ဒေါ်အောင်ဆန်းစုကြည် (သို့မဟုတ်) အမှောင်ခွင်းသူ

zaw winApril 2, 20121min1105

ညအမှောင်ဟာ မဟူရာလို မဲနက်စွာရှိပါ့

ကြယ်လေးတွေရယ် အမှန်တကယ်မစွမ်းနိုင်ကြ

လမ်းပြမဲ့ကြယ်တံခွန်ဟာ အာကာတခွင်ထွန်းလင်းတောက်ပ။

 

 

မင်းသုတ

19:00 PM
2.4.2012

5 comments

  • Thel Nu Aye

    April 2, 2012 at 7:45 pm

    အမေ အသက်ရာကျော်ရှည်ပါစေ။ တိုင်းပြည်ဂုဏ်ကို ဒီ့ထက်မကဆောင်နိုင်ပါစေ။ အမေ မလုပ်နိုင်တော့တဲ့ အရွယ်ရောက်သည့်နေ့ကျရင်လဲ လုပ်နိုင်သူများကို လွှဲပေးပြီး ဘေးကနေ အသက်ရှည်ရှည် အနာကင်းကင်း နဲ့ စောင့်ကြည့်ပေးပါ။

  • nagar lay

    April 2, 2012 at 8:59 pm

    ညအမှောင်ဟာ မဟူရာလို မဲနက်စွာရှိပါ့

    ကြယ်လေးတွေရယ် အမှန်တကယ်မစွမ်းနိုင်ကြ

    လမ်းပြမဲ့ကြယ်တံခွန်ဟာ အာကာတခွင်ထွန်းလင်းတောက်ပ။

    ညအမှောင်မှာ ကြယ်တွေဘယ်လို များစွာရှိပါ့

    နိုင်ငံအတွက်အလင်း အမှန်တကယ်မပေးစွမ်းနိုင်ကြ

    ထိုစဉ်ခဏ မိခင်ကြယ်တံခွန် ထွန်းလင်းတောက်ပ

    နိုင်ငံအဝန်း လင်းပြီဟုတ်စွ။

  • etone

    April 3, 2012 at 10:51 am

    ဒီတစ်နွေတော့….
    တကယ်ထူးတယ်အမေ…
    သူတို့လဲပျော်…ကိုယ်လဲပျော်… မဆီမဆိုင်သူတွေတောင်ပျော်ကြတယ်…..

    အမှောင်ထဲနေသားကျတဲ့ဘဝတွေ….
    ကိုယ့်သမိုင်းကိုယ်ရေးဖို့…
    ကိုယ့်ခြေကိုယ်ထူရင်း…
    ပြူတင်းကြို ပြူတင်းကြား….
    အလင်းချိုဝိုးတဝါးရယ်…. အမေရေ… ဥဩတွေတောင် တေးဆိုပေါ့…

    ဒီနွေ…
    ပိတောက်တွေငိုတယ်..အမေ…
    ဒီနွေ…. တစ်ချို့သူတွေ.. အရူးတစ်ပိုင်းဖြစ်ကြတယ်..အမေ…

    အပျော်တွေလွန်…
    မဆင်ခြင်နိုင်သူတွေအတွက်…
    ခဏတာတော့.. ခွင့်လွှတ်ပေးပါအမေ….
    သူတို့တွေလေ…
    စနစ်ဆိုးအောက်… အတောင်ရိုက်ချိုးခံထားရတဲ့…
    ဒေါင်းပျိုငယ်တွေပေါ့….
    သူတို့တွေလေ…
    စနစ်တကျ ဖျက်ဆီးခံထားရတဲ့… ပညာရေးစနစ်အောက်…
    အဖြူစိမ်းဝတ်လေးတွေပေါ့….
    သူတို့တွေလေ…
    အုတ်တစ်ချပ်ပမာဏ မဟုတ်တောင် …အမေ့အတွက် မငြီးငြူမယ့်….
    သဲပွင့်လေးတွေပေါ့…..

    အမေလဲ အိမ်ပြန်ရောက်တဲ့နောက်…
    သားသမီးတွေလဲ မကြာခင် အိမ်ပြန်လာခဲ့မှာပါအမေ…..
    အမေရင်ငွေ့နဲ့ဝေးတဲ့အရပ်…
    နွေးတယ်ဆိုတာမရှိပါဘူး..အမေ..

    အမေသွားတဲ့ခရီး…
    ဆူးကင်းပါစေ….
    အမေ့ရဲ့ မနက်ခင်းတိုင်း…
    မွှေးပျံ့ပါစေ…
    အမေ့ရဲ့ စိတ်အလျဉ်…
    ထာဝစဉ်… အေးချမ်းပါစေ…
    ကျေးဇူးပါ..အမေ…

    http://my-random-emotions.blogspot.com/2012/04/blog-post.html

  • alinsett

    April 3, 2012 at 8:17 pm

    တိုတိုလေးနဲ ့ ထိမိ တဲ ့ကဗျာလေးနော် ။

  • shwe kyi

    April 4, 2012 at 12:43 am

    ကြယ်တံခွန်မင်း ထွက်ပြူလင်းတုန်း
    ကောင်းကျိုး ရှည်ကြာပြည်သာယာအောင်
    စွမ်းဆောင်ကြိုးပမ်း တို့အစွမ်းကို ကြယ်တစ်လုံးသွင်
    လင်းစေချင်ပေါ့
    အားဖြည့်ကြလော့ ညီကြလော့။

Leave a Reply