ဒီစာကို ရေးဖို့ ကျွန်တော် တော်တော်ကြိုးစားလိုက်ရတယ်။ ယောက်ျားတစ်ယောက် အနေနဲ့ ယောက်ျားတွေ အပေါ်မှာများ သစ္စာဖောက်မိနေမလားဆိုတဲ့ အတွေးက ကျွန်တော့်ကို ဒီစာရေးဖို့ အတားအဆီးဖြစ်နေခဲ့တယ်။ ဒါပေမယ့် မိန်းကလေးတွေ အပေါ်မှာ ယောက်ျားတစ်ယောက် အနေနဲ့ ညှာတာရမယ်၊ စောင့်ရှောက်ရမယ်၊ ကာကွယ်ရမယ်ဆိုတဲ့ ကျွန်တော်ဖတ်ဖူးတဲ့ စာအုပ်တစ်အုပ်ထဲက စာသားကြောင့် ရေးလိုက်မိတယ်။ ကျွန်တော်တို့ ကျောင်းသားဘဝမှာ ပြောနေကြတဲ့ စကားတစ်ခုရှိပါတယ်။ ယောက်ျားဆိုတာ ဗူးရင် ဗူး၊ မဗူးရင် ဒူးရောတဲ့။ ဟုတ်ပါတယ် ကျွန်တော်လဲ နှာဗူးပါပဲ။ နှာဗူးဖြစ်တဲ့အတွက်ကြောင့်ပဲ ဒီစာအတွက် အဖြစ်အပျက်ကို ရလိုက်ပါတယ်။ ဒါပေမယ့် အောက်မှ ဖော်ပြမယ့် နှာဗူးကတော့ တော်တော်မှ တော်တော့်ကို အဆင့်မရှိတဲ့ အုတ်ကျားမြက်ပေါက် အောက်တန်းစား နှာဗူးပါပဲ။

ဖြစ်ပုံက ဒီလိုပါ။ လွန်ခဲ့တဲ့ ၃ရက်လောက်က ကျွန်တော့်ကောင်မလေး account ဖွင့်လိုက်တော့ offline msg တစ်စောင်ဝင်လာတယ်။ အဲ့ဒီ့ Offline Msg က

ကိုမျိုးသန့်nayemyo: အသည်းလေး နေကောင်းမယ်လို့ ယုံကြည့်ထားတယ် ကိုလည်း ဒီနေဘယ်မှမသွားဘူး ဆိုင်မှာပဲရှိတယ် အသည်းလေး လာမယ်ဆိုရင်ပြောတာပါ မလာရင်လည်း ကိစ္စမရှိဘူးနော် အသည်းလေးက အလုပ်တွေများတယ်လေ ဒါပြီးတော့ အသည်းဘဲဘဲနဲ့လည်းတွေရသေးတယ်ဆိုတော့ ……….. အသည်းလေးကို သတိရတဲ့အခါ ဖုန်းခေါ်လို့ရမလား ဆိုင်ကဖုန်းနဲ့ပေါ့ အသည်းလေးတိုလို အသည်လေးဖုန်းနဲပါတ်လေးပေမယ်ဆို၇င်ပေါ့ လက်ကိုင်ဖုန်းကိုပြောတာနော် အားတာက ညဘက်ဆိုရင် 11 နာရီနောက်ပိုင်းကတော့ အားတယ်လေ အဲဒါဆိုရင် စကားပြောလိုရတယ်

ဘိုင်ဘိုင်

 

ဖြစ်ပါတယ်

အဲ့ဒီ့လူက ကျွန်တော့်ကောင်မလေး account ကို လုပ်ပေးခဲ့တဲ့သူပါ။ ကျွန်တော်နဲ့ ကျွန်တော့် ကောင်မလေး အဆင်မပြေဖြစ်နေတုန်းက သူ့အကောင့် Hack ခံလိုက်ရတဲ့အတွက် account သုံးလို့ မရတော့တဲ့အချိန်မှာ သုံးဖို့အတွက် ကမ္ဘာအေးက ဆိုင်တစ်ဆိုင်က Staff တစ်ယောက်ကို account ဖွင့်ခိုင်းခဲ့တာပါ။ အဲ့ဒီ့တုန်းကတည်းက ကျွန်တော့် ကောင်မလေးက ကျွန်တော့် Blog ကိုပြပြီး သူ့ရည်းစားလုပ်ထားတဲ့ Blog ဆိုပြီး ဂုဏ်ယူစွာ ပြောခဲ့ပါသေးတယ်။ ဒါကိုတောင် အဲ့ဒီ့လူက ရည်းစားရှိတာ သိရဲ့သားနဲ့ အချောင်ရလိုစိတ်နဲ့ ဝင်ပြီး ပွဲမလန့်ဘဲ ဖျာခင်းတာပါ။

ရည်းစားရှိတာက ကာမပိုင် လင်ယောက်ျားရှိတာ မဟုတ်ဘူးဆိုပြီး အထွန့်တက်လို့ရပါတယ်။ ဒါပေမယ့် လူ့လောကမှ စောင့်ထိန်းရမယ့် ကျင့်ဝတ်ဆိုတာရှိပါတယ်။ လိုက်နာရမယ့် ဝတ္တရားဆိုတာလဲရှိပါတယ်။ အဲ့ဒီ့လူက ကျွန်တော့် ကောင်မလေးရဲ့ account လုပ်ပေးခဲ့တဲ့ နေရာမှာ recovery option မှာ recovery mail ကို သူ့ mail လိပ်စာထားပါတယ်။ recovery question မှာလဲ သူမေးချင်ရာမေးပြီး သူပဲ ဖြေထားပါတယ်။ ဒီ့အပြင် ထို account password ကို သူသိနေတဲ့ အတွက် account ကိုလဲ ဖွင့်သုံးပါတယ်။ ဖွင့်သုံးတာကို ဘယ်လိုသိလဲဆိုတော့ account ထဲကနေပြီးတော့ လာအပ်တဲ့လူတွေကို စကားပြောထားတာကြောင့်ပါ။ အောက်မှာ ဖော်ပြထားတဲ့ Chat List ကိုကြည့်ရင် သိလောက်မယ်ထင်ပါတယ်။

10:25 AM me: ဟေကောင်း

မင်းက ငါကောင်မလေးကို ဘာလုပ်ဖို့အပ်တာလည်း

ပြောပါအုံး

monopoly2009: အွမ်

ဘယ်ကောင်မလေးလဲ

10:26 AM ဗျ

10:28 AM အွမ်

me: မင်းရ ပါပါကြီး

monopoly2009: (o.0) ??

 

 

တွေ့ကြတဲ့အတိုင်းပါပဲ။ ကိုယ်နဲ့ သိရုံသိတဲ့ လူတစ်ယောက် ကိုယ့်ဆိုင်မှာ လာသုံးတဲ့ လူတစ်ယောက်ရဲ့ account ကို အလွဲသုံးစားလုပ်ပြီး သုံးထားတာပါ။ account မဖွင့်တတ်တဲ့ မိန်းကလေးများ ထိုကဲ့သို့ လူမျိုးကို account ဖွင့်ခိုင်းရင်တော့ ငါးပါးမဟုတ်ပါဘူး ဆယ်ပါးပါ မှောက်မယ့် အဖြစ်ပါ။ password ပြောင်းလိုက်ရင်လဲ recovery mail မှာ သူ့ mail account လိပ်စာထည့်ထားတဲ့အတွက် သူက ပြန်ယူလို့ ရနေပါသေးတယ်။ လုပ်ပုံကတော့ ချည်ပြီးတုပ်ပြီး ဆိုတဲ့ သဘောပါပဲ။ ဘာလုပ်လုပ် အပိုင်ကွက်ပဲပေါ့။ မဟုတ်တဲ့နေရာမှာ ဥာဏ်ကတော့ တော်တော်ပြေးတယ်။ သိသွားရှင် ရှက်စရာကြီးဆိုတာ ထိုငတုံးက စဉ်းစားမိပုံ မရဘူးထင်တယ်။

ကျွန်တော်ပြောချင်တာက မိန်းကလေးတွေမှ မဟုတ်ပါဘူး ယောက်ျားလေးတွေရောပဲ account လုပ်ရတာ ခက်နေလို့ ဆိုင်က လူတစ်ယောက်ကို account လုပ်ခိုင်းရင် ရလာတဲ့ အခါ recovery option ထဲမှာ recovery mail လိပ်စာကို ကိုယ်ယုံကြည်ရတဲ့ လူရဲ့ mail လိပ်စာပြောင်းလိုက်ပါ။ recover question ကိုလဲ ကိုယ်စိတ်ကြိုက် ပြောင်းထားလိုက်ပါ။ နို့မို့ဆိုရင် အထက်မှာ ဖော်ပြခဲ့သလိုပဲ ကိုယ့်ရဲ့ personal privacy ကို ခိုးယူသုံးစွဲနိုင်လို့ပါပဲ။ ထိုကဲ့သို့ ခိုးယူသုံးစွဲသူဟာလဲ အင်မတန် အောက်တန်းကျတဲ့ အဆင့်မရှိတဲ့ သူတစ်ယောက်ဆိုတာကို အလိုလိုဖော်ပြနေတာပါပဲ။ ထိုသူမျိုးဟာ အင်တာနက် အသုံးပြုတဲ့ နည်းပညာမှာ ဘယ်လောက်ပဲ တော်နေပါစေ အထင်ကြီးဖို့ တစ်စက်လေးမှ မကောင်းတဲ့ အောက်တန်းစား အဆင့်သာရှိပါတယ်။  အခုတလော account လုပ်ရတာလဲ တခါတလေမှာ မလိုအပ်ပဲ ခက်နေတဲ့အတွက် ဆိုင်ကလူတွေကိုလုပ်ခိုင်းတတ်ကြတဲ့ အတွက် ကျွန်တော် သင်ခန်းစာ အနေနဲ့ ဖော်ပြလိုက်ပါတယ်။ အထူးသတိပြုသင့်တာကတော့ မိန်းကလေးတွေ အတွက်ပါ။ ကျွန်တော်နဲ့ ကျွန်တော့် ကောင်မလေးကတော့ ထိုကိစ္စနဲ့ ရန်မဖြစ်ပေမယ့် တခြားအတွဲတွေ မလိုအပ်ပဲ ရန်ဖြစ်နိုင်လို့ပါပဲ။ အဆင့်မရှိတဲ့ လူတစ်ယောက်အတွက်နဲ့ ချစ်သူခြင်း စကားမများစေချင်တာက ကျွန်တော့် စေတနာပါ။

ချစ်သူရှိနေတဲ့ သူတစ်ယောက်ကို အထက်မှာ ဖော်ပြခဲ့သလိုမျိုး ပြောတာက ထိုမိန်းကလေးကို အထင်သေးရာ ရောက်နေသလို ကိုယ့်ကိုကိုယ်လဲ အဆင့်မ

About yawai

ya wai has written 5 post in this Website..

daily user