* အသက်မပြည့်သောလိင်ကျေးကျွန်များ * ရန်ကုန်မြို့တွင်များပြားလာ

  • အသက်မပြည့်သောလိင်ကျေးကျွန်များ

  • ရန်ကုန်မြို့တွင်များပြားလာ

ရန်ကုန်၊ဇွန် ၁၉ ရက်

သတင်းဆောင်းပါး- Josher

ပစ္စည်းစုံစုံလင်လင် တင်ထားသောဈေးဆိုင်လေးတစ်ဆိုင်….သဲ ရယ်၊မေမေ ရယ်၊အဖွားနှင့် မောင်လေး ညီမလေးတို့မိသားစု ငါးယောက်လုံးအတွက် လူမှုဘဝရပ်တည်မှုတစ်ခုလုံးကို

ထိုဈေးဆိုင်လေးက ဖြည့်စီးပေးနိုင်ပေလိမ့်မည်။ထိုအခါမေမေက ထိုဆိုင်လေးကို ဦးစီးလုပ်ကိုင်လို့ ၊ သဲ ကတော့မေမေ့ကို ကူညီပြီးစှေးရောင်းပေးမည်။၁၂ နှစ်အရွယ် ညီမလေးနှင့်  ကိုနှစ်အရွယ်မောင်လေးတို့ကတော့ ကျောင်ပြန်နေကြပါစေဦး ။ ယင်းအချိန်တွင်

သဲ နောက်ထပ်မျှော်လင့်ချင်တာတစ်ခုက သဲ ကို အမှန်တစ်ကယ် ချစ်မြတ်နိုးသူ တစ်ယောက် ရှိလာမည်ဟုပင်ဖြစ်သည်။

ဒါတွေကအသက် ၁ရ နှစ်အရွယ် သဲဆိုသောကောင်မလေး တစ်ယောက်ရဲ့ အိမ်မက်ကမာ္ဘထဲက စိတ်ကူးယဉ် အနနာဂတ်သာဖြစ်တော့သည်။၁ရ နှစ်အရွယ်သူမအတွက်တော့ ဈေးဆိုင်လေးတစ်ဆိုင်နှင့် အဆင်ပြေသောမိသားစုဘဝလေးက အလိုချင်ဆုံဆန္ဒတစ်ခု၊

သူမရဲ့မိသားစုတွေက မွန်ပြည်နယ် မုဒုံမြို့တွင်ရှိကြသည်။တစ်ကယ်တော့ သူ့မောင်လေးနှင့် ညီမလေးတို့ ကျောင်မနေနိုင်ကြ။အမေမနက်ပိုင်ဈေးတွင် မုန့်လုပ်ရောင်ခြင်းက

သူတို့ကိုကျောင်းထားပေးဖို့ ဘယ်လိုမှမဖြစ်နိုင်၊မောင်လေးနှင့် ညီမလေးကအမေ့ကို ကူညီကြရသူများ။အဖွားကတော့ အိမ်မှာချက်ပြုတ်သူ အဖြစ်အိမ်သားတိုင်း

တာဝန်ကိုယ်စီအပြည့်ရှိနေကြသည်သာဖြစ်သည်။

သူမကတော့ ထိုမိသားစုလေးဆီမပြန်နိုင်သောမိန်းခလေးတစ်ဦးဖြစ်နေသည်။သူ့အသက် ၁၅နှစ် မပြည့်တပြည့် အရွယ်မှာ ရန်ကုန်သို့ရောက်လာခြင်းဖြစ်သည်။သူမရန်ကုန်ကိုရောက်လာ

ဖြစ်တာ ရန်ကုန်မြို့တော်ကို အထင်ကြီးမိသည့် လူငယ်တစ်ယောက်၏ စိတ်နှင့်အတူ သူမကို ရန်ကုန်ခေါ်လာပေးသည့် အမျိုးတော်စပ်သည်ဆိုသောအဒေါ်ကြီးအပေါ်ယုံကြည်အားကိုး

စိတ်ကြောင့်လည်းဖြစ်သည်။ထို့အပြင် ထိုစဉ်က ဆင်းရဲနွမ်းပါးလွန်းစွာ ဖြတ်သန်းရသော ဘဝတွင် ဆက်နေရန် သိမ်ငယ်လာစိတ်ကြောင့်လည်းဖြစ်သည်။

ရန်ကုန်ရောက်စ က အသက် ၁၅ နှစ်အရွယ် နုနယ်ပျိုမြစ်သော လန်းဆန်းမှုတွေနှင့်အတူ ပင်ကိုယ်ချစ်စရာကောင်းသော သူမပင်ကိုယ်ရုပ်ခံကြောင့် ရန်ကုန်သူတစ်ယောက်ပမာ

ခဏနှင့်အသားကျခဲ့သည်။သမ ူမုဒုံကနေ ရန်ကုန်ရောက်ရောက်ချင်းတော့ သူမအတွက် ရန်ကုန်က ထင်မှတ်ထားသည်ထက် ခမ်းနားပြီး ပျော်ရွင်စရာတွေပြည့်နေခဲ့သည်။အချိန်နှင့်အမျှ အပန်းဖြေဥယျာဉ်များ၊ ကစားကွင်းများတွင် ပျော်ရွင်ခဲ့ရသည်။  သူမရန်ကုန် တွင်လျှောက်လည်

သောရက်များ​အတွင်း အဖေါ်အဖြစ် အသက် ၃ဝ အရွယ် ယောက်ျားလေးအဖေါ်တစ်ယောက် အမြဲပါသည်။တစ်လအတွင်း ၁၅နှစ်အရွယ်ကောင်မလေးတစ်ယောက်၏ လွတ်လပ်ပျော်ရွင်မှုများ

အရောင်တွေပေကျံခဲ့တော့သည်။အသက် ၃ဝ အတွေ့အကြုံရင်ယောက်ျားသားတစ်ယောက်အဖို့ သူမလိုအနူးမနပ်တစ်ယောက်ကို

ဖိုမ ဆက်ဆံမှု သာယာတက်စေရန် ခဏတာအတွင်းသိမ်းသွင်းနိုင်ခဲ့သည်။ဒါတွေက သူ့ဘဝကို အသူရာနက်မည့်ချောက်အတွင်း ဆွဲချနိုင်မည့် လမ်းဖြစ်လာမည်ဟု စိုးစဉ်းမှ မထင်မိသလို

ကြိုလည်းမတွေးနိုင်ခဲ့။

နောက်တော့ သူမကိုရန်ကုန်ခေါ်လာသည့် အဒေါ်ဆိုသူမှာ ပြည့်တန်ဆာခေါင်းတစ်ဦးဖြစ်နေမှန်းသိခဲ့ရချိန်မှာတော့ သူမအဖို့

အသိတွေနှောင်းလဲ့ပြီဟုဆိုရတော့မည်။သူမကိုယ်တိုင်ရန်ကုန်ရဲ့ခမ်းနားမှုတွေကို နှစ်သက်နေမိပြီဖြစ်သလို အကွက်တကျ စီစဉ်မှုအောက်တွင်လည်း ဖိုးမ လိင်ကိစ္စနှင့် အကျွမ်းဝင်

နေခဲ့ပြီဖြစ်သည်။ဒီလိုနှင့်ပဲ သူမလဲ အဒေါ်ကြီး၏ ပြည့်တန်ဆာ လုပ်ငန်းထဲ ရောက်မှန်း

မသိရောက်လာခဲ့ရတော့သည်။၁၅ နှစ်အရွယ်သူမအတွက်ဒီလုပ်ငန်းက ခါးသီးသည်ဆိုသော် ရုန်းထွက်နိုင်မည့် လမ်းဟုမမြင်။သူမကတော့ သူ့ဘဝကို အံ့ဩလို့နေသည်။ယခင်က

ခုလိုကိုယ်တိုင် ဖြစ်ဖို့ဝေးလို့ ဒီအရွယ်နှင့် ဒီဘဝမျိုးရှသည်ဟုမပင် မကြားဖူးခဲ့။ခုကိုယ်တိုင် ဒီဘဝ

ရောက်လာတော့မှ သူမနှင့် ရွယ်တူ ဘဝတူများရှိနေပါလားဆိုတာ အံ့ဩစွာ သိလိုက်ရပြန်သည်။

ထိုသူများအနက် စနိုးဆိုသော မိန်းခလေးကို သူမအခင်တွယ်မိဆုံး။စနိုးရဲ့မိသားစုက နာဂစ်နှင့်အတူ သေကွဲကွဲခဲ့ကြရသည်။နောက်တော့ စနိုးလည်း အသက်ရှင်ရပ်တည်မှုအတွက် သူမကိုခေါ်

လာသော အဒေါ်ကြီး၏သိမ်းသွင်းမှုအောက်တွင်ပင် ငယ်ငယ်ရွယ်ရွယ်နှင့်ပြည့်တန်ဆာ ဘဝကိုရောက်လာရှာသူဖြစ်သည်။သူမတို့ ဘဝတွေက ဘယ်ထိခါးသက်နေပါလဲ…..

မနက် ကိုးနာရီဆို သူမတို့ ပန်းဆိုးတန်း မှတ်တိုင် တွင်ရောက်နေကြပြီဖြစ်သည်။သူမတို့အတွက်ဖေါက်သည်တွေက လမ်းပေါ်က အလုပ်သွားအလုပ်ပြန်တွေ။ဒီလူတွေသွေးသားတောင်ဆိုလာဖို့

သူမတို့က အမူအရာပြမြူဆွယ်ကြရသည်။သူတို့သွေးသားတစ်နာရီ ဖြည့်စီးပေးမှုအတွက် ငွေကြေးက ကျပ် ၈၀၀၀။ဒါပေမယ့်ဒီငွေက်ုသူတို့မရ။ဖေါက်သည်ယောက်ျားသားတွေဆန္ဒကို ဖြည့်ပြီးလို့ သူမတို့

တည်းခိုခန်းကပြန်ဆင်းလာသည်နှင့် ပြည့်တန်ဆာခေါင်းက သူမတို့ရသောငွေကို သိမ်းယူရန် အဆင်သင့်ရှိနေသည်။

တစ်ကယ်တော့ သဲ နှင့် စနိုးတို့လို မိန်းခလေးမျိုးတွေကြုံတွေ့ရသောအဖြစ်မျိုးက ရန်ကုန်တွင် အဆန်းတော့မဟုတ်။ယခုနောက်ပိုင် ရန်ကုန်တွင်ပြည့်တန်ဆာလုပ်ငန်းများအဆမတန်ဖေါင်းပွ လို့

လာနေသည်။မာဆက်ဟု အမည်တပ်ထားသောဇိမ်ခန်းများ၊အလှပြင်ခန်းမနောက်ကွယ်မှဇိ်မ်ခန်းများ၊နိုက်လပ်၊ဒေးကလပ် မများမှ လိင်မြူဆွယ်သူမှား။တစ်သီးပုဂ္ဂလ ပြည့်တန်ဆာများ၊စသည်ဖြင့် အ

မည်နာမမျိုးစုံဖြင့် အသွင်ပေါင်းစုံဖြင့် ပြည့်တန်ဆာလုပ်ငန်းတွင်း ပျံ့နှံ့နေကြသည်။သူတို့၏ စာရင်းများမှာ သက်ဆိုင်ရာနယ်မြေရဲ စခန်းတိုင်းတွင် အတည်အကျရှီနေသည်။သို့သော် ယင်းစာရင်းမှာ တရာ

း ဥပဒေ စိုးမိုးရေးတွင် အသုံးပြုရန်မဟုတ်ပဲ လိုင်းကြေးကောက်ခံရန်အတွက် သီးသန်းထားရှိထားသောလျှို့ဝှက်စာရင်းများအဖြစ်ရှီနေကြခြင်းဖြစ်သည်။

ရန်ကုန်မြို့လယ်ဧရိယာအတွင်းရှိ တည်းခိုခန်းတို့မာလည်း ယခင်က ရုံးကိစ္စဖြင့် နယ်မြို့များမှ လာရောက်သောဧည့်သည်တို့ိုအမှီပြုခဲ့သော်လည်း ယခနောက်ပိုင်း ရုံးဌာနများ နေပြည်တော်ပြောင်း

ရွှေ့သွားကြပြီးနောက်တွင် လိင်ကစ္စအတွက် အချိန်ပိုင်ပျော်မွှေ့စရာနေရာများအဖြစ်ရပ်တည် အသက်မွေးနေကြရတော့သည်။ပညာနညးပါးသော အမျိုးသမီးတို့အတွက် အလုပ်အကိုင်ရှားပါး ပြီး ဝင်ငွေ

နည်းပါးသော စက်ရုံ၊အလုပ်ရုံ အလုပ်သမားများ ဘဝသာ များပြားလာရာ မှ ရန်ကုန်တွင် ပြည့်တန်ဆာလုပ်ငန်းများ အပြိုင်းအရိုင်း များပြားလာခြင်းဖြစ်သည်။များပြားလွန်လားသော ပြည့်တာဆာများအ

ကြား အပြိုင်ဖြစ်လာပြီး ငယ်ရွယ်သူတို့မှာ ထိုလုပ်ငန်း၏ အဓိကသားကောင်များဖြစ်လာတော့သည်။ဒီလိုနှင့် ရန်ကုန်တွင်အသက်မပြည့်သူ ပြည့်တန်ဆာများ တိုးလို့သာလာနေတော့သည်။

တစ်ကယ်တော့ သဲအပါအဝင် ဘဝတူမိန်ခလေးအမြောက်အမြားသည် နိုင်ငံမကူးပါပဲ အမိမြေပေါ်တွင်ပင် လူကုန်ကူးခံ၊လိင်ကျွံအဖြစ်အသုံးချခံနေရကြရသည့် ပန်ူပွင့် ငယ်များသာဖြစ်နေသည်

မဟုတ်ပါလား…….

ဂုဏ်သိက္ခာအရ အမည်နာမများလွဲပြောင်းထားသည်မှလွဲပြီး ဖြစ်ရပ်များကို အမှန်အတိုင်း တင်ပြထားပါသည်။

5 comments

  • snow

    June 11, 2010 at 10:37 am

    “သူတို့၏ စာရင်းများမှာ သက်ဆိုင်ရာနယ်မြေရဲ စခန်းတိုင်းတွင် အတည်အကျရှီနေသည်။သို့သော် ယင်းစာရင်းမှာ တရားဥပဒေစိုးမိုးရေးတွင်အသုံးပြုရန်မဟုတ်ပဲလိုင်းကြေးကောက်ခံရန်အတွက်ီးသန်းထားရှိထားသောလျှို့ဝှက်စာရင်းများအဖြစ်ရှီနေကြခြင်းဖြစ်သည်။”

    အဲလိုဆိုတော့…ဘယ်သူတွေမှာတာဝန်ရှိလဲ..ကာယကံရှင်လဲလိုပါတယ်နော်…ဟူးးးးးးးး……………….
    စိတ်ပျက်စရာမြန်မာပဲနော်…….

  • rat

    June 11, 2010 at 3:03 pm

    စိတ်ပျက်စရာကတော့အဲဒါတင်မကဘူးဗျ ……. အစုံပဲ..
    ဝမ်းရေးအတွက်အမေပေးတဲ့လယ်တစ်ကွက်နဲ.လုပ်စားတဲ.သူတွေကအများကြီး……..
    ဒါက လူဆင်းရဲ customer တွေအတွက် … ပိုက်ဆံရှိတဲ့ သူတွေကျတော့ သူ.ထက်လန်း
    တာတွေ ဆီကိုသွားကြတာ ……. သူတို.ကျတော့ ဈေးပိုကြီးတယ် ဆိုပဲဗျ …..
    ဘီယာစတေရှင်ကဟာတွေလဲ ဒါတွေပဲလေ ။ အဓိကကတော့ အာတကေ ပေါ့ဗျာ…
    သူတို.မှာလဲ အချင်တွေ ကဒက်တွေရှာရတာလွယ်တာမှမဟုတ်တာ …….. အာတကေလန်းတဲ့
    စပွန်ဆာတွေနဲ.တွေရင် တိုက်ခန်းဆိုလဲဟုတ် … ဟန်းဖုန်းဆိုလဲဟုတ်နေတာကို း……….
    အမေ့အိမ်မှာထက်အများကြီးလန်းတယ်လေ ။ တိုက်ခန်းနဲ.လဲနေရတယ် ။ ဟန်းဖုန်းလဲ ကိုင်ရတယ်လေ
    ဆိုတဲ့ဟာတွေကလဲအများကြီးပဲဗျ………့

  • kopauk mandalay

    June 12, 2010 at 3:49 pm

    တစ်ချို့ကတော့သည်လောကထဲကို အစက မသိလို့ရောက်သွားတယ်။
    တစ်ချို့ကတော့ ဝမ်းရေး တစ်ချို့ကတော့လိုချင်တပ်မက်မူ့ကြောင့်
    တစ်ချို့ကတော့လွယ်လို့ လုပ်ရင်းနဲ့ရုန်းထွက်မရသူ
    သာယာသွားသူ ၊ကံကောင်းထောက်မစွာ ဖောက်ထွက်သွားနိုင်သူ အမျိုးမျိုးပါ။

    ဖြစ်သင့်တာတော့ မထူးလဲရှိနေမှာဘဲ။
    တရားဝင်လုပ်ငန်းတစ်ခုလိုကန့်သတ်ချက်နဲ့ခွင့်ပြုလိုက်ရင် ခေါင်းပုံဖြတ်ခံရတာက ကင်းသွားမယ်လို့ထင်ပါတယ်။
    မပပျောက်နိုင်တာကတော့လုံးဝသေချာတယ်။
    ကွန်မြူနစ်အရင့်အမာနိုင်ငံက ရွှေလီမှာတောင် မီးအိမ်နီတန်းဆို တရားဝင်ဖွင့်ထားပါတယ်။
    ခေတ်လိုအပ်ချက်လိုသဘောထားသင့်ပါတယ်။
    သည်အကြောင်းလေးကိုကျယ်ကျယ်ပျံ့ပျံ့လေးရေးဘို့တေးထားပါတယ်။
    http://www.kopaukmdy.myanmarsarpay.info
    ကိုပေါက် မန်းတလေး

    • kai

      July 6, 2010 at 7:21 pm

      တရားဝင်လုပ်ငန်းတစ်ခုလိုကန့်သတ်ချက်နဲ့ခွင့်ပြုလိုက်ရင် ခေါင်းပုံဖြတ်ခံရတာက ကင်းသွားမယ်လို့ထင်ပါတယ်။
      ဆိုတာကို စိတ်ဝင်စားလို့ပါ။
      မြန်မာ့ယဉ်ကျေးမှုအရ လူကြီးသူမတွေလက်သင့်ခံမခံဆိုတာလည်း တော်တော်သတိထားစရာလို့ထင်ပါတယ်။ ဒါပေမဲ့ အရိပ်ထဲနေတော့ အာဏာရှိသူတွေလုပ်စားဖို့နဲ့ ဘေးထွက်ရောဂါတွေထိမ်းသိမ်းဖို့ခက်တာမျိုးကလည်း ဖြစ်နေတော့တာပေါ့။
      မြန်မာပြည်မှာ ပြည့်တန်ဆာလုပ်ငန်းကို တရားဝင်လိုင်စင်နဲ့လုပ်ခွင့်ပေးဖို့ကိစ္စမျိုးကို ဆွေးနွေးကြစေချင်ပါကြောင်း..။

  • khinmintatthu

    June 12, 2010 at 6:50 pm

    ဝမ်းရေးအတွက် ဘဝကိုပေးဆပ်လိုက်ရတဲ့ မြန်မာအမျိုးသမီးလေးတွေကို မိမိလူမျိုးအချင်းချင်း ကူညီမယ်မရှိဘဲ ရေနစ်သူကို ဝါးကူမထိုးဘဲ နစ်အောင်ဝါးနဲ့ထိုးနေသလိုပါပဲနော်….ပတ်ဝန်းကျင်နဲ့လည်း အများကြီးသက်ဆိုင်ပါ တယ်။ ပတ်ဝန်းကျင်မကောင်းရင်လည်း ဒီပုတ်ထဲက ဒီပဲ ဖြစ်သွားကြတာပဲပေါ့…..

Leave a Reply