေးအားမြှောက် ပြုသလို မီးလောင်ရာ လေပင့် ဖြစ်မနေဘူးလားခင်ဗျ ။

        ကျနော်တို့ကိုယ်တိုင် အပြင်မှာ အဲဒီ့ဆိုင်းဘုတ်ကို တွေ့ရရင် တွေ့တာနဲ့ တပြိုင်နက် အဲဒီ့အောက်က စာသားကို ချက်ချင်း ဖျက်ခိုင်းလိုက်သင့်တာ မဟုတ်ပါလား?

        ကောင်းကင်ပြာခင်ဗျား……
        သူကြီးအားပေးသလို မတူတဲ့အမြင်နဲ့ ကြည့်ပြပါရစေ။
        အဲဒီ့ဆိုင်းဘုတ်မှာရေးထားတဲ့ “ သနားတယ်ဟေ့ ” ဆိုတဲ့ စကားလုံးကြောင့်
        NLD မှာ ဘယ်လောက် နစ်နာသွားနိုင်ပါသလဲ?
        NLD ကို မဲထည့်ပေးခဲ့ကြတဲ့ ပြည်သူလူထုမှာ ဘယ်လောက် နစ်နာသွားပါသလဲ?
        “ရင့်ကျက်မှုမရှိဘူး” ၊ “လူကြီးလူကောင်းမဆန်ဘူး” လို့ သတ်မှတ်ယူဆလိုက်နိုင်တယ် ဟုတ်?
        အဲဒီ့ဆိုင်းဘုတ်ဟာ တကယ်ရော NLD ကရေးတာဟုတ်ရဲ့လားဗျာ။
        မြန်မာနိုင်ငံအဝှမ်း လွယ်လင့်တကူ ဝယ်လို့ရနေတဲ့ အလံလေးတစ်ခုကိုသုံးပြီး ထိုးနှက်လိုက်တဲ့ ပြိုင်ဘက်အုပ်စုရဲ့ ထောင်ချောက်ရော မဖြစ်နိုင်ဘူးလား?
        (ဓါတ်ပုံရိုက်ယုံလေး ၊ အချိန်မိနစ်ပိုင်းလေးပဲ လိုအပ်တာနော။ လွယ်လေးရယ်)
        ဟုတ်ကဲ့ ဒီမိုဝေယံက ရတယ်ဆိုတာ လက်ခံနိုင်ပါတယ်။ ဒီမိုဝေယံဆီကို ရောက်အောင်ပို့ပေးလိုက်တဲ့လူကို မယုံကြည်ချင်တာပါခင်ဗျ။

        ပုံစံတူကိစ္စရပ်… ပြီးခဲ့တဲ့လ မေးခွန်း ၂၁ ချက် အဖြေကို ပြန်ပို့ပေးနိုင်တယ်ဆိုတဲ့ G-mail address ၂ ခုစလုံးလဲ “ဒီမို” တွေပါပဲခင်ဗျာ။

        ငါးမင်းဆွေ စာရွက်တွေ ဖြန့်တဲ့ ကိစ္စတုန်းက အဲဒီ့ ဖြန့်တဲ့ စာရွက်ကို MG ပေါ်မှာ တင်ပေးသင့် မသင့် ဘယ်လို အကြံပြုခဲ့ကြပါသလဲ?

        လုပ်သင့် မလုပ်သင့် ကောင်းကင်ပြာရဲ့ ဆုံးဖြတ်ချက်ကိုလည်း သိချင်သား။
        ကျနော့်အမြင်တော့ “မလုပ်သင့်ပါဘူး” ဖြစ်နေလို့ လုပ်ပြထားတဲ့ ဒီပို့စ်လေးကို MG ရဲ့စာမျက်နှာကနေ ပယ်ဖျက်ပေးဖို့ တင်ပြကြည့်တာပါခင်ဗျ။

        တစ်လက်စထဲ ဆင်တူရိုးမှား တစ်ခု အသိပေးပါရစေ။
        ရဲရင့်ငယ်ဆိုဒ်မှာ တစ်နှစ်လုံးမှာ တစ်ရက်ထဲသာ ဖွင့်သော….ပြတိုက်ဆိုပြီး သတင်းမှားကြီးနဲ့ ဖွထားပြန်ပါပြီ။

        သောင်းဝေဦးကတော့ သူ့စာအုပ်တိုင်းလိုလိုမှာ
        “ DON’T DANCE WITH THE ENEMY’S TUNE. ” လို့သတိပေးထားလေရဲ့—-

        With respect,
        Swal Taw Ywet.

  • htoosan

    April 2, 2012 at 9:32 pm

    ဘယ်သူလို့ ပြောမထားပေမဲ့ ကြံ့ဖွတ်ရုံးကို ခဲနဲ့ပေါက် ရေသန့်ဗူးနဲ့ ပြစ်ပါတယ်ဆိုပြီး အသံထွက်လာတယ်…
    Voice weekly face book မှာ ဖော်ပြထားသည်..

  • zaw min

    April 2, 2012 at 10:12 pm

    စစ်ကိုင်း၊မင်းလမ်း ရပ်ကွက်ကပါ၊ ဒီပုံကို ဒီမိုဝေယံ သို့ပေးပို့လာတဲ့ပုံပါ၊။
    လူတိုင်းကိုယ်စီကိုယ်စီခံစားချက်လေးတွေတော့ရှိကြပါတယ်၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ မိန့်ခွန်းလေးကိုသတိရမိပါတယ်၊ ဗမာတွေ ပန်းတိုင်မရောက်ခင် တက်မထောင်ချင်ကြတယ်။
    သတိလေးတော့ပေးချင်ပါတယ်…ပြဿနာကို ကိုယ့်ဘက်က အစဆွဲမပြစေချင်ပါ။
    မိမိဆန္ဒအနေနဲ့တော့ အောက်ကဖေါ်ပြထားတဲ့ သနားတယ်ဟေ့ ဆိုတာရေးပြစရာမလိုပါဘူး။အဖြေကို စာလုံးအကြီးကြီးရေးပြယုံနဲ့ လူတိုင်းရင်ထဲက ပီတိဖြစ်မှာ အမှန်ပါပဲ။
    ကျနော်တို့ရဲ့ ခရီးဆုံးပန်းတိုင်ရောက်ဖို့ ယခုလိုပဲ ညီညီညွတ်ညွတ်၊စည်းစည်းလုံးလုံးနဲ့ တစ်ဦးကိုတစ်ဦးဖေးမ ကူညီရင်း စစ်မှန်တဲ့ ဒီမီုကရေ စနစ်တစ်ခုဖြစ်ပေါ်လာအောင် ဝိုင်းဝန်းကူညီပေးကြစေချင်ပါတယ်။

  • ကြောင်ကြီး

    April 3, 2012 at 8:43 am

    ကွယ်…..ခက်ကရောဘဲ…အန်အယ်လ်ဒီထောက်ခံသူတိုင်းက သူတော်စင်တွေလို နေရမှာလား…။ နှစ်ပေါင်းများစွာ ခါးသီးမှုတွေနဲ့ ကြုံတွေ့ထားရသူတွေ… ခံစားချက်နဲ့ လူထဲကလူတွေပဲ… ဘဝမှာ လူညွှန့်တုံးအောင် အလုပ်ခံခဲ့ရဖူးသူ၊ အရှက်တကွဲ အကျိုးနဲ သိက္ခာကျအောင် အစော်ကားခံရဖူးသူ ကာယကံရှင်အချို့က စိတ်လွတ်ကိုယ်လွတ် အခွင့်ရတုန်း ဒီလောက်တော့ ဖြစ်မိမှာပေါ့။ မြို့လုံးကျွတ် လူစုလူဝေး အတိုင်းအတာနဲ့ အလွန်အကျွံ မဖြစ်ရင်တော်ရောပေါ့။ နေရာတိုင်း စည်းကမ်းတကျ ပိပြားသေဝပ်နေရအောင် အထက်ကနေအောက်ကိုချပေးတဲ့ အုပ်ချုပ်ရေးစနစ် အောင်ပွဲခံနေချိန်မှ မဟုတ်တာ…။ အရာရာတိုင်းမှာ အပေါင်းအနှုတ် သွေဖီချက်တွေ ရှိမှာပဲ။။ ခင်ဗျားတို့ စာအုပ်ထဲက စာတွေရွတ်ပြီး သောက်ဖြစ်လာသဲ ပြမနေနဲ့.. ကိုယ်မခံရဘူးတိုင်း အလကား ဘောကြီးဂျင်ဟန်ဆောင်ပြနေတဲ့သူတွေ…. 😡

  • Onyx

    April 3, 2012 at 10:10 am

    အင်း လုပ်လဲ လုပ်ချင်စရာပဲကိုးဗျ ။ ဒင်းတို့တုန်းက ပြည်သူတွေကို ဘယ်လိုများနှိပ်စက် ခဲ့လဲ ။ဂုတ်သွေးစုပ်ခဲ့
    ကြလဲ ။ ဒါတွေနဲ့ ယှဉ်ရင် ဘာမှ မဟုတ်ပါဘူး ။ ဒါပေမဲ့ ဗျာ ခွေးရူး များနဲ့တော့ ပြိုင်မဖြစ်စေချင်ဘူး ။
    ကိုယ့် ဘက်ကပဲ နစ်နာမှာလေ ။ အမေစု စကားနားထောင်စေချင်ပါတယ် ။
    တော်နေ တို့တွေအမေ ကို သားသမီးတွေကိုတောင်မဆုံး မနိုင်ဘူးလို့ အပြာခံရမှာကို စိုးတယ်။
    သားသမီး မကောင်း မိဘခေါင်းလေ မမေ့ပါနဲ့။
    လူတိုင်းခံရတာပါ ဖြစ်နိုင်ရင် ဒင်းတို့ကို အရှင်တောင် မထားချင်ဘူး ။

  • myanmarcitizen

    April 3, 2012 at 3:10 pm

    အဲ့ဒါပြောတာပဲ။ ကျွန်တော်တို့မြန်မာတွေသိပ်ခက်တာ။ အပျော်သိပ်မစောကြပါနဲ့အုန်းဗျာ။ သူများကိုတပ်လှန့်ပေးသလို့ဖြစ်နေပါအုန်းမယ်။ အခုပြိုင်တာက ၄၅ နေရာအတွက်ပဲပြိုင်ရသေးတာလေ။ ရင်ထဲမှာပဲပျော်ကြပါ၊ လက်တို့ပြီးတော့ပဲပျော်ကြပါ၊ ဒါထက်စိတ်မထိမ်းနိုင်ရင်လဲ အိပ်ခန်းထဲဝင်ပြီး လက်သီးလက်မောင်းတန်းပြီး အော်လိုက်စမ်းပါ (ကျွန်တော်အဲ့လိုအော်ခဲ့တယ်)။ ဘယ်အချိန်မှအဲ့လိုရေးရမလဲ သိလား ၂၀၁၅ ဗျ ၂၀၁၅။ အဲ့မှာ ၉၅% နိုင်လို့ရတော့လားဗျာ ရေးလိုက်စမ်းပါ ခင်ဗျားတို့မရေးတောင် ကျွန်ုပ်ကိုတိုင်ရေးမယ်။ ခုတော့ ကြံခိုင်ရေးရုံး ရှေ့ သွားပြီး ကမ္ဘာမကြေဆိုလို့ ဘာဖြစ်မှာလဲ … ၂၀၁၅ အတွက်အားမွေးကြပါအုန်း။

  • alinsett

    April 3, 2012 at 8:22 pm

    ဒါ…မျိုးတော့ မလုပ်သင့်ဘူး ထင်တယ် ။

    ကောင်းကင်ပြာရေ…ဖော်ပြ. သတင်းပေး လို ့ ကျေးဇူးပါ

  • kaung kin pyar

    April 4, 2012 at 9:06 am

    ဟုတ်ကဲ့ပါ ကိုအလင်းဆက်…။ သတင်းထူးတွေ့တိုင်း ရွာကို သတိရပါတယ်…..။
    ကိုmyanmarcitizen ရေ…။ အခန်းထဲဝင်ပြီး ဘယ်လိုအော်ခဲ့လဲ စိတ်ဝင်စားလိုက်တာ…။ ယားးးးးလို့ အော်တာလား…..။ ကျားးးးးးလို့အော်တာလား…။ အောင်ပြီကွ…အောင်ပြီလား….။ နောက်တစ်ခေါက် ၂၀၁၅ မှာ နိုင်ရင်လဲ ကောင်းကင် အော်မလို့ မေးကြည့်တာ…..။ အဲ့တုန်းကလဲ အော်ချင်တာ….ဘယ်က စ အော်ရမှန်း မသိလို့….။ 😀

    • myanmarcitizen

      April 4, 2012 at 12:29 pm

      ဟီး … ဟီး … လူကြားထဲမှာလာမေးနေတယ်။ ရှက်လိုက်ထှာအေ 🙂

Leave a Reply