လူတော်လူမော်တွေအမြဲတစေလက်ကိုင်ထားတတ်တဲ.အမူအကျင်.(၁၀)မျိုး

zaylayJune 11, 20101min410

၁။ မိတ်ဖွဲ့တယ်၊ သူငယ်ချင်း အပေါင်းအသင်း စုဆောင်းတယ်
သူငယ်ချင်းတွေအကြား ယုံကြည်စွာ တည်ဆောက်ထားတဲ့ ရင်းနှီးခင်မင်မှုမျိုးဟာ
ဘဝတစ်သက်တာ အတွက် အကောင်းဆုံး အနွေးထည်ပါပဲ။ အဲဒါဟာ သင့်ရဲ့ စာရိတ္တနဲ့
စိတ်နေစိတ်ထားအပေါ်မှာ မူတည်ပြီး ဖြစ်တည်လာတဲ့အတွက် တန်ဖိုးထားပါ။
သူငယ်ချင်းတွေကိုလည်း ငွေစုသလိုပဲ စုဆောင်းတတ်ရမယ်၊ အခုချိန်မှာ သူငယ်ချင်း
ဘယ်နှယောက်မှ
မရှိသေးပဲ ချို့တဲ့နေရင်လည်း စိတ်မပူပါနဲ့၊ ဖြူစင်တဲ့စိတ်ထားနဲ့
စိတ်ပါလက်ပါ မိတ်ဖွဲ့မယ်ဆိုရင်
အခါမနှောင်းသေးပါဘူး။

၂။ လက်လွှတ်နိုင်အောင်(ဥပက္ခာပြုတတ်အောင်)
ကြိုးစားတယ်
ဒီအသက်အရွယ် ရောက်နေမှတော့ ကလေးဆန်ခွင့် မရှိတော့ဘူး။ ဘဝမှာ
ကြုံရဆုံရတတ်တဲ့ တချို့သော
ချစ်ခြင်းတွေ၊ ဖူးစာတွေ၊ စိတ်ပိုင်း ရုပ်ပိုင်း မွေ့လျော်ရာတွေ တစုံတရာကို
အခွင့်ပေးတုန်း
အရမယူနိုင်ခဲ့ရင် လက်လွှတ်လိုက်ပြီး ကိုယ့်ကိုကိုယ် တာထွက်မှတ် အသစ်တစ်ခု
ပြန်ပေးပါ။
မိမိကိုယ်ကို ယုံကြည်မှု ရှိနေသ၍ အင်အားရှိနေမယ်၊ ထို့အတူ အားထုတ်မှုရှိနေသ၍
အောင်မြင်ခြင်း
ရှိနေမှာပဲ။

၃။၊ ဂရုဏာစိတ်ထားတယ်
တတ်စွမ်းသ၍ ကိုယ့်ထက် ဆင်းရဲ၊ ခက်ခဲနေသူတွေကို မိခင်လောကကြီးရဲ့
မျှော်လင့်ချက်ရောင်ခြည်နဲ့ အလှတရားတွေကို ခံစားနိုင်အောင်
ကြံဆောင်ပေးရမယ်။
ဒီလို အပြုအမူမျိုးဟာ ပျိုးကြဲနေတာနဲ့ အတူတူပဲ၊ တချိန်ချိန်မှာ လူ့သဘာဝရဲ့
အလှပဆုံး
အသီးအနှံတွေအဖြစ် ပြန်လည်ရိတ်သိမ်းခွင့်ရလာလိမ့်မယ်။

၄။ ဂီတနဲ့ အကျွမ်းတဝင်ဖြစ်အောင်နေတယ်
ဂီတတူရိယာ တမျိုးမျိုးကို သင်ယူ/နားလည် နေရမယ်၊ ဂီတဟာ လူ့စိတ်ကို
လန်းဆန်းစေတဲ့ အပြင်
မှတ်ဉာဏ်နဲ့ စိတ်ကူးစိတ်သန်းတွေကို နှိုးဆွပေးတယ်၊ ထင်မှတ်မထားတဲ့
တည်ငြိမ်မှုတွေကို
ဆောင်ကြဉ်းပေးနိုင်တယ်။ နောက်ပြီး ဓာတ်ပုံပညာ၊ ပစ္စည်းစုဆောင်းခြင်း စတဲ့
ဝါသနာတွေဟာလည်း
အသွင်မတူတဲ့ သာယာစိုပြေမှုကို ပေးစွမ်းနိုင်တယ်။

၅။ ဒုက္ခ ၂ မျိုးကို ဝေးဝေးရှောင်တယ်
ဒီလောကကြီးမှာ ဒုက္ခ ၂ မျိုး အမြဲတွေ့ရတယ်၊ တမျိုးက *လိုတာမရတဲ့
ဒုက္ခ၊*
နောက်တမျိုးက *အစွဲအလန်းကြီးတဲ့ဒုက္ခ။* ပထမဒုက္ခဖြစ်တဲ့
လိုချင်တာမရခဲ့ရင်
အဲသလို ဖြစ်စဉ်ကို လောင်းကစား တစ်ခုလို့ပဲ သဘောထားလိုက်ပါ၊ အစွမ်းကုန်
ကြိုးစားလုပ်ခဲ့ပြီး ရလာခဲ့ရင်ဖြစ်ဖြစ်၊ မရခဲ့ရင်ပဲဖြစ်ဖြစ် အတွင်းစိတ်က
ပုံမှန်အတိုင်းပဲ
ရှိနေသင့်တယ်၊ ကံကောင်းတာက ဒီအသက်အရွယ်နဲ့ တစ် ကပြန်စဖို့ အရင်းအနှီး
ရှိနေသေးတယ် ဆိုတာပဲ။
ဒုတိယဒုက္ခကတော့အဆုံးရွားဆိုးဒုက္ခပဲ ဖြစ်လိမ့်မယ်၊ အခုထိ အဲလို
အစွဲအလန်းမျိုးရှိနေသေးရင်
အမြန်ဆုံး မောင်းထုတ်ပစ်ပါ။

၆။၊ ခံနိုင်ရည်ရှိအောင် ကြိုးစားတယ်
တချို့အဖြစ်အပျက်တွေဟာ မသိမသာ မေ့ပစ်ဖို့ပဲ၊ နောင်တကြိမ် ထပ်ကြုံလာတဲ့အခါ
အသိဉာဏ်လည်း လိုက်ပြီး တိုးပွားလာမယ်။ တချို့ ဝမ်းနည်းစရာ၊ စိတ်ညစ်ညူးစရာ
ကိစ္စတွေကျတော့ အံကြိတ်ပြီး တောင့်ခံဖို့ပဲ၊ တကြိမ်တခါ ကြုံဖူးပြီးတိုင်း
ဘဝကြီးက ပိုပြီး
ပြည့်စုံလာမှာပဲ။ ဒီအသက်အရွယ် ရောက်မှတော့ ကလေးဘဝတုန်းကလို
အော်ကြီးဟစ်ကျယ်နဲ့ ရှိုက်ကြီးတငင်
ငိုနေဖို့ မသင့်တော့ဘူး။

၇။ အမြဲတစေ ကျေးဇူးသိတတ်တဲ့စိတ်ထားတယ်
အသုဘတစ်ခုကို သွားပြီးပြန်လာတဲ့အခါ စိတ်ထဲမှာ သံဝေဂ ရနေတတ်မယ်၊
အပြင်းဖျားပြီး ပြန်ကောင်း လာတဲ့အခါ အသက်ကို ပိုပြီး တန်ဖိုးထားလာတတ်မယ်။
ဆိုလိုတာက ကိုယ့်အပေါ် ကျရောက်နေတဲ့ ကျေးဇူးတရားကို အစဉ်အမြဲ အမှတ်ရနေရမယ်၊
ကျေးဇူးသိတဲ့စိတ်ဟာ
ပတ်ဝန်းကျင်ကို ပိုပြီးတန်ဖိုးထားတတ်စေရုံတင် မကပဲ လောဘ ဒေါသ မောဟ
မီးလျှံတွေကို ချုပ်ငြိမ်းစေနိုင်တယ်။

တကယ်တမ်းကျတော့ ကြည်နူးချမ်းမြေ့ခြင်းက အဲဒီကမြစ်ဖျားခံတာပဲ။

၈။၊ အလုပ်အပေါ် သံယောဇဉ်အရမ်းရှိတယ်
အလုပ်ဆိုတာ လက်ဖက်ရည်သောက်တာ၊ အာလူးဖုတ်တာလိုမျိုး စိတ်လက်ပေါ့ပါးမှု
မပေးနိုင်ပေမယ့် သူဟာ ကျွန်တော်တို့ရဲ့ ဉာဏ်ရည်ဉာဏ်သွေးနဲ့ အစွမ်းအစကို
စမ်းသပ်နေတဲ့ အရာတစ်ခုပဲ။ အဲဒီကတဆင့် တန်ဖိုးနဲ့
အောင်မြင်ခြင်းကိုနားလည်စေတာပဲ။ သူ့ကို
ပုံအောပြီးချစ်လိုက်ပါ၊ အနည်းဆုံး သူ့ကြောင့်မို့သာကျွန်တော်တို့
ဘဝတစ်ခုလုံးရဲ့ အစိပ်အပိုင်း
တော်တော်များများမှာ လုပ်စရာရှိနေပြီး၊ စားစရာလည်း ရှိနေတာပါ။

၉။၊ လေ့လာသင်ယူရာမှာ ဇွဲနပဲကြီးတယ်
စာဖတ်ခြင်းနဲ့ သင်ယူခြင်းဟာ အသိဉာဏ်နဲ့ စကားစမြည် ပြောနေတာပါပဲ၊ နှစ်တိုင်း
အနည်းဆုံး စာအုပ်ရေ ၅ဝ ဖတ်ရမယ်။ စာဖတ်ခြင်းဟာ မှတ်ဉာဏ်နဲ့
ခံစားနားလည်နိုင်စွမ်းကို ထိန်းထားနိုင်ရုံမက စာဖတ်သူမှာ ဆွဲဆောင်မှုရှိတဲ့
သံလိုက်ဓာတ်တမျိုး
ရှိနေစေတယ်။ ဒါဟာလည်း yoga သင်တန်းတို့၊ ဗျူတီပါလာတို့က မပေးနိုင်တဲ့
အရာပါ။ မမေ့ပါနဲ့ ပညာလိုအိုသည်မရှိ ဆိုတဲ့မြန်မာစကားပုံလေးကို ..

၁၀။၊ အားကစားကို ခုံမင်နှစ်ခြိုက်တယ်
အချိန်ကို မှန်ကန်စွာ စီမံခန့်ခွဲပြီး အားကစားလုပ်တယ်၊ သဘာဝကို ခံစားတယ်။
အကျိုးကျေးဇူးက ပျင်းရိခြင်းကြောင့် ကိုယ်အလေးချိန် တက်မလာတော့ဘူး၊
ရုပ်ရည်ကလည်း ဇရာဖိစီးမှုကြောင့် ယိုယွင်း မသွားတော့ဘူး၊ အတိုင်းအတာ
တစ်ခုထိ နုပျိုခြင်း၊ ပျော်ရွှင်ခြင်းနဲ့
ကျန်းမာခြင်းကိုထိန်းထားနိုင်လိမ့်မယ်။ တစ်ခုတော့သတိထားပါ။
အားကစားနဲ့တွဲနေတဲ့လောင်းကစားဖက်မပါစေဖို့ပေါ့။

သို့ ငှက်ကလေး
ထီးကျန်သစ်ခက်၊ ကိုင်းဖျားထက်မှာ၊ လာရောက်ခိုနား၊ ပျံထွက်သွားသော်၊
ကိုင်းဖျားဆတ်ဆတ်ခါရစ်၏။
ထီးကျန်ကိုယ့်ရဲ့ နှလုံးသားထက်မှာ၊ လာရောက်ခိုနား၊ ပြန်ထွက်သွားသော်၊
နှလုံးသားဆတ်ဆတ်နာရစ်၏။